← Chapters

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အခန်း (၅၃၅)

"ကျန်းချန်က တကယ်ပဲ ကောင်းကင်အဆင့် ကျင့်စဥ်ကို နားလည်သွားတာလား"

ရွှယ်ရှင်း၏ မယုံကြည်နိုင်လောက်သော အော်ဟစ်သံကြောင့် ယွဲ့စန်းဟန်နှင့် အခြားသူများသည် အံ့သြမှင်တက်သွားခဲ့ကြသည်။

အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ချာတိတ်လေးတစ်ယောက်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ငါးမျိုးကို ဒုတိယအဆင့်ထိ နားလည်နေသည့်အပြင် ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သည့် ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ကိုပင် တတ်မြောက်နေခဲ့၏။

"ဒီကောင်လေးက တကယ်ကိုကြောက်စရာကောင်းတဲ့ မွန်းစတားတစ်ကောင်ပဲ"

"တက်လာခဲ့စမ်း.. စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်ရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ငါကြည့်ချင်တယ်"

ယခုအခါတွင် ကျန်းချန်၏ မျက်လုံးများသည် တက်ကြွသောအရိပ်အယောင်ဖြင့် ပြည့်နှက်နေခဲ့သည်။

"တောင်တန်းနဲ့မြစ်များ လှုပ်ခါစေ"

သူက ရုတ်တရက် လက်သီးကို ဆုပ်လိုက်ပြီး လျှပ်စီးလို အမြန်နှုန်းဖြင့် ရွှယ်ရှင်းကို ထိုးနှက်လိုက်သည်။

တခဏအတွင်းမှာပင် မမြင်နိုင်သောလက်သီး၏ ကြောက်မက်ဖွယ် ခွန်အားသည် ရွှယ်ရှင်းဆီသို့ ရောက်ရှိသွားခဲ့သည်။

"သွေးအကာအကွယ်စုစည်းစမ်း"

ရွှယ်ရှင်း၏အမူအရာက ပြောင်းလဲသွားခဲ့သည်။

သူက စဥ်းစားနေဖို့ အချိန်မရှိ၍ သူ၏လက်၀ါးများကို အလျင်အမြန် ဝှေ့ရမ်းကာ သူ၏ရှေ့တွင် ထူးဆန်းသောအ လင်းရောင်များ ဖြာထွက်နေသည့် သွေးအကာအကွယ်တစ်ခုကို တိုက်ရိုက် စုစည်းလိုက်သည်။

"၀ုန်း"

ကျန်းချန်၏ မမြင်နိုင်သော လက်သီးစွမ်းအားက ချက်ချင်းဆိုသလို သွေးအကာအကွယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ဆူညံသော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တခဏတွင် သွေးအကာအကွယ်သည် ကျန်းချန်၏ လက်သီးချက် သက်ရောက်မှုအောက်တွင် ပုံပျက်ပန်းပျက် ဖြစ်လာခဲ့၏။

မျက်စိဖြင့် မြင်နိုင်သော အက်ကြောင်းများသည် သွေးအကာအကွယ်ထက်တွင် ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

ခဏအကြာတွင် သွေးအကာအကွယ်သည် အဆုံးသတ်၌ ကျန်းချန်၏ ကြောက်မက်ဖွယ် လက်သီးအင်အားကို မခံနိုင်တော့ဘဲ လေထဲတွင် တိုက်ရိုက်ပေါက်ကွဲကာ သွေးမှုန်များအဖြစ် ပြောင်းလဲသွားခဲ့၏။

သွေးအကာအကွယ် ပျက်စီးသွားပြီးနောက်တွင် ရွှယ်ရှင်းသည် ကြောက်မက်ဖွယ်အင်အား၏ သက်ရောက်မှုကြောင့် မီတာအနည်းငယ် နောက်သို့ ဆုတ်လိုက်ရပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

"ဒါ..ဒါက ကောင်းကင်အဆင့် ကျင့်စဥ်ရဲ့ ခွန်အားလား"

စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူက ကျန်းချန်၏ လက်သီးချက်ဖြင့် ထိခိုက်ဒဏ်ရာရသွားသည်ကို မြင်လျှင် ယွဲ့ယန်ကျိုးနှင့် အခြားသူများသည် ပါးစပ်အဟောင်းသား ဖြစ်ကာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

ကောင်းကင်အဆင့် ကျင့်စဥ်သည် မြောက်ပိုင်းတောရိုင်းဒေသတွင် အလွန်ရှားပါးသော ကျင့်စဥ် ဖြစ်သည်။

မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးမှာပင် ဂိုဏ်းကြီးသုံးဂိုဏ်းမှာသာ ကောင်းကင်အဆင့် ကျင့်စဥ် ရှိသည်။

ယွဲ့ယန်ကျိုးတို့ လူစုသည် ကောင်းကင်အဆင့် ကျင့်စဥ်က ကောင်းကင်ကိုပင် ဆန့်ကျင်နေပြီး အင်အားကြီးမားလွန်းသည်ကို သိသော်လည်း ဤမျှလောက် အင်အားကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သဘာ၀စွမ်းအားဖွင့်ခြင်း န၀မအဆင့်ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်အဆင့်ကျင့်စဥ်ကို အားကိုး၍ စွမ်းအင်သိပ်သည်းခြင်း စတုထ္ထအဆင့်ကျင့်ကြံသူကို ဒဏ်ရာ အပြင်းအထန်ပင် ရရှိစေခဲ့သည်။

"ဒါက သိပ်ကြောက်ဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ.. ထိုက်ရှဂိုဏ်းရဲ့ ကောင်းကင်အဆင့်ကျင့်စဥ်ဖြစ်တဲ့ ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ်က တကယ်ပဲ ကျော်ကြားမှုနဲ့ ထိုက်တန်ပါပေတယ်.. မင်းက သဘာ၀စွမ်းအားဖွင့်ခြင်း န၀မအဆင့်ခွန်အားနဲ့ ထိုက်ရှ တိုက်ခိုက်ရေးခန္ဓာကိုယ်ကို တတ်မြောက်ထားခဲ့ရင်တောင် ငါ့ရဲ့မျက်လုံးထဲမှာတော့ မင်းက ပုရွတ်ဆိတ်တစ်ကောင် သာသာပဲ"

ရွှယ်ရှင်းက သူ၏ပါးစပ်မှ သွေးများကို သူ၏လက်ခုံဖြင့် သုတ်ကာ ရေရွတ်လိုက်သည်။

ထိုခဏတွင် သူ၏မျက်၀န်းထဲ၌ အေးစက်သော လူသတ်ငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

သူကဲ့သို့ စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင်ကြံသူသည် ထိုက်ရှဂိုဏ်းမှ ချာတိတ်လေးတစ်ယောက် လက်ချက်ဖြင့် ဤမျှ ရှက်စရာကောင်းသည့် အခြေအနေသို့ ကျရောက်ခဲ့ရသည်။

ဤချာတိတ်လေး၏ စွမ်းရည်သည် သူတွေးထားသည်ထက် လုံး၀ကို ကျော်လွန်နေခဲ့သည်။

ဤချာတိတ်လေးကိုသာ ယခုအချိန် မဖယ်ရှားခဲ့လျှင် ကြီးပြင်းလာသည်နှင့် သူတို့ သွေးနတ်ဘုရားကျောင်း အတွက် သေချာပေါက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

"စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူရဲ့ ခွန်အားက တကယ်ပဲ သန်မာလွန်းပါတယ်.. အစကတည်းက အနိုင်ယူနိုင်လိမ့်မယ်လို့ ငါ့ကိုယ်ငါ ဘယ်တော့မှ မတွေးထားခဲ့ပါဘူး.. ငါက မင်းလောက် အင်အားကြီးမားတဲ့ ပြိုင်ဘက်ကို အရင်က မတွေ့ခဲ့ဖူးဘူး.. ဒါ့အပြင် ငါ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက ဘယ်လောက်အထိ ရှိနေပြီလဲ ဆိုတာကို သိချင်လို့ မင်းကို လေ့ကျင့်ဖော်အဖြစ် အသုံးပြုခဲ့တာပဲ.. အခု လေ့ကျင့်တာ ပြီးဆုံးသွားပြီ ဆိုတော့လည်း ပုရွတ်ဆိတ်ဖြစ်တဲ့ ငါက မင်းကိုမရဏလမ်းဆီ ပို့ပေးရတော့မှာပေါ့"

ကျန်းချန်၏ မောက်မာသောလေသံသည် ချက်ချင်းဆိုသလို လေထဲတွင် ပျံ့နှံ့သွားခဲ့သည်။

"ကောင်လေး သွားသေလိုက်တော့"

ရွှယ်ရှင်းက ဒေါသတကြီး ကျန်းချန်ကို အော်ဟစ်လိုက်သည်။

ထိုခဏမှာပင် ရွှယ်ရှင်းထံမှ စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်၏ ခွန်အားသည် အင်အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

အခန်း(၅၃၅)ပြီး၏။

အခန်း(၅၃၆)

သွေးနတ်ဘုရားကျောင်း၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်သည့် ရွှယ်ရှင်းသည် သူ၏ အထွတ်အထိပ် အချိန်တွင် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့သည်။

ယင်းမှာ သိုင်းသခင် နယ်ပယ် အဆင့်အောက်တွင် လုံးဝ ရှုံးနိမ့်နိုင်စရာ မရှိသည့် ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု နီးပါးပင်။

အထွတ်အထိပ်ကို ပြန်ရောက်ဖို့ အနည်းငယ် လိုသေးသော်လည်း လက်ရှိအချိန်တွင် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

သို့တိုင် သူ့ရှေ့မှ နို့နံ့ပင် စင်သေးပုံ မရသည့် ထိုက်ရှဂိုဏ်း တပည့်သည် သူ့ကို မျက်လုံးထဲပင် ထည့်ပုံမရပေ။

သို့ဖြစ်ရာ သူ့အနေဖြင့် ဤကောင်လေးကို မထီမဲ့မြင် ပြုရဲသည့် အကျိုးဆက်အား အကြီးအကျယ် ပြန်လည် ပေးဆပ်စေရပေမည်။

"ရွှယ်ရှင်းက တကယ် တိုက်ခိုက်တော့မဲ့ပုံပဲ.. ကျန်းချန် သူ့ကို တစ်ယောက်တည်း မတားဆီးနိုင်မှာ ငါ စိုးရိမ်မိတယ်.. ငါတို့ သူ့ကို ကူညီကြရအောင်"

ယွဲ့စန်းဟန်က အင်အားအပြည့် ပေါက်ကွဲထွက်လာသည့် ရွှယ်ရှင်းကို ကြည့်ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်နှင့် ရွှယ်ရှင်း၏ ကျင့်ကြံခြင်း အဆင့်သည် အလွန်ပင် ကွာခြားလွန်း၏။

ကျန်းချန်၏ ကောင်းကင်အဆင့် ကျင့်စဥ်ကြောင့် ရွှယ်ရှင်းက ဒဏ်ရာရရှိခဲ့သော်လည်း လုံးဝ အနိုင်ယူရန်မှာ မလွယ်သေးပေ။

သို့သော် ကျန်းချန်၏ တိုက်ပွဲဝင် စွမ်းရည်က အင်မတန် အင်အား ကြီးမားသောကြောင့် သူတို့သာ လက်တွဲလိုက်လျှင် ရွှယ်ရှင်းကို ရင်ဆိုင်နိုင်သည့် အနေအထား ရှိလာနိုင်ပေသည်။

"အရင် စောင့်ကြည့်ကြတာပေါ့"

"ညီနောင် ကျန်းချန်ဟာ မသေချာတဲ့ ကစားပွဲကို ဘယ်တော့မှ မကစားတတ်ဘူး.. သူက ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ပြောခဲ့တယ်ဆိုမှတော့ သူ့မှာ ဝှက်ဖဲ တစ်ခုခု သေချာပေါက် ရှိနေလိမ့်မယ်"

ယွဲ့ယန်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းချန်ဟာ ဒေါသတကြီး တိုးဝင်လာသည့် ရွှယ်ရှင်းကို အေးစက်စွာ ကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်သည်။

ထို့နောက် သူက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အပြာရောင်အလင်းကို ထုတ်လွှတ်နေတဲ့ သလင်းကျောက် တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ရုတ်တရက် ပေါ်လာခဲ့၏။

ကျန်းချန်က မဆိုင်းမတွပင် သလင်းကျောက်ထဲသို့ စွမ်းအင်ကို ထည့်သွင်းလိုက်သည်။

နောက်တစ်ခဏမှာ အပြာရောင်အလင်းများ ထုတ်လွှတ်နေသော သလင်းကျောက်သည် အပြာရောင်အရိပ်တစ်ခု အဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်တွင် ရုတ်တရက် ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် အေးစက်စက် ကြုံးဝါးသံ တစ်သံသည်ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

"ဘယ်သူက ငါ့ရဲ့ တပည့်ကို ထိခိုက်အောင် လုပ်ရဲတာလဲ"

ကျန်းချန်၏ ဦးခေါင်း အထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် အပြာရောင်အရိပ်ကို မြင်လိုက်ရလျှင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည့် ရွှယ်ရှင်း၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

"သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွားပါလား.. ဒီပုံတူကိုယ်ပွားက စကားတောင် ပြောနိုင်တယ်ဆိုတော့ သာမန် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖန်တီးထားတာ မဟုတ်လောက်ဘူး"

"ဟမ့်.. သာမန် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ပုရွက်ဆိတ်တစ်ကောင်က ငါ့ရဲ့ တပည့်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ.. ခွေးသား သွားသေလိုက်တော့"

အပြာရောင်အရိပ်၏ အေးစက်စက် ကြုံးဝါးသံက လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

၎င်းက လက်ဝါးဖြင့် အောက်ဘက်ရှိ ရွှယ်ရှင်းကို တိုက်ရိုက် ချိန်ရွယ်၍ ရိုက်ချလိုက်ရာ တစ်ခဏအတွင်း ရွှယ်ရှင်း၏ ခန္ဓာကိုယ်သည် နေရာမှာပင် ချက်ချင်း တောင့်တင်းသွားခဲ့သည်။

"မလုပ်ပါနဲ့"

ရွှယ်ရှင်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

သူက ချုပ်နှောင်မှုကနေ ရုန်းကန်ဖို့ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း နည်းနည်းလေးမျှပင် လှုပ်၍ မရတော့ပေ။

ထိုအချိန်မှာပင် အပြာရောင်အရိပ်၏ လက်ဝါးရိုက်ချက်ကြောင့် လက်တစ်ဝါးစာ အရွယ် မီးလုံးကြီး တစ်ခုသည် ရွှယ်ရှင်းဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားခဲ့၏။

မီးလုံးကြီးသည် အရှိန်အဟုန်နှင့် တိုးဝင်လာသည်နှင့်အမျှ အရွယ်အစားကလည်း အလျင်အမြန် ကြီးထွားလာခဲ့သည်။

၎င်းက ရွှယ်ရှင်း၏ ဦးခေါင်း အပေါ်သို့ ရောက်ရှိလာသော အချိန်တွင် ဧရာမ မီးတိမ်တိုက်ကြီး တစ်ခုအဖြစ်သို့ပင် ပြောင်းလဲနေပြီ ဖြစ်၏။

မီးတိမ်တိုက်က အရာအားလုံးကို လောင်ကျွမ်းစေသည့် ပူပြင်းသော စွမ်းအင်ကို သယ်ဆောင်ကာ ရွှယ်ရှင်း၏ ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာအောက်မှာပင် ရွှယ်ရှင်း၏ ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

"ဝုန်း"

မီးတိမ်တိုက်က ငြိမ်သက်နေသည့် ရေအိုင်ထဲကို ပစ်ချလိုက်သော ဧရာမ ကျောက်တုံးကြီးတစ်ခုလိုပင်။

ကြောက်မက်ဖွယ်ရာ မီးလှိုင်းလုံးကြီးသည် လေထုကို လွှမ်းခြုံသွားခဲ့သည်။

ခဏအကြာမှသာ မီးခိုးနှင့် ဖုန်မှုန့်များသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့၏။

ထိုအခိုက်တွင် ရွှယ်ရှင်း ယခင်က ရှိခဲ့သည့် နေရာ၌ ဘာမှ မကျန်ရစ်ခဲ့သည်ကို လူတိုင်းက အံ့အားသင့်စွာ တွေ့ရှိခဲ့သည်။

ဆိုရလျှင် ရွှယ်ရှင်း၏ ခန္ဓာကိုယ်သည် မီးတိမ်တိုက်အောက်တွင် ပြာဖြစ်သွားခဲ့ပြီ ဖြစ်၏။

"ချစ်တပည့်.. မြောက်ပိုင်းတောရိုင်းဒေသက မကြာသေးခင်ကစပြီး ငြိမ်သက်မှု ရှိမနေဘူး.. ဒါကြောင့် သတိထားပါ"

"ကိစ္စပြီးတာနဲ့ ထိုက်ရှဂိုဏ်းကို အမြန်ဆုံး ပြန်လာခဲ့ပါ...ငါထိုက်ရှဂိုဏ်းမှာ မင်းကို စောင့်နေမယ်"

ရွှယ်ရှင်းကို ပေါ့ပေါ့ပါးပါး ရှင်းလင်းပြီးသည့် နောက်တွင် အပြာရောင်အရိပ်သည် အောက်ဘက်ရှိ ကျန်းချန်ကို ပြုံးပြလိုက်ပြီး ချက်ချင်းဆိုသလို အပြာရောင်အလင်းမှုန် အဖြစ် ပြောင်းလဲကာ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၅၃၆) ပြီး၏

အခန်း(၅၃၇)

"အခုနက အပြာရောင်အရိပ်က သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူရဲ့ မဟာသန့်စင်ခြင်းရဲ့ ပုံတူကိုယ်ပွားပဲ"

ယွဲ့ယန်ကျိုးက အပြာရောင်အရိပ် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်နေသည်။

သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သော အရိပ်အယောင်တစ်ခု ရှိနေခဲ့၏။

"မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွား တစ်ခုက စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ပစ်နိုင်တယ်တဲ့လား.. ဒါက သိုင်းသခင်နယ်ပယ်ရဲ့ အင်အားလား"

"ဟုတ်တယ်.. ဒါက သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူရဲ့ မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွားပဲ"

ယွဲ့စန်းဟန်က မှင်တက်နေရာကနေ သက်သာလာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

သူက ပြုံးပြီး ယွဲ့ယန်ကျိုးကို ကြည့်ကာ ပြောလိုက်သည်။

"ယန်ကျိုး. မင်းရဲ့ ညီငယ်လေးက ထိုက်ရှဂိုဏ်းမှာ အတော်လေး ရေပန်းစားပုံရတယ်"

ထိုက်ရှဂိုဏ်းနှင့် ပတ်သက်၍ ယွဲ့စန်းဟန်သည် သဘာဝကျကျ နားလည်ထား၏။

မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွား။

ဤကဲ့သို့ အကာအကွယ် ရတနာများသည် သာမန်တပည့်များ ရနိုင်သည့်အရာမျိုး မဟုတ်ပေ။

ကျန်းချန်က မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွား၏ အကာအကွယ်ကို ရရှိနိုင်ခဲ့သောကြောင့် ထိုက်ရှဂိုဏ်းတွင် ကျန်းချန်၏ ရပ်တည်မှုသည် လုံးဝ သာမန်မဟုတ်ပေ။

ဤကဲ့သို့ ထိုက်ရှဂိုဏ်း၏ ပါရမီရှင်နှင့် ရင်းနှီးခြင်းသည် သူတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ အတွက် သေချာပေါက် ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည်။

"ရိုးရိုးသားသား ဝန်ခံရရင် ညီနောင် ကျန်းချန်ကို တစ်နှစ်အတွင်း ဒီအခြေအနေအထိ တိုးတက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

ယွဲ့ယန်ကျိုးက အံ့သြသောလေသံဖြင့် ပြောလိုက်သည်။

လဲ့ရှစ်မြို့တွင် ကျန်းချန်နှင့် မိတ်ဆွေဖွဲ့ခဲ့ခြင်းသည် သူ၏ ဘဝတစ်လျောက်တွင် သူချခဲ့သည့် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်နိုင်ပေသည်။

"ဒါ.. ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ"

သူ၏ ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ရှားလင်း၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားပြီး ပါးစပ်မှလည်း မယုံကြည်နိုင်သည့် ရေရွတ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးအကြိမ်က အင်ပါယာ စစ်ဆေးမှုတွင် ရှားရွှယ်ကို ရှုံးနိမ့်ခဲ့ရပြီးကတည်းက ရှားလင်သည် လုံးဝ မကျေနပ်ခဲ့ပေ။

သူက ရှားရွှယ်ဆီကနေ ထီးနန်းကို ပြန်လည် လုယူချင်သော်လည်း မည်သည့် အခွင့်အရေးမှ မရခဲ့ချေ။

ထိုအချိန်မှာပင် သွေးနတ်ဘုရား ကျောင်းတော်၏ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ ရွှယ်ရှင်းသည် ရုတ်တရက် ပေါ်လာပြီး သူ့ကို မျှော်လင့်ချက်အသစ်များ ပေးခဲ့သည်။

ရွှယ်ရှင်း သူ့ကို ပေးခဲ့သည့် အစီအစဉ်အရ သူက အင်ပါယာ ရှားကျုံးကို ဖြေရှင်းခဲ့ပြီး ရွှယ်ရှင်း၏ ပြိုင်ဘက်ကင်း အင်အားကို အားကိုးကာ ထီးနန်းကို အောင်မြင်စွာ ပြန်လည်ရယူနိုင်ခဲ့သည်။

သို့သော် ရှားလင်း ဘယ်တော့မှ မတွေးမိခဲသည်မှာ ထီးနန်းနှင့် ပတ်သက်၍ တစ်ချိန်က သူ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့သော မိစ္ဆာကြယ် ကျန်းချန်က ရုတ်တရက် ပြန်ရောက်လာခဲ့ခြင်းပင်။

သူက ရွှယ်ရှင်းကို အလွန်အမင်း အားကိုးခဲ့သော်လည်း ကျန်းချန်၏ လက်အောက်တွင် တခဏအတွင်း ပြာဖြစ်သွားခဲ့၏။

"ကိစ္စအားလုံး ပြီးသွားခဲ့ပြီ"

"ငါ့ဆရာရဲ့ အင်အားက ငါထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းပုံပဲ"

ရှောင်တုလီ၏ မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွားက စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ရွှယ်ရှင်းကို အလွယ်တကူ သတ်ပစ်လိုက်သည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည်လည်း တုန်လှုပ်သွားခဲ့သည်။

ထိုနေ့က ထိုက်ရှဂိုဏ်းတွင် စတုတ္ထ အကြီးအကဲ မိုကျွင်းသည် ရှောင်တုလီကို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဟု ယုံကြည်ခဲ့သည်ကို သူ အမှတ်ရမိသည်။

သို့သော် သူ့ဆရာက သိုင်းသခင် နယ်ပယ် စတုတ္ထအဆင့်လောက် မရိုးရှင်းဟူသည့် ခံစားချက်တစ်ခု ကျန်းချန်တွင် ရှိနေခဲ့၏။

"ကျန်းချန်... မင်း ငါ့ကို ဘာလို့ ပြဿနာရှာနေတာလဲ"

"ငါက မဟာရှားနိုင်ငံရဲ့ မင်းသားကြီး ဖြစ်တဲ့အတွက် မဟာရှားနိုင်ငံရဲ့ ထီးနန်းကို ဆက်ခံဖို့ လုံးဝ ထိုက်တန်တယ်.. ဘာလို့ မင်းက ငါ့ရဲ့ ကိစ္စတွေကို ထပ်တလဲလဲ ဖျက်ဆီးနေရတာလဲ"

ကျန်းချန်က သူ့ဆရာ ရှောင်တုလီ၏ ကြောက်မက်ဖွယ်ရာ အင်အားကြောင့် အံ့သြ တုန်လှုပ်နေသည့်အချိန်တွင် ရှားလင်း၏ အော်ဟစ်သံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။

ကျန်းချန်က ရှားလင်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်၏။

"ရှားရွှယ်က မင်းထက် သစ္စာတရားကို နားလည်လို့ပဲ.. ငါ ကျန်းချန် ရှိနေသရွေ့ မဟာရှားနိုင်ငံရဲ့ ဧကရာဇ်က ရှားရွှယ်ပဲ ဖြစ်ရလိမ့်မယ်"

"ကျန်း... ကျန်းချန်... ရှားရွှယ်က မင်းကို ဘာအကျိုးအမြတ်တွေ ပေးထားလို့ မင်းက သူ့ကို ဒီလောက်ထိ ကူညီနေရတာလဲ"

ရှားလင်းက တောင်းပန်သည့် လေသံဖြင့် ပြောခဲ့သည်။

"ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့.. ငါ့ကို မဟာရှားနိုင်ငံရဲ့ ဧကရာဇ် ဖြစ်လာအောင် ထောက်ခံပေးပါ.. မင်း ငါ့ကို ထောက်ခံသရွေ့ မဟာရှားနိုင်ငံမှာ မင်းလိုချင်တဲ့ အရာမှန်သမျှ ငါ မင်းကို ပေးနိုင်ပါတယ်"

"စိတ်မပူပါနဲ့... ငါ မင်းကို မသတ်ပါဘူး...မင်းလို ကောင်မျိုးကို သတ်ဖို့က ငါ့အတွက် အရမ်း ညစ်ပတ်လွန်းတယ်"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ အေးစက်စွာ ပြောလိုက်၏။

"မင်းရဲ့ သေခြင်းတရားကို ရှားရွှယ်ကပဲ ဆုံးဖြတ်လိမ့်မယ်"

အခန်း(၅၃၇) ပြီး၏

All Chapters