← Chapters

အခန်း (၁၈၈)

Vol. 13 Ch. 188

အခန်း (၁၈၈)

Vol. 13 Ch. 188

မိုင်ရှစ်ရာအဝေး ကျယ်ပြောလွန်းလှသော ကောင်းကင်ယံထက်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူလေးယောက် ပေါ်ပေါက်လာခဲ့၏။

တစ်ပြိုက်နက် ကျောကုန်းထက်တွင် နန်းတော်ကြီး တည်ရှိနေသည့် အသူရာသိမ်းငှက်ကြီးတစ်ကောင် သည် မြေပြင်ပေါ်သို့ ဆင်းသက်လျက် ရှိနေကြောင်း ၎င်းတို့က မြင်လိုက်ကြသည်။

"အင်း ဒီမှာ တကယ်ရှိနေတာကို" သွေးနတ်ဆိုး တစ်ကောင်က ပြောလိုက်၏။ သူ၏အသံသည် အေးစက်လျက် ရှိနေ၏။ ၎င်းသည် နာရီပေါင်းများစွာ စောင့်စားခဲ့၏။ မထင်မှတ်စွာပဲ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ လူများသည် ဤတည်နေရာတွင် လာရောက်ကာ နားနေလျက် ရှိနေ၏။ သူတို့သာ ဆက်လက်စောင့်နေရပါက မည်မျှကြာအောင် စောင့်နေရမည်မှန်း မသိချေ။

"အခု သူတို့ကို တွေ့ပြီဆိုတော့ လုပ်စရာရှိတာလုပ်ပြီး ချက်ချင်းရှင်းပစ်ကြတာပေါ့" သေမင်းနတ်ဘုရားကဲ့သို့ ဖြစ်တည်နေသော လူတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။

မည်သည့် စကားလုံးမှ မလိုချေ။ ရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် လက်တစ်ချက် ဝေ့ရမ်းလိုက်သည်နှင့် နေကဲ့သို့ပင်စူးရှတောက်ပလှသည့် အလင်းတန်းများ ဖြစ်တည်လာပြီး မိုင်ရာချီပတ်လည်ကို ဖုံးလွှမ်းသွားခဲ့သည်။

အကန့်အသတ်မဲ့ မိုးကုတ်စက်ဝိုင်းအောက်တွင် ရှိနေကြသော သတ္တဝါများသည် ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်ကြ၏။ သက်ရှိများ အားလုံး၏ မျက်နှာသည် ဖြူလျော်သွားခဲ့ကြသည်။ အဘယ့်ကြောင့်မှန်း နားမလည်ကြချေ။ ရုတ်တရက် လူသူကင်းရှင်းလှသည့် တည်နေရာထဲတွင် သူတော်စင်တစ်ပါးက ပေါ်ပေါက်လာခဲ့၏။

ဘုန်း ….။

နောက်ထပ် ဆန်းကြယ်လှသော ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာခဲ့၏။ ၎င်းထွက်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းများ ဖြစ်တည်လာခဲ့ပြီး တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ တည်နေရာတစ်ခုလုံး တုန်ခါလျက် ရှိနေ၏။ သူတော်စင်နှစ်ယောက်လုံးသည် ဘေးချင်းယှဉ် ရပ်လျက် ရှိနေကြပြီး အောက်တွင် ရှိသမျှ အရာအားလုံးကို ဖိနှိပ်ထားခဲ့သည်။

"သတ်စမ်း" လေးယောက်သားသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ ရှေးနတ်ဆိုးများ အဖြစ် အသွင် ပြောင်းပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ အော်ရာများကို ထုတ်ဖော်လိုက်ကြ၏။ ၎င်းတို့ ဆင်းသက်လာသည် နှင့် ဖြစ်တည်လာသော အရှိန်သည် ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းခြုံသွားခဲ့၏။

"နတ်ဆိုးလေးယောက်နဲ့ သူတော်စင်နှစ်ယောက် တကယ့်ကို ရဲရင့်လှတဲ့ လှုပ်ရှားမှုပဲ" ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ သူတော်စင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ခပ်မတ်မတ်ရပ်နေ၏။ ၎င်းသည် တည်ငြိမ်လှသည့် ပုံစံကို ထုတ်ဖော် ပြသထား၏။ အံ့အားသင့်မှု တစ်ချက်ကလေးမှ မရှိချေ။

ရန်သူသည်သာ စောစောစီးစီး ရောက်ရှိလာပါက သူ့အတွက် အလစ်အငိုက် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူသည် လက်ရှိတွင် ယုံကြည်ချက် ရှိလို့နေ၏။ အဘယ့်ကြောင့်ဆိုသော် အစီအရင်ကို အစောကြီးကတည်းက ဖန်တီးထားပြီး ဖြစ်သောကြောင့်ပင်။ ကောင်းကင်လျို့ဝှက် နန်းဆောင်၏ သတင်းအချက်အလက်များ ရောက်ရှိလာသောကြောင့် နောက်ထပ် သူတော်စင်တစ်ပါး ထပ်ရောက်လာလျှင်တောင်မှ သူသည် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲ၏။

"အစီအရင် အသက်ဝင်စမ်း" အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ရေတွက်၍မရအောင် များပြားလှသော အစီအရင်များ ပေါ်ထွက်လာပြီး တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ပြီးသည့်နောက် အမဲရောင် မိုးကြိုးလှိုင်းများ ဖြစ်တည်ကာဖြင့် တဝုန်းဝုန်းကျဆင်းလာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

သွေးနတ်ဆိုးကလန်မှ သူတော်စင်ဘုရင်သည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။ ချက်ချင်းဆိုသလိုပဲ တစ်လောကလုံးကို မဲမှောင်သွားစေသည့် မိုးကြိုးများသည် သူ့ဆီသို့ ကျဆင်းလာ၏။ သူသည် ကြက်သေ သေနေမိ၏။

"ဒါ သတ်ဖြတ်ခြင်း အစီအရင်ပဲ" သူတော်စင်တစ်ယောက်သည် ထကာ အော်ဟစ်လိုက်သည်။ သူ၏မျက်နှာပေါ်၌ ကြောက်ရွံ့သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။

အမဲရောင် မိုးကြိုးများသည် သူ၏နှလုံးသား တစ်ခုလုံးကို တုန်ခါစေခဲ့၏။ သူတို့သည် တစ်ဖက်လူကို သတ်ဖြတ်ရန် စောင့်မျှော်နေခြင်း ဖြစ်၏။ အချိန်အတိုင်းအတာတို အတွင်းမှာပဲ တစ်ဖက်လူသည် သူတို့အား သတ်ဖြတ်ရန် စောင့်ဆိုင်းနေသည့် အခြေအနေမျိုးသို့ ပြောင်းလဲသွားခဲ့၏။

မည်သူက မည်သူ့ကို စောင့်နေခဲ့သနည်း။

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ လူများသည် သုံးနာရီအတွင်း တည်နေရာတစ်ခုကို ဖြတ်သွားလိမ့်မည်ဟု ​သူတို့သိရှိခဲ့၏။ သို့ပေမဲ့ ဘာဖြစ်သွားသနည်း။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ထိုတည်နေရာကို ဖြတ်မသွားရုံသာမက လမ်းတည်နေရာ တစ်ခုတွင် ကျောက်ချကာဖြင့် သတ်ဖြတ်ခြင်းအစီအရင်ကိုပါ ဖန်တီးထားသေး၏။ လက်ရှိအချိန်မှာတော့ ၎င်းတို့သည် ကိုယ့်သေတွင်းထဲ ကိုယ်ဝင်သွားသလိုပင် ဖြစ်လို့နေခဲ့သည်။

"အံ့အားသင့်နေပြီလား"

အမဲရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ၎င်း၏ ဝတ်စုံများ ကြားထဲမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ထွက်ပေါ်နေ၏။ ၎င်းသည် အေးစက်စက် ပြောလိုက်၏။

"ဟာသကောင်တွေ … မင်းတို့ဒီလောက်လေးနဲ့ ငါ့ကိုခြုံခိုတိုက်ခိုက်လို့ရမယ် ထင်နေတာလား။ ငါ့တို့ဂိုဏ်းချုပ်က ကောင်းကင်လျှို့ဝှက် နန်းဆောင်မှာ ရှိနေတယ်။ ကောင်းကင်လျို့ဝှက် နန်းဆောင် ရှိနေရင် မင်းတို့ရဲ့ လှုပ်ရှားမှုတွေက လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ဖြစ်နေတယ်ကွ"

အားအင်အဆင့်အရ နှိုင်းယှဉ်လျှင် အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် အနိုင်ရလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သော သူသည် သူတို့ဖက်တွင် ရှိနေသော​ကြောင့် ဤလောကတွင် သူတို့ကို မည်သူမှ အနိုင်မယူနိုင်ဟု ထင်မှတ်နေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သာ သူတို့ဖက်၌ ရှိနေပါက မည်သည့်အရာကိုမှ ကြောက်ရွံ့လိမိ့မည် မဟုတ်ချေ။

ထိုစကားကို ကြားလိုက်ရသည့် အချိန်မှာတော့ တစ်ဖက်လူများ အားလုံးတို့သည် ကြက်သေသေနေမိကြ၏။ သူတို့အနေဖြင့် မထင်မှတ်ထားသည့် အရာများ ဖြစ်ပွားခဲ့သည်ဟုသာ ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ကောင်းကင်၏ လျို့ဝှက်ချက်များကို တစ်ဖက်လူများသည် ကြိုတင်ကာ သိနေခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆိုသူသည် အရာအားလုံးကို ပြောဆိုခဲ့လေသည်လား။

"ချီးတဲ့မှ "

သွေးနတ်ဆိုးကလန်မှ သူတော်စင်ဘုရင်သည် ရုတ်တရက်ထကာ ဆဲဆိုလိုက်၏။ သူသည် သေသေသေချာချာ မှတ်ထားခဲ့၏။ ထိပ်တန်းကံကြမ္မာဖတ်သူ ရွှဲ့ရန်သည် ကောင်းကင်လျို့ဝှက်ချက်များ အားလုံးကို တွက်နိုင်သူအဖြစ် ထင်ရှားသူဖြစ်၏။ သို့ပေမဲ့ ဤလောကကြီးထဲတွင်တော့ တစ်ဖက်လူသည် ဘာမှအသုံးမဝင်နိုင်ပေ။ တစ်ဖက်လူ တွက်ချက်မှု မှားယွင်းခြင်းကို သူတို့ လက်ခံနိုင်၏။ သို့ပေမဲ့ လက်ရှိမှာတော့ အန္တရာယ်တောထဲသို့ ကျရောက်နေသူသည် သူတို့သာ ဖြစ်နေသည်။

ဤအရာသည် သူတော်စင်ဘုရင်အဆင့် အစီအရင်တစ်ခု ဖြစ်၏။ သူတို့သည် ကြိုတင်ကာမပြင်ဆင်ထားခဲ့ဘဲ အထဲသို့ တိုက်ရိုက်ဝင်သွားခဲ့၏။ ဤနေရာမှပြန်ထွက်နိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။ အစီအရင်ကို ဖန်တီးသူသည် သူတို့ကို သတ်ဖြတ်တော့မှာ သေချာ၏။

"ထွက်ကြတော့"

သွေးနတ်ဆိုးကလန်မှ သူတော်စင်ဘုရင်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ သူ၏ လက်သီးချက်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ အားကောင်းလှသော လက်သီးချက်ကြီးသည် အစီအရင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

ဘုန်း …..။

နားကွဲလောက်စရာ အသံကြီးသည် ထွက်ပေါ်လာ၏။ သို့ပေမဲ့ အစီအရင်သည် တည်တည်ငြိမ်ငြိမ်နှင့် ရှိနေတုန်းပင်။ တစ်ချက်ကလေးမှ မပျက်စီးသွားခဲ့ချေ။

"အသတ်ရှင်နိုင်မယ် ထင်နေသေးတာလား" အမဲရောင် ဝတ်စုံနှင့်အဘိုးအိုသည် လက်စည်းသင်္ကေတများကို ထုတ်ဖော်လိုက်၏။ များပြားလှသော သင်္ကတများ ဖြစ်တည်လာပြီးသည့်နောက် မိုးကြိုးများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

"မဟုတ်ဘူး"

ကျင့်ကြံခြင်း နှိမ့်ကျသော သူတော်စင်နှစ်ယောက်တို့သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်ကြ၏။ ပြီးနောက် ဖောင်းခနဲ အသံကျယ်ကြီးနှင့်အတူ သွေးမြူများအဖြစ် ပြောင်းလဲသေဆုံးသွားကြတော့သည်။

ဟမ်

အမဲရောင်ဝတ်စုံနှင့် အကြီးအကဲသည် သေဆုံးသွားသည့်နှစ်ယောက်ကို မျက်တောင်ပင်မခတ်ဘဲ ကြည့်ရှုနေမိ၏။ တစ်ဖက်လူများသည် မည်သည့်ဖက်က လာကြောင်း သူသေသေချာချာ မသိခဲ့ရချေ။ သူသည် သေသေချာချာ ပြင်ဆင်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူများ သေဆုံးသွားခဲ့သောကြောင့် သဲလွန်စကို ရှာမတွေ့ခဲ့ချေ။

"ကြည့်ရတာ ငါကိုယ်တိုင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားရမယ်နဲ့တူတယ်"

သူသည် သေသေချာချာ စဉ်းစားလိုက်၏။ အသက်ပြင်းပြင်း ရှုသွင်းပြီးသည့်နောက် အစီအရင်ကို အားကုန် ထိန်းချုပ်လိုက်၏။ ရေတွက်၍မရအောင် များပြားလှသော မိုးကြိုးများသည် ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးလေ၏။ ကြမ်းတမ်းလှသော အော်ရာများသည် အရာအားလုံးကို ဝါးမြိုသွားခဲ့၏။

သူတော်စင်ဘုရင်နှစ်ယောက်တို့သည် မည်သို့မှ မခုခံနိုင်ခဲ့ကြချေ။ အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ ၎င်းတို့သည် သန့်စင်ခံလိုက်ရပြီး အမှုန့်အဖြစ် ပြောင်းသွားခဲ့၏။ ထိခိုက်ထားသော သူတော်စင်ဘုရင်အဆင့် လက်နက်နှစ်ခုသာလျှင် မြေပေါ်သို့ ကျန်ရစ်ခဲ့၏။ သို့ပေမဲ့ အရောင်မှေးမှိန်နေပြီး ပျက်စီးသွားတော့မည့် ပုံစံမျိုးပင်။ သို့ပေမဲ့ သာမန်သူတော်စင်လက်နက်ထက်တော့ အနည်းငယ် ထိုက်တန်သေးသည်။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ကျေးဇူးတင်ရမယ်"

အမဲရောင် ဝတ်စုံနှင့် အဘိုးအိုသည် ဖြူလျော်နေသည့် မျက်နှာနှင့်အတူ မှတ်ချက်ပေးလိုက်၏။ သူသည် အစစ်အမှန် စွမ်းအင်အဆီအနှစ်များကို ထုတ်ဖော်ကာ ဖိနှိပ်ခဲ့ရသောကြောင့် အလွန် မောပန်းနေပြီ ဖြစ်၏။ တစ်ဖက်လူများ သေဆုံးသွားခဲ့သည် ဆိုလျှင်တောင် သူသည်လည်း မသက်သာလှချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်သာ မရရှိပါက ဤနေရာတွင် သေဆုံးမည်သူသည် သူသာဖြစ်ပေလိမ့်မည်။ သတင်းအချက်အလက်သည် သူ့ကို ကြီးမားလှသည့် သေတွင်းထဲမှ ဆွဲထုတ်ခဲ့သလိုပင်။

"ဘိုးဘေးကြီး အဆင်ပြေရဲလား" ကျန်းပိုင်ချွမ်းသည် လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာပြီး ဖေးမပေးလိုက်၏။

"အဆင်ပြေတယ်" အဘိုးအိုသည် လက်ကိုယမ်းခါပြီးသည့်နောက် ဖေးမပေးရန်မလိုကြောင်း လက်အမူအရာပြလိုက်သည်။

"ဘိုးဘေးကြီး … ဒီလူတွေ ဘယ်သူတွေလဲ သိလား" ကျန်းပိုင်ချွမ်းက မေးမြန်းလိုက်၏။

"ငါလည်း မသိဘူး။ ဒီလူတွေကို ဘယ်သူက ခိုင်းစေလဲဆိုတာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ပဲ သိလိမ့်မယ်" အဘိုးအိုသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

တစ်ဖက်လူသည် အလုံးစုံ ဖုံးကွယ်ကာ ရောက်ရှိလာခဲ့သောကြောင့် သေဆုံးသွားလျှင်တောင်မှ မည်သူတွေမှန်း မထုတ်ဖော်နိုင်ခဲ့ချေ။ ၎င်းတို့၏ အော်ရာများသည်လည်း ပြောင်းလဲသွားခဲ့သောကြောင့် ဆက်လက် စုံစမ်းရန်မှာ မည်သို့မှ မဖြစ်နိုင်တော့ချေ။

All Chapters