← Chapters

အခန်း (၁၉၂)

Vol. 13 Ch. 192

အခန်း (၁၉၂)

Vol. 13 Ch. 192

ဝူဝူရှမ်၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် တာအိုရောင်းရင်းရန်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ရွှဲ့ရန် ၏ စွမ်းရည်နှင့် ပတ်သက်၍ သွေးနတ်ဆိုးလောကကြီးထဲတွင် သူတော်တော် ယုံကြည်ချက် ရှိ၏။ ရွမ်ယွမ် ဆိုသည့် နာမည်သည် ဤလောကကြီးထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုသည် တူညီသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည့်လူတစ်ယောက် ဖြစ်၏။ အလုံးစုံသော အခွင့်အာဏာကို ပိုင်ဆိုင်သည်ဟု ပြောဆိုရမည်။ သူပြောခဲ့၊ ဆိုခဲ့သည့် အရာအားလုံးသည် အနာဂတ်တွင် မဖြစ်မနေ ဖြစ်လာနိုင်သည့် အရာမျိုးပင်။ တစ်စုံတစ်ယောက် ဒုက္ခရောက်မည်ဟု ပြောဆိုသည်ဆိုပါက ထိုလူသည် ကျိန်းသေပေါက် ဒုက္ခရောက်သည်။

ထို့ကြောင့် အားလုံးသော သူတို့၏ မျက်လုံးထဲတွင် ရွှဲ့ရန် နှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်တို့သည် တူညီသည့် အဆင့်အတန်းတွင် တည်ရှိပြီး တူညီသည့် စွမ်းဆောင်ရည်နှင့် လူများသာလျှင် ဖြစ်တော့၏။

ထိုနှစ်ယောက် စီးချင်းထိုးခြင်း ဆိုသည်မှာ လေဟာနယ်ထဲတွင် စစ်တုရင် ကစားခြင်းနှင့် ဆင်တူ၏။ စိတ်လှုပ်ရှားစရာ ကောင်းလှသည့် အရာပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လှုပ်ရှားမှု တစ်ခုတည်းကပင် သေကွင်းသေကွက်ကဲ့သို့ ဖြစ်နိုင်၏။ အမှားအယွင်း အနည်းငယ်သည် အလုံးစုံသော ဆုံးရှုံးမှုဆီသို့ ဦးတည် သွားနိုင်စွမ်း ရှိပေတော့မည်။

လက်ရှိ အခြေအနေမှာတော့ ရွှဲ့ရန်သည် အမှောင်ထဲတွင် တည်ရှိနေပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မှာတော့ အလင်းထဲတွင် တည်ရှိနေ၏။ အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ရွှဲ့ရန်သည် အထက်စည်းမှ ရောက်ရှိနေတာ သေချာ၏။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဝှက်ဖဲများကို တခြားသူများ မသိအောင် ကြိုတင်ကာ တွက်ချက်နိုင်သည် ဆိုပါက အနာဂတ် ရင်ဆိုင်ရချိန်တွင် အသာစည်း ရနေမည် မဟုတ်ပါလား။

ရွှဲ့ရန်သည်သာ အသာစီး ရနေမည်ဆိုပါက သူတို့ သွေးနတ်ဆိုးကလန် တစ်ခုလုံး အသာစီးရနေသည်ဟု သတ်မှတ်ရမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် နောက်ထပ် လှမ်းရမည့် ခြေလှမ်းများအတွက် ပိုမိုကာ လွယ်ကူသွား ပေလိမ့်မည်။

“အားလုံးပဲ .. နည်းနည်းနောက်ဆုတ်” ရွှဲ့ရန်သည် လက်ကို ယမ်းခါလိုက်၏။ ပြောပြောပြီးချင်းမှာပဲ .....

ဖြောက် ဖြောက် ဖြောက်

ဟောခန်းအတွင်းတွင် အားလုံးသော သူတို့သည် အနောက်ကို ဆုတ်လိုက်၏။ အရှေ့တွင် တည်နေရာ အကျယ်ကြီး တစ်ခုကို ဖန်တီးပေးခဲ့သည်။

ရွှဲ့ရန်သည် လက်တစ်ဖက်ကို နောက်ပစ်ကာ လက်တစ်ဖက်ဖြင့် ကျိုင်းတုတ်ကိုကိုင်ပြီး တစ်လှမ်းချင်း လျှောက်လာ ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အချိန်မရွေး ပြိုလဲတော့မည် ပုံဟန်မျိုးပင်။ အားလုံးသော သူတို့သည် ရွှဲ့ရန်ကို လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အချိန်မရွေး သေဆုံးသွားတော့မည် ဟန်ပန်မျိုး ဖြစ်နေ၏။ ယိုင်တိယိုင်တိုင်နှင့် ရွှဲ့ရန်ပင်။

“အင်း”

လက်ညှိုးကို အသာညွှန်ပြီးသည့်နောက် ရွမ်ယွမ်သည် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။ တခြားသော လက်တစ်ဖက်နှင့် သူသည် စည်းသင်္ကေတများကို ဖန်တီးပြုလုပ်၏။ တောက်ပလှသည့် အနီရောင် အလင်းတန်းများ ဖြစ်ပေါ်လာခဲ့ပြီး ဟောခန်းကြီး တစ်ခုလုံး၌ ရှုပ်ထွေးလှသည့် အနီရောင်စည်းသင်္ကေတများ ပေါ်ပေါက်လာ၏။

လက်ရှိ အခြေအနေမှာတော့ ပတ်ဝန်းကျင် လေဟာနယ်ကြီး တစ်ခုလုံးသည် ချက်ချင်းပင် ခြောက်သွေ့လာခဲ့ ကြသည်။ အားလုံးတို့သည် ဘာမှန်းမသိသည့် တည်နေရာကြီးတစ်ခုထဲသို့ ရောက်ရှိသွားသည့်ပုံပင်။ အချိန်သည် လည်း ရပ်တန့်နေသည်။

“ဒါ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တာလား” ဝူဝူရှမ်၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် မယုံကြည်နိုင်လောက်အောင်ပင် အံ့အားသင့်မိနေသည်။ ဤကဲ့သို့ နည်းလမ်းများ ကို အသုံးပြုခြင်းအား သူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။

“ကောင်းကင်၏ အတတ်ပညာ၊ စကြဝဠာ၏ တန်ပြန်မှု”

ပေါ့ပေါ့ပါးပါးဖြင့် တစ်ချက်အော်ပြီးသည့်နောက် ရွှဲ့ရန်သည် သူ၏ လက်ချောင်းထိပ်ကို ကိုက်လိုက်၏။ သွေးစက်များသည် အစီအရင်ထဲသို့ ကျဆင်းသွားခဲ့ပြီး လေဟာနယ်တစ်ခုလုံး၌ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သည့် အသံများ ပေါ်ပေါက်လာသည်။

ဟောခန်းထဲတွင် သွေးနီရောင်ကျောက် တစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ထိုကျောက်သည် အားလုံးသော သူများကို ကြီးမားလှသည့် ဖိအားများ ဖြစ်တည်စေခဲ့တော့၏။ ကျောက်တုံးနှင့် ၎င်း၏ သွေးအစက်တို့ ပေါင်းစပ်ပြီးသည့်နောက် ရွှဲ့ရန်၏ စိတ်တစ်ခုလုံးသည် တည်ငြိမ်လာ၏။ သူသည် မျက်လုံးကို စုံမှိတ်ထားပြီး သူ၏ ဝိညာဉ်သည် ကျောက်နှင့် တသားတည်း ဖြစ်တည်လာ၏။

လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးကို သူက စတင်ရှာဖွေလိုက်၏။ သူသည် တခြားသော အသင်္ချေ များပြားလှသည့် သက်ရှိများ၏ ပုံရိပ်အား တစ်ခုချင်းစီ ကြည့်ရှုနေ၏။ အချိန်အတော်ကြာ ပြီးသည့်နောက် သူသည် တစ်လောကလုံးရှိ သတင်းအချက်အလက်များကို ကြည့်ရှုပြီးဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ၏ သတင်းအချက်အလက်များကို ရှာမတွေ့ရှိခဲ့ချေ။

“ဘာတွေဖြစ်နေတာလဲ”

ရွှဲ့ရန်သည် မျက်လုံးကို ဖွင့်လိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ပတ်သက်သည့် သတင်းအချက် ဟူ၍ တစ်ခုတစ်လေမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဤလောကထဲတွင် တည်ရှိနေသည့် လူတစ်ယောက် မဟုတ်ဆိုသည့် အဓိပ္ပာယ် ပေါ်နေသည် မဟုတ်ပါလား။

“အတိတ်ကို ဖျက်ထားတာလား။ ဒါမှမဟုတ် ဖုံးကွယ်ထားခဲ့တာလား” ရွှဲ့ရန် မျက်လုံးများသည် လေးနက်လာခဲ့၏။ ဖုံးကွယ်ထားသည်ဆိုပါက သူ့အနေနှင့် အနည်းငယ် အားစိုက်ထုတ်ကာ ရှာနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ဖျက်ထားသည်ဆိုသည်မှာတော့ အဓိပ္ပာယ် ခြားနားသွားခဲ့ပြီဖြစ်၏။ သူကိုယ်တိုင်ပင် ထိုကဲ့သို့သော နည်းလမ်းများကို အသုံးမပြုနိုင်ချေ။ တကယ့်ကို ဒဏ္ဍာရီလာ လူများဆီမှ ကြားဖူးခဲ့သည့် အကြောင်းအရာသာလျှင် ဖြစ်၏။

“တာအိုရောင်းရင်းရန် .... ဘာကိစ္စလဲ”

ရွှဲ့ရန်တစ်ယောက် မျက်လုံးပွင့်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ဝူဝူရှမ်သည် ရှေ့ဆီသို့ လှမ်းတက်ကာဖြင့် အားတက်သရော မေးမြန်းလိုက်သည်။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က လူသားမျိုးနွယ်ရဲ့ အဖွဲ့ဝင်လား။ မွန်းစတားမျိုးနွယ်ရဲ့ အဖွဲ့ဝင်လား။ ဒါမှမဟုတ် တခြား မျိုးနွယ်တစ်ခုခုရဲ့ အဖွဲ့ဝင်လား။ သူဘယ်လောက် အားကောင်းလဲ”

အသက်တစ်ရှိုက်စာ အတွင်းမှာပဲ ဝူဝူရှမ်သည် များပြားလှသည့် မေးခွန်းများကို မေးမြန်းခဲ့၏။ မေးခွန်းတစ်ခု တိုင်းသည်လည်း အလွန်တရာ အရေးကြီးလွန်းလှ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်ဆိုပါက အနာဂတ်တွင် သူ့အနေနှင့် ပြဿနာရှာ၍ မဖြစ်နိုင်ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ လူသားတစ်ယောက် ဖြစ်သည်ဆိုပါက သူ့အနေနှင့် လူသားများကို ပြဿနာရှာမည် မဟုတ်ပေ။ တစ်ဖက်လူသည် မွန်းစတားတစ်ယောက် ဖြစ်သည်ဆိုပါက မွန်းစတားများကို ပြဿနာ မရှာပေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မည်သည့် နေရာတွင်ဖြစ်ဖြစ် သွေးနတ်ဆိုးကလန်သည် ကျိန်းသေပေါက် ထိုသူတည်ရှိရာဘက်သို့ လှုပ်ရှားတိုက်ခိုက်မည် မဟုတ်ချေ။

သွေးနတ်ဆိုးကလန်အနေနှင့် တစ်ဖက်လူကို သူတို့၏ ကလန်ဆီသို့ ခေါ်ဆောင်နိုင်စွမ်းရှိပါက အကောင်းဆုံး အခြေအနေမျိုး ဖြစ်မှာသေချာ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ သူတို့ဘက်ခြမ်းသို့ ရောက်သည် ဆိုပါက သွေးနတ်ဆိုးကလန် တစ်ခုလုံး၏ အခြေအနေသည် တခြားသော အဆင့်တစ်ခုဆီသို့ တိုးတက်သွားမည် ဆိုသည်မှာ ယုံမှားသံသယရှိစရာပင် မလိုချေ။

“ဟမ်”

ရွှဲ့ရန်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။ သူသည် အသာခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ် စွမ်းအားကင်းမဲ့ခဲ့တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ ရှာမတွေ့ဘူး။ သူ့ရဲ့ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးက ဗလာဟင်းလင်းပဲ။ သူက ဒီလောကကြီးက ပိုင်ဆိုင်တဲ့လူ မဟုတ်သလိုပဲ”

“ဘယ်လိုဖြစ်နိုင်မှာပဲ”

ဝူဝူရှမ်သည် မယုံကြည်နိုင်သလို ဖြစ်သွား၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် နေထိုင်နေသည့်လူသည် သက်ရှိလူတစ်ယောက် ဖြစ်သည်မဟုတ်ပါလား။ အဘယ်ကြောင့် တွက်ချက်၍ မရနိုင်သနည်း။ ရွှဲ့ရန်၏ စွမ်းရည်သည် လုံလောက်အောင် အားမကောင်းခြင်းများ ဖြစ်နေမည်လား။

“ကျုပ် ထပ်ပြီး ကြိုးစားကြည့်မယ်”

သူ့အား ဝိုင်းကာ ကြည့်ရှုနေသည့် အထင်အမြင်သေးသော အကြည့်များကို မြင်ရသည့်အချိန်မှာတော့ ရွှဲ့ရန်သည် အံကိုကြိတ်ကာဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် အစစ်အမှန် ကျန်းချီများကို စုစည်းကာဖြင့် လေဟာနယ်ထဲသို့ လက်ညှိုးညွှန်လိုက်ပြန်သည်။

ဆန်းကြယ်လွန်းလှသည့် နတ်ဘုရားချိန်းကြိုးများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုအရာများသည် လိမ်ယှက်လျက် ရှိနေပြီး နတ်ဘုရား၏ နိယာမ စွမ်းရည်များကို ဖန်တီး ထုတ်ဖော်နေ၏။ အနီရောင်အလင်းတန်းများ ထွန်းတောက်လာခဲ့ပြီးသည့်နောက် ဝေဝါးလျက် ရှိနေသည့် ကောင်းကင်၏ လျှို့ဝှက်ချက်များ သည် ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာခဲ့၏။

...............

တချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာတော့ လီယွင်သည် လျှို့ဝှက်နယ်မြေ ပွင့်သွားပြီးနောက် ရရှိခဲ့သည့် ကောင်းကင်လျှို့ဝှက်ချက်များကို ရေတွက်လျက် ရှိနေ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏စိတ်ထဲ၌ အသံတစ်သံ ပေါ်ပေါက်လာသည်။

[ဒင်.... တစ်စုံတစ်ယောက်သည် လက်ခံသူ၏ သတင်းအချက်အလက်ကို တွက်ချက်လျက် ရှိနေသည်ဟု စနစ်က အာရုံခံမိ၏။ လက်ခံသူ မည်ကဲ့သို့ ကိုင်တွယ်မည်နည်း။ အတည်ပြုပါ]

“ဟမ်”

လီယွင်သည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် တီးတိုးရေရွတ်လိုက်၏။ “တစ်စုံတစ်ယောက်က ငါ့အကြောင်း သတင်းအချက်အလက်တွေကို တွက်ချက်နေတယ် ဟုတ်လား။ စနစ်... ဒါကိုလည်း သိရှိနိုင်တာလား”

[လက်ခံသူ စိတ်ချပါ။ လောကအသီးသီးမှာ ရှိနေတဲ့ ကောင်းကင်တာအိုတွေတောင်မှ လက်ခံသူကို အာရုံခံနိုင်စွမ်း

မရှိဘူး။ သာမန်ကျင့်ကြံသူတစ်ယောက်က လက်ခံသူရဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုမှ တွက်ချက်လို့ ရမှာ မဟုတ်ဘူး]

ဤစကားလုံးတွင် အားလုံးသော သူများအား အထင်အမြင်သေးသည့် အရိပ်အယောင်များ ပါဝင်လျက် ရှိသည်။

“တွက်ချက်လို့ မရဘူးဆိုမှတော့ ဘာလုပ်ရမယ်ဆိုတာကို ဘာလို့ လာမေးနေသေးတာလဲ။ ဒါနဲ့ အဝေးတစ်နေရာက နေပြီးတော့ သတ်ဖြတ်နိုင်တဲ့စွမ်းရည် မင်းဆီမှာ ရှိလို့လား” လီယွင်၏ မျက်လုံးများသည် လင်းလက်သွား၏။ စနစ်တွင် ဤကဲ့သို့သော လုပ်ဆောင်နိုင်မှုမျိုး ရှိကြောင်း သူ အရင်တုန်းက သတိမပြုမိခဲ့ချေ။

All Chapters