← Chapters

ပြန်ဝင်စားအင်မော်တယ်များ

Vol. 146 Ch. 2189

ပြန်ဝင်စားအင်မော်တယ်များ

Vol. 146 Ch. 2189

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲသည် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှ ကျင့်ကြံသူများအတွက် သူတို့၏ ဘဝများကို ပြောင်းလဲဖို့အတွက် အမျှတဆုံးနီးပါး အခွင့်အလမ်းဖြစ်လေသည်။

သူတို့သည် ယခင် ဘယ်နေရာကလာခဲ့သည်ဖြစ်စေ... သူတို့သည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ဖြတ်ကျော်ပြီး အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသို့ ဝင်ရောက်နိုင်သည်နှင့်အမျှ သူတို့သည် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၏ တပည့်ဂိုဏ်းသားတစ်ယောက်ဖြစ်လာပေလိမ့်မည်။

အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ အပြင်ဂိုဏ်းတပည့်များပင်လျှင် သူတို့က ရောက်လေရာနေရာတိုင်းမှာ ကျင့်ကြံမှုအဆင့်တူသော အခြားကျင့်ကြံသူများထက် ပိုမိုသာလွန်လေသည်။

သို့သော်လည်း အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ဖြတ်ကျော်နိုင်ဖို့က ဘယ်လောက်တောင်ခက်ခဲလိုက်သလဲ။

နှစ်တစ်ရာတိုင်းမှာတစ်ကြိမ်ကျင်းပသော အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ လူတစ်ရာကိုသာလျှင် ရွေးချယ်မည်ဖြစ်လေသည်။

ပျမ်းမျှအားဖြင့် နှစ်စဥ်နှစ်တိုင်း ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်မှ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာလျှင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသို့ဝင်ရောက်ဖို့ အဆင့်မီသည်ဟုဆိုလိုလေသည်။

ရှုရှစ်က အိုမင်းလာခဲ့ပြီဖြစ်ပြီး သူ့မှာမောင်းနှင်အား ဆက်လက်၍မရှိတော့ပေ။ သူ၏ အနာဂတ်အောင်မြင်ထွန်းပေါက်မှုများက အကန့်အသတ်ရှိလေသည်။

ရှုရှောင်းထျန်၏ မျက်လုံးထဲမှာ ပင်ယန်းမြို့မှာတုန်းက သူကိုယ်တိုင်ကဲ့သို့ စိတ်အားမာန်နှင့် သန်မာလိုစိတ်ရှိနေသည်ကို ဆူဇီမိုက တွေ့မြင်နိုင်၏။

သို့သော်လည်း ရေတိမ်ဓားဂိုဏ်းက မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ကျင့်ကြံရေးအရင်းအမြစ်များက အကန့်အသတ်ရှိလေသည်။

ရှုရှောင်ထျန်းမှာ စိတ်ဓာတ်နှင့် ပါရမီအရည်အချင်းရှိသည်ဆိုလျှင်တောင် သူ့အနေဖြင့် အရင်းအမြစ်ရှားပါးသော ပတ်ဝန်းကျင်ဒေသတစ်ခုမှာ ထင်ရှားပေါ်လွင်လာဖို့ ခက်ခဲပေလိမ့်မည်။

ဆူဇီမိုက ကြိတ်၍သက်ပြင်းချလိုက်၏။

သူ့မှာ နောက်ထပ်စိုးရိမ်ရသောအရာရှိလေသည်။

ဤတစ်ခေါက်မှာ ရှုရှစ်နှင့် ရှုရှောင်းထျန်သည် အင်မော်တယ်တာအိုကလန်ကြီး ရွှယ်ကလန်နှင့် ပဋိပက္ခတစ်ခုရှိထားခဲ့လေသည်။ သူ့ကြောင့် သူတို့နှစ်ယောက်က ကယ်တင်ခံခဲ့ရ၏။ သို့သော်လည်း နှစ်ဖက်စလုံးက အငြိုးအတေးရှိသွားခဲ့ပြီဖြစ်၏။

ရွှယ်ကလန်က ဘယ်လောက်ပင်ရဲတင်းသည်ဖြစ်စေ... သူတို့သည် ဆူဇီမိုကိုအလွယ်တကူပြဿနာလာရှာရဲလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ရွှယ်ကလန်သည် ရှုရှောင်းထျန်နှင့် ရှုရှစ်ကိုလက်စားချေလာဖို့ အခွင့်များလေသည်။

အဲ့ဒါသည် ထိုသားဖနှစ်ယောက်အတွက် ကပ်ဘေးတစ်ခုဖြစ်လာနိုင်လေသည်။

ရေတိမ်ဓားဂိုဏ်းက သူတို့နှစ်ယောက်ကို ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

ဆူဇီမိုက တိတ်တဆိတ်ဖြင့်အတွေးနက်သွား၏။

“မင်းတို့နှစ်ယောက် စိတ်မရှိဘူးဆိုရင် မင်းတို့တွေက ငါ့နောက်ကိုလိုက်ပြီး သာမန်အစောင့်တပ်သားတစ်ယောက်အဖြစ် ဘဝကိုစတင်နိုင်တယ်”

မသိလိုက်မသိဘာသာနှင့်ပင် ရှဲ့ချင်းချန်က ဆူဇီမိုဘေးသို့ရောက်ရှိလာပြီး ရှုရှစ်နှင့် ရှုရှောင်းထျန်ကို ပြုံးပြလိုက်၏။

ရှုရှစ်နှင့် ရှုရှောင်းထျန်အပေါ်မှာပင်လျှင် ရှဲ့ချင်းချန်၏ မျက်လုံးထဲမှာ မည်သည့်မောက်မာမှုနှင့် အထင်အမြင်သေးမှုမှမရှိဘဲ သူ၏ အမူအရာကတည်ငြိမ်နေ၏။

“မင်းသားချင်းချန်... ခင်ဗျား...”

ဆူဇီမိုက တုန်လှုပ်သွား၏။

ရှဲ့ချင်းချန်က ဆူဇီမိုကိုပြုံး၍ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက မည်သည့်အရာကိုမှ ထုတ်ဖော်မပြောဆိုခဲ့ပေ။

မင်းသားသည် သူ့စိတ်ထဲရှိအခက်အခဲများကို ခန့်မှန်းမိနေပုံရပြီး ဤကိစ္စကိုဖြေရှင်းပေးဖို့အတွက် သူ့ကို ကူညီပေးဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

ရှဲ့ချင်းချန်က ပြောလိုက်၏။

“ငါ့ဘေးမှာရှိတဲ့ သာမန်အစောင့်တပ်သားတွေက ဘယ်မဟူရာအဆင့်ဂိုဏ်းသားတွေထက်မဆို ပိုကောင်းတဲ့ကျင့်ကြံရေးအရင်းအမြစ်တွေကို ရှိလိမ့်မယ်... မင်းတို့ရဲ့ပါရမီအရည်အချင်းက လုံလောက်နေသရွေ့ မင်းတို့တွေက အနာဂတ်မှာ ငါ့ရဲ့ကိုယ်ရံတော်အစောင့်တပ်သားဖြစ်လာဖို့ အခွင့်အရေးရှိတယ်”

ရှုရှစ်နှင့် ရှုရှောင်းထျန်က နေရာမှာပင် မှင်တက်နေပြီး ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။

သူတို့ရှေ့မှ ချောမောသောမင်းသားက သူတို့နှစ်ယောက်နှင့် လုံးဝလက်လှမ်းမမီပေ။

သူတို့ကြား အဆင့်အတန်းကွာဟချက်က အရမ်းကိုကြီးမားနေ၏။

သူတို့သည် ထိုဖိတ်ခေါ်ချက်ကိုကြားရသောအခါ သူတို့နှစ်ယောက်စလုံးက အဲ့ဒါကိုချက်ချင်းမယုံကြည်နိုင်ပေ။

သူတို့နှစ်ယောက်သည် ဆူဇီမိုကိုအလိုလိုကြည့်လိုက်ကြ၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ရှဲ့ချင်းချန်ဘေးမှာ နေရသည်က သူတို့နှစ်ယောက်အတွက် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ကျင့်ကြံရေးအရင်းအမြစ်များက အကြောင်းအရင်းများထဲမှ တစ်ခုသာလျှင်ဖြစ်၏။

ပို၍အရေးကြီးသည်မှာ ရှုရှစ်နှင့် ရှုရှောင်းထျန်သည် ရှဲ့ချင်းချန်ဘေးမှာနေရသည့်အခါ ပို၍လုံခြုံပေလိမ့်မည်။ အနည်းဆုံးတော့... သူတို့သည် ရွှယ်ကလန်ကိုကြောက်ရွံ့နေစရာ မလိုတော့ပေ။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းသား”

ရှုရှစ်က ရှုရှောင်းထျန်ကို အလောတကြီးဆွဲခေါ်ပြီး ရှဲ့ချင်းချန်ရှေ့မှာ ဒူးထောက်ချလိုက်၏။

“အဲ့လိုလုပ်စရာမလိုပါဘူး”

သူတို့နှစ်ယောက်က ဒူးထောက်မကျခင်မှာပင် ရှဲ့ချင်းချန်က သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းပြီး သူတို့နှစ်ယောက်ကို ထူမပေးလိုက်၏။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ရေတိမ်ဓားဂိုဏ်းကို စာတစ်စောင်ပို့ပေးဖို့အတွက် ငါကတစ်ယောက်ယောက်ကို စေလွှတ်ပေးလိုက်မယ်... အဲ့ဒါနဲ့ပတ်သက်ပြီး စိုးရိမ်မနေနဲ့တော့”

ရှုရှစ်နှင့် ရှုရှောင်းထျန်က ဝမ်းသာအားရဖြစ်သွားကြလေသည်။

သူတို့နှစ်ယောက်က ဆူဇီမိုကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်၏။

ဆူဇီမိုကြောင့်မဟုတ်လျှင် ရှဲ့ချင်းချန်က သူတို့ကိုသေချာပေါက်လက်ခံလိမ့်မည်မဟုတ်သည်ကို သူတို့နှစ်ယောက်လုံးက ပြောနိုင်လေသည်။

“ကျေးဇူးတင်ပါတယ်အရှင်မင်းသား”

ဆူဇီမိုက ရှဲ့ချင်းချန်ကိုကြည့်ပြီး ကျေးဇူးတင်စွာဖြင့် လက်သီးနှစ်ဖက်ယှက်ပြလိုက်၏။

ရှဲ့ချင်းချန်က သူ၏ ခေါင်းကိုခါပြီး ပြုံးပြလိုက်၏။

“အဲ့ဒါကဘာမှမဟုတ်ဘူး... မပူပါနဲ့ ကျုပ်က စွမ်းအားမရှိတဲ့မင်းသားတစ်ပါးပဲ... အနာဂတ်မှာ သူတို့သွားဖို့အတွက် ပိုကောင်းတဲ့နေရာတစ်ခုကို ရှာတွေ့မယ်ဆိုရင် ကျုပ် သူတို့ကို အချိန်မရွေးထွက်ခွာခွင့်ပေးမှာပါ”

ဆူဇီမိုက စိတ်ထဲကနေရေရွတ်လိုက်၏။

အထက်ဘုံမှာလည်း လူကောင်းသူကောင်းများရှိနေလေသည်။

ရှဲ့ချင်းချန်က သူ့ကိုကူညီပေးခဲ့သော်လည်း သူက အဲ့ဒီကနေ တစ်စုံတစ်ရာပြန်ရဖို့ သို့မဟုတ် ရှုရှစ်နှင့် ရှုရှောင်းထျန်ကို ဖိအားတစ်စုံတစ်ရာပေးခြင်းပင် မရှိပေ။

“သူတို့ကိုခေါ်သွားပြီး နေရာထိုင်ခင်းချပေးလိုက်”

ရှဲ့ချင်းချန်က သူ့နောက်ဘက်မှာရှိသော အစောင့်တပ်သားနှစ်ယောက်ကို ညွှန်ကြားလိုက်၏။

“တာအိုရောင်းရင်းတို့... ဒီဘက်ကိုလာခဲ့ပါ”

အစောင့်တပ်သားနှစ်ယောက်က ရှုရှစ်နှင့် ရှုရှောင်းထျန်ကို ခေါ်ကာထွက်ခွာသွားလေသည်။

ထိုစဥ်မှာပင် ရှုရှစ်နှင့် ရှုရှောင်းထျန်၏ စိတ်များထဲမှာ ရှုပ်ထွေးသောလျှို့ဝှက်ကျင့်ကြံရေးနည်းစနစ်တစ်ခုက ပေါ်ထွက်လာ၏။

ထို့နောက် ဆူဇီမို၏ အသံက သူတို့၏ စိတ်ထဲမှာ ချက်ချင်းပင်ပေါ်ထွက်လာလေသည်။

“ငါက ပြိုင်စံရှားတစ်ယောက်ကိုသတ်ဖြတ်ပြီးတော့ နတ်ဆင်အသက်ရှုခြင်းနည်းစနစ်ကိုရထားတယ်... ဒီကျင့်ကြံရေးနည်းစနစ်က အရမ်းကို လွှမ်းမိုးမှုရှိပြီးတော့ ရက်စက်ကြမ်းတမ်းတယ်... အဲ့ဒါကို အကန့်အသတ်ထိကျင့်ကြံတဲ့အခါ အဲ့ဒါက အထက်ဘုံမှာရှိတဲ့ ထိပ်တန်းကျင့်ကြံရေးနည်းစနစ် အတော်များများထက် နိမ့်ကျမှာမဟုတ်ဘူး”

“အဲ့ဒီကျင့်ကြံရေးနည်းစနစ်ကို မင်းတို့တွေက ဘယ်လောက်ဝေးဝေးရောက်အောင် ကျင့်ကြံနိုင်မလဲဆိုတာကတော့ မင်းတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာနဲ့ ပါရမှအရည်အချင်းပေါ်မှာပဲမူတည်လိမ့်မယ်... နောက်ပြီး ဒီကျင့်ကြံရေးနည်းစနစ်ကို မင်းတို့ကျင့်ကြံပြီးတဲ့အခါ မပေါက်ကြားစေရဘူး”

ရှုရှစ်နှင့် ရှုရှောင်းထျန်​​က ဆတ်ခနဲတုန်ယင်သွားပြီး ဆူဇီမိုကို အလိုလိုကြည့်လိုက်ကြ၏။ ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် တက္ကသိုလ်မှလူတိုင်းနှင့်အတူလိုက်ပါကာ ရှဲ့ချင်းချန်နှင့် ထွက်ခွာသွားပြီဖြစ်ပြီး သူ၏ နောက်ကျောကိုသာလျှင် မြင်ရတော့လေသည်။

ရှုရှစ်နှင့် သူ့သားက ကျေးဇူးတင်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

အခြားတစ်ဘက်မှာတော့...။

ဆူဇီမို၏ ထင်မြင်ချက်အရ သူသည် ရှုရှစ်နှင့် သူ့သားနှင့်အတူ ဤနေရာမှာဆုံစည်းရခြင်းမှာ ရေစက်ပါသောကြောင့်ဖြစ်၏။

သူသည် ရှုရှောင်းထျန်ကို သူ့တပည့်အဖြစ်လက်မခံနိုင်သလို သူတို့နှစ်ယောက်ကို သူ့ဘေးမှာလည်း ခေါ်မထားနိုင်ပေ။ ထိုသို့ဖြင့် အလျော်အစားပေးသည့်အနေဖြင့် သူတို့နှစ်ယောက်အား ဂမ္ဘီရနတ်ဆင်အသက်ရှုခြင်းနည်းစနစ်ကို သူကသင်ကြားပေးခဲ့ခြင်းဖြစ်၏။

သူကျင့်ကြံသော ကျင့်ကြံရေးနည်းစနစ်များက အဆင့်အတန်းမြင့်မားသော်လည်း သူတို့ထဲမှ အတော်များများက သင်ကြားပေးဖို့အတွက် အဆင်ပြေမှုမရှိပေ။ ထိုပညာရပ်များက သူတို့နှစ်ယောက်ကျင့်ကြံဖို့အတွက် သင့်လျော်ချင်မှ သင့်လျော်ပေလိမ့်မည်။

နတ်ဆင်အသက်ရှုခြင်းနည်းစနစ်ကတော့ သူတို့နှစ်ယောက်အတွက် အသင့်လျော်ဆုံးဖြစ်၏။

သူတို့နှစ်ယောက်သည် ဤကျင့်ကြံရေးနည်းစနစ်ကို အဆင့်နိမ့်ကျွမ်းကျင်မှုရရှိသည့်အထိ ကျင့်ကြံနိုင်မည်ဆိုလျှင် သူတို့သည် အစောင့်တပ်သားများစွာကြားမှာ ထင်ရှားပေါ်လွင်လာနိုင်ပေလိမ့်မည်။

ဆူဇီမိုသည် နတ်ဆင်အသက်ရှုခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့သည့် ပြန်ဝင်စားမွန်းစတားဖန်းရွှမ်ကို ယခုအချိန်ထိ အမှတ်ရနေဆဲဖြစ်၏။

ဧကရာဇ်ဂူသင်ချိုင်းထဲမှာတုန်းက ဤကျင့်ကြံရေးနည်းစနစ်နှင့်အတူ ဖန်းရွှမ်က ယွင်ထင်၏ လူသားသတ်ဖြတ်ခြင်းဓားချီကနေပင် လွတ်မြောက်နိုင်ခဲ့၏။

နောက်ဆုံးမှာတော့ ဆူဇီမို၊ ယွင်ထင်နှင့် ဖုန့်ကျစ်ရီတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့်သာလျှင် သူကနေရာမှာပင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်၏။

ထို့ကြောင့်သာမဟုတ်လျှင် ဆူဇီမိုသည် သူ့ကိုဖိနှိမ်ဖို့အတွက် အားထုတ်မှုတချို့ ယူရပေလိမ့်မည်။

“အစ်ကို... ဒီတစ်ခေါက် ကမ္ဘာ​မြေအဆင့်သတ်မှတ်ချင်ရဲ့ ထိပ်ဆုံးဆယ်နေရာထဲကို တက္ကသိုလ်က လူဘယ်လောက်များများ ဝင်ရောက်နိုင်မလဲ... ကျွန်မ.. စီနီယာအစ်ကိုယဲ့ဖေးနဲ့ ဆူဇီမိုရဲ့ အဆင့်သတ်မှတ်ချက်တွေက ဘယ်လောက်လဲ”

လမ်းတစ်လျှောက်မှာ မင်းသမီးသက်တံနီက မေးလိုက်၏။

ယဲ့ဖေးသည် ဤတစ်ခေါက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အပြင်ဂိုဏ်းပြိုင်ပွဲ၏ နံပါတ်တစ် ဖြစ်လေသည်။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲ မစတင်ခင်မှာပင် ကျင့်ကြံသူများစွာဖတ်ရှုဖို့အတွက် အကြမ်းဖျင်းအဆင့်သတ်မှတ်ချက်များက ထွက်ပေါ်လာခဲ့ပြီဖြစ်၏။

“ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက အတော်လေးအကြိတ်အနယ်ရှိတယ်.. ကောင်းတယ်နှင့်မြေကြီးတက္ကသိုလ်က ဒီတစ်ခေါက်အခွင့်အရေးများများစားစားရမှာ မဟုတ်ဘူး”

ရှဲ့ချင်းချန်က သူ၏ ခေါင်းကိုညင်သာစွာခါပြလိုက်၏။

“ထိပ်ဆုံးဆယ်နေရာထဲမှာ တက္ကသိုလ်ကတပည့် တစ်ယောက်မှရှိမှာမဟုတ်ဘူး”

“ဘာလို့လဲ... မဖြစ်နိုင်တာ”

မင်းသမီးသက်တံနီ၏ မျက်နှာက သံသယဖြင့်ပြည့်နှက်သွားပြီး မကျေမနပ်ပြောဆိုလိုက်၏။

“အဲ့ဒီအဆင့်သတ်မှတ်ချက်ကို ဘယ်သူထုတ်ထားတာလဲ... ထိပ်ဆုံးဆယ်နေရာထဲမှာ တက္ကသိုလ်က ဘာလို့တပည့်တစ်ယောက်မှ မရှိရမှာလဲ”

အခြားတစ်ဘက်မှာတော့ တက္ကသိုလ်၏ အကြီးအကဲကျုံးက အတော်လေးတည်ငြိမ်နေ၏။

“ကျုပ်လက်ခံရရှိထားတဲ့ သတင်းတွေအရဆိုရင်... ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်... တိုက်ခိုက်မယ့် ကမ္ဘာမြေအင်မော်တယ်တွေကြားမှာ ပြန်ဝင်စားမွန်းစတားတချို့ပါနေတယ်ဆိုတာ တကယ်ပဲ... ယဲ့ဖေးက ထိပ်ဆုံးဆယ်နေရာထဲကို ဝင်ရောက်နိုင်ချင်မှ ဝင်ရောက်နိုင်လိမ့်မယ်... တက္ကသိုလ်က အဲ့ဒါကိုမျှော်လင့်ထားပြီးသားပဲ မင်းတို့တွေက ဘာမှဖိအားဝင်နေစရာမလိုဘူး... ပုံမှန်အတိုင်းပဲဝင်ပြိုင်ကြ”

“ကျွန်မအဲ့ဒါကို မယုံဘူး”

မင်းသမီးသက်တံနီက နှုတ်ခမ်းစူ၍မေးလိုက်၏။

“ဒီတစ်ခေါက်ရဲ့နံပါတ်တစ်ကဘယ်သူလဲ”

ရှဲ့ချင်းချန်က ပြောလိုက်၏။

“ဒီတစ်ခေါက်ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနှစ်ယောက်က သေချာသလုနီးပါးပဲ... ဘယ်သူက ပထမ ဘယ်သူက ဒုတိယလဲပဲ မသိရသေးတာ”

“ယွင်ထင်က မပါဘူးဆိုတော့ ဘယ်သူကအဲ့လောက်ထိစွမ်းအားကြီးမားနိုင်မှာလဲ”

မင်းသမီးသက်တံနီက မကျေမနပ်ဖြင့်မေးလိုက်၏။

ရှဲ့ချင်းချန်က ပြုံးလိုက်လေသည်။

“ယွင်ထင်ပါရင်တောင်မှ ပထမနေရာကို ရချင်မှရနိုင်လိမ့်မယ်... ဘာလို့လည်းဆိုတော့ သူတို့နှစ်ယောက်စလုံးက ပြန်ဝင်စားအင်မော်တယ်တွေဖြစ်နေလို့ပဲ”

All Chapters