← Chapters

အခန်း (၁၈၅)

Vol. 13 Ch. 185

အခန်း (၁၈၅)

Vol. 13 Ch. 185

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ ယန်ရှိုသည် လူကြားထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် နတ်နယ်မြေအရှင်စာရင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ သုံးရက် ကုန်လွန်ပြီးသည့်နောက်မှာတော့ သူ၏ စိတ်များသည် ပိုမိုကာ လေးလံလာခဲ့၏။ များပြားလှသည့် မျိုးနွယ်စုများ ကြားထဲတွင် လူငါးယောက်တို့သည် သူတော်စင် ဖြစ်လာခဲ့၏။ သူ၏ အဆင့်သည် ကျိန်းသေပေါက် အဆင့်ငါးခု ကျဆင်းသွားခဲ့သည်။

သူတော်စင်အဆင့် စာရင်းထဲတွင် အားအနည်းဆုံး ဖြစ်သည်နှင့်အညီ သူ၏ သူတော်စင်အဆင့် အားအင်သည် အားအနည်းဆုံး ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

“စီနီယာ”

ယန်ရှိုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အလျင်အမြန်ဖြင့် ပြေးဝင်ပြီးသည့်နောက် ငိုသည်ထက် ပိုမိုကာ ဆိုးရွားလှသည့် မချိပြုံးကြီးကို ပြုံးလိုက်၏။ သူသည် ခြောက်ကပ်ကပ် ပြောလိုက်သည်။ “စီနီယာ.. ကျုပ် နောက်ထပ် အဆင့်ကျသွားပြန်ပြီ”

“အင်း...”

လီယွင်သည် ထူးမခြားနားသလိုပင် တုံ့ပြန်လိုက်၏။ သူ၏ မျက်နှာပေါ်၌ ရှေးတုန်းကတည်းက ဤအရာကို မျှော်လင့်ထားပြီးဖြစ်သော အရိပ်အယောင်မျိုး တည်ရှိနေ၏။ “ဒါက အစပဲ ရှိသေးတယ်။ ဘာတွေ စိုးရိမ်နေတာလဲ။ ခင်ဗျား အဆင့်ကျတာနဲ့ ပတ်သက်ပြီး အသားကျသွားပြီ ဆိုရင် ကိစ္စမရှိတော့ဘူး”

“ဟမ်”

ယန်ရှိုသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တည်နေရာထဲတွင် မတ်မတ်ကြီး ရပ်နေမိ၏။ ဤအရာမှာ အစပဲ ရှိနေသေးသည်လား။ ကောင်းကင်ပါရမီရှင်စာရင်းသည် နေ့စဉ်နေ့တိုင်း ပြောင်းလဲနေသည် မဟုတ်ပေ။ သို့ပေမဲ့ သူ ပါဝင်သည့် နတ်အရှင်းစာရင်းကျမှ အဘယ့်ကြောင့် ဤမျှ အပြောင်းအလဲ များနေရသနည်း။ သောက်ကျိုးနည်းလှချေသည်။

သုံးရက်အတွင်း သူသည် ငါးနေရာ ကျဆင်းခဲ့၏။ ဤနှုန်းအတိုင်းဆိုလျှင် နှစ်ဝက်လောက်ဆိုပါက ဤစာရင်းထဲတွင် ပါဝင်လိမ့်မည် မဟုတ်တော့ချေ။

သိရှိရန်မှာ သူသည် ထိုစာရင်းကို ထုတ်ဖော်ပေးရန်အတွက် အရင်းအမြစ်များကို ပေးအပ်ခဲ့သူဖြစ်၏။ သူသည် အားတက်သရောဖြင့် ဤစာရင်းကို ဖန်တီးရန်အတွက် စီနီယာကို တွန်းအားပေးခဲ့သေး၏။ ယန်ရှိုအနေဖြင့် မမျှတသလို ခံစားနေမိ၏။ သူကိုယ်တိုင် ငွေသုံးဖြုန်းခဲ့၏။ သို့ပေမဲ့ တခြားသော သူများမှာတော့ အကျိုးကျေးဇူး ရရှိလို့နေ၏။ ဤလောကကြီးသည် အဘယ်ကြောင့် တစ်ဖက်စောင်းနင်း ဖြစ်နေရသနည်း။

“စီနီယာ... ကျုပ်တို့ အဆင့်မြင့်တက်စေဖို့ အခွင့်အရေး စီနီယာဆီမှာ ရှိပါသေးလား။ ကျုပ်အနေနဲ့ အဆင့်ကို အရမ်းအမြင့်ကြီး မတက်ချင်ပါဘူး။ ဒါပေမဲ့ ထိပ်ဆုံးတစ်ရာ စာရင်းလောက် ဝင်ရင်ပဲ ကျေနပ်နေပါပြီ” ယန်ရှိုက မေးမြန်းလိုက်၏။

“ထိပ်ဆုံးတစ်ရာစာရင်း ဟုတ်လား”

လီယွင်သည် ပြုံးကာ ပြောလိုက်၏။ သူသည် ခဏလောက် တွေးလိုက်သည်။ “စနစ်... ယန်ရှိုရဲ့ တောင်းဆိုမှုနဲ့ ကိုက်ညီတဲ့ အခွင့်အရေးတွေ ပြပေး။ ယန်ရှို မတတ်နိုင်တဲ့ အခြေအနေမျိုးကို အကုန်ဖယ်လိုက်”

[ဒင်.. လက်ခံသူ၏ တောင်းဆိုမှုအတိုင်းဆိုလျှင် အခွင့်အရေး တစ်ရာသုံးဆယ့်နှစ်ခု ရရှိ၏။ ရီချန်၏ တည်နေရာ - ကောင်းကင်လျှို့ဝှက်အမှတ် ငါးသောင်းငါးထောင် လိုအပ်၏။ ဤအခွင့်အရေးသည် သုံးနာရီအတွင်း ပြောင်းလဲသွားပေလိမ့်မည်]

[ရွှေကျီးကန်းကလန် အိမ်ရှေ့စံ၏ တည်နေရာ - ကောင်းကင်လျှို့ဝှက်အမှတ် ငါးသောင်းငါးထောင် လိုအပ်၏။ ဤအခွင့်အရေးသည် သုံးနာရီအတွင်း ပြောင်းလဲသွားပေလိမ့်မည်]

[ခွန်ဖန်သခင်လေး၏ တည်နေရာ - ကောင်းကင်လျှို့ဝှက်အမှတ် ငါးသောင်းငါးထောင် လိုအပ်၏။ ဤအခွင့်အရေးသည် သုံးနာရီအတွင်း ပြောင်းလဲသွားပေလိမ့်မည်]

[ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း နတ်သားတော် ကျန်းပိုင်ချွမ်း၏ တည်နေရာ - ကောင်းကင်လျှို့ဝှက်အမှတ် ငါးသောင်းငါးထောင် လိုအပ်၏။ ဤအခွင့်အရေးသည် သုံးနာရီအတွင်း ပြောင်းလဲသွားပေလိမ့်မည်]

[တိမ်ကြွေ ရှေးနတ်သင်္ချိုင်း - ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သောင်း၊ တိကျသည့် တည်နေရာကို သိရှိနိုင်မည်]

[အကြွင်းအကျန် ဓားတောင်ထွတ် - ကောင်းကင်လျှို့ဝှက်အမှတ် ခုနှစ်သောင်းငါးထောင်၊ တိကျသည့် တည်နေရာကို သိရှိနိုင်မည်]

“စနစ်... တကယ်ပြောနေတာလား”

လီယွင်သည် ပါးစပ်အဟောင်းသား ဖြစ်မိနေ၏။ ရီချန်နှင့် တခြားသောသူများသည် အခွင့်အရေး ဖြစ်နေလေသည်လား။

[ဒင်... စနစ်သည် လက်ခံသူ၏ တောင်းဆိုမှုအရ စစ်ဆေးပြီးဖြစ်သည်။ မည်သည့် အမှားအယွင်းမှ မရှိချေ]

လီယွင် “...”

သူသည် ဤတစ်ကြိမ်တွင် တကယ်ပင် နားလည်ခဲ့ပြီဖြစ်၏။ ရီချန်နှင့် တခြားသောသူများသည် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေမှ ထွက်လာခါစဖြစ်၏။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် များပြားလှသည့် ပစ္စည်းများ တည်ရှိနေ၏။ စိတ်ဝိညာဉ်ဆေးပင်နှင့် တခြားသော အရာများကို လုယက်လိုက်မည်ဆိုပါက ယန်ရှိုအနေနှင့် အဆင့် တော်တော်များများသို့ တက်လှမ်းနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။ အလွန်တရာ လွယ်ကူလွန်း လှချေ၏။

သို့ပေမဲ့ ယန်ရှို အနေနှင့် သူ့ဆီမှ ဤသတင်းအချက်အလက်များကို ဝယ်ယူရဲမည်လား မသိချေ။ အခွင့်အရေးကို လုယက်ခြင်းဆိုသည်မှာ ရိုးရှင်းလွန်းလှ၏။ သို့ပေမဲ့ ကလဲ့စားချေခြင်းများကို ရင်ဆိုင်ဖို့ လုံလောက်သည့် သတ္တိရှိရန် လိုအပ်ပေ၏။ အားလုံးသော သူတို့၏ ဝိုင်းဝန်းပြဿနာရှာခြင်းကို ခံယူဖို့ မပြောနှင့် အင်ပါရီယာရီကလန်၊ အင်ပါရီယာလင်းကလန်တို့ကို တစ်ဦးတည်း တိုက်ခိုက်ရမည်မှာ တကယ်ပင် ခက်ခဲသည့်အရာ ဖြစ်ပုံပေါ်သည်။ တစ်ခါတည်း ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်းကို ခံရသည့် အဖြစ်မျိုး ရောက်ရှိသွားနိုင်သည်။

“ဒါနဲ့ ကျန်းပိုင်ချွမ်းလည်း ရှိသေးတာပဲ။ ဒီသတင်းအချက်အလက်က တခြားသော သူတွေအတွက် တကယ့်ကို တန်ဖိုးကြီးမားတာပဲ။ ဒါပေမဲ့ ယန်ရှိုအတွက် လျှို့ဝှက်ချက် မဟုတ်ဘူး” လီယွင်သည် စိတ်ထဲမှာ တွက်ချက်လိုက်၏။ ယန်ရှိုကို ထိုသတင်းအချက်အလက် ပြောလိုက်မည်ဆိုပါက သူ့အနေနှင့် ဝယ်ယူရဲပေ လိမ့်မည်လား။ ဤအရာတွင် မကောင်းသည့် အငွေ့အသက်များ ပါဝင်လာခဲ့၏။

“စနစ်... သုံးနာရီအတွင်း ပြောင်းလဲမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ” လီယွင်က မေးမြန်းလိုက်သည်။

[ဒင်... သုံးနာရီကြာပြီးသည့်နောက် အခွင့်အရေးများသည် ပြင်ပ အဖွဲ့အစည်း တစ်ခုဆီသို့ လွှဲပြောင်း ရောက်ရှိသွားနိုင်၏။]

“အမ်”

စနစ်ဆီမှ စကားကို ကြားရသည့် အချိန်မှာတော့ လီယွင်၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ ကြည့်ရသည်မှာ မယုံကြည်နိုင်လောက်စရာကောင်းသည့် သတင်းအချက်အလက်ကို သူ သိရှိခဲ့ရပုံ ပေါ်သည်။ “ပြင်ပက အဖွဲ့အစည်းလား”

သူ၏ အမြင်အရဆိုလျှင် တစ်စုံတစ်ယောက်သည် လမ်းတစ်ဝက်မှ ဖြတ်ကာ လုယက်ရန် ပြင်ဆင်နေကြခြင်းဖြစ်၏။ ရီချန်နှင့် တခြားသော သူများ၏ ကာကွယ်စောင့်ရှောက်သူများသည် လုံလောက်အောင် အားမကောင်းသည် ဆိုပါက ပြဿနာများ ဖြစ်ပွားလာနိုင်သည် မဟုတ်ပါလား။ ကံမကောင်းသည့် လူတစ်ယောက်သည် တစ်စုံတစ်ယောက် ၏ လုယက်ခြင်းကို ခံရနိုင်၏။

တခြားသောသူများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကျန်းပိုင်ချွမ်းသည် ထိုကဲ့သို့သော အခြေအနေတွင် အများဆုံး အန္တရာယ်ရှိနေသည်ဟု လီယွင်က ခံစားမိ၏။ တခြားမဟုတ်ပေ။ ရွှေကျီးကန်းကလန်၊ အင်ပါရီယာရီကလန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆိုသည်မှာ တော်တော်ပင် နိမ့်ကျလွန်းလှ၏။ ခွန်ဖန်ကလန် မှာတော့ ၎င်းတို့ကို တွန်းအားပေးသည်ဆိုပါက တော်ဝင်အင်ပါယာတစ်ယောက်၏ နည်းလမ်းကိုပင် ထုတ်ဖော် အသုံးပြုနိုင်၏။ ထို့ကြောင့် အားလုံးသောသူများထဲတွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အလုယက်ခံရရန် အမြင့်မားဆုံး အခြေအနေတွင် တည်ရှိနေသည်။

“အင်း... နောက်ထပ် ပိုက်ဆံပေးစရာမလိုတဲ့ သတင်းအချက်အလက်ကို ပေးလိုက်မယ်” လီယွင်၏ နှုတ်ခမ်းပါး ထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။

“စီနီယာ”

ယန်ရှိုသည် ပြောနေရင်းနှင့် တုန်လှုပ်နေမိ၏။ ဘာလို့မှန်းမသိဘဲ စီနီယာ၏ အပြုံးကို မြင်ရသည့် အချိန်မှာတော့ သူ၏ နှလုံးသားကြီး တစ်ခုလုံးသည် အေးစက်လာမိ၏။ သူသည် လက်ထဲတွင် ကိုင်ဆောင်ထားသည့် သို့လှောင်လက်စွပ်ကို အသာပွတ်လိုက်၏။ သူ့၌ အချိန်များများစားစား ကျန်တော့မည်ပုံ မပေါ်ချေ။

“အဟမ့် အဟမ့်”

လီယွင်သည် ချောင်း အသာဟမ့်ပြီးနောက် အမှတ်မထင် ပြောဆိုလိုက်သည်။ “ယန်ရှို... ခင်ဗျားတော့ ပြဿနာ တက်နေပြီ။ အဲတာ ဘာလဲသိလား”

All Chapters