အခန်း (၁၈၀)
Vol. 13 Ch. 180
"စီနီယာ" ယန်ရှိုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ပြန်ဝင်လာခဲ့၏။ ဝင်ဝင်ချင်းမှာပဲ သူသည် လေးလေးစားစားဖြင့် လှမ်းကာ ခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ" လီယွင်သည် မျက်ခုံးကို ပင့်ကာဖြင့် အမှတ်မထင် လှမ်းမေးလိုက်မိ၏။
"စီနီယာ… နောက်ထပ် ထုတ်ဖော်မယ့်စာရင်းက ဘယ်လိုစာရင်းမျိုးလဲ" ယန်ရှိုသည် သူ၏လက်များကို ပွတ်သပ်ကာဖြင့် တွန့်ဆုတ် တွန့်ဆုတ် မေးမြန်းလိုက်သည်။
"အင်း"
လီယွင်သည် ခဏလောက် စဉ်းစားကာဖြင့် ပြောလိုက်သည်။ "မဆုံးဖြတ်ရသေးဘူး"
ယခင်တုန်းက သူ့အနေနှင့် နတ်နယ်မြေအရှင်များ၏ စာရင်းကို ထုတ်ဖော်ရန် ရည်ရွယ်ခဲ့ဖူး၏။ သို့ပေမဲ့ ထိုအရာတွင် လမ်းမှန်နှင့် နတ်ဆိုးဂိုဏ်းဟူ၍ ခွဲခြားထားသေး၏။ အဖြူနှင့် အမဲဟူ၍ ခွဲခြားထားမှသာလျှင် ပိုမိုကာ အဆင်ပြေပေလိမ့်မည်။ လက်ရှိ လူသားမျိုးနွယ်နှင့် မွန်းစကားကလန်တို့၏ ကောင်းကင်ပါရမီရှင် စာရင်းကဲ့သို့ပင်။
ကြည့်ရသည်မှာ သူ၏အမြင်သည် တကယ်ပင် ကျဉ်းမြောင်းလွန်းခဲ့၏။ လောကကြီးသည် ကျင့်ကြံခြင်း လောက တစ်ခုသာ ဖြစ်၏။ လူသားမျိုးနွယ်တစ်ခုတည်းနှင့် ကန့်သတ်ထား၍ မဖြစ်နိုင်ချေ။ အားလုံးသော ရှိရှိသမျှ မျိုးနွယ်စုများ အားလုံးကို ထပ်မံကာ ထည့်သွင်းရန် လိုအပ်လျက် ရှိနေသေး၏။
"စီနီယာ"
ခဏလောက် တွေးတောပြီးသည့်နောက် ယန်ရှိုသည် အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်သည်။ "နတ်နယ်မြေတစ်ခု ရဲ့ အရှင်စာရင်း မထုတ်လွှင့်ချင်ဘူးလား"
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် သူတော်စင်တစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်၏။ ရေတွက်လို့မရအောင် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးကို သူ စဉ်းစားလိုက်မိ၏။
ဂိုဏ်းတစ်ခု၏ခေါင်းဆောင်၊ မိသားစုတစ်ခု၏ ခေါင်းဆောင် တော်တော်များများသည် သူတော်စင်အဆင့် ဖြစ်နေသည်ဆိုခြင်းမှာ အနည်းငယ်သာလျှင် ရှိ၏။ အားကောင်းလှသည့် ရီကလန်၏ ခေါင်းဆောင်း ရီချမ်းမင် ပင်လျှင် နတ်အဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်၏။ တပည့်အပေါ်တွင် အမှီအခို ပြု၍ မရနိုင်သည်ဆိုမှတော့ သူ့ကိုယ်သူသာ အမှီအခိုပြု၍ ကြိုးစားရပေတော့မည်။
သေသေချာချာ တွေးတော ထားပြီးသည့်နောက် နတ်နယ်မြေတစ်ခု၏ အရှင်စာရင်းကို စာရင်းပြုစုမည် ဆိုလျှင် သူပါဝင်နိုင်သည့် အခွင့်အလမ်း တည်ရှိနေသည်။
"နတ်နယ်မြေအရှင် စာရင်းလား" လီယွင်သည် ရယ်မောလိုက်မိ၏။ မထင်မှတ်စွာပဲ ယန်ရှိုသည် သူနှင့် တူညီသည့် အကြံအစည် ရှိလို့နေခဲ့၏။
"ဘယ်လိုထင်လဲ စီနီယာ"
ယန်ရှိုသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်မိသည်။ စီနီယာအနေနှင့် ချက်ချင်းကြီး မငြင်းပယ်ခဲ့သောကြောင့် ဆွေးနွေးညှိနှိုင်း၍ ရသည်ဆိုသော အဓိပ္ပာယ်ပင်ဖြစ်သည်။ ၎င်းတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အနေနှင့် ဤအခြေအနေကို အမှီအခိုပြု၍ ဂုဏ်သိက္ခာကြီးမားသွားအောင် ပြုလုပ်၍ ရနိုင်သေးသည်။
"အဟမ့် အဟမ့် ... စီနီယာ…. မှတ်မိသလောက်ဆိုရင် ကျုပ်ဆီမှာ သူတော်စင်အဆင့် လက်နက်တစ်ခု ရှိနေသေးတယ်။ အဲဒီသူတော်စင်လက်နက်က ရောင်စဉ်အလင်းနတ်နယ်မြေက သူတော်စင်အိုကြီး တစ်ယောက် အကြိမ်ပေါင်းများစွာ သန့်စင်ထားတဲ့ လက်နက်လေ။ နှစ်ပေါင်းများစွာလည်း ကြာပြီဆိုတော့ သူ့ရဲ့ အားအင်အဆင့်က တကယ်ကို ခန့်မှန်းလို့ မရနိုင်ဘူး"
ပြောနေတုန်းမှာပဲ ယန်ရှိုသည် ကြေးမှန်ကြီးကို ထုတ်ယူလိုက်၏။ လီယွင်၏ ရှေ့ဆီသို့ အသာထားကာဖြင့် ပြောလိုက်၏။ "စီနီယာလို လူတစ်ယောက်အတွက် ဒီလိုမျိုး သူတော်စင်အဆင့် လက်နက်က အသုံးဝင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မှန်ဆိုတာ ကြည့်လို့တော့ ရသေးတယ် မဟုတ်လား"
သူတော်စင်လက်နက်တစ်ခုကို မှန်ကြည့်ဖို့အတွက် အသုံးပြုခြင်း - ယန်ရှိုကဲ့သို့သော လူတစ်ယောက်သာလျှင် ဤကဲ့သို့သော စိတ်ကူး အကြံအစည်မျိုးကို ရရှိမည်ဖြစ်သည်။
ယခု ယန်ရှိုသည် အမှန်ပင် ရက်ရောလွန်းလျက် ရှိ၏။ သူသည် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်စိတ်တစ်ပိုင်းကိုပင် ရယူနိုင်ခဲ့သည်။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် အစိတ်အပိုင်း လက်ထဲသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် သူတော်စင်အဆင့် လက်နက်ဆိုသည်မှာ ဘာမှဟုတ်လှသည့် အရာ မဟုတ်တော့ချေ။
"အင်း.. ဒီစာရင်းထဲမှာ ခင်ဗျား ပါမယ်ဆိုတာ သေချာနေလို့လား" လီယွင်သည် အဓိပ္ပာယ်ပါပါဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။
"အရိုးသားဆုံး ပြောရရင် ဂျူနီယာလည်း မသေချာပါဘူး"
ယန်ရှိုသည် ခပ်ဖျော့ဖျော့ ရယ်မောလိုက်၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "စီနီယာအနေနဲ့ အရေအတွက်ကို တိုးပေးမယ်ဆိုရင်တော့ ဂျူနီယာ ဒီအထဲမှာ ပါနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်ရင် လူတစ်ထောင်စာရင်းလောက်ပေါ့"
သူ့အနေနှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နတ်သားတော်နေရာကို ရယူနိုင်စွမ်း မရှိခဲ့ချေ။ ယခု သူတော်စင် တစ်ယောက် ဖြစ်လာခဲ့ပြီးမှသာလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ သူ့အနေနှင့် ယခင်တုန်းကသာဆိုလျှင် သူတော်စင်တစ်ယောက် ဖြစ်လာမည့် အခွင့်အရေးကို တွေးပင် မတွေးခဲ့ဖူးချေ။
ယခု သူတော်စင်အဖြစ် ဖြစ်လာခဲ့သည်ဆိုသော်လည်း များပြားလှသည့် နတ်နယ်မြေအရှင်များ ကြားထဲတွင် သူ၏ အဆင့်သည် ကောင်းမွန်လိမ့်မည် မဟုတ်ဟု တွေးတောနေမိတုန်းပင်။ တချို့သော နတ်နယ်မြေအရှင်များ သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်၏။ ထို့ကြောင့်ပင်လျှင် အရေအတွက်များများကို စာရင်းပြုစုလျှင် သူ့အနေနှင့် ထိုစာရင်းထဲတွင် ပါဝင်နိုင်စွမ်း ရှိနေ၏။ အားနည်းသည်ဆိုလျှင်တောင်မှ ထိပ်ဆုံးတစ်ထောင်စာရင်းကို ဝင်ရောက်ဖို့ ပြဿနာမရှိဟု သူက ထင်မှတ်ထားသည်။
"လူတစ်ထောင် ဟုတ်လား"
လီယွင်သည် ခေါင်းကို အသာယမ်းခါလိုက်၏။ "ဟာသပဲ"
သူသည် စနစ်ကို မေးမြန်းလိုက်၏။ "လောကမှာ ရှိနေတဲ့ နတ်နယ်မြေအရှင်စာရင်းကို ပြုစုလိုက်။ ထိပ်ဆုံးငါးရာ စာရင်းကိုပဲ လိုချင်တယ်"
နတ်နယ်မြေအရှင်စာရင်းကို ပြောရမည်ဆိုလျှင် ယခင်မျိုးဆက်၏ ပါရမီရှင်များ အကြောင်းကို ပြောဆိုရသည်နှင့် ဆင်တူပေလိမ့်မည်။ ဤနတ်နယ်မြေအရှင်စာရင်း ဆိုသည်မှာ မျိုးနွယ်အားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်းနှင့် ကွာခြားနေပေလိမ့်မည်။ အဓိကအားဖြင့် အသက်အရွယ်သာလျှင်ဖြစ်သည်။
[ဒင်… စုံစမ်းစစ်ဆေးမှု အောင်မြင်သည်]
[နံပါတ်တစ် - ရှန်းယွင်
မျိုးနွယ်စု - ရှုပ်ထွေးလူဝုကလန်
ဌာနေ - ရှုပ်ထွေးလူဝုကလန်၏ ကလန်ခေါင်းဆောင်
ကျင့်ကြံခြင်းအဆင့် - သူတော်စင်အဆင့်နောက်ဆုံး]
[နံပါတ်နှစ် - ခွန်ဟုန်
မျိုးနွယ်စု - ခွန်ဖန်ကလန်
ဌာနေ - ခွန်ဖန်ကလန်၏ မိသားစုခေါင်းဆောင်
ကျင့်ကြံခြင်းအဆင့် - သူတော်စင်အဆင့်နောက်ဆုံး]
[နံပါတ်သုံး - ရှန်းချန်ကျုံး
မျိုးနွယ်စု - လူသား
ဌာနေ - တိုင်ချူးနတ်နယ်မြေ
ကျင့်ကြံခြင်းအဆင့် - သူတော်စင်အဆင့်အလယ်အလတ်]
[နံပါတ်လေး - ရွှေကျီးကန်းကလန်
[နံပါတ်ကိုး - ဖူဝူရှန်]
မျိုးနွယ်စု - သွေးနတ်ဆိုးကလန်
ဌာနေ - သွေးနတ်ဆိုးကလန်၏ ကလန်ခေါင်းဆောင်၊ သွေးနတ်ဆိုးလောက
ကျင့်ကြံခြင်းအဆင့် - သူတော်စင်အဆင့်အလယ်အလတ်]
……………
[နံပါတ် ရှစ်ဆယ့်ခုနှစ် - ရမ်ချင်းတု
မျိုးနွယ်စု - လူသား
ဌာနေ - တော်ဝင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်
ကျင့်ကြံခြင်း - သူတော်စင်အဆင့်စဦး]
[နံပါတ် တစ်ရာသုံးဆယ့်နှစ် - ယန်ရှို
မျိုးနွယ်စု - လူသား
ဌာနေ - ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်
ကျင့်ကြံခြင်း - သူတော်စင်အဆင့်စဦး]
[နံပါတ် တစ်ရာသုံးဆယ့်သုံး - ရီချင်းမင်ု
မျိုးနွယ်စု - လူသား
ဌာနေ - အင်ပါရီယာ ရီကလန်၏ ခေါင်းဆောင်
ကျင့်ကြံခြင်း - ကောင်းကင်မူလအဆင့်ထိပ်ဆုံး]
…………
"အင်း… ဒါ လူသားမျိုးနွယ်တွေရဲ့ အရင်မျိုးဆက်စာရင်းပဲလေ" လီယွင်အနေနှင့် စာရင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူ မနေနိင်ဘဲ နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။
သူသာ အနည်းငယ် နောက်ကျပြီးမှ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခဲ့သည်ဆိုပါက အမှန်ပင် ဒေါသထွက်စရာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူသည် လူသားတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ မျိုးနွယ်အားလုံး၏ ကောင်းကင် ပါရမီရှင်စာရင်းကို ထုတ်ဖော်ခဲ့သည့်အချိန်တွင် လူသားပါရမီရှင်များသည် မွန်းစတားကလန်မှ ပါရမီရှင်များ၏ ဖိနှိပ်ခြင်းကို ခံထားရ၏။ လက်ရှိအချိန်မှာလည်း တူတူပင်ဖြစ်၏။ နှစ်အနည်းငယ်သာ ကြာမည်ဆိုပါက လူသားမျိုးနွယ်များသည် ဤစာရင်းတွင် ပါဝင်နိုင်လိမ့်မည် မဟုတ်ချေ။ မွန်းစတားမျိုးနွယ်များသာလျှင် ကြီးစိုးသွားပေလိမ့်မည်။
"ပြောရမယ်ဆိုရင် ဒီစာရင်းရဲ့ ထိပ်ဆုံးနှစ်ယောက် အကြောင်းပေါ့။ မင်းသေချာလို့လား။ ငါသိသလောက်ဆိုရင် ခွန်ဖန်ကလန် နဲ့ ရှုပ်ထွေးလူဝုကလန်တို့ဆီမှာ အဖွဲ့ဝင်နှစ်ယောက်စီပဲ ရှိတာလေ" လီယွင်သည် မှတ်ချက်ပြုလိုက်မိ၏။
စုစုပေါင်းနှစ်ယောက်တည်းသာလျှင် ရှိ၏။ တစ်ယောက်သည် ကလန်၏ ခေါင်းဆောင်ဖြစ်ပြီး တခြား တစ်ယောက်မှာတော့ လူငယ်မျိုးဆက်၏ ကလန်ခေါင်းဆောင် ဖြစ်လေ၏။ တခြားသော ကလန်အဖွဲ့သားများ တစ်ယောက်မှ မရှိခဲ့ကြချေ။ ကလန်ခေါင်းဆောင်သည် သူတော်စင်အဆင့်၌သာ ရှိနေသေး၏။ ထို့ကြောင့် ထိုကလန်ကို လွယ်လွယ်ကူကူနှင့် သုတ်သင်ရှင်းလင်းပစ်၍ ရနေသည် မဟုတ်ပါလား။
[လက်ခံသူ... မင်းမသိသေးပါဘူး။ ရှုပ်ထွေးလူဝု ကလန် နဲ့ ခွန်ဖန်ကလန်က တကယ့်ကို ရှေးမျိူးဆက်တွေ ဖြစ်တယ်လေ။ သူတို့ဘိုးဘေးတွေရဲ့ စွမ်းအင်တွေကို သူတို့ရဲ့ သွေးမျိူးဆက်ထဲမှာ စည်းခတ်ထားခဲ့တယ်။ တကယ့်ကို အရေးအကြောင်း အခြေအနေမျိုးမှာဆိုရင် သူတို့ရဲ့ ဘိုးဘေးသွေးမျိုးဆက်ကို ဆင့်ခေါ်ပြီး တိုက်ခိုက်လို့ ရတယ်လေ]
လီယွင် “....”
ဤတစ်ကြိမ်မှာတော့ သူသည် နားလည်သွားမိ၏။ ထိုကလန်ကြီး နှစ်ခုတို့သည် တကယ်ကို ကောင်းမွန်လှသည့် ဝှက်ဖဲများကို ကိုင်ဆောင်ပြီး လျှောက်သွားနေကြသူများဖြစ်၏။ မွန်းစတားကလန် အသီးသီးတွင် ၎င်းတို့၏ ဂုဏ်သိက္ခာသည် အလွန်တရာ မြင့်မားလှသည်ဆိုသည်မှာ သံသယဖြစ်စရာ မလိုတော့ချေ။ နှစ်ယောက်တည်း ရှိသည်ဆိုလျှင်တောင်မှ မည်သူမှသည် လာရောက်ကာ ရန်ပြုတိုက်ခိုက် ရဲကြလိမ့်မည် မဟုတ်ချေ။