← Chapters

အခန်း (၁၈၉)

Vol. 13 Ch. 189

အခန်း (၁၈၉)

Vol. 13 Ch. 189

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှလူများ အန္တရာယ်အတွင်းမှ လွတ်မြောက်လာသည့် အချိန်မှာတော့ တခြားသော တုန်လှုပ်စရာ သတင်းများသည် တစ်လောကလုံးကို ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပြန့်နှံ့သွားခဲ့၏။

အင်ပါရီယန်ကလန်မှ အဖွဲ့ဝင်များသည် ပြန်လာသည့်လမ်းတွင် ခြုံခိုကာ တိုက်ခိုက်ခံခဲ့ရသည်။ သူတော်စင်ဘုရင်ငါးယောက်တို့နှင့် တိုက်ခိုက်ခဲ့ရပြီး အင်ပါရီယန် ရီကလန်အနေဖြင့် ဆိုးဆိုးရွားရွား ရှုံးနှိမ့်ခဲ့၏။ သူတော်စင်ဘုရင်နှစ်ယောက်နှင့် ရီချန်သာလျှင် အသက်ရှင်လျက် လွတ်မြောက်လာခဲ့ကြ၏။ ကျန်သူများ အားလုံးတို့သည် သေဆုံးခဲ့ကြသည်။

အင်ပါရီယန် လင်းကလန်နှင့် တခြားသူများသည်လည်း တောတန်းတစ်ခုကို ဖြတ်သန်းချိန်၌ ခြုံခိုတိုက်ခိုက် ခံခဲ့ရ၏။

အင်ပါရီယန်လင်းကလန်မှ သူတော်စင်ဘုရင်တစ်ယောက် သေဆုံးခဲ့ရ၏။ ဤကဲ့သို့သော အခြေအနေတွင် အင်ပါရီယန်လင်းကလန်မှ အကြီးအကဲ တော်ဝင်သူတော်စင်သာ မရောက်လာပါက အားလုံးတို့သည် သေမင်းတံခါးဝကို ဖြတ်သန်းရမှာ သေချာ၏။ အထူးသဖြင့် လင်းကျန်ပင်။

ရွှေကျီးကန်းကလန်မှ အကြီးဆုံးအိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့သည်လည်း မွန်းစတားနယ်မြေ၏ နယ်စပ်သို့ ရောက်သည့်အချိန်တွင် သူတော်စင်ဘုရင် သုံးယောက်၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ရွှေကျီးကန်းကလန်၏ ဘိုးဘေးတစ်ယောက် သေဆုံးခဲ့ရပြီး ရွှေကျီးကန်းကလန်၏ လက်ကျန် သူတော်စင်ဘုရင်နှစ်ယောက်သည် မင်းသားများကို ခေါ်ဆောင်၍ မိုင်သုံးသန်းအကွာသို့ ထွက်ပြေးခဲ့ရ၏။ ပွတ်ကာသီကာဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်၏။

ရှုပ်ထွေလူဝုကလန်မှ မျိုးဆက်သစ်များမှာတော့ သူတော်စင်ဘုရင်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရ၏။ ၎င်းတို့သည် ဝှက်ဖဲကို သုံးပြီး တော်ဝင်သူတော်စင်တစ်ယောက်၏ စိတ်ဆန္ဒကို ဆင့်ခေါ်ကာ ပြန်လည်တိုက်ခိုက်ခဲ့၏။ ထိုမှသာလျှင် တစ်ဖက်လူများသည် ဆုတ်ခွာသွားခဲ့ကြသည်။

ခွန်ဖန်ကလန်မှ မျိုးဆက်သစ်များသည်လည်း ထိုနည်းလည်းကောင်းပင်။ ရွှေတောင်ပံတော်ဝင်ဖန်းကလန်၏ ဘိုးဘေး တည်နေရာထဲသို့ ဖြတ်သွားသည့် အချိန်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သောကြောင့် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှ ဘိုးဘေးကြီးသည် လာရောက်ကာ ကယ်တင်ခဲ့ပေးခဲ့သည်။ ထို့ကြောင့်သာလျှင် ၎င်းတို့အသက်ရှင်ခဲ့ကြ၏။

ဤသတင်းများသည် ကျင့်ကြံခြင်း လောကတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးနောက် အားလုံးသောသူများကို အံ့အားသင့်စေခဲ့သည်။

ဘာတွေဖြစ်နေသနည်း။

လောကကြီးတစ်ခုလုံး ပြောင်းလဲတော့မည်လား။

မည်သူက သတ္တိကောင်းသော​ကြောင့် လူသားနှင့် မွန်းစတားကလန်များကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သနည်း။ တိုက်ခိုက်မှုသည် အမှန်ပင် ရိုးရှင်းလွန်းလှ၏။ မျိုးဆက်သစ်များကို သတ်ဖြတ်ချင်ပုံပေါ်၏။ အောင်မြင်သွားသည် ဆိုပါက ကောင်းကင်ပါရမီရှင်စာရင်းသည် ကြီးကြီးမားမား ပြောင်းလဲသွားမှာ သေချာ၏။ မျိုးဆက်သစ်များ မသေဆုံးခဲ့လျှင်တောင်မှ သူတော်စင်တော်တော်များများ သေဆုံးခဲ့သော​ကြောင့် ခြုံခိုတိုက်ခိုက်မှု သည် တကယ့်ကို အားအင်ယုတ်လျော့စေသည့် အခြေအနေမျိုးသို့ ရောက်ရှိစေခဲ့၏။

ဆုံးရှုံးမှုတိုင်းသည် မိမိ၏ အသားအရေကို လှီးဖြတ်သလိုပင် နာကျင်လွန်းလှ၏။ သေဆုံးသွားသော သူတော်စင်ဘုရင်များသည် ဂိုဏ်းတစ်ခု၏ အခြေခံကျင့်ကြံသူများလည်း ဖြစ်သည်။

များပြားလှသော ဆွေးနွေးမှုများ ပြုလုပ်ပြီးသည့်နောက် တစ်ချို့လောလူများသည် မွန်းစတားကလန်များ ပြုလုပ်ခြင်းဖြစ်ကြောင်းသုံးသပ်ခဲ့ကြ၏။ ထိုမှသာလျှင် အနာဂတ်တွင် လူသား ပါရမီရှင်များ ထပ်မ ံမပေါ်ပေါက်တော့မှာ ဖြစ်၏။ ပါရမီရှင်များ မရှိလျှင် မျိုးနွယ်စုတစ်ခုလုံး၏ အနာဂတ်သည် ပျောက်ကွယ်သွားမှာ ဖြစ်၏။

မွန်းစတားကလန်များကလည်း လူသားမျိုးနွယ်များပြုလုပ်ခြင်း ဖြစ်ကြောင်း ကောက်ချက် ချကြသည်။ သို့ပေမဲ့ ၎င်းတို့မထင်မှတ်ထားသည်မှာ အင်ပါရီယန်ရီကလန်နှင့် လင်းကလန်တို့သည် ဤကပ်ဘေးမှ လွတ်မြောက်ရန် ၎င်းတို့၏ ဝှက်ဖဲများကို ထုတ်ဖော်ကာ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလား။

မွန်းစတားကလန်များသည် ဒေါသအကြီးအကျယ် ထွက်လျက် ရှိနေ၏။ ထိပ်တန်းမွန်းစတားကလန်မှ ပါရမီရှင်များသည် လောက၏ အထက်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်တည်နိုင်ခဲ့သူများ ဖြစ်၏။ လူသားမျိုးနွယ်များသည် ထိုအရာကို ကျေနပ်ပုံမရဟု သူတို့က သုံးသပ်ထားကြသည်။

အင်ပါရီယန်ရီကလန်နှင့် အင်ပါရီယန်လင်းကလန်တို့ မည်သည့်ထိခိုက်မှုမှမရှိဘဲ လွတ်မြောက်သွားခဲ့သည့် အကြောင်းအရာကို သူတို့က သံသယဝင်လို့နေခဲ့၏။ မည်သို့ပင်ဆိုစေ ထိုအရာမှာ လူသားမျိုးနွယ်များ ကျိန်းသေပေါက် နောက်ကွယ်မှ ပြုလုပ်ထားသည့် အရာဟု သတ်မှတ်လိုက်ကြ၏။

ရွှေကျီးကန်းကလန်နှင့် ရန်သူများ တိုက်ခိုက်သည့် အချိန်တွင် ရန်သူများသည် လူသားမျိုးနွယ်၏ စွမ်းအင်အဆီအနှစ်များကို ထုတ်ဖော်ကာ အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ရ၏။ ထို့ကြောင့်ပင်လျှင် ၎င်းတို့၏ စိတ်ဒဏ်ရာသည် ပို၍ ကြီးမားလာခဲ့၏။ လူသားမျိုးနွယ်မှ မည်သည့်အဖွဲ့အစည်း ပြုလုပ်ခဲ့သည် ဖြစ်ကြောင်း မသိသော်လည်း အင်ပါရီယန် ရီကလန် သို့မဟုတ် ထို့ထက်ပိုမိုကာ အားကောင်းသော သူများ စုစည်းကာ အလုပ်လုပ်ခြင်းလည်း ဖြစ်နိုင်သည်။

ဤကိစ္စနှင့်ပတ်သက်၍ လူသားမျိုးနွယ်နှင့် မွန်းစတားကလန်များကြားတွင် ပိုမိုကာ တင်းမာလာခဲ့၏။

များပြားလှသည့် ကလန်အသီးသီးမှ ကျင့်ကြံသူများသည် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲကြီးကို စတင်ရန်အတွက် အသင့်ဖြစ်နေခဲ့၏။ ယနေ့အချိန်တွင် လူသားမျိုးနွယ်မှ ကျင့်ကြံသူတစ်ယောက်သာ သတ်ဖြတ်ခြင်း ခံခဲ့ရပါက မနက်ဖြန်တွင် လူသားများသည် မွန်းစတားနယ်မြေထဲသို့ ဝင်ရောက်ပြီး အားလုံးကို သတ်ဖြတ်မည့် အခြေအနေသို့ ရောက်ရှိနေသည်။

အ​ခြေအနေ ပိုမိုကာ ဆိုးရွားလာသည့် အချိန်မှာပဲ နောက်ထပ်သတင်းတစ်ပုဒ်ကလည်း ပေါ်ပေါက်လာခဲ့ပြန်၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ လူများသည် ပြန်လာရာလမ်းတွင် သူတော်စင်ဘုရင်နှစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ ရလာဒ်သည် အလုံးစုံကွာခြားလို့နေခဲ့၏။ ပြန်လည် ခုခံ တိုက်ခိုက်နိုင်ခဲ့သောကြောင့် တစ်ဖက်မှ သူတော်စင်ဘုရင်နှစ်ယောက်နှင့် အခြားသူများသည် သေဆုံးခဲ့ကြ၏။ သို့သော်ငြား မည်သည့်သဲလွန်စ အရိပ်အယောင်မှ မကျန်ခဲ့ချေ။

ထိုအရာသည် အားလုံးကို နဝေတိမ်တောင် ဖြစ်စေခဲ့၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် တကယ့်ပင် ခန့်မှန်း၍မရသော အားအင်အဆင့်သို့ ရောက်ရှိနေပြီလား။ အားကောင်းလှပါသည်ဆိုသော အင်ပါရီယန်ရီကလန်နှင့် လင်းကလန်ပင်လျှင် ထိခိုက်ခဲ့ရ၏။ ပြန်လည်တုံ့ပြန့်ရန် အခွင့်အရေးမရခဲ့ချေ။

အဘယ့်ကြောင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် သူတော်စင်ဘုရင်နှစ်ယောက်ကို သတ်ဖြတ်နိုင်ရသနည်း။ ဤသတင်းပြန့်နှံ့သွားသည့် အချိန်တွင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၌ သူတော်စင်ဘုရင် တစ်ယောက်တည်းသာ ရှိသည်ဟူသော သတင်းကလည်း ပြန်နှံ့သွားခဲ့၏။ သတင်းအရဆိုလျှင် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အစစ်အမှန်ဆိုလျှင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အဆုံးသတ်သည် ဆိုးရွားရပေလိမ့်မည်။

သို့ပေမဲ့ ဘာတစ်ခုမှ မဖြစ်သည့်အပြင် သူတော်စင်ဘုရင်နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် ဤအရာသည် အားလုံးသောသူများကို စိတ်ဝင်တစားဖြစ်စေခဲ့၏။

သေသေချာချာ စုံစမ်းကြည့်သည့် အချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့ဆီမှ မြစ်ဖျားခံခဲ့၏။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်၏ အဆိုအရဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ရန်သူများနှင့် ရင်ဆိုင်နေသည့် အချိန်တွင် ဂိုဏ်းချုပ်ဖြစ်သော ယန်ရှိုသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲတွင် ရှိနေသည်ဟူသော သတင်းပင်။ ယန်ရှိုသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှ ထွက်ခွာမသွားခဲ့ချေ။ ရံဖန်ရံခါမှသာ လမ်းလျှောက်ထွက်ပြီး ကောင်းကင်ပါရမီရှင်စာရင်းကို ကြည့်ရှုတတ်သည်။

ရေတွက်၍မရအောင် များပြားလှသည့် သူများသည် ထိုအရာကို ရုတ်တရက် နားလည်သွားကြပြီ ဖြစ်၏။ တခြား မည်သူမှ ကြီးကြီးမားမား ဒဏ်ရာမရခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် ကြိုတင်ကာ ပြင်ဆင်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုအရာသည် ကောင်းကင်လျို့ဝှက် နန်းဆောင်၏ လမ်းညွှန်ပြသမှုသာ ဖြစ်၏။ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည်သာ သတင်း အချက်အလက်များကို ကြိုတင်ကာ ပြောဆိုထားသည် ဆိုပါက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အားအင်အဆင့် သည် တိုးတက်သွားပေလိမ့်မည်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရန်မှာ ပြဿနာမရှိချေ။

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်၏ သတင်းသည် ပြန့်နှံ့သွားပြီးသည့်နောက် အင်ပါရီယန်ရီကလန်၊ လင်းကလန်၊ ရွှေကျီးကန်းကလန်နှင့် အခြားသောအားကောင်းလှသည့် အဖွဲ့အစည်းတော်တော်များများသည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ၎င်းတို့၏ လူများကို စေလွှတ်ခဲ့ကြ၏။ ၎င်းတို့ဘာသာ စဉ်းစားမည့်အစား ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို မေးလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့ပြင် ဤကိစ္စသည် အမှန်ပင် ဆန်းကြယ်လွန်းလှ၏။ လူသားနှင့် မွန်းစတားကြား တည်ငြိမ်နေသည့် အသည် ရုတ်တရက် စစ်ဖြစ်ပွားတော့မည့် အခြေအနေသို့ပင် ရောက်ရှိနေ၏။ ၎င်းတို့၏ လူငယ်မျိုးဆက်များသည် ပြည့်ပြည့်စုံစုံနှင့် ကြီးထွားမလာခဲ့ကြသေးချေ။ ထိုကဲ့သို့သော အခြေအနေတွင်တိုက်ခိုက်ခြင်းသည် အဆိုးဆုံး အခြေအနေ ဆီသို့ ဦးတည်စေပေလိမ့်မည်။

တခြားသော သိသာထင်ရှားသည့် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေခြင်းလည်း မဖြစ်နိုင်ချေ။ ထို့ပြင် လာရောက် တိုက်ခိုက်သည့် သူတော်စင်ဘုရင် အရေအတွက်ကိုကြည့်လျှင် အားကောင်းလှသော အဖွဲ့အစည်းဖြစ်ပုံပေါ်၏။ မည်သည့်အချိန်ကတည်းက စတင်တည်ရှိနေသည်ကို ၎င်းတို့သည် မသိရှိနိုင်ခဲ့ကြချေ။ သို့ပေမဲ့ ဤကဲ့သို့သော စွမ်းရည်များ တည်ရှိနေသည်ဆိုလျှင် လောကကြီးတစ်ခုလုံးကို တိုက်ရိုက် သိမ်းပိုက်လိုက်ရုံသာရှိသည်။ အဘယ့်ကြောင့် လူသားမျိုးနွယ်နှင့် မွန်းစတားမျိုးနွယ်များကြား ပဋိပက္ခများ ဖြစ်ပွားစေရန် ပြုလုပ်နေရသနည်း။

လက်ရှိအချိန်မှာတော့ အားလုံးတို့သည် တော်ဝင်သဲကန္တာရမြို့ဆီသို့ အလျင်အမြန် သွားရောက်ခဲ့ကြ၏။ ထိုထဲတွင် အင်ပါရီယန် ရီကလန်နှင့် တခြားသူများလည်း ပါဝင်ခဲ့ကြ၏။ စွမ်းအားဖြင့် ဂိုဏ်းများသည်လည်း အရေးတကြီး ရောက်ရှိလာခဲ့ကြ၏။

တော်ဝင်သဲကန္တာရမြို့သည် လောကကြီး၏ အလယ်ဗဟိုကဲ့သို့ပင် စည်ကားလွန်းလှ၏။ လမ်းထဲတွင် ဖြတ်လျှောက်သွားချိန်တွင် သူတော်စင်တစ်ပါးနှင့် တွေ့ဆုံသည်ဆိုသည်မှာ သာမန်ပင် ဖြစ်၏။ နေရာတစ်ခုတွင် ထိုင်၍ လက်ဖက်ရည်သောက်နေသူများသည်လည်း သူတော်စင်ဘုရင်များ ဖြစ်နေနိုင်သည်။

All Chapters