← Chapters

အခန်း (၁၈၄)

Vol. 13 Ch. 184

အခန်း (၁၈၄)

Vol. 13 Ch. 184

“ဘာပဲပြောပြော တာအိုရောင်းရင်းရွမ်ရဲ့ စကားလုံးအရဆိုရင် ကျုပ်က စိတ်အေးချမ်းသာသွားပြီး” ဝူဝူရှမ်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ အသံသည် အေးစက်လျက်တော့ ရှိနေတုန်းပင်။

“လောကတိုင်း၊ လောကတိုင်းမှာ ပါရမီရှင်တွေ ရှိတယ်လေ။ ကောင်းကင်မူလ လောကမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင် ပေါ်ပေါက်လာတယ်ဆိုတာကတော့ သာမန်ပါပဲ။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် ကြောင့် အနာဂတ်မှာ ကျုပ်တို့ရဲ့ အစီအစဉ်တွေကို မပျက်စီးချင်ဘူး။ ဒါကို ခင်ဗျား နားလည်တယ် မဟုတ်လား တာအိုရောင်းရင်းရွှဲ့”

“ကျုပ်နားလည်ပါတယ်” ရွဲ့ရန် သည် လေးနက်တည်ကြည်စွာ ခေါင်းညိတ်လိုက်၏။

“အင်း”

ဝူဝူရှမ်သည် ခေါင်းညွတ်ပြီးသည့်နောက် ထပ်မံကာ ပြောဆိုလိုက်သည်။ “ကျုပ်တို့လူတွေ ထွက်ခွာသွားခဲ့ ပြီလား”

“ကလန်ခေါင်းဆောင်ကို သတင်းပို့ရမယ်ဆိုရင် သူတို့အားလုံး ထွက်ခွာသွားခဲ့ပါပြီ။ လူသားနဲ့ မွန်းစတားတွေ ကြီးကြီးကျယ်ကျယ် တိုက်ခိုက်တဲ့ အချိန်ကျရင် ကျုပ်တို့ သွေးနတ်ဆိုးကလန်က အခွင့်အရေးရလိမ့်မယ်” ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အရှေ့သို့ လှမ်းလာပြီးသည့်နောက် လေးလေးစားစားဖြင့် သတင်းပို့လိုက်၏။

“အရမ်းကောင်းတယ်”

ဝူဝူရှမ်သည် စိတ်သက်သာရာသလို သက်ပြင်းချလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် ရွဲ့ရန်ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် ဆက်လက်ကာ ပြောဆို လိုက်သည်။ “ကျုပ်တို့ သွေးနတ်ဆိုးကလန်ရဲ့ အစီအစဉ်က အချိန်ကိုက် ပြုလုပ်ဖို့ လိုအပ်တယ်။ ကျရှုံးသွားလို့ မဖြစ်ဘူး။ အောင်မြင်ပြီးရင်လည်း သဲလွန်စ အားလုံးကို ဖျက်ဆီးဖို့ လိုအပ်တယ်။ ဒါတင်မကသေးဘူး။ တာအိုရောင်းရင်းရန် အနေနဲ့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပေးဖို့ ထပ်လိုသေးတယ်”

တကယ့်ကို အားကောင်းလှသည့် လောကကြီးထဲတွင် များပြားပြီး ဆန်းကြယ်လွန်းလှသည့် နည်းလမ်းများ တည်ရှိနေနိုင်၏။ လောကတွင် တည်ရှိခဲ့သည့် အရာအားလုံးကို ဖျောက်ဖျက်ခြင်း ဆိုသည်မှာ တကယ်ပင် ခက်ခဲလှသည့်အရာပင် ဖြစ်ပေလိမ့်မည်။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်စွမ်း ရှိသည့် လူများသာလျှင် အရာအားလုံးကို ကျိုးကြောင်းစီလျော်စွာ သိရှိနားလည်ပြီး ဖြေရှင်း ဖျောက်ကွယ်နိုင်ပေလိမ့်မည်။

သူတို့၏ ကြီးမားလွန်းလှသည့် အစီအစဉ်ကြီးသည် ထိုလောကကြီးတွင် ရှိနေသည့် သတ္တဝါပေါင်းများစွာတို့ ကြီးကြီးကျယ်ကျယ် တိုက်ခိုက်သည့် အချိန်တွင် အခွင့်အရေးယူရန်ပင် ဖြစ်လေ၏။ သူတို့ ရှိသည်ဖြစ်ကြောင်းကို ကောင်းကင်မူလလောကမှ လူများ သတိမပြုမိမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သွေးနတ်ဆိုးကလန် တစ်ခုလုံး သည် အန္တရာယ်အတွင်းသို့ သက်ဆင်းရပေလိမ့်မည်။

ယခင် ကြုံဆုံခဲ့ဖူးသည့် အတွေ့အကြုံများကို သင်ယူလေ့လာခဲ့ပြီးသည့်နောက် ဤတစ်ကြိမ်မှာတော့ သူတို့သည် သတိရှိရှိဖြင့် ပြုမူဆောင်ရွက်ရန် ကြိုးစားလျက် ရှိနေ၏။ သွေးနတ်ဆိုးကလန်သည် တစ်ချို့သော အခြင်းအရာများကို လေးလေးနက်နက် နားလည်ပြီးသားဖြစ်တော့၏။

ထိုလောကထဲတွင် ရှိနေသည့် ကျင့်ကြံသူများ၏ အားအင်အဆင့်ကို တွက်ချက်ရမည် ဆိုလျှင် သူတို့အနေနှင့် အားလုံးကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ မွန်းစတားမျိုးနွယ်များကို ဖယ်ထားဦး ။ လူသားမျိုးနွယ် တစ်ခုတည်းကပင်လျှင် ၎င်းတို့ကို အနိုင်ယူနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သူတို့အနေနှင့် ထိုလောကကြီး တစ်ခုလုံးကို ရှုပ်ထွေးအောင် အရင်ဆုံး ပြုလုပ်နေချင်ခြင်းပင်။

“ဒီအဘိုးကြီးက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တာကြောင့် တန်ပြန်မှုကို ခံယူရမယ် ဆိုရင်တောင်မှ ကျုပ်တို့ သွေးနတ်ဆိုးကလန် လောကကြီးတစ်ခုမှာ အမှီအခိုကင်းကင်းနဲ့ နေထိုင်နိုင်ဖို့အတွက် ကျိန်းသေပေါက် ကူညီ ပေးပါ့မယ်”

တကယ်တမ်း တိုက်ခိုက်နေသည့် အချိန်တွင် သူတော်စင်တစ်ယောက်ကို တိုက်ခိုက်အနိုင်ယူနိုင်မည်ဟု သူ မကြွေးကြော်ရဲသည် ဆိုသော်လည်း ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်သည့် နေရာတွင် ဆိုလျှင်တော့ သူသည် မည်သူကိုမှ ကြောက်လန့်လိမ့်မည် မဟုတ်ချေ။ သူ၏ နှစ်ပေါင်းထောင်ချီ အသက်ရှင်ခဲ့သည့် အချိန်အတွင်း ကြိုးကြိုးစားစားဖြင့် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ခဲ့သောကြောင့် သွေးနတ်ဆိုးကလန် တစ်ခုလုံးသည် လက်ရှိအခြေအနေထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

သူ့အနေနှင့် အသက်ထောင်ကျော်သာ နေထိုင်ရသေးသည် ဆိုသော်လည်း အိုမင်းရင့်ရော်နေသည့် ရုပ်ရည်ကို ပိုင်ဆိုင်နေသည်မှာ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ရခြင်းအတွက် တန်ပြန်မှုကို ခံစားရခြင်းပင်။ ပြောရမည်ဆိုလျှင် သူ၏ သွေးနတ်ဆိုးလောကကြီးထဲတွင် ကောင်းကင်တာအို၏ ကန့်သတ်ချက်ကလည်း တည်ရှိ နေသေး၏။ သက်တမ်းသည် တစ်ဖက်လောကများလောက် မရှည်လျားလှချေ။ နှစ်တစ်ထောင်ကျော်ဆိုလျှင်ပင် အိုမင်းရင့်ရော်နေသည့် အဘိုးအို အဖြစ်သို့ ပြောင်းလဲခဲ့ပြီ ဖြစ်၏။

.............

သွေးနတ်ဆိုးကလန်သည် ကြီးကြီးမားမား စီမံဆောင်ရွက်စရာ ရှိသည်များကို စီစဉ်ဆောင်ရွက်လျက် ရှိနေတုန်းမှာပဲ အင်ပါရီယာရီကလန်ထဲ၌ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

ခေတ်အဆက်ဆက် ဖြတ်သန်းလာသည့် သူတော်စင်တစ်ယောက်၏ အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး တည်နေရာတစ်ခုလုံးကို ဖိအားများ ဖြစ်တည်စေခဲ့၏။ ၎င်းသည် မလှုပ်မရှားနှင့် မတ်မတ်ရပ်လျက် ရှိနေပြီး လောကကြီးထဲတွင် နေတစ်စင်းအလား ဖြစ်တည်စေခဲ့၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ဖန်တီးခြင်းစွမ်းအင်များသည် လှိုင်းများကဲ့သို့ တလိပ်လိပ် ဖြစ်တည်လျက်ရှိပြီး သာမန်လူများအနေနှင့် သူ့ကို လှမ်းမျှော်ကာ မကြည့်ရဲကြချေ။

ရောင်စဉ်အလင်းများသည် တလက်လက် တောက်ပလျက် ရှိနေပြီး ၎င်းသည် နတ်သားတစ်ပါးကဲ့သို့ ဖြစ်တည်လျက် ရှိနေ၏။ ထူထဲလှသည့် ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။ ထိုဆံနွယ်များဆီမှ ရွှေရောင်အလင်းတန်းများ တလက်လက် တောက်ပလျက် ရှိနေပြီး မျက်နှာသွင်ပြင်သည် တကယ်ပင် ထက်ရှလွန်းလှ၏။ မျက်လုံးများသည် လျှပ်စီးသဏ္ဍာန် လင်းလက်လျက် ရှိနေပြီး ခန့်ညားကြီးကျယ်သည့် အရှိန်အဝါများကို ထုတ်ဖော်နေ၏။

“ကလန်ခေါင်းဆောင်က သူတော်စင် ဖြစ်တော့မှာလား”

ရီကလန်မှ အကြီးအကဲတစ်ယောက်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ နတ်အရှင်အဆင့် စာရင်းပေါ်ပေါက်လာပြီးသည့်နောက် ကလန်ခေါင်းဆောင် သည်သာ သူတော်စင်အဆင့်ကို မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်သည် ဆိုပါက တကယ့်ကို ကြီးမားလှသည့် ကောင်းချီးပင်။

“မြန်မြန်... မြန်မြန်၊ နတ်အရှင်အဆင့် စာရင်းက ဘယ်မှာလဲ။ မြန်မြန်ကြည့်အုံး။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ကနေ ထုတ်ဖော်လိုက်တဲ့ နောက်ဆုံး နတ်အရှင်အဆင့်စာရင်းကို မြန်မြန် သွားကြည့်ကြ” အကြီးအကဲ တစ်ယောက်သည် တစ်စုံတစ်ခုကို သတိပြုမိပုံဖြင့် ထပ်မံကာ ပြောဆိုလိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ နောက်ဆုံးစာရင်းကို ပေးကြ။ အခု ငါတို့ရဲ့ ကလန်ခေါင်းဆောင်က ဘယ်နေရာကို ရောက်ပြီလဲဆိုတာ ကြည့်ချင်တယ်”

တူညီသည့် စကားသံများသည် ရီကလန်၏ အထဲတွင် ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့၏ သခင်လေး ရီချန်သည် မျိုးနွယ်စု အားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် တတိယနေရာတွင် တည်ရှိနေ၏။ ၎င်းတို့၏ ကလန်ခေါင်းဆောင်သည် ငယ်ရွယ်သေးသည့် အချိန်တွင် ရီချန် လောက်ပင် အားမကောင်းလှချေ။ သို့ပေမဲ့ အနည်းဆုံး ထိပ်ဆုံးတစ်ရာစာရင်းတွင် ဝင်နိုင်ကောင်း၏။

အတိတ်တုန်းက ရီချင်းမင်သည် အားအင်အဆင့်ကို စုစည်းနေခြင်းသာဖြစ်ပြီး အဆင့်ချိုးဖြတ်ရန် အလျင်မလိုခဲ့ချေ။ သို့ပေမဲ့ နတ်အရှင်အဆင့်စာရင်း ပေါ်ပေါက်လာသည့် အချိန်မှာတော့ သူ့အနေနှင့် နှောင့်နှေးနေ၍ မဖြစ်တော့ချေ။ သူ၏ တည်ရှိမှုသည် သူတို့ ကလန်၏ အားအင်အဆင့်ကို ဖော်ညွှန်းပြသနေခြင်းဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ငြိမ်ငြိမ်သက်သက်ဖြင့် တိတ်တဆိတ်ကြိတ်ကာ ကြိုးစားနေမည် ဆိုပါက အားလုံးသော သူတို့၏ အထင်အမြင်သေးမှုကို ရရှိပေလိမ့်မည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက သတင်းတစ်ခု ပေါ်ပေါက်လာတယ်”

ရီကလန်၏ တပည့်တစ်ယောက် သည် ကျောက်စိမ်းပြားကို အသာကိုင်ကာဖြင့် အော်လိုက်၏။ “ကလန်ခေါင်းဆောင်က နတ်နယ်မြေအရှင်အဆင့် စာရင်းမှာ ခြောက်ဆယ့်ကိုးယောက်မြောက် စာရင်းမှာ ရှိတယ်”

သူ၏အသံသည် မကျယ်လွန်းလှပေ။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ အင်ပါရီယာရီကလန် တစ်ခုလုံးကို ပျံ့နှံ့သွားလေ၏။

“ခြောက်ဆယ့်ကိုး ဟုတ်လား”

ထိုစကားကို ကြားသည့်အချိန်မှာတော့ အားလုံးသော သူတို့သည် အသိအမှတ်ပြု သလို ခေါင်းညိတ်လိုက်၏။ ဤအဆင့်သည် တကယ်ပင် အထင်ကြီးလောက်စရာဖြစ်၏။ ကလန်ခေါင်းဆောင်ကို ၎င်း၏ ကျင့်ကြံခြင်းအဆင့် အခြေကျရန် အချိန်အနည်းငယ်လောက် ပေးလိုက်မည်ဆိုပါက အဆင့်သည် ထပ်မံကာ တိုးတက်သွားနိုင်သေးသည်။

“ကလန်ခေါင်းဆောင်က နှစ်ရာချီပြီးတော့ အားအင်အဆင့်တွေကို စုစည်းခဲ့တယ်လေ။ အဆင့် ချိုးဖြတ်ပြီးတဲ့ နောက်မှာ နတ်နယ်မြေအရှင်အဆင့် စာရင်းမှာ ခြောက်ဆယ့်ကိုးယောက်မြောက် အဆင့်ကို ရောက်ခဲ့တယ်။ နှစ်ပေါင်း တစ်ထောင်အတွင်း ကျုပ်တို့ အင်ပါရီယာရီကလန်ကတော့ နောက်ထပ် တော်ဝင်သူတော်စင် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တော့မှာပဲ” အကြီးအကဲတစ်ယောက်သည် မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ ပြောလိုက်၏။

“ခြောက်ဆယ့်ကိုးယောက်မြောက် စာရင်းဆိုတာက ကွာစီအင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့ စာရင်းပဲ။ တော်ဝင်သူတော်စင်တစ်ယောက် ဖြစ်လာဖို့ ဆိုတာကတော့ မဖြစ်မနေ ဖြစ်သင့်တဲ့ အရာပဲလေ။ ပြီးတော့ မျိုးနွယ်စု အားလုံးရဲ့ စာရင်းဖြစ်တာမို့ တကယ့်ကို ဂုဏ်သိက္ခာ ကြီးမားလွန်းတယ်”

“ဒါကတော့ အမှန်ပဲ”

တခြားသော အကြီးအကဲ တစ်ယောက်က သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သတင်းအချက်အလက်တွေက တိကျလွန်းတာမို့ အဆင့်သတ်မှတ်ချက်က အမြဲတမ်း အပြောင်းအလဲ များနေတယ်”

“အင်း.. ပြောရမယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်က တကယ်ပဲ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ဆက်တိုက် တွက်ချက်ပြီး ထုတ်ဖော်နေတာလား”

“ဒါက”

အနီးအနားတွင် ရှိနေသည့် လူများအားလုံးသည် ချက်ချင်းပဲ ဆွံ့အသွားမိ၏။ ဤမေးခွန်းသည် သူတို့ အားလုံး၏ တွေးတောနိုင်မှုထက် သာလွန်လျက် ရှိနေတော့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သာလျှင် ဤအဖြေကို သိရှိပေလိမ့်မည်။

All Chapters