← Chapters

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

အခန်း (၅၅၀-၅၅၂)

Vol. 37 Ch. 550-552

"ဟားဟား.. ကောင်လေး မင်းက ၀က်၀ံနှလုံးသားနဲ့ ကျားအသည်းကို စားထားတာလား..ငါတို့ရဲ့ရှေ့မှာ ဒီလောက်ထိ မောက်မာရဲတယ်ပေါ့လေ"

"ခေါင်းဆောင် ဒီကောင်က မိန်းကလေးတွေ ရှေ့မှာ လူစွမ်းကောင်း လုပ်ချင်နေတဲ့ပုံပဲ.. သူနဲ့ အပိုစကားတွေ မပြောဘဲ သတ်ပစ်လိုက်ရင် ကောင်းမယ်ထင်တယ်"

"........."

လူလတ်ပိုင်းအရွယ် လူတစ်ဒါဇင်ကျော်က ကမ္ဘာ့အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ မထီမဲ့မြင်ပြုကာ ရယ်မောလိုက်ကြသည်။

သူတို့ အနက်ရောင်လေ လူစွန့်စားအဖွဲ့သည် ဟေးလုံလင် အရပ်ဒေသတွင် အရေးမပါသော်လည်း သူတို့၏ ခေါင်းဆောင်ကမူ စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်၏။

ဤနို့နံ့တောင် မစင်သေးသည့် ကောင်လေးက မည်သည့် နေရာက ရလာသောသတ္တိဖြင့် မာနလာကြီးနေသည်ကို သူတို့တကယ် မသိပေ။

"ကောင်လေး ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး.. မင်းဒီလောက်ထိ သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ဦးဆောင်လာသည့် အမာရွတ်နှင့်လူက သူ၏လက်ကို ဝှေ့ရမ်း၍ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ဒီကောင့်ကို သတ်ပစ်လိုက်ကြ.."

"အမိန့်အတိုင်းပါ ခေါင်းဆောင်"

သူတို့ခေါင်းဆောင်ထံမှ အမိန့်ကိုရသည်နှင့် သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့်ရှိ ဓားသမား နှစ်ယောက်သည် ဓားရှည်များကို ဝှေ့ရမ်းကာ ကျန်းချန်ဆီသို့ ပြေး၀င်သွားခဲ့သည်။

ကျန်းချန်က သူ့ဆီသို့ ၀င်ရောက်လာသည့် ဓားသမားနှစ်ယောက်ကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်၏။

ထိုခဏတွင် ထက်မြက်သော ဓားစိတ်ဆန္ဒသည် လေထဲတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။

မကြာခင်မှာပင် ဓားသမားနှစ်ယောက်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်၏ ဓားစိတ်ဆန္ဒ ဖိအားအောက်တွင် မလှုပ်ရှားနိုင်တော့ဘဲ လူသားကျောက်ရုပ် နှစ်ခုကဲ့သို့ တောင့်တင်းစွာ ရပ်နေသည်ကို အားလုံးက မြင်လိုက်ရသည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ ဓားစိတ်ဆန္ဒပါလား"

ဓားသမားနှစ်ယောက်က ရုတ်တရက် မျက်နှာများဖြူဖျော့သွားပြီး အလွန်အမင်း ကြောက်လန့်သွားခဲ့ကြသည်။

ကျန်းချန်က သူ၏အတွေးကို တစ်ချက်လှုပ်ရှားလိုက်ရာ ဓားသမားနှစ်ယောက်၏ လက်ထဲရှိ ဓားရှည်များသည် ရုတ်တရက် တုန်ခါလာပြီး သူတို့လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။

ထို့နောက်တွင် သူတို့လက်ထဲမှ လွတ်ထွက်သွားသော ဓားရှည်များသည် လေထဲတွင် ၁၈၀ ဒီဂရီ လှည့်ကာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဓားသမားနှစ်ယောက်၏ လည်ချောင်းများကို ထိုးဖောက်သွားခဲ့သည်။

ဤသို့ဖြင့် ဓားသမားနှစ်ယောက်သည် မျက်လုံးများ ပြူးကျယ်စွာဖြင့် မြေပြင်ပေါ်သို့ တအိအိ လဲကျသွားခဲ့သည်။

"အကိုကျန်းရဲ့ ဓားစိတ်ဆန္ဒက အရမ်းကို အင်အားကြီးမားလွန်းတာပဲ"

"အမှန်ပဲ.. စီနီယာအမချင်းရွှယ် ဓားစိတ်ဆန္ဒ အသုံးပြုတာကို ညီမလေး မြင်ဖူးတယ်.. အကိုကျန်းရဲ့ ဓားစိတ်ဆန္ဒလောက် မပြင်းထန်ဘူး.. အကိုကျန်းရဲ့ ခွန်အားနဲ့ဆိုရင် ဒီတစ်ခေါက် ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲ သေချာပေါက်ပါမှာ အမှန်ပဲ"

သူတို့ရှေ့မှ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် မြင်ကွင်းကိုမြင်လျှင် ထျန်းယွဲ့ဂိုဏ်းမှ အမျိုးသမီး တပည့်သုံးယောက်ထံမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

"ဒုတိယအဆင့် ပြီးပြည့်စုံသောနယ်ပယ်ကို ရောက်နေတဲ့ဓားဆန္ဒပါလား"

ကျန်းချန်က သူ၏သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ် န၀မအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ပေါ့ပေါ့ပါးပါးပင် သတ်ပစ်လိုက်သည်ကို မြင်လျှင် အမာရွတ်နှင့်လူ၏ အမူအရာသည် အဆုံးသတ်တွင် လေးနက်သွားခဲ့သည်။

ကျန်းချန်ကိုကြည့်နေသည့် သူ၏ မျက်လုံးထဲတွင်လည်း အံ့သြထိတ်လန့်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ဒီလောက် ငယ်ရွယ်တဲ့အသက်အရွယ်မှာ ဓားစိတ်ဆန္ဒကို ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်တာ မိုယုံ တကယ်ကို လေးစားမိပါတယ်.. ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအတွက် ညီငယ်လေးက သဘောထားကြီးစွာနဲ့ ကျေအေးပေးလို့ရမလား"

အမာရွတ်နှင့်လူက ကျန်းချန်ကို ဂါ၀ရပြု၍ ပြောလိုက်သည်။

သူတို့ခေါင်းဆောင်၏ စကားကိုကြားလျှင် ငယ်သားများ၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ အနက်ရောင်လေ လူစွန့်စားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် စွမ်းအင်သိပ်သည်းခြင်း အဆင့်ကျင့်ကြံသူသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ကောင်လေးတစ်ယောက်ကို မမျှော်လင့်ဘဲ ဂါ၀ရပြုနေခဲ့သည် မဟုတ်ပါလော။

"ဒါ..ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

"ဟားဟား..ငါက မင်းရဲ့စကားတစ်ခွန်းတည်းနဲ့ ကျေအေးပေးလိုက်ရမှာလား.. ဒါက အရမ်းရိုးရှင်းလွန်းတယ်လို့ မထင်ဘူးလား"

ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။

သူ၏ မောက်မာသောအသံသည် ချက်ချင်းဆိုသလို လေထဲတွင် ပျံ့နှံ့သွားခဲ့၏။

"အခု မင်းမှာရွေးချယ်စရာနှစ်ခုရှိတယ်..မင်းရဲ့သိုလှောင်လက်စွပ်ကို ပေးမလား..ဒါမှမဟုတ် မင်းရဲ့အသက်ကို ပေးမလား.. နှစ်ခုထဲက တစ်ခုကို ကိုယ့်ဘာသာကိုယ် ရွေးချယ်လိုက်တော့"

အခန်း(၅၅၀)ပြီး၏။

အခန်း(၅၅၁)

"ကောင်လေး... ငါတို့ ခေါင်းဆောင်က မင်းကို နည်းနည်းလောက် မျက်နှာသာပေးလိုက်တာကို ကြောက်တယ်လို့ ထင်နေတာလား"

"ခေါင်းဆောင်... ကျွန်တော်တို့ သူ့ကို တိုက်ခိုက်ဖို့ လက်ယားလာပြီ"

"..........."

ကျန်းချန်က သူတို့ဆီမှ ပြန်လည် လုယက်နေသည်ကို မြင်လျှင် မိုယုံ၏ နောက်လိုက်များသည် ချက်ချင်းပင် ဒေါသထွက်သွားကြသည်။

သူတို့ အနက်ရောင်လေ လူစွန့်စား အဖွဲ့သည် ဟေးလုံလင်အရပ်ဒေသတွင် နှစ်ပေါင်းများစွာ အခြေချခဲ့ပြီး သူတို့ကသာ တခြားသူများကို လုယက်ခဲ့ကြ၏။

ယနေ့ ဤကောင်လေးသာ သူတို့ကို အမှန်တကယ် လုယက်သွားလျှင် သူတို့ ဘဝတစ်လျောက်လုံး အလှောင်ခံရမည် မဟုတ်ပါလား။

"ညီငယ်လေး... ဘယ်ကိစ္စမဆို အတိုင်းအတာရှိတာပဲ ကောင်းတယ်.. မင်းတကယ်ပဲ ငါတို့ဆီက လုယက်ဖို့ ဆန္ဒရှိတာလား"

မိုယုံ၏ မျက်နှာက ချက်ချင်းပင် အကြည့်ရဆိုးလာခဲ့သည်။

"မင်းက ငါ့ကို လုယက်ရဲမှတော့ ပြန်ပြီး လုယက်ခံရနိုင်တယ်ဆိုတဲ့ အသိစိတ်တော့ ရှိရမယ်"

ကျန်းချန်က လက်ပိုက်ကာ မိုယုံကို ပြုံး၍ ကြည့်လိုက်သည်။

"မင်းကို အကြံပေးချင်တာက ငါ့ရဲ့ သည်းခံနိုင်စွမ်းကို စိန်ခေါ်ဖို့ မကြိုးစားနဲ့.. မဟုတ်ရင် ရွေးချယ်ဖို့ အခွင့်အရေးတောင် မရှိတော့ဘဲနေမယ်"

ထိုစကားကိုကြားလျှင် မိုယုံက ဒေါသထွက်ပြီး သူ၏ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်၏။

ခဏအကြာတွင် သူက အီလည်လည် အမူအရာဖြင့် သိုလှောင် လက်စွပ်ကို ချွတ်ကာ ကျန်းချန်ကို ပစ်ပေးလိုက်သည်။

သူ့ရှေ့မှ ကောင်လေးက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကို မရောက်သေးသော်လည်း တိုက်ခိုက်ရေး စွမ်းအား တစ်ခုတည်းဖြင့်ပင် သာမန် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူကို အလွယ်တကူ အနိုင်ယူနိုင်၏။

နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် အတွေ့အကြုံအရ သူ​၏ အလိုလိုသိမှုအပေါ် အားကိုးပြီး ကျန်းချန်ဆီကနေ အန္တရာယ်အရိပ်အယောင် တစ်ခုကို မိုယုံ အလိုလို ခံစားခဲ့ရသည်။

သူက ယနေ့ ကျန်းချန်ကို အတင်းအကျပ် လုပ်ဆောင်ခဲ့လျှင် အဆုံးသတ်တွင် သေဆုံးသူမှာ သူဖြစ်သွားနိုင်၏။

"သွားကြစို့"

မိုယုံက သူ၏ လက်စွပ်ကို ကျန်းချန်ကို ပေးလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ကို ဝှေ့ယမ်းကာ အလျင်အမြန် လှည့်ထွက်သွားခဲ့သည်။

ကျန်းချန်က သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့် ဓားသမား နှစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်ပြီး စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူဆီကနေ လုယက်လိုက်သည်ကို မြင်လျှင် ထျန်းယွဲ့ဂိုဏ်း၏ တပည့်မ သုံးယောက်သည် အံ့သြ တုန်လှုပ်ခြင်းကနေ သက်သာလာရန် အချိန်အတော်ယူလိုက်ရ၏။

"အစ်ကိုကျန်း... အစ်မချင်းရွှယ်က အကို့ရဲ့ တိုက်ပွဲဝင်စွမ်းအားကို သူ့ထက် ပိုကောင်းတယ်လို့ ပြောတာ အရင်က ကြားဖူးတယ်.. ကျမ လုံးဝ မယုံခဲ့ဘူး"

"အခုတော့ အကိုကျန်း ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ယုံသွားခဲ့ပြီ"

ယွဲ့မူလင်က သူမ၏ လှပသော မျက်ဝန်းလေးများနှင့် ကျန်းချန်ကို ကြည့်လိုက်၏။

သူမ၏ နူးညံ့ပြီး ချစ်စရာကောင်းသည့် မျက်နှာထက်တွင် ကျန်းချန်ကို လေးစားသည့် အသွင်အပြင်အား ပြသခဲ့သည်။

"ကောင်းပြီ... အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောမနေနဲ့တော့"

ကျန်းချန်က သူ၏ လက်ညှိုးကို ကောင်းကင်ကို ညွှန်ပြပြီး ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"ညနေ ရောက်နေပြီ.. ငါတို့ အပြင်မှာ ညမအိပ်ချင်ရင် ယူစရာရှိတာ ယူပြီး ဟေးလုံမြို့ကို အမြန် သွားမှဖြစ်မယ်"

ထိုစကားကို ကြားလျှင် ယွဲ့မူလင်က သူမ၏ ချစ်စရာကောင်းသည့် လျှာကို ထုတ်ပြလိုက်ပြီး စီနီယာ အစ်မ နှစ်ယောက်နှင့်အတူ ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံဆီမှ ပစ္စည်းများကို ကောက်ယူခဲ့၏။

၁၅မိနစ်ကြာပြီးနောက်တွင် ယွဲ့မူလင်တို့ သုံးယောက်သည် ခရမ်းရောင် အစင်းကျား သံချပ်ဝတ် ဝက်ဝံ၏ ပစ္စည်းအားလုံးကို သိမ်းဆည်း ပြီးသွားခဲ့သည်။

ထို့နောက် သူတို့လေးယောက်က ဟေးလုံလင် အရပ်၏ တစ်ခုတည်းသော မြို့ဖြစ်သော ဟေးလုံမြို့ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။

တစ်လမ်းလုံးတွင် ဘေးအန္တရာယ် ကင်းရှင်းခဲ့၏။

သိပ်မကြာခင် ကျန်းချန်ရဲ့ အမြင်အာရုံထဲကို ထူးဆန်းသည့် အနက်ရောင် ကျောက်တုံးများနှင့် တည်ဆောက်ထားသော ဧရာမ မြို့ကြီးတစ်ခု ပေါ်လာခဲ့သည်။

မြို့က လုံးဝ မှောင်မိုက်နေပြီး နံရံတွေက ပေဆယ်ဂဏန်းအထိ မြင့်မားကာ အလွန်ပင် ခမ်းနားထည်ဝါ၏။

အဝေးကနေ ကြည့်လျှင် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဧရာမ အနက်ရောင်သားရဲကြီးနဲ့ပင် ဆင်တူနေသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ နံပါတ်တစ် မိသားစုက တည်ဆောက်ခဲ့တဲ့ မြို့ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်"

ကျန်းချန်က သူ့ရှေ့မှ မြို့ကို မော့ကြည့်ကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ထိုက်ရှဂိုဏ်းရဲ့ ကျမ်းစာ မှတ်တမ်းများအရ ဟေးလုံမြို့ကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ နံပါတ်တစ် မိသားစုဖြစ်သည့် လုံမိသားစုက တည်ဆောက်ခဲ့ခြင်း ဖြစ်၏။

နောက်ပိုင်းတွင် လုံမိသားစုသည် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ပြီး ဟေးလုံမြို့သာ ကျန်ရစ်ခဲ့သည်။

ဂိုဏ်းကြီး သုံးဂိုဏ်းကလည်း လုံမိသားစုကို ကြောက်ရွံ့ပြီး ဟေးလုံလင်ကို မထိန်းချုပ်ခဲ့ပေ။

ထိုအချက်​ကပင် ဟေးလုံလင်ကို မြောက်ပိုင်းတောရိုင်းဒေသ၏ အရှုပ်ထွေးဆုံး အရပ်ဒေသ ဖြစ်စေခဲ့ခြင်းပင်။

"ဝင်ကြစို့"

သူ၏ အတွေးများကို ရုပ်သိမ်းပြီးနောက်တွင် ကျန်းချန်သည် ယွဲ့မူလင် သုံးယောက်နှင့်အတူ မြို့တံခါးဆီသို့ လျှောက်သွားခဲ့သည်။

အခန်း(၅၅၁) ပြီး၏

အခန်း(၅၅၂)

ဟေးလုံမြို့ထဲကို ဝင်လိုက်ကြပြီးနောက် ကျန်းချန်တို့သည် တည်းခိုခန်းတစ်ခုကို ရှာဖွေရန် စတင်ခဲ့သည်။

ဂိုဏ်းကြီးသုံးဂိုဏ်း ပြိုင်ပွဲကြောင့် ဟေးလုံမြို့ထဲတွင် လူအဝင်အထွက်က သိသိသာသာ တိုးလာခဲ့၏။

ကျန်းချန်တို့က တည်းခိုခန်း အတော်များများကို ရှာဖွေခဲ့သော်လည်း အားလုံးနီးပါး ပြည့်နေခဲ့သည်။

ခဏကြာ ရှာဖွေပြီးသည့်နောက်တွင် ကျန်းချန်တို့သည် ချင်ဖန်းလောင်ဟုခေါ်သည့် တည်းခိုခန်းတစ်ခုကို ရောက်လာခဲ့၏။

"ပိုင်ရှင်.. အခန်းတွေ ကျန်သေးလား"

ကျန်းချန်က လူလတ်ပိုင်းအရွယ် ပိုင်ရှင်ကို မေးလိုက်သည်။

လူလတ်ပိုင်းအရွယ် ပိုင်ရှင်က ကျန်းချန်တို့ လူစုကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။

"ဧည့်သည်တော်တွေ ကံကောင်းပါတယ်.. အခုပဲ ဧည့်သည်နှစ်ယောက် ပြန်သွားလို့ အခန်းလွတ်၂ခန်း ကျန်ပါသေးတယ်"

"ဒီအခန်းနှစ်ခန်းကို ကျွန်မတို့ လိုချင်တယ်"

ယွဲ့မူလင်က ပိုင်ရှင်ပြောစကားကို ကြားလျှင် မျက်လုံးများ တောက်ပသွားခဲ့ပြီး အလျင်အမြန် ပြောလိုက်သည်။

လက်ရှိတွင် ဟေးလုံမြို့၌ တည်းခိုခန်း အားလုံးနီးပါး ပြည့်နေပြီ ဖြစ်ရာ ဤအခန်းနှစ်ခန်းကို လက်လွှတ်လိုက်ရလျှင် လမ်းဘေးတွင် အိပ်ရမည်မှာ သူမ စိုးရိမ်နေမိသည်။

"ကောင်းပြီ... လေးယောက်လုံး ငါနဲ့ လိုက်ခဲ့ကြပါ"

လူလတ်ပိုင်းအရွယ် ပိုင်ရှင်က ခေါင်းညိတ်လိုက်ပြီး ကျန်းချန်တို့ လူစုကို အပေါ်ထပ်သို့ ခေါ်သွားတော့မည့် အချိန်တွင် တည်းခိုခန်းတံခါးဝကနေ အေးစက်စက် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ပိုင်ရှင်... ဒီအခန်းနှစ်ခန်းကို ငါလိုချင်တယ်"

ထိုစကားသံကြောင့် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့၏။

သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ ရင်ဘတ်တွင် ဓားပုံစံ သင်္ကေတ ထိုးထားသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးယောက်ကို မြင်လိုက်ရသည်။

၎င်းတို့က တံခါးဝကနေ အထဲသို့ လျှောက်ဝင်လာခဲ့၏။

ခေါင်းဆောင်ဖြစ်ဟန်တူသူက အသက် ၂၀ လောက် ရှိသည်။

၎င်း၏ မျက်ခုံးနှင့်မျက်လုံးများက ဓားကဲ့သို့ ထက်မြ၏။

ခန္ဓာကိုယ်မှလည်း လူတွေကို စေ့စေ့ မကြည့်ရဲစေသည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

"နတ်ဓားဂိုဏ်းဝင်တွေပဲ"

တည်းခိုခန်းထဲကို ဖိတ်ကြားခြင်းမရှိဘဲ ဝင်ရောက်လာသည့် ဧည့်သည် လေးယောက်ကို မြင်လိုက်ရလျှင် လျိုချင်တို့သုံးယောက်၏ လှပသော မျက်နှာလေးများတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာသည်။

"တောင်းပန်ပါတယ်.. နောက်ဆုံး အခန်းနှစ်ခန်းကို သူတို့ ယူပြီးပါပြီ.. ဧည့်သည်တော်တွေ အနေနဲ့ တခြား တစ်နေရာမှာသာ ရှာဖွေလိုက်ပါ"

လူလတ်ပိုင်းအရွယ် ပိုင်ရှင်က လူငယ်လေးယောက်ကို ကြည့်ကာ အသေအချာ ရှင်းပြလိုက်၏။

"သူတို့မှ အခန်းထဲ မဝင်ရသေးတာ.. မင်းက သူတို့ကို အခန်း မပေးနဲ့လေ.. ငါတို့ မင်းကို ဈေးနှုန်း နှစ်ဆပေးနိုင်တယ်"

ဦးဆောင်လာသည့် လူငယ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

သူ၏ အမူအရာက အရေးမပါသည့် ကိစ္စတစ်ခုကို ပြောနေသလိုပင်။

"ဒါ.."

လူလတ်ပိုင်းအရွယ် ပိုင်ရှင်က ရုတ်တရက် အခက်အခဲတွေ့သည့် အမူအရာကို ပြသခဲ့သည်။

"ဘာဖြစ်လို့လဲ.. ငါတို့ရဲ့ အစ်ကိုလော ပြောတာကို မကြားဘူးလား.. သူတို့ကို ထွက်သွားခိုင်းလိုက်တော့လေ"

လူလတ်ပိုင်းအရွယ် ပိုင်ရှင်၏ အခက်အခဲတွေ့နေသည့် အမူအရာကို မြင်လျှင် ပိုးထည်ဝတ်စုံဝတ် လူငယ်၏ အနောက်မှ ပိန်ပါးပါး လူငယ်တစ်ယောက်က ပိုင်ရှင်ကို စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

"မိတ်ဆွေတို့... ဒီအခန်းနှစ်ခန်းကို ငါတို့က အရင် ယူထားတာပါ.. မင်းတို့တွေ ထွက်သွားပေးသင့်တယ်လို့ မထင်ဘူးလား"

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် မနှစ်မြို့စရာ အမူအရာတစ်ခု ပေါ်လာခဲ့၏။

"မင်းတို့ ထွက်သွားတာ ပိုကောင်းမယ်လို့ ငါ ထင်တယ်.. ဒီအခန်းနှစ်ခန်းကို ငါ လိုချင်တယ်လို့ ပြောပြီးကတည်းက ဒီအခန်းနှစ်ခန်းက ငါ့အတွက်ပဲ ဖြစ်လာရမယ်"

ပိုးထည် ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်၏။

သူ၏ အမူအရာက အလွန်ပင် မောက်မာနေခဲ့သည်။

"တကယ်လား"

ကျန်းချန်က အေးစက်စွာ ပြုံးလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ငါ့ရဲ့ကိစ္စကို ကြောင်တွေ ခွေးတွေက လာရှုပ်တာ ငါသဘောမကျဘူး"

"ကောင်လေး... မင်း ဘယ်သူ့ကို ဆဲနေတာလဲ.. ငါတို့ရဲ့ စီနီယာအစ်ကိုလော ရှေ့မှာ ဒီလောက်ထိ ရိုင်းပျနေတာ အသက်မရှည်ချင်တော့ဘူး ထင်တယ်... သွားသေလိုက်စမ်း"

ပိန်ပါးပါး လူငယ်က ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။

ပိုးထည်ဝတ်စုံဝတ် လူငယ် ဘာမှမပြောခင်မှာပင် သူက ဓားရှည်ကို ဆွဲထုတ်ကာ လျှပ်တစ်ပြက်အတွင်း ကျန်းချန်၏ နဖူးကို ထိုးဖောက်ဖို့ ကြိုးစားလိုက်၏။

"ထွက်သွားစမ်း"

ကျန်းချန်၏ အမူအရာက တည်ငြိမ်မှု ရှိနေသည်။

သူ၏ ပါးစပ်ကနေ အေးစက်စက် စကားတစ်ခွန်းသာ ထွက်ပေါ်လာခဲ့၏။

နောက်ထပ်တစ်ခဏတွင် ပိန်ပါးပါး လူငယ်က တုန်လှုပ်သွားပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။

အခန်း(၅၅၂) ပြီး၏

All Chapters