ကောင်းကင်ဘုံ အပြစ်ပေးခြင်း မိုးကြိုး နှင့် ဓမ္မဒိ မီးတောက်
Vol. 12 Ch. 157
ချန်းကျန်းကျီက ထိုသို့ပြောပြီးသည်နှင့် သူ့အင်္ကျီလက်ထဲမှ အမည်းရောင် ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။
နန်ရွှေဖုန်းက ၎င်းကို တစ်ချက် လှမ်းကြည့်ကာ အံ့သြတကြီး ဆို၏။
" ယွမ် ပေါက်ကွဲဆေးလုံးပါလား "
ချန်းကျန်းကျီက ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်ဗျ ၊ ဒါ ယွမ် ပေါက်ကွဲဆေးလုံးပဲ ။ဟိုး လွန်ခဲ့တဲ့ နှစ်တွေက ကျုပ် ဒီဆေးလုံးအကြောင်းကို မတော်တဆ သိသွားခဲ့ရတာ။ အစကတော့ ကျုပ်က အစွမ်းထက်တဲ့ ရန်သူနဲ့ တွေ့တဲ့အချိန် ဒီဆေးလုံးနဲ့ ကျုပ်အသက်ကို ပြန်ကယ်ဖို့ စဥ်းစားထားတာ။ ဒါပေမယ့် .. အခုက ဒီဆေးလုံးကို သုံးဖို့ အချိန်ကောင်းပဲ "
သူ့အနီးမှ စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက မေးလာ၏။
" ယွမ် ပေါက်ကွဲဆေးလုံးဆိုတာ ဘာလဲ "
မူစန်းထုံက ရှင်းပြသည်။
" အဲ့ဒါက လူတွေရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ အစွမ်းကို လှုံ့ဆော်ပေးတဲ့ ဆေးတစ်မျိုးပဲဗျ ။ ဒီဆေးကို သောက်လိုက်တာနဲ့ အချိန်တိုအတွင်းမှာ ကိုယ်သတိမထားတဲ့ အစွမ်းတွေ အများကြီး တိုးတက်လာတယ် "
ချန်းကျန်းကျီ ကလည်း ဝင်ပြောပြ၏။
" ကျုပ် ခန့်မှန်းထားတဲ့အတိုင်းဆိုရင် ဒီဆေးကို သောက်လိုက်တာနဲ့ တုကျဲ့အဆင့် ၉ ကို ယာယီ ရောက်သွားလိမ့်မယ်။ ပြီူတော့ ဓားအဆင့်ကိုလဲ အချိန်တိုတစ်ခုအထိ ဝင်သွားနိုင်လိမ့်မယ် "
ထိုစကားကို ကြားသောအခါ ဟွေ့ယွီ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" ဓားကမ္ဘာအဆင့်ကို ရောက်သွားနိုင်မှာလား .. ဒါဆို သခင်ကြီးက ဒီ ဓားအစီအမံနဲ့ ယှဥ်နိုင်သွားမှာပေါ့ "
ချန်းကျန်းကျီက ဟွေ့ယွီအား မျက်လုံးထောင့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
" ဓားအဆင့် နဲ့ ဓားကမ္ဘာ ကြားထဲမှာ ကွာဟချက် အကြီးကြီးရှိတယ်ဗျ ။ ပြီးတော့ ကျုပ်က ဓားအဆင့်ထဲ ဝင်နိုင်ရင်တောင် အောက်ခြေအဆင့်လောက်ထိပဲ ဝင်နိုင်မှာ။ ဒါပေမယ့် ဓားအစီအမံထဲက ဓားအဆင့်က ဟိုးထိပ်ဆုံး ရောက်နေပြီ "
" အဲ့လိုလား .. အစွမ်းထက်လိုက်တာ "
ဟွေ့ယွီတစ်ယောက် အံ့သြတုန်လှုပ်သွားရပြန်၏။
ချန်းကျန်းကျီကလည်း သက်ပြင်းချကာ ဆိုလိုက်သည်။
" ကျုပ်က အစီအမံတွေအကြောင်း သိပ်နားမလည်ပေမယ့် ဓားတွေအကြောင်းကိုတော့ ကောင်းကောင်းကြီး နားလည်တယ်။ ဒီ အစီအမံကို လုပ်ခဲ့တဲ့လူက ကောင်းကင်ဆန့်ကျင် ဓားသမားတစ်ယောက်ဆိုတာ အသေချာပဲ "
....
ထိုစဥ် ဟဲ့ဒုံမြို့အတွင်းတွင် အိပ်မောကျနေသည့် အစီအရင်သခင် ဓားသိုင်းပညာရှင်ကြီး လောထျန်းကမူ နှာချေလိုက်သည်။
.......
" ကျုပ်ခနနေကျရင် ခင်ဗျားတို့တွေ အစီအမံကို ဖြတ်ပြီး သွားဖို့ အချိန် ဆယ်စက္ကန့်ရအောင် လုပ်ပေးမယ်။ အဲ့ဆယ်စက္ကန့်မတွင်းမှာ တစ်ဖက်ကို ရောက်အောင် သွားကြပါ။ မသွားနိုင်ရင်တော့ အစီအမံထဲမှာ သေချာပေါက် အသက်ဆုံးသွားရလိမ့်မယ် ။ ဆိုတော့ ကိုယ့်ကိုကိုယ် သွားနိုင်မယ်လို့ ယုံကြည်ချက်မရှိရင် နေခဲ့တာ ကောင်းမယ်ဗျာ "
ချန်းကျန်းကျီက ပြောလိုက်သည်။
သို့သော် .. သူတို့က ယခုနေရာထိပင် ခက်ခက်ခဲခဲ ရောက်လာခဲ့ကြပြီဖြစ်ရာ မည်သူက နောက်ဆုတ်ကျန်နေခဲ့ချင်ပါမည်နည်း။
ထို့နောက် သူတို့အားလုံး ချန်းကျန်းကျီဘေး၌ တန်းစီ၍ ပြန်ရပ်လိုက်ကြသည်။
ချန်းကျန်းကျီသည် ထိုလူများကို ကြ ည့်လိုက်ပြီးနောက် မည်သို့မှမပြောဘဲ ဆေးလုံးကိုသာ မြိုချလိုက်သည်။
ဝုန်း ...
သူ့အရောင်အဝါက တမဟုတ်ချင်း သိသိသာသာပင် တိုးလာ၏။
" ကျုပ်နောက်က လိုက်ခဲ့ကြ "
သူ ကျယ်လောင်စွာ အော််ကာ အစီအမံထဲသို့ ချက်ချင်း ပြေးဝင်သွားလိုက်သည်။
အခြားသူများကလည်း စကားတစ်ခွန်းမှ မဆိုဘဲ သူ့နောက်မှ ပြေးလိုက်သွားကြ၏။
ချွှင် ..
သူ အစီအမံထဲ ရောက်သွားသည်နှင့် လေထဲတွင် ဓားများအပြည့် စုစည်းလာပြန်သည်။
" အကန့်အသတ်မဲ့ ဓားအဖျက်အဆီး "
ချန်းကျန်းကျီက မာန်ဖြင့်အော်ကာ သူ့ကိုယ်ပိုင် ဓားကမ္ဘာကို ဖွင့်လိုက်၏။ ၎င်းက လေထဲမှ ဓားကမ္ဘာနှင့် တိုက်မိသွားကြသည်။
ဘုန်း ...
သို့သော် .. ၎င်းတို့ချင်း ထိမိသွားသည်နှင့် ချန်းကျန်းကျီ၏ ဓားကမ္ဘာက စတင်ပြိုကွဲလာ၏။
" မြန်မြန်သွားကြ "
ချန်းကျန်းကျီက ထပ်အော်လိုက်ပြန်သည်။
ကျန်လူများမှာ အချိန်တစ်စက္ကန့်မျှပင် ထပ်မဆွဲရဲဘဲ အသက်ဘေးမှ လွတ်ရန် အသည်းအသန် ပြေးသွားကြ၏။
ဝှစ် .. ဝှစ် .. ဝှစ် ..
နောက်ဆုံးတွင်မူ ..ချန်းကျန်းကျီ၏ ဓားကမ္ဘာက လုံးဝ ပြိုကွဲမသွားခင် သူတို့အားလုံး အစီအမံအပြင်ဘက်သို့ ထွက်ပြေးနိုင်သွားကြသည်။
အု..
ဓားအစီအမံထဲမှ ထွက်လာသည်နှင့် ချန်းကျန်းကျီမှာ ချက်ချင်း သွေးအန်လိုက်ပြီး သူ့မျက်နှာမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဖြူဖျော့သွားသည်။
ထို့နောက် .. သူ့ကိုယ်ပေါ်မှ အရောင်အဝါကလည်း တဖြည်းဖြည်း အားနည်းလာ၏။
" သခင်ကြီးချန်း ..အဆင်ပြေရဲ့လားဗျ "
အားလုံးက စိုးရိမ်တကြီး မေးလိုက်ကြသည်။
ချန်းးကျန်းကျီက လက်ယမ်းပြကာ ပြန်ပြော၏။
" ကျုပ် မသေနိုင်ပါဘူးဗျာ၊ စိတ်မပူပါနဲ့။ ဒါပေမယ့် ကျုပ် လာမယ့် အချိန်တိုအတွင်းမှာတော့ ဘာမှ လုပ်နိုင်ဦးမယ် မထင်ဘူး "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကြီး ချန်းက တကယ့် ယောက်ျားစစ်တစ်ယောက်ပဲ။ နောက် ရလာမယ့် အခွင့်အရေးကို သူ့ကိုပါ ဝေစုခွဲပေးလိုက်ကြမယ်ဗျာ ။ ဘယ်လိုလဲ .. "
နန်ရွှေဖုန်းက ချက်ချင်း သဘောတူသည်။
" ကျုပ်လဲ အဲ့လိုပဲ တွေးတယ် "
" ကျုပ်လဲ ငြင်းစရာ မရှိပါဘူး "
ဟွေ့ဖုန်းကလည်း ပြောလိုက်သည်။
ကျန်နှစ်ယောက်မှာမူ မည်သို့ ပြန်ပြောရမည် မသိသဖြင့် သဘောတူကြောင်း ခေါင်းသာ ညိတ်ပြလိုက်ကြ၏။
" ဟင် ..ဘာလို့ နောက်ထပ်အစီအမံတစ်ခု ရှိနေရတာလဲ ။ ဒီအစီအမံတွေက ဆုံးရော ဆုံးနိုင်ဦးမှာလား "
ထိုစဥ် မူစန်းထုံက ရှေ့သိူ့ မျှော်ကြည့်လိုက်ရာ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။
ယခင် ရှေ့မှ အစီအမံ နှစ်ခုနှင့်ပင် သူတို့ အသက်ဘေးမှ သီသီလေး လွတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
သူသည် ဓားအစီအမံဖြင့်သာ ပြီးသွားမည်ဟု ထင်ထားခဲ့သော်လည်း ယခု နောက်တစ်ခု ထပ်ရှိနေပြန်၏။
" ဒီမသေမျိုးက ဘာတွေကိုများ ဖွက်ထားလို့ အဲ့လောက် အစီအမံတွေအများကြီးနဲ့ ကာကွယ်ထားရတာလဲ "
နန်ရွှေဖုန်းကလည်း မျက်မှောင်ကြုံ့၍ ဆိုသည်။
" ဒါပေမယ့် ဒီတစ်ခါက အရင်ဟာတွေထက် ပိုကောင်းသွားပြီဗျ။ ဒီ မသေမျိုးက ကျုပ်တို့အတွက် ရွေးချယ်စရာ နှစ်ခု ပေးထားတယ် "
စိတ်ဝိဥာဥ်မီးတောက်က ပြောလိုက်၏။
အလုံး သေချာကြည့်လိုက်ကြရာ သူတို့ရှေ့တွင် အစီအမံနှစ်ခု ဘေးချင်းယှဥ်လျက် ရှိနေသည်ကို မြင်လိုက်ရသည်။
အစီအမံ တစ်ခုတွင် မိုးကြိုးလျှပ်စီးများ လက်နေပြီး ကျန်တစ်ခုတွင်မူ မီးတောက်များက ကောင်းကင်ယံသို့ပင် ထိုးတက်နေ၏။
" ကဲ ..အားလုံး ဘယ်ဟာကို သွားကြမလဲ "
ဟွေ့ဖုန်းက မေးခွန်းထုတ်လိုက်သည်။
နန်ရွှေဖုန်းက သူ့လက်ထဲမှ စစ်တုရင် အရုပ်နှစ်ခုကို လှည့်ပတ် ဆော့ကစားနေရင်း ပြောလာသည်။
" ဒီ မသေမျိုး ဓားသမားက ကျုပ်တို့တွေ ရွေးရအောင်လို့ တမင်ကို အစီအမံ နှစ်ခု ချထားတာပဲ။ ကျုပ်ထင်တာတော့ ဒီနောက်ကွယ်မှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်တစ်ခုခု ရှိလိမ့်မယ်။ ကျုပ်တို့တွေ အရင်ဆုံး နှစ်ခုလုံးကို လိုက်ကြည့်ပြီးတော့ သဲလွန်စ ရှာကြရင် ကောင်းမယ်ထင်တယ် "
မူစန်းထုံက ခေါင်းညိတ်လိုက်သည်။
" ကျုပ်လဲ အဲ့လိုပဲ တွေးမိတယ်။ ဒါပေမယ့် ကျုပ်တို့ အစီအမံရဲ့ အတွင်းထဲအထိတော့ ဝင်လို့ရမယ် မထင်ဘူး ။ အရင်ဆုံး အစပိုင်းလေးပဲ ဝင်ပြီး အခြေအနေကို ကြည့်ကြတာပေါ့။ တစ်ခုခု မှားနေပြီလို့ သတိထားမိတာနဲ့ ချက်ချင်း နောက်ဆုတ်လိုက်မယ် "
" ကောင်းတယ်ဗျာ ၊ အဲ့လိုပဲ လုပ်ကြမယ်။ ဒါပေမယ့် ကျုပ်တို့တွေ အတူတူ မဝင်ကြရင် ပိုကောင်းလိမ့်မယ်ဗျ ။ ဒီလိုလုပ်မယ်လေ .. အစီအမံပညာရှင်ကြီးရယ်၊ သခင်ကြီး မူစန်း ရယ်၊ ကျုပ်ရယ် က မိုးကြိုးအစီအမံထဲကို အရင်ဝင်သွားပြီး ကြည့်လိုက်မယ်။ ခင်ဗျားတို့က နောက်ကနေ ကူဖို့ စောင့်နေကြဗျာ "
ဟွေ့ဖုန်းက အကြံပေး၏။
ကျန်လူများကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။
ထို့နောက်တွင်မူ သူတို့သုံးယောက် ရှေ့တိုးသွားကာ မိုးကြိုး အစီအမံထဲသို့ ခြေလှမ်းလိုက်ကြသည်။
သို့သော် .. မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ထိုလူများက အသက်လု ပြေးလာရသည့်အလား ပြေးထွက်လာကြ၏။
" ချီးပဲကွာ .. ဘာကြီးလဲ "
" တကယ့် လူသတ် အစီအမံပဲ "
" မသေမျိုး ဓားသမားရေ ၊ ကျုပ်တို့ကို သတ်ချင်တယ်ဆိုရင်လဲ ပွင့်ပွင့်လင်းလင်းသာ ပြောပါဗျာ "
သူတို့သုံးယောက်မှာ အစီအမံထဲမှ ထွက်လာသည်နှင့် မျက်နှာတွင် ကြောက်ရွံ့မှုအပြည့်ဖြင့် တုန်လှုပ်ခြင်းကြီးစွာ ဖြစ်နေကြဟန်တု၏။
" ဟင် ..အကိုကြီး .. အထဲမှာ ဘာတွေဖြစ်ခဲ့လို့လဲ "
ဟွေ့ယွီက သူ့အကိုကြီးအား စိုးရိမ်တကြီး မေးလိုက်သည်။
ဟွေ့ဖုန်းမှာ စကားပြန်မပြောနိုင်သေးဘဲ တစ်ကိုယ်လုံး တုန်ယင်နေဆဲပင် ။ အချိန်အတန်ငယ် ကြာသွားပြီး နောက်မှသာ သူ ပြန်တည်ငြိမ်သွားပြီး ပြောသည်။
" ဒီအစီအမံထဲက .. ဟာက ကောင်းကင်ဘုံ အပြစ်ပေးခြင်း မိုးကြိုးပဲကွ "
" ဘယ်လို .. ကောင်းကင်ဘုံ အပြစ်ပေးခြင်းမိုးကြိုး ... ခင်ဗျားတို့ သေချာမြင်လိုက်တာရောဟုတ်ရဲ့လား။ အမြင်မှားတာ မဖြစ်နိုင်ဘူးလား "
ဟောင်လင်ရှို့တစ်ယောက် မျက်လုံးများ ပြုးကျယ်သွားပြီး မယုံနိုင်စွာ မေးလိုက်သည်။
" ကျုပ်က ဘာကိစ္စမှားရမှာလဲဗျ ။ ချီး .. ကျုပ်သာ နည်းနည်းလေး ထပ်နှေးရင် အထဲမှာ သေတော့မလို့ "
ဟွေ့ဖုန်းက ဒေါသတကြီး ပြန်ပြော၏။
ဟောင်လင်ရှို့က စိတ်ပြန်တည်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရှိုက်ပြီးမှသာ ဆက်ပြောလိုက်သည်။
" ဒဏ္ဍာရီတွေအရဆိုရင် ကောင်းကင်ဘုံ အပြစ်ပေးခြင်းမိုးကြိုးက မသေမျိုးတွေရဲ့ အစွမ်းကိုတောင် အန္တရာယ်ပြုနိုင်တယ်တဲ့။ ဒီ မသေမျိုးက ဘယ်သူမို့လို့ ဒီလို မိုးကြိုးနဲ့ လျှပ်စီးတွေကို ထိန်းချုပ်ထားနိုင်ရတာလဲ "
ထိုစဥ် နန်ရွှေဖုန်းက ဝင်ပြောသည်။
" အဲ့လူက ဘယ်သူပဲဖြစ်ဖြစ် ၊ ကျုပ်တို့တွေ ဒီလမ်းကိုတော့ လုံးဝ ရွေးလို့ မဖြစ်ဘူး။ အဲ့ကနေသာ သွားလို့ကတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်သွားလိမ့်မယ် "
ဟွေ့ဖုန်းနှင့် အခြားသူကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြ၏။
" ဒါဆို ကျုပ်နဲ့ ဟွေ့ယွီနဲ့က မီးတောက်အစီအမံဘက်ကို သွားကြည့်လိုက်မယ်ဗျာ "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက ပြောလိုက်သည်။
" ကောင်းပြီ ၊ သွားကြစို့ "
ထိုသိူ့ ပြောပြီးသည်နှင့် သူတို့နှစ်ဦး မီးတောက်အစီအမံထဲသို့ ဝင်သွားလိုက်ကြ၏။
ခဏအကြာတွင်မူ ..သူတို့နှစ်ယာက်လုံး ပြန်နောက်ဆုတ်လာကြသည်။
" ဓမ္မဒိ မီးတောက်အစစ် သုံးခု တောင် ... အထဲမှာ ဓမ္မဒိ မီးတောက်အစစ် ရှိနေတယ် "
အပြင်ရောက်လာသည့် ဟွေ့ယွီက တုန်ယင်နေသော အသံဖြင့် ဗလုံးဗထွေး ပြောလိုက်သည်။
" ဘယ်လို .. ဘယ်ဘက်မှာကျ ကောင်းကင်ဘုံ အပြစ်ပေးခြင်းမိုးကြိုး ရှိနေပြီးတော့ ညာဘက်မှာကျ ဓမ္မဒိ မီးတောက် ရှိနေတယ် ။ ဒီ မသေမျိုးက ဘယ်လိုစိတ်ကူးပေါက်ပြီး ခုလိုတွေ လုပ်ထားရတာလဲ
မုစန်းထုံက ဒေါသတကြီး ပြောလိုက်သည်။
ထိုစဥ် ဟဲ့ဒုံမြို့ထဲတွင် အိပ်ပျော်နေသည့် မသေမျိုးလောထျန်းကြီးက တခေါခေါနှင့် ဟောက်ရင်း နှာချေလိုက်ပြန်၏။
အစီအမံ၏ အပြင်ဘက်တွင် ရှိနေသော လူများအလုံး မည်သည့်စကားမှ မဆိုနိုင်ဘဲ အသံတိတ်သွားကြသည်။
ဤခရီးက အလကားသက်သက် ဖြစ်ရတော့မည်လား။
ထိုအချိန်တွင် ဟောင်လင်ရှို့က ရုတ်တရက် ပြောလာသည်။
" အားလုံးပဲ .. ကျုပ်မှာ မှော်လက်နက်တစ်ခု ရှိတယ်ဗျ ။ ဒီ မှော်လက်နက်နဲ့ဆိုရင် ဓမ္မဒိ မီးတောက်ကို ယာယီ ခုခံနိုင်လိမ့်မယ်ထင်တယ် "
" ဟင် .. တကယ်ပြောနေတာလား "
အားလုံးမှာ စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုအား မျှော်လင့်တကြီး လှမ်းကြည့်လိုက်ကြ၏။
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ မှော်လက်နက်တစ်ခုကို ထုတ်လိုက်သည်။
" ဒါ ..အဆင့် ၈ မှော်လက်နက်တစ်ခုဖြစ်တဲ့ .. နဂါးငါးကောင် မီးတောက်ကာဒိုင်း လား "
ဟွေ့ဖုန်းက တအံ့တသြ ပြောလိုက်သည်။
စိတ်ဝိဥာဥ်မီးတောက်အဘိုးအိုက ပြုံး၍ ပြန်ဖြေ၏။
" အမှန်ပဲ .. အရင်က ကျုပ်ကို ဂိုဏ်းတစ်ခုက အင်အားပြည့်သုံးပြီး အမဲလိုက်သလို လိုက်ခဲ့ကြတာကလဲ ဒီ မှော်လက်နက်ကြောင့်ပဲ။ဒီဟာနဲ့သာဆို ဓမ္မဒိမီးတောက်ကို ခဏလောက် ခုခံနိုင်လိမ့်မယ်။ ဒါပေမယ့် .. တစ်ခုတော့ရှိတယ် ... "
" ဆက်ပြောပါဗျာ "
အားလုံးက အလောတကြီး တောင်းဆိုလိုက်ကြသည်။
ဟောင်လင်ရှို့က စကားဆက်၏။
" ကျုပ် ဒီမသေမျိုးရဲ့ ပစ္စည်းကို နှစ်ပုံစာ ရချင်တယ် "
ကျန်လူများအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက်မှသာ မူစန်းထုံက ပြောသည်။
" ကောင်းပြီလေ ၊ ကျုပ်တို့ကို ဟိုဘက်ရောက်အောင် ပို့ပေးနိုင်တယ်ဆိုရင် ဝေပုံနှစ်ခု ပေးဖို့ တန်ပါတယ် "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက သဘောကျစွာ ရယ်၍ ပြန်ပြော၏။
" ကောင်းပြီဗျာ ၊ အားလုံး ကျုပ်နောက်ကနေ လိုက်ခဲ့ကြပါ "
ထို့နောက်တွင်မူ သူတို့အားလုံး အစီအမံထဲသို့ ဝင်သွားလိုက်ကြသည်။ နဂါးငါးကောင် မီးတောက်ကာဒိုင်း၏ အကာအကွယ်အောက်တွင်ပင် အပူလှိုင်းများက သူတို့ကို ဒုက္ခပေးခဲ့သေး၏။
" ဟာ ..မဖြစ်ဘူး။ မြန်မြန်သွားကြစို့ ။ ဒိုင်းက စပြီး အရည်ပျော်ကျနေပြီ "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက စူးရှစွာ အော်လိုက်သည်။