← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

"မလိုတော့ပါဘူး သခင်လေးကျန်း.. ဒါက သခင်လေးရဲ့ အထူးအဆင့် ဗွီအိုင်ပီ တံဆိပ်ပြားပါ.. တံဆိပ်ပြားပေါ်ကနံပါတ်က သခင်လေးရဲ့ အခန်းနံပါတ်ပါ.. အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြားနဲ့ဆိုရင် သခင်လေးကျန်းက လေလံပွဲရဲ့ပစ္စည်းတွေကို ၀ယ်ယူရာမှာ နှစ်ဆယ်ရာခိုင်နှုန်းလျှော့စျေးကို ခံစားခွင့်ရရှိမှာပါ"

နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ကျင့်ကြံသူနှစ်ယောက်သည် သူတို့၏ နဖူးမှချွေးများကို သုတ်လိုက်ပြီးနောက် အထူးအဆင့် ဗွီအိုင်ပီတံဆိပ်ပြားကို ကျန်းချန်ထံ အလျင်အမြန် ပေးအပ်လိုက်သည်။

အဂ္ဂိရတ်ပညာရပ်၊ သားရဲပညာရပ်နှင့် အစီအရင် ပညာရပ်များတွင် ဤကောင်လေး၏ ပါရမီထူးချွန်မှုနှင့် ဆိုလျှင် ကျင့်ကြံခြင်းအဆင့် သိပ်မကောင်းလျှင်ပင် အထူးအဆင့် ဗွီအိုင်ပီတံဆိပ်ပြားကို ရရှိရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်၏။

"ကျေးဇူးအများကြီးတင်ပါတယ်"

ကျန်းချန်က အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြားကို ရယူပြီးနောက်တွင် မရေမတွက်နိုင်သော အံ့သြတုန်လှုပ်နေသည့် အကြည့်များအောက်မှာပင် ယွဲ့မူလင်တို့သုံးယောက်ကို ဦးဆောင်ကာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လေလံအိမ် ဆီသို့ လျှောက်သွားခဲ့သည်။

နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လေလံအိမ်သည် အလွန်ပင် ကျယ်၀န်း၏။

နေရာအနှံ့တွင် အမျိုးမျိုးသော ကျောက်မျက်ရတနာများကို စီခြယ်ထား၍ အလွန်ပင် ခမ်းနားထည်၀ါသည်။

လေလံအိမ်ထဲကို ရောက်သည်နှင့် ကျန်းချန်က သူ၏ အထူးအဆင့် ဗွီအိုင်ပီတံဆိပ်ပြားကို ပြသလိုက်ရာ အစေခံမလေးသည် ကျန်းချန်တို့ လူစုကို ဒုတိယထပ်ရှိ အခန်းတစ်ခု ဆီသို့ တလေးတစား ခေါ်ဆောင်သွားခဲ့သည်။

ထိုအခန်းသည် လေလံအိမ်တစ်ခုလုံးကို ကြည့်ရှုရန် အတွက် အကောင်းဆုံး နေရာများထဲမှ တစ်ခုဖြစ်၏။

ကျန်းချန်နှင့် ယွဲ့မူလင်တို့ သုံးယောက်က အခန်းထဲတွင် ထိုင်လိုက်သည်နှင့် နံဘေးရှိ အစေခံမလေးသည် ကျန်းချန်တို့ကိုအကြမ်းရည်များ ငှဲ့ပေးခဲ့သည်။

ထိုခဏတွင် ကျန်းချန်၏ အကြည့်သည် စားပွဲပေါ်ရှိပစ္စည်းစာရင်း တစ်ခုပေါ်ကို ရောက်ရှိသွားခဲ့သည်။

"သခင်လေး ဒီစာရင်းက အထူးဧည့်သည့်တော်တွေ အတွက် ပြင်ဆင်ထားတဲ့စာရင်းပါ.. ဒီစာရင်းထဲမှာ လေလံပွဲမှာပါဝင်မဲ့ ပစ္စည်းအားလုံးနဲ့ ပတ်သက်ပြီး အသေးစိတ် မိတ်ဆက်ချက် ပါ၀င်ပါတယ်"

ကျန်းချန်က ပစ္စည်းစာရင်းကို စိတ်၀င်စားနေသည်ကို မြင်လျှင် နံဘေးရှိ အစေခံမလေးက ကျန်းချန်ကို ရှင်းပြလိုက်သည်။

ကျန်းချန်က မျက်ခုံးကိုပင့်လိုက်ပြီး ချက်ချင်းဆိုသလို စားပွဲပေါ်ရှိ လေလံစာရင်းကို ကောက်ယူလိုက်သည်။

လေလံစာရင်းကို အကြမ်းဖျင်း လှန်လှောကြည့်ရှုပြီးနောက်တွင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲ၌ လေလံတင်မည့် ပစ္စည်းများသည် အမှန်တကယ် ထူးခြားမှန်း ကျန်းချန် တွေ့ရှိခဲ့သည်။

လေလံထဲမှ ပစ္စည်းစာရင်းများထဲတွင် အနိမ့်ဆုံးအဆင့်သည် စတုတ္ထအဆင့် ပစ္စည်းများ ဖြစ်သည်။

လေလံစာရင်းထဲတွင် ရတနာအများအပြား ရှိသော်လည်း ကျန်းချန်ကို အလွန်အမင်း စိတ်၀င်စားစေသည့်အရာ ဘာတစ်ခုမှ မရှိပေ။

ကျန်းချန်က နောက်ဆုံးစာမျက်နှာကို လှန်လိုက်သောအခါတွင် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

"မပြည့်စုံတဲ့ ကောင်းကင်အဆင့်ကျင့်စဥ်၊ ကောင်းကင်ခုတ်ပိုင်းဓားသိုင်း"

"နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲမှာ ကောင်းကင်အဆင့်ကျင့်စဥ်က တကယ်ပဲ ပေါ်ထွက်လာခဲ့တယ်လား.."

ဤအရာက မပြည့်စုံသော ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်နေလျှင်ပင် အလွန်ရှားပါးသည့် အရာတစ်ခု ဖြစ်နေဆဲပင်။

"ဒီမပြည့်စုံတဲ့ ကောင်းကင်အဆင့်ကျင့်စဥ်က ငါ့အတွက်တော့ အတော်လေး အသုံး၀င်တယ်"

ကျန်းချန်၏မျက်လုံးများက တောက်ပလာခဲ့သည်။

သူ့တွင် စနစ်ရှိ၍ မပြည့်စုံသော ကျင့်စဥ်များကို အလွယ်တကူပင် ဖြည့်စွက်နိုင်သည်။

ဆိုရလျှင် ကောင်းကင်အဆင့်ကျင့်စဥ်သည် မြောက်ပိုင်းတောရိုင်းဒေသတွင် အလွန်ပင်ရှားပါးပြီး မရေမတွက်နိုင်သည့် ကျင့်ကြံသူများကိုပင် ရူးသွပ်စေလောက်သော အရာမျိုး ဖြစ်သည်။

သူ့တွင် ယခုအခါ အဆင့်နိမ့် မှော်သလင်းကျောက်တုံး သန်းနှစ်ဆယ်ခန့်သာ ရှိ၍ ဤမပြည့်စုံသည့် ကောင်းကင်ကျင့်စဥ်ကို လေလံဆွဲရန်မှာ မဖြစ်နိုင်သလောက်ပင်။

"မှော်သလင်းကျောက်တုံးတွေရဖို့ နည်းလမ်းတစ်ခုခု ရှာဖွေရမယ် ထင်တယ်"

ကျန်းချန်က ခဏလောက် စဥ်းစားပြီးနောက် ချက်ချင်းပင် နံဘေးရှိ အစေခံမလေးကိုကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ပစ္စည်းကို လေလံပွဲမှာ လေလံတင်လို့ရလား"

"တောင်းပန်ပါတယ်.. ကျွန်မက သာမန်အစေခံဆိုတော့ လေလံပွဲနဲ့ပတ်သက်ပြီး သိပ်နားမလည်ပါဘူး"

အစေခံမလေးက ခေါင်းခါ၍ ပြောလိုက်သည်။

ဒါပေမဲ့ သခင်လေးက လေလံပွဲရဲ့ အထူးဧည့်သည်တော် ဆိုတော့ လေလံပွဲကို ကြီးကြပ်တဲ့ တာ၀န်ခံရှန့်နဲ့ တွေ့ဖို့ သခင်လေးကို ကျွန်မ ခေါ်သွားပေးနိုင်ပါတယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းငြိမ့်ကာ ပြောလိုက်သညိ။

"ကောင်းပြီလေ ဒါဆိုလည်း ငါ့ကို သူ့ဆီခေါ်သွားပေးပါ"

"ကျေးဇူးပြုပြီး ကျွန်မနောက်ကနေ လိုက်ခဲ့ပေးပါ သခင်လေး"

အစေခံမလေးက ကျန်းချန်ကို ယဥ်ကျေးစွာ ပြောလိုက်သည်။

"မင်းတို့ဒီမှာ ငါ့ကိုခဏစောင့်နေဦး.. ငါအခုသွားပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်"

ကျန်းချန်က ယွဲ့မူလင်တို့ သုံးယောက်ကို ပြောပြီးနောက် ထရပ်လိုက်ပြီး အစေခံမလေး နောက်ကို လိုက်သွားကာ သီးသန့်အခန်းထဲကနေ ထွက်သွားခဲ့သည်။

အခန်း (၅၅၉) ပြီး၏။

အခန်း (၅၆၀)

အစေခံမလေး၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် သိပ်မကြာခင်မှာပင် လေလံအိမ်၏ အနောက်ဘက်ရှိ သီးသန့်အခန်းတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

အခန်းထဲတွင် ပိုးဖဲ၀တ်စုံကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ခပ်၀၀ လူတစ်ယောက်သည် မျက်လုံးများကို မှိတ်ကာ ကုလားထိုင်ပေါ်တွင် ဇိမ်ယူ၍ ထိုင်နေခဲ့သည်။

"တာ၀န်ခံရှန့်.. လေလံပွဲရဲ့ အထူးဧည့်သည်တော်က တာ၀န်ခံရှန့်နဲ တွေ့ချင်နေတယ်"

အစေခံမလေးက တံခါးကိုခေါက်လိုက်ပြီး အခန်းထဲမှပိုးထည်၀တ်စုံကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်လူအား တလေးတစား ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် လူလတ်ပိုင်းအရွယ်လူသည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။

သူက အစေခံမလေး နံဘေးရှိ ကျန်းချန်ကိုမြင်လျှင် သူ၏ မျက်လုံးထဲတွင် အံ့သြသောအရိပ်အယောင်တစ်ခု လျှပ်တပြက် ဖြစ်ပေါ်လာခဲ့သည်။

သူက နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲ တာ၀န်ခံအနေဖြင့် လေလံပွဲ၏ အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြားကို ရရှိရန် မည်မျှခက်ခဲသလဲ ဆိုသည်ကို မည်သူ့ထက်မဆို ကောင်းစွာပိုသိသည်။

"ညီငယ်လေး ၀င်လာခဲ့ပါ"

ပိုးထည်၀တ်စုံကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်လူသည် အလျင်အမြန် ထရပ်လိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ကျန်းချန်ကို အထဲသို့၀င်လာရန် ဖိတ်ခေါ်ခဲ့သည်။

ထို့နောက် ကျန်းချန်က တာ၀န်ခံရှန့်နှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။

တာ၀န်ခံရှန့်က ပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။

"ညီငယ်လေးကို ဘယ်လိုခေါ်ရမလဲ.. ငါက နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲတာ၀န်ခံ ရှန့်အန်းပါ.. ညီငယ်လေးက ဘာအကြောင်းနဲ့ ငါ့ကို ရှာနေတာလဲဆိုတာ သိလို့ရမလား"

ကျန်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ကျွန်တော့်နာမည်က ကျန်းချန်ပါ.. ဒီလေလံပွဲမှာ ပစ္စည်းတစ်ခုကို လေလံတင်ချင်ပါတယ်"

"ပုံမှန်အားဖြင့်တော့ လေလံပွဲကျင်းပတော့မဲ့အချိန်မှာ လေလံပစ္စည်းတွေကို ထပ်မထည့်တော့ဘူး.. ဒါပေမဲ့ သခင်လေးကျန်းက လေလံပွဲရဲ့ အထူးဧည့်သည်တော်ဆိုတော့ ခြွင်းချက်အနေနဲ့ ပြုလုပ်ပေးပါ့မယ်.. သခင်လေးကျန်း လေလံတင်မဲ့ပစ္စည်းတွေက လေလံတင်တဲ့ စည်းကမ်းချက်နဲ့ ကိုက်ညီရင် ကျွန်တော်က သခင်လေးကျန်းရဲ့ ပစ္စည်းကို လေလံတင်ဖို့ ချက်ချင်း စီစဥ်ပေးပါ့မယ်"

ရှန့်အန်းက ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် တာ၀န်ခံရှန့်ကို ကျေးဇူးတင်ပါတယ်"

ကျန်းချန်က ထိုစကားကိုပြောရင်း သူ၏ သိုလှောင်အိတ်ထဲကနေ ဆဌမအဆင့်ပစ္စည်း ဒါဇင်နှင့်ချီကို တစ်ခါတည်း ထုတ်ယူလိုက်သည်။

ဤပစ္စည်းများကိုသူသည် သွေးမိစ္ဆာနန်းတော်၏ အပျက်အစီးကနေ ရရှိခဲ့ခြင်းဖြစ်ပြီး အတော်လေး အဆင့်မြင့်သည့်အတွက် ကျန်းချန်က အသုံးမပြုခဲ့ပေ။

"ဒီပစ္စည်းတွေက.."

ရှန့်အန်းက ကျန်းချန် ထုတ်ယူလိုက်သည့် ပစ္စည်းများကို ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

ရှန့်အန်း၏ အတွေ့အကြုံအရ ဤပစ္စည်းများ၏ အဆင့်သည် ဆဌမအဆင့်ကို ရောက်ရှိနေမှန်း မြင်နိုင်ဖို့ မခက်ခဲပေ။

ထိုအထဲတွင် ဆဌမအဆင့်၊ အဆင့်မြင့်ပစ္စည်း ဖြစ်သည့် ဆေး၀ါးပစ္စည်း နှစ်မျိုးပင် ပါ၀င်နေခဲ့သည်။

"သခင်လေးကျန်း ခဏစောင့်ပေးပါ.. ပစ္စည်းတွေကို တန်ဖိုးဖြတ်ဖို့ လူတစ်ယောက်ကို ဖိတ်လိုက်မယ်"

ရှန့်အန်းက အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် တံခါး၀ရှိ အစေခံမလေးကို ချက်ချင်းဆိုသလို ​ပြောလိုက်သည်။

"ဆရာရှန်းကို ချက်ချင်း ဒီကိုလာခိုင်းလိုက်"

"ဟုတ်ကဲ့ပါ တာ၀န်ခံရှန့်"

အစေခံမလေးက တလေးတစား တုန့်ပြန်လိုက်ပြီး လျင်မြန်စွာပင် ထွက်သွားလိုက်သည်။

ခဏအကြာတွင် သူမသည် ဆံပင်များ ဖြူဖွေးနေသည့် အဖိုးအိုတစ်ယောက်ကို ကျန်းချန်တို့ ဆီသို့ ခေါ်လာခဲ့၏။

"အိုး...ဆဌမအဆင့်ပစ္စည်းတွေ အများကြီးပါလား...ဒီထဲမှာဆဌမအဆင့်၊ အဆင့်မြင့်ပစ္စည်း ဖြစ်တဲ့ သွေးမြူ ယင်ယန်ပန်းတောင် ပါ၀င်နေတယ်"

ဆံဖြူအဖိုးအိုက ကျန်းချန်၏ ရှေ့မှပစ္စည်းများကို ကြည့်ပြီး မျက်လုံးများ တောက်ပလာခဲ့သည်။

ရှန့်အန်းက ပြုံး၍ ဆံဖြူအဖိုးအိုကို ပြောလိုက်သည်။

"ဆရာရှန်း.. ဒီက သခင်လေးကျန့်က ဒီပစ္စည်းတွေကို လေလံတင်တော့မှာ.. ဒီပစ္စည်းတွေအတွက် တန်ဖိုးဖြတ်ပေးလို့ရမလား"

ဆရာရှန်းက တာ၀န်ခံရှန့်၏ စကားကိုကြားလျှင် အပိုစကားမပြောတော့ဘဲ ကျန်းချန်၏ ဆေး၀ါးပစ္စည်းများကို တန်ဖိုးဖြတ်ပေးခဲ့သည်။

ဆရာရှန်း၏ တန်ဖိုးဖြတ်ခြင်း ပြီးစီးပြီးနောက်တွင် ကျန်းချန်သည် ဆေး၀ါးပစ္စည်းအတွက် လေလံတင်သည့် ငွေကြေးက အဆုံးသတ်တွင် ကောင်းကင်အဆင့် ကျင့်စဥ်ကို လေလံဆွဲရန် မလုံလောက်မည်ကို စိုးရိမ်လာခဲ့သည်။

ထို့ကြောင့် သူက ရှန့်အန်းကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ရှန့်အန်း ကျွန်တော် ဆေးလုံးတစ်လုံးကိုလည်း လေလံတင်ချင်တယ်"

ထိုစကားကိုကြားလျှင် ရှန့်အန်းသည် ခဏမျှအံ့သြသွားပြီး ပြုံးရွှင်သောမျက်နှာထားဖြင့် ပြန်မေးလိုက်သည်။

"သခင်လေးကျန်းက ဘယ်လိုဆေးလုံးမျိုးကို လေလံတင်မှာလဲ သိပါရစေ"

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

"ကျွန်တော်က ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို လေလံတင်ချင်တာပါ"

"ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးလား"

ကျန်းချန်၏စကားကိုကြားလျှင် ရှန့်အန်းက မှင်တက်သွားပြီး နံဘေးရှိ ဆရာရှန်းကို ကြည့်လိုက်မိသည်။

ဆရာရှန်းကလည်း အံ့သြတုန်လှုပ်နေခဲ့၏။

သူက ကျန်းချန်ကို ချက်ချင်းဆိုသလို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

"ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး ဟုတ်လား.. မင်းက ဒဏ္ဍာရီလာ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို အမှန်တကယ် ပိုင်ဆိုင်ထားတာလား"

အခန်း ( ၅၆၀) ပြီး၏။

အခန်း (၅၆၁)

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကို အခုချက်ချင်းတော့ ထုတ်ပေးလို့မရသေးဘူး"

ကျန်းချန်၏ စကားကိုကြားလျှင် ဆရာရှန်း၏ မျက်နှာထက်၌ မနှစ်မြို့ဖွယ် အမူအရာက ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

သို့သော် သူစကားမပြောခင်မှာပင် ကျန်းချန်၏ မောက်မာသော အသံက ထွက်ပေါ်လာ၏။

"ဒါပေမဲ့ ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကို အခုချက်

ချင်း သန့်စင်ပေးနိုင်ပါတယ်"

ထိုစကားကိုကြားလျှင် ဆရာရှန်းက အံ့သြတုန်လှုပ်သွားခဲ့သည်။

သူက မယုံကြည်နိုင်သော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်း..မင်းက ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို သန့်စင်နိုင်တယ်လား..ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သတ္တမအဆင့် အဂ္ဂိရတ်ဆရာသခင် တစ်ယောက်အနေဖြင့် ဆရာရှန်းသည် ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး၏ အကြောင်းကို သဘာ၀ကျကျ ကြားဖူးခဲ့သည်။

ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး၏ အဆင့်က မမြင့်မားသော်လည်း ပဥ္စမအဆင့်၊ အဆင့်မြင့်ဆေးလုံး အမျိုးအစား ဖြစ်သည်။

ထိုဆေးလုံးကို လွန်ခဲ့သော နှစ်ပေါင်းထောင်ပေါင်းများစွာတွင် ဓားပါရမီရှင် ကျန့်၀မ်ထျန်းက ဖန်တီးခဲ့ခြင်း ဖြစ်၏။

ထိုဆေးလုံးသည် ဓားကျင့်ကြံသူ၏ ဓားစိတ်ဆန္ဒ သိရှိနားလည်မှုကို များစွာ မြှင့်တင်ပေးနိုင်သည့် အာနိသင် ရှိသည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ကြိုးစားကြည့်ရင် သိနိုင်ပါလိမ့်မယ်"

"သခင်လေးကျန်း လေလံပွဲစဖို့က တစ်နာရီပဲလိုတော့တယ်.. အချိန်မမီမှာကို ငါစိုးရိမ်တယ်"

ရှန့်အန်းက အခက်အခဲတွေ့သော အမူအရာဖြင့် ပြောလိုက်သည်။

ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးနှင့် ပတ်သက်၍ သူ မသိသော်လည်း ဆရာရှန့်၏ တုန့်ပြန်မှုမှတဆင့် ဤဆေးလုံးသည် သာမန်ဆေး၀ါး မဟုတ်မှန်း သူကောင်းစွာသိသည်။

ကျန်းချန်က အမှန်တကယ်ပင် ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကို သန့်စင်နိုင်လျှင်ပင် လေလံပွဲတွင် လေလံတင်ရန် နောက်ကျသွားလိမ့်မည် ဖြစ်၏။

"တစ်နာရီကျန်တာလား.. ဒါဆိုရင်လုံလောက်ပါတယ်.. ငါက ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို သန့်စင်ဖို့ နာရီ၀က်လောက် အချိန်ရရင် လုံလောက်ပါပြီ"

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ငါ့အတွက် နက်နဲမှုနှလုံးသား သန့်ရှင်းသစ်ခွနဲ့ နတ်ဆိုးဓားဝိညာဥ်မြက်ကို စီစဥ်ပေးပါ"

"စိတ်မပူပါနဲ့.. မင်းလိုအပ်တဲ့ ဆေးဖက်၀င်အပင်အားလုံး ငါ့ဆီမှာရှိပါတယ်"

ဆရာရှန်းက လက်ဝှေ့ရမ်းလိုက်ပြီး ကျန်းချန် လိုအပ်သည့်ပစ္စည်းအားလုံးကို သူ၏ သိုလှောင်အိတ်ထဲကနေ အလျင်အမြန် ထုတ်ယူပေးလိုက်သည်။

"ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကို အေးအေးဆေးဆေး သန့်စင်ပါ.. ငါနဲ့တာ၀န်ခံရှန်းက အပြင်ကနေ စောင့်နေမယ်"

ဆရာရှန်းက ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် တာ၀န်ခံရှန့်နှင့်အတူ အခန်းအပြင်ဘက်ကို ထွက်လာခဲ့သည်။

ရှန့်အန်းက အခန်းထဲကနေ ထွက်လာပြီးနောက်တွင် မနေနိုင်တော့ဘဲ ဆရာရှန်းကို မေးခွန်းထုတ်လိုက်သည်။

"ဆရာရှန့်.. ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးဆိုတာ

ဘယ်လိုဆေးလုံးအမျိုးအစားလဲ"

"ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးက ပဥ္စမအဆင့်၊အဆင့်မြင့်ဆေးလုံးအမျိုးအစားပဲ.. ဒါပေမဲ့ သာမန်ပဥ္စမအဆင့် ဆေးလုံးမျိုးတော့ မဟုတ်ဘူး"

ဆရာရှန်းက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

"ဒီဆေးလုံးက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့ပြီး.. ဒါက ဓားစိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးမျိုးပဲ"

"ဓားစိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးမျိုးလား"

ရှန့်အန်းက အံ့သြတုန်လှုပ်သွားခဲ့သည်။

ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်ရန်အတွက် ဖြတ်လမ်း လုံး၀မရှိပေ။

ထူးခြားသောပါရမီကိုသာ အားကိုး၍ နားလည်နိုင်မည် ဖြစ်၏။

သို့သော်လည်း ဤကမ္ဘာတွင် ဓားစိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်သည့် မှော်ဆန်သည့် ဆေးလုံးမျိုး ရှိနေလိမ့်မည်ဟု ရှန့်အန်း ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ကျန်းချန်က တကယ်ပဲ ထိုကဲ့သို့ဆေးလုံးမျိုး သန့်စင်နိုင်လျှင် ရှန်းဟူတိုက်ကြီးရှိ ဓားပါရမီရှင်အားလုံးသည် ရူး သွပ်လောက်သည်အထိ ဖြစ်သွားနိုင်ပေသည်။

ရှန့်အန်းက အသက်ကိုခပ်ပြင်းပြင်း ရှုသွင်းလိုက်ပြီး ချက်ချင်းဆိုသလို ဆရာရှန်းကို ကြည့်လိုက်သည်။

"ဆရာရှန့်.. ကျန်းချန်က ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကို သန့်စင်နိုင်ပါ့မလား.. အကယ်၍ မအောင်မြင်ရင် ဆရာရှန်းရဲ့ဆေးဖက်၀င်ပစ္စည်းတွေ ဆုံးရှုံးသွားမှာစိုးရိမ်မိတယ်"

ရှန့်အန်း စကားမဆုံးခင်မှာပင် ဆရာရှန်းသည် သူ့စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်သည်။

"ရှန့်အန်း မင်းက အရမ်းအတွေးလွန်နေတာပဲ.. ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကို သန့်စင်ဖို့က ဓားပညာနဲ့ အဂ္ဂိရတ်ပညာရပ် နှစ်မျိုးလုံးမှာ နက်နဲတဲ့အသိပညာ ရှိဖို့ လိုအပ်တယ်.. ဒီလိုဆေးလုံးမျိုးကို ငါ့အနေနဲ့ သန့်စင်ဖို့က လုံး၀မဖြစ်နိုင်ဘူး.. ဒီကလေးသာ တကယ်လို့ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို သန့်စင်နိုင်မယ်ဆိုရင် သူ့ရဲ့ အထောက်အထား

က သေချာပေါက် လုံး၀ ရိုးရှင်းမှာမဟုတ်ဘူး.. မင်းသူ့ကို မယုံမကြည် သွားလုပ်မိရင် မင်းအတွက်တောင် အသက်အန္တရာယ် ရှိနိုင်တယ်"

ထိုစကားကိုကြားလျှင် ရှန့်အန်းသည် နှုတ်ဆိတ်သွားပြီး အခန်းတံခါး၀တွင် တိတ်တဆိတ် ရပ်စောင့်နေခဲ့သည်။

နာရီ၀က်က လျှပ်တပြက်အတွင်း ကုန်လွန်သွားခဲ့သည်။

အဆုံးသတ်တွင် ကျန်းချန်သည် အခန်းတံခါးကိုဖွင့်ကာ ရှန့်အန်းနှင့် ဆရာရှန်းတို့ မျှော်လင့်နေသည့် အကြည့်အောက်တွင် ဖြည်းဖြည်းချင်း အခန်းထဲကနေ လျှောက်ထွက်လာခဲ့သည်။

အခန်း (၅၆၁) ပြီး၏။

All Chapters