မသေမျိုး ဓားသမား
Vol. 12 Ch. 156
မြေဆွဲအား အစီအမံဆိုသည့် စကားကို ကြားမှသာ သူတို့အားလုံး စိတ်သက်သာရာ ရသွားကြသည်။
မြေဆွဲအား အစီအမံမှာ အစီအမံ အမျိုးအစားပေါင်း များစွာရှိသည့် အထဲမှ အတွေ့ရ အများဆုံးနှင့် သာမာန်အကျဆုံး အစီအမံတစ်ခုပင်။
ဂိုဏ်းများနှင့် မိသားစု အများစုမှာ ထိုအစီအမံကို သူတို့၏ တပည့်များအား လေ့ကျင့်ရာ၌ အသုံးပြုလေ့ ရှိကြ၏။
၎င်းမှာ ကမ္ဘာမြေကြီး၏ ဆွဲအားကို အဆပေါင်းများစွာ တိုးသွားစေသည့် အစွမ်းသာ ရှိပေသည်။
ထိပ်တန်းအဆင့် မြေဆွဲအား အစီအမံသည်ပင် မြေဆွဲအားကို အဆုံးစွန်ပမာဏဖြစ်သော အဆ ထောင်ဂဏန်းအထိသာ တိုးနိုင်၏။
ယခု တောင်ကြားထဲတွင် ရှိနေကြသည့် သူတို့အားလုံးမှာ တုကျဲ့အဆင့် ကျင့်ကြံသူများ ဖြစ်ကြပေရာ မြေဆွဲအား၏ အဆ သောင်းဂဏန်းအထိပင် ခံနိုင်ရည် ရှိကြပါသည်။
" ဟား ဟား .. ကြည့်ရတာ ဒီ မသေမျိုးသင်္ချိုင်းဂူက အဲ့လောက်ပဲနဲ့ တူပါတယ်။ အားလုံး .. ဒီအဆင့်ကို မြန်မြန် ဖြတ်ကျော်ကြတာပေါ့ဗျာ "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက အပြုံးဖြင့် ပြောလိုက်သည်။
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြပြီး မြေဆွဲအား အစီအမံထဲသို့ အတူတကွ ပြေးဝင်သွားကြ၏။
သို့သော် ...
ဝုန်း ..
အစီအမံ နယ်နိမိတ်အတွင်းသို့ ခြေချမိသည်နှင့် သူတို့အားလုံး မြေကြီးပေါ်သို့ ဒူးထောက်လျက် ကျသွားကြသည်။
" ဟင် .. ဒါလား မြေဆွဲအား အစီအမံ .. "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ အားပြင်းလှသည့် မြေဆွဲအားအောက်တွင် သူ့ကိုယ်ထဲမှ အရိုးများအားလုံး ပြိုကွဲသွားရတော့မည်ကံ့သို့ သူ ခံစားနေရ၏။
" ဒီဟာက သာမာန် မြေဆွဲအားရဲ့ ဘယ်နှဆလဲ ။ အဆ တစ်သိန်းလား ၊ အဆ နှစ်သိန်းလား "
ဟွေ့ဖုန်းကလည်း အံ့သြတကြီး ပြောလိုက်သည်။
" အဲ့ထက်ပိုတယ် ။ အနည်းဆုံး .. အဆ တစ်သန်းလောက် ရှိလိမါ့မယ်။ အဲ့ထက်တောင် ပိုနိုင်သေးတယ် "
မူစန်းထုံက အံကြိတ်ကာ မြေဆွဲအားကို ခက်ခက်ခဲခဲ ခုခံနေရင်း ပြောသည်။
" ကျုပ်ပြောသားပဲ .. ဒီအစီအမံက အဲ့လောက် မရိုးရှင်းပါဘူးလို့ .. "
ဟွေ့ယွီကလည်း အံကြိတ်၍ ပြော၏။
" အခု ဘာဆက်လုပ်ကြမလဲ "
မူစန်းထုံ၏ အသံမှာ တုန်ယင်နေလေပြီ။
" ဘာလုပ်ရမှာလဲ .. ရှေ့ကိုပဲ ကြိုးစားပြီး တိုးရမှာပေါ့ "
ချန်းကျန်းကျီက ပြန်ပြောလိုက်သည်။
သူက ထိုသို့ပြောပြီးသညွနှင့် မြေဆွဲအားကို ဆန့်ကျင်၍ ဖြည်းဖြည်းချင်း မိတ်တပ်ရပ်လိုက်၏။
ထိုမြင်ကွင်းကို ကြည့်နေသည့် လူများအားလုံး အံ့သြတုန်လှုပ်သွားရသည်။
ထိုလူမှာ သူတို့လူစုထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ရထားသည်နှင့်အညီ အစွမ်းလည်း ထက်လွန်းလှပေသည်။ သူက ယခုလို အခြေအနေမျိုးမှာပင် မတ်တပ်ရပ်နိုင်နေသေး၏။
သို့သော် ..
ခြေနှစ်လှမ်းသာ လှမ်းရသေးစဥ်မှာပင် ...
ဘုန်း ...
မြေဆွဲအားကြောင့် ဒူးထောက်လျက်သား ကျသွားရပြန်တော့သည်။ သူ့ဆီမှ ညီးညူသံအချို့လည်း ထွက်လာ၏။
အားလုံးမှာလည်း မျက်နှာများ ရှုံ့မဲ့လျက် ဖြစ်သွားကြသည်။
သူတို့ ကြုံနေရသည့် မြေဆွဲအားက ဆိုးရွားလွန်းလှပေသည်။
" တွားသွားပြီး သွားကြမယ်ဟေ့ "
တုကျဲ့အဆင့်မှ ကျင့်ကြံသူကြီးများမှာ သူတို့၏ ဂုဏ်သိက္ခာ ကျမည်ကို မစိုးရိမ်နိုင်တော့ဘဲ မြေပြင်တွင် ဝမ်းလျားမှောက်၍ ခက်ခက်ခဲခဲ တွားသွားကာ ရှေ့တိုးလိုက်ကြသည်။
ဤသို့ဖြင့် .. နာရီဝက် ကြာသွားပြီးနောက် ...
ဟွေ့ယွီမှာ အစီအမံ နယ်နိမိတ်အတွင်းမှ နောက်ဆုံး တွားသွား ထွက်လာနိုင်သူဖြစ်ပြီး အပြင်သို့ ရောက်ရောက်ချင်း ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ရသည်။
" ဘယ်လိုလဲ ..အဆင်ပြေရဲ့လား "
ဟွေ့ဖုန်းက သူ့ညီအား စိုးရိမ်တကြီး မေး၏။
' အရိုး နှစ်ချောင်း ကျိုးသွားတယ်ဗျ ။ ပြီးတော့ အရိုးဆစ်တွေနဲ့ ကိုယ်တွင်းကလီစာတွေလဲ ဒဏ်ရာရသွားတယ် "
ဟွေ့ယွီက သူ့ကိုယ်သူ ပြန်စစ်ဆေးကာ ဖြေလိုက်သည်။
ကျန်လူများ၏ အခြေအနေမှာလည်း သူနှင့် သိပ်မကွာလှချေ။ သူတို့ထဲတွင် ဒဏ်ရာအနည်းဆုံးသူမှာ ချန်းကျန်းကျီပင် ဖြစ်ပါသည်။
ဟောင်လင်ရှို့သည် ဒဏ်ရာများ သက်သာစေရန် စိတ်စွမ်းအင်ဆေးပင် လက်တစ်ဆုပ်စာခန့် မြန်မြန်စားလိုက်ပြီးနောက်မှ နန်ရွှေဖုန်းဘက်လှည့်၍ ဒေါသတကြီး ပြော၏။
" နိုင်ငံတော်အဆင့် ပညာရှင်ကြီး ၊ ပြောတော့ အစီအမံပညာရပ်မှာ ဆရာတစ်ဆူပဲဆို။ ဒီ မြေဆွဲအား အစီအမံက အဲ့လောက်အစွမ်းထက်တာကို ကျုပ်တို့ကို ဘာလို့ ကြိုပြီးသတိမပေးခဲ့တာလဲ "
အခြားသူများကလဘ်း နန်ရွှေဖုန်းအား ဒေါသထွက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
နန်ရွှေဖုန်းက ရှက်ရှက်ဖြင့် ပြန်ရန်တွေ့၏။
" ဒီမြေဆွဲအား အစီအမံက အဲ့လောက်အစွမ်းထက်မယ်မှန်း ကျုပ်က ဘယ်လိုကြိုသိပါ့မလဲ "
ထိုစဥ် မူစန်းထုံက လက်မြှောက်၍ ပြောလိုက်သည်။
" စကားများမနေကြပါနဲ့တော့ဗျာ။ ကျုပ် အတွေးကတော့ ဒီ မြေဆွဲအား အစီအမံက အစွမ်းထက်တယ် ဆိုပေမယ့် ကျုပ်တို့အတွက် ကောင်းတယ်ဗျ "
" ဟင် .. "
အားလုံးက သူ့အား ထူးဆန်းသည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
" သေချာစဥ်းစားကြည့်လေဗျာ ။ အစီအမံက အစွမ်းထက်လေလေ ၊ ပိုင်ရှင်ကလဲ အစွမ်းထက်လေလေ ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့ ၊ မဟုတ်ဘူးလား။ ပြီးရင် အထဲမှာ ဖွက်ထားတဲ့ပစ္စည်းကလဲ လုံးဝ ထူးခြားတဲ့ ပစ္စည်းတစ်ခု ဖြစ်နေမှာ သေချာတယ် "
မူစန်းထုံက ပြော၏။
ထိုစကားကို ကြားမှသာ ကျန်ငါးယောက်၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" တော်ဝင်သခင်ကြီး ၊ အစီအမံပညာရှင်တစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်လိုက်ရင် ဒီ မြေဆွဲအား အစီအမံ ပိုင်ရှင်ရဲ့ အစွမ်းက ဘယ်အဆင့်လောက် ရှိနိုင်လဲဗျ "
ဟွေ့ဖုန်းက မေးလိုက်သည်။
နန်ရွှေဖုန်းသည် သူ့မုတ်ဆိတ်ကို ပွတ်နေပြီးနောက်မှသာ ဖြည်းဖြည်းချင်း ပြန်ဖြေ၏။
" ကျုပ်က အခု အဆင့် ၇ အစီအမံပညာရှင်အဆင့်ကို ရောက်ထားတာ မကြာသေးဘူး။ ဒါပေမယ့် ..ကျုပ်က အလွန်ဆုံးမှ အဆတစ်သောင်းရှိတဲ့ မြေဆွဲအားအစီအမံကိုပဲ လုပ်နိုင်မှာ "
" ဒီဟာက .. အဆင့် ၇ အစီအမံ ပညာရှင်တစ်ယောက်ထက် အဆ ၁၀၀ တောင် ပိုအစွမ်းထက်တာဆိုတော့ ကြည့်ရတာ ဒီလူက တကယ်မသေမျိုးတစ်ယောက်နဲ့ တူတယ် "
ဟွေ့ဖုန်းက အံ့သြတကြီး ဆိုလိုက်သည်။
" ခင်ဗျားခုလို ပြောလိုက်မှပဲ ကျုပ် ပင်ပန်းတာတွေတောင် ပျောက်သွားတယ်ဗျာ။ အားလုံး ရှေ့ဆက်တိုးဖို့ အဆင်ပြေကြပြီလား။ ပြေရင် မြန်မြန်ဆက်သွားကြမယိ။ ဒီ့ထက်ကြာကြာစောင့်နေရင် ပြဿနာတွေ ရောက်လာပြီးတော့ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်သွားလိမ့်မယ် "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက အပြုံးဖြင့် ပြောလိုက်သည်။
အလုံး ခေါင်းညိတ်ကာဟတစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြ၏။
သူတို့ရှေ့တွင်မူ ဒုတိယ အစီအမံတစ်ခုက ပိတ်ဆို့လျက် ရှိနေပြန်သည်။
" ဒါ .. ဓားအစီအမံတစ်ခုလား "
ချန်းကျန်းကျီက သူ့ရှေ့မှ အစီအမံကို သေချာစိုက်ကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" ဟုတ်တယ်ဗျ ၊ အဲ့ဒါ ဓားအစီအမံပဲ "
နန်းရွှေဖုန်းက ဝင်ထောက်ခံ၏။
" အင်း .. ဒီဟာက ဓားအစီအမံဆိုရင်တော့ ကိုင်တွယ်ဖို့ ပိုလွယ်သွားမှာပါ။ ဂိုဏ်းချုပ်ကြီး ချန်းက ဓားစိတ်ဆန္ဒကို နားလည်ထားပြီမဟုတ်လားဗျ "
ဟွေ့ဖုန်းက မေးလိုက်သည်။
ချန်းကျန်းကျီက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောသည်။
" ကျုပ်က ဓားစိတ်ဆန္ဒကို ကျော်လွန်ပြီးတော့ ဓားအဆင့် ထဲကိုတောင် ခြေလှမ်းတစ်ဝက် ရောက်နေပြီ "
သူ့စကားဆုံးသောအခါ အားလုံး တအံ့တသြ ဖြစ်သွားကြ၏။
ကျင့်ကြံသူတစ်ယောက်သည် ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်လျှင်ပင် ထိပ်တန်းအဆင့် ဓားသမားတစ်ယောက်ဟု သတ်မှတ်၍ ရနေလေပြီ ။
ယခု ချန်းကျန်းကျီက ၎င်းထက် သာလွန်သည့် ဓားအဆင့်ကိုပင် ကျင့်ကြံနေပြီဖြစ်ရာ ထျန်းယွမ်အင်ပါယာ တစ်ခုလုံးတွင်ပင် သူ့ထက် ပိုအစွမ်းထက်သူ များစွာ မရှိနိုင်တော့ပါ။
" ဟား ဟား .. ဂိုဏ်းချုပ်ကြီး ချန်း က တကယ့်အရွယ်ကောင်းမှာမှ ရာထူးကနေ အနားယူဖို့ ရွေးချယ်လိုက်တာ မထူးဆန်းတော့ပါဘူး။ ဂိုဏ်းချုပ်က ဒီကြားထဲမှာ တလျှောက်လုံး ဓားသိုင်း လေ့ကျင့်နေခဲ့တာပဲ။ ကောင်းတယ်ဗျာ ။ ဂိုဏ်းချုပ်ကြီးချန်း ဒီမှာရှိနေတာဆိုတော့ အစီအမံ နောက်တစ်ဆင့်က အများကြီး ပိုလွယ်သွားမှာပဲ။ ဖြစ်နိုင်ရင် ဂိုဏ်းချုပ်ကြီးချန်းအနေနဲ့ ကျုပ်တို့အတွက် လမ်းရှင်းပေးဖို့ ဖြစ်နိုင်မလားခင်ဗျာ "
ဟွေ့ဖုန်းက ပြောရင်းဆိုရင်း ဦးညွှတ်အရိုအသေ ပေးကာ တောင်းဆိုသည်။
ချန်းကျန်းကျီသည် အနည်းငယ် မျက်မှောင်ကြုံ့သွားပြီးမှသာ ခေါင်းညိတ်၍ ပြန်ပြော၏။
" ကောင်းပါပြီ "
ထို့နောက် သူက ရှေ့သို့ လျှောက်လာကာ ကျန်လူများကို သူ့နောက်နား ကပ်၍ နေခိုင်းလိုက်ပြီး အစီအမံထဲသို့ ခြေတစ်လှမ်း တိုးဝင်လိုက်သည်။
" ဒီတစ်ခါတော့ နည်းနည်း စိတ်အေးလက်အေး နေလို့ရပြီပေါ့ကွာ "
အားလုံး၏ မျက်နှာတွင် အပြုံးများ ပေါ်လာ၏။
သူတို့လူစု၏ ရှေ့ဆုံးတွင် ရှိနေသော ချန်းကျန်းကျီက ဓားကို မြှောက်၍ အစီအမံအား ရွယ်လိုက်သည်။
ချွှင် ..
သူ့ရှေ့တွင် ဓားအရိပ်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။
ထိုဓားအရိပ်၏ ဘေးပတ်လည်တွင်လည်း ခပ်မှိန်မှိန် ဓားအရိပ် ဆယ့်နှစ်ခုက မျောလွင့်နေကြသည်။
၎င်းကို မြင်လိုက်ရသည့် ဟွေ့ဖုန်းတစ်ယောက် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" သူက တကယ်ကို ဓားအဆင့်ထဲ တစ်ဝက်လောက် ရောက်နေပြီပဲ။ဓားစိတ်ဆန္ဒကိုပဲ နားလည်ထားတဲ့ ဓားသမားတစ်ယောက်က ဓားစိတ်ဆန္ဒကို ထုတ်သုံးရင် ဓားအရိပ်တစ်ခုပဲ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့ ဓားအရိပ်က ဆယ်ခုကျော်နေပြီ "
ဟွေ့ယွီကလည်း ဝင်ပြောသည်။
" အဲ့ဒီ ဓားအရိပ် ဆယ်ခုကျော်သာ အစိုင်အခဲအဖြစ် စုစည်းပြီး ဓားအစစ်အဖြစ်ကို ပြောင်းနိုင်သွားရင် သူ ကာဓားကမ္ဘာထဲ ရောက်သွားတော့မှာ "
ဟောင်လင်ရှို့ကလည်း ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
" ဒီလို ဓားသမားတစ်ယောက်က ဦးဆောင်နေမှတော့ ဘယ်လို ဓားအစီအမံက ကျုပ်တို့ကို တားနိုင်တော့မှာတဲ့လဲ "
သူ့စကားဆုံးသည်နှင့် ...
ချွှင် .. ချွှင် ... ချွှင် ...
ဓားအစီအမံ လေထုအတွင်း သောင်းနှင့်ချီသော ဓားအရိပ်များ တမဟုတ်ချင်း စုစည်းလာတော့သည်။
" ဟင် .. "
ထိုနေရာတွင် ရှိနေကြသည့် လူများ ရုတ်တရက် အံ့သြမှင်သက်သွားကြကုန်၏။
" ပြေးကြ "
ချန်းကျန်းကျီက ထိုတစ်ခွန်းသာ အော်လိုက်ပြီး ချက်ချင်းနောက်လှည့်ကာ ထွက်ပြေးလိုက်သည်။
" အင် .. "
ကျန်လူများမှာ ထင်မှတ်မထားသော အဖြစ်အပျက်ကြောင့် ရုတ်တရက် ကြောင်နေကြပြီး ချက်ချင်း နေရာမရွှေ့နိုင်ဘဲ ဖြစ်သွားကြ၏။ ထိုအချိန်မှာပင် လေထုထဲမှ ဓားအရိပ်များက အောက်သို့ ကျလာကြသ ည်။
မကြာမီ ...
လူရိပ်ခြောက်ခုက အစီအမံ အပြင်ဘက်သို့ အသည်းအသန် ပြေးထွက်သွားကြတော့သည်။
သူထို့ထဲတွင် အစောဆုံးနှင့် အမြန်ဆုံး ပြေးလိုက်နိုင်သူ ချန်းကျန်းကျီ တစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး ဒဏ်ရာများ အသီးသီး ရထားကြ၏။
အထူးသဖြင့် ဟွေ့ယွီပင် ။ သူသည် နောက်ဆုံးမှသာ ထွက်ပြေးလိုက်နိုင်သဖြင့် ဓားအရိပ်တစ်ခုနှင့် ထိမိသွားခဲ့ပြီး သူ့နောက်ကျောတွင် ဒဏ်ရာကြီးစွာ ရသွားခဲ့ရသည်။
ထိုဒဏ်ရာသာ ယခုထက်ပို အနည်းငယ် နက်သွားခဲ့ပါက သူ့အသက်ပင် ဆုံးရှုံးသွားရနိုင်ပေသည်။
" ချန်းကျန်းကျီ .. ခင်ဗျား အစောက ဘာလုပ်လိုက်တာလဲ "
ဟွေ့ယွီက ဒေါသတကြီး အော်လိုက်သည်။
ထိုအချိန်တွင် ချန်းကျန်းကျီ၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်နှာငယ်လေးဖြင့် ပြော၏။
" ဓားကမ္ဘာ .. အဲ့ဒါ ဓားကမ္ဘာအစစ်ပဲ "
" ဟင် .. ခင်ဗျား ဘာပြောလိုက်တာ "
အားလုံး အံ့သြတကြီး ဖြစ်သွားကြသည်။
ချန်းကျန်းကျီက ပြော၏။
" စောနက အစီအမံ လေထုထဲက ဟာက ဓားကမ္ဘာအစစ်ပဲ။ ဒီအစီအမံကို လုပ်ခဲ့တဲ့သူက ဓားကမ္ဘာကို ကျင့်ကြံနေတဲ့ ထိပ်တန်းအဆင့် ဓားသမားတစ်ယောက်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် .. ဒီလို ဓားအစီအမံမျိုးကို ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး "
အားလုံး အံ့သြတုန်လှုပ်သွားကြရပြန်သည်။
ဤအခွင့်ကောင်းကို ချန်ထားရစ်ခဲ့သည့် မသေမျိုးက ဓားသမား မသေမျိုးတစ်ယောက်ပေလား။
" မသေမျိုးဓားသမားတစ်ယောက်ရဲ့ အစီအမံတဲ့လား ။ သေစမ်းကွာ .. အခု ကျုပ်တို့ရှေ့မှာ ရှိနေတဲ့ ဓားကမ္ဘာအဆင့် ဓားအစီအမံကို ဘယ်လို ဖြတ်ပြီး သွားကြမလဲ "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက ပြောဆိုနေရင်း အလွန်ဒေါသထွက်လာဟန်ဖြင့် မြေကြီးကို လက်သီးဖြင့် ထိုးသည်။
ထိုစဥ် ..ချန်းကျန်းကျီ ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်လာပြီး ပြောလိုက်၏။
" ခဏနေဦးဗျ ..ကျုပ်မှာ ဒီ အစီအမံကို ထိုးဖောက်ထွက်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ် "