ကျန်းချွမ်းကျောင်းရဲ့သင်ခန်းစာ
Vol. 16 Ch. 265
ကျန်းချွမ်းကျောင်းနဲ့ လိုင်ဝူချန်က စားသောက်ဆိုင်ကိုသွားတဲ့လမ်းတလျှောက်လုံး ပရောပရည်လုပ်နေခဲ့ကြသည်။ သူတို့က ဒီစားသောက်ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တွေပဲဖြစ်သည်။ သူတို့နှစ်ယောက်ရောက်လာတာနဲ့ ဆိုင်ရှင်သူဌေးက အပြုံးတစ်ခုဖြင့်၊ “ဘာများအလိုရှိပါသလဲ? ကျွန်မတို့မှာ ဒီနေ့အခွံပျော့လိပ်ရှိတယ်။ စိတ်မပူပါနဲ့၊ ကျွန်မရဲ့ အချက်အပြုတ်စကေးက အရမ်းကောင်းတယ်။ အံ့ဩဖို့ကောင်းတဲ့ဟင်းတစ်ပွဲဖြစ်အောင်လုပ်ပေးမယ်”
ကျန်းချွမ်းကျောင်းက ခေါင်းညိတ်လိုက်ပြီး၊ “အိုခေလေ!”
သူမက ဈေးမေးမနေခဲ့ပေ။
လိုင်ဝူချန်ရဲ့ မျက်နှာထားကတော့ နည်းနည်းမဲ့နေလေပြီ။
အခွံပျော့လိပ်က အရမ်းဈေးကြီးသည်။ ပြီးတော့ သူတို့၎င်းကို ကုန်အောင်မစားနိုင်ပေ။ ဘာပဲဖြစ်ဖြစ် သူက အံကြိတ်လိုက်ပြီး နောက်ဆုံးမှာသဘောတူလိုက်သည်။ ပြီးတော့ သူဟင်းနည်းနည်းထပ်မှာလိုက်သည်။
ဘော့စ်ထွက်သွားသည်နှင့် ကျန်းချွမ်းကျောင်းက မပျော်မရွှင်နဲ့၊ “ရှင်ဘာဖြစ်နေတာလဲ? လူတွေအနားမှာရှိတဲ့အချိန် ကျွန်မနားမကပ်လာဖို့ ရှင့်ကိုပြောမထားဘူးလား?”
လိုင်ဝူချန်က မလည်မဝယ်ဖြင့်၊ည“ငါလည်းမကပ်ချင်ပါဘူး။ ဒါပေမယ့် ငါအကြာကြီးစောင့်နေရတာလေ။ ပြီးတော့ ဗိုက်လည်းဆာနေပြီ”
၎င်းကိုကြားပြီးတော့ ကျန်းချွမ်းကျောင်းက၊ “ကောင်းပြီလေ ကျွန်မမှားတာ။ စားကြစို့”
ကျန်းချွမ်းကျောင်းနဲ့ လိုင်ဝူချန်တို့ စားသောက်ဆိုင်မှ ထွက်သွားခဲ့သည်။ သူတို့က မိုတယ်တစ်ခု ရှာဖို့စဉ်းစားထားသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့စားသောက်ဆိုင်ကနေထွက်လာတာနဲ့ ကျန်းချွမ်းကျောင်းနဲ့ လိုင်ဝူချန် က တခုခုမှားနေသလို ခံစားရသည်။ ကျန်းချွမ်းကျောင်းရဲ့ခေါင်းကပူထူလာပြီး အားအင်ချည့်နဲ့လာသလို ခံစားလိုက်ရသည်။
ခနကြာပြီးတော့ သူမဘေးက ယောက်ျားကို အတင်းအကြပ်ဆွဲလိုက်ပြီး သူ့ကိုနမ်းလိုက်သည်။ ထိုလူကလည်း ကြင်ကြင်နာနာတုံ့ပြန်လိုက်သည်။
ဈေးထဲကလူများ အံ့ဩကုန်ကြသည်။ ထိုစုံတွဲနားမှလူများ ဆုတ်ခွာသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အဝေးကြီးတော့မသွားကြပေ။ သူတို့က ထိုစုံတွဲနားမှာ ဝိုင်းနေလိုက်ကြသည်။ အားလုံးက သွေးပူနေတဲ့စုံတွဲကိုမြင်ပြီး ပဟေဠိဖြစ်ကုန်ကြသည်။ တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားမှုခပ်ရေးရေးလည်းပေါ်လာသည်။
ကလေးတချို့လည်းရပ်ကြည့်နေကြသည်။ သူတို့တွေက အကောင်သေးတော့ လူအုပ်ကို လျင်လျင်မြန်မြန်တိုးဝှေ့ဝင်လာကြသည်။ ပြီးနောက် သူတို့က အံဩပြီး နားမလည်သည့်ပုံဖြင့်၊ “ဟေး ဒီလူကြီးနှစ်ယောက်က ဘာလို့ တစ်ယောက်ကိုတစ်ယောက်ဖက်နေကြတာလဲ?”
ကလေးတွေရဲ့မိဘတွေက သဘောပေါက်သွားပြီး ချက်ချင်း သူတို့ကလေးတွေကို ပြေးခေါ်သွားကြသည်။ သူတို့ကလေးတွေရဲ့မျက်လုံးတွေကို အုပ်ထားပြီးတော့ “ဒီကောင်လေးတွေတော့၊ မင်းတို့ကြည့်လို့မရဘူး!” ပြီးနောက် သူတို့ကလေးတွေကိုခေါ်ပြီး လူအုပ်နောက်တွင် ရပ်နေလိုက်ကြသည်။
လူတွေပိုမိုစုဝေးလာသည်။ လေထုကလည်း ပိုပြိး အသက်ဝင်လာသည်!
ထို့ပြင် ဒီနေ့က ဈေးနေ့လည်းဖြစ်လို့ ရွာနီးနားစပ်ကလူတွေလည်း ရှင်းအန်းမြို့မှာ စုဝေးနေကြသည်။ ကျေးလက်ဘက်ကလူတွေက အချင်းချင်း သိနေတတ်ကြသည်။
“နေဦး အဲ့ဒါကျန်းသာ့ထိုရဲ့သမီး ကျန်းချွမ်းကျောင်းမဟုတ်ဘူးလား? သူဘာတွေလုပ်နေတာလဲ? ရူးများသွားသလား? ဒါတော်တော်ရှက်ဖို့ကောင်းတာပဲ!”
“ကျန်းသာ့ထို? သူက ရှားပါ့ရွာကမှတ်လား?”
“ဟုတ်ပါ့!”
“သူ့သမီးက ထောင်ယွမ်ရွာမှာ လက်ထပ်ထားတာမဟုတ်ဘူးလား?”
“ဟုတ်တယ်လေ”
“ကျစ် ကျစ်၊ သူတို့ကနေ့ခင်းကြောင်တောင်ကြီးဘာလုပ်နေကြတာလဲ? ဒါနဲ့ သူ့ဘေးက အဲ့ဒီယောက်ျားက ဘယ်သူလဲ?”
“ကြည့်ရတာတော့ ရှန်ပါးရွာက လိုင်ဝူချန်နဲ့တူတယ်” “လိုင်ဝူချန်? သူ့မိန်းမနဲ့ ကလေးတွေကို ရိုက်တဲ့ကောင်လား?”
“ကြည့်ရတာတော့သူနဲ့တူတယ်”
“အိုး ငါခုမှတ်မိသွားပြီ၊ ကျန်းသာ့ထိုရဲ့သမီး လက်မထပ်ခင်က လက်ထပ်ပြီးသားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ဖူးပြီး အဲ့ယောက်ျားရဲ့မိန်းမဆီကနေ အိပ်ယာထဲမှ အမိခံလိုက်ရတယ်။ ဒါကအရင်ကတော့ ပူပူနွေးနွေးသတင်းပဲ။ သူ့သမီးရဲ့ဂုဏ်သတင်းကကျသွားတော့ ဘယ်သူမှသူ့ကို လက်မထပ်ချင်ကြတော့ဘူး။ အဲ့ဒါကြောင့် သူတို့က ငါတို့ခရိုင်က အဆင်းရဲဆုံးရွာဖြစ်တဲ့ ထောင်ယွမ်ရွာက လူကြီးတစ်ယောက်နဲ့လက်ထပ်ပေးခဲ့တယ်”
“အမှန်ပဲ ဘာပဲဖြစ်ဖြစ်၊ ငါတော့ အဲ့ဒီမိန်းမ ထောင်ယွမ်ရွာကိုပြောင်းသွားပြီးတာတောင် ခြေမငြိမ်သေးဘူးလို့ကြားတယ်။ ဆက်ပြီးတော့ တိတ်တိတ်ပုန်းလုပ်နေတုန်းပဲ”
“အဲ့ဒီတော့ အဲ့လူက လိုင်ဝူချန် ပေါ့?”
“သူပဲ၊ လိုင်ဝူချန်က လူသိများတဲ့ ကလိမ်ကကျစ်ကောင် သူ့မှာမိန်းမနဲ့ ကလေးတွေရှိတယ်။ သူကတော်တော်လည်းချမ်းသာသေးတယ်။ ကျန်းသာ့ထိုရဲ့သမီးကလက်ထပ်ပြီးတော့ သူ့ကိုစွန့်ပစ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကြည့်ရတာတော့ အဲ့လိုမဟုတ်ဘူးနဲ့တူပါတယ်”
ဒီလူတွေက အကုန်သိနေကြသည်။
ရှောင်ကျန်းပြောသလိုပဲ။ သူတို့က မျက်စိမှိတ်ပေးထားကြရုံသာဖြစ်သည်။
“ဒါပေမယ့် သူတို့နှစ်ယောက်က ဘယ်လိုဖြစ်နေကြတာလဲ? ဘာပဲဖြစ်ဖြစ် ဒါမျိုးတော့လုပ်မနေသင့်ဘူးလေ။ တော်တော်ရှက်ဖို့ကောင်းတာပဲ!”
အဲ့ဒီနေ့က ရှင်းအန်းမြို့သို့လာသည့် ထောင်ယွမ်ရွာမှရွာသားများရှိသည်။ လျိုအာယင်း၊ ကျန်းချိုးရှန်၊ ချန်ချွမ်းရှို့နဲ့ တခြားသူတွေက အုတ်အုတ်သဲသဲဖြစ်နေတာကိုကြားတော့ လာကြည့်ကြသည်။ ဒါပေမယ့်လည်း လူအုပ်ကြီးရဲ့နောက်မှာ ပိတ်ဆို့ခံလိုက်ရသည်။ သူတို့တွေ သိုင်းဖက်ထားတဲ့ခြေလက်တွေကိုပဲမြင်လိုက်ပြီး မျက်နှာတွေကိုတော့မမြင်လိုက်ရပေ။
ချန်ချွမ်းရှို့က ချက်ချင်းမေးလိုက်သည်။ “ဟယ် ဒါတော်တော်ရှက်ဖို့ကောင်းတာပဲ။ ဒီနှစ်ယောက်က ဘယ်သူတွေလဲ? သူတို့ကဘယ်ရွာကလဲ?”
ပြီးနောက် သူတို့က ၎င်းမှာ ကျန်းသာ့ထိုရဲ့သမီးမှန်း ကြားလိုက်ကြသည်။ မိန်းမတချို့က အချင်းချင်းကြည့်လိုက်ကြသည်။ “နေဦး ကျန်းသာ့ထိုရဲ့သမီး ကျန်းချွမ်းကျောင်းမလား?”
ပြီးနောက် တစ်ယောက်က သက်ပြင်းချလိုက်ပြီး၊ “ဒါကျန်းချွမ်းကျောင်းတော့မဖြစ်နိုင်လောက်ပါဘူး။ ဟုတ်တယ်မဟုတ်လားဟေ?”
“သွားကြည့်ကြရအောင်!” သူတို့က လူအုပ်ကိုဖြတ်ပြီး ရှေ့ကိုရောက်သွားသည်။
အမျိုးသမီးရဲ့မျက်နှာကိုမြင်တော့ သူတို့ပင့်သက်ရှိုက်လိုက်ပြီး “ဘုရားရေ၊ ဒါတကယ် ကျန်းချွမ်းကျောင်းပဲဟေ့!”
ကျန်းချွန်းရှန်က ရှက်သွားပြီးပြောလိုက်သည်။ “သူဘာတွေလုပ်နေတာလဲ? သူရူးများသွားသလား?”
ကျန်းချွမ်းကျောင်းက ဒီလိုလက်ခံနိုင်ဖွယ်မရှိတဲ့ ရှက်ဖို့ကောင်းတဲ့အရာမျိုးကို လူမြင်ကွင်းမှာလုပ်နေလိမ့်မယ်လို့ သူတို့တစ်ခါမှမတွေးခဲ့ဖူးကြပေ။
“ငါတို့ခုဘာလုပ်ကြမလဲ?” လျိုအာယင်းက စိုးရိမ်တကြီးမေးလိုက်သည်။ “ငါတို့ သူတို့ကိုသွားဆွဲလိုက်သင့်လား?”
ချန်ချွမ်းရှို့က ခပ်ပြတ်ပြတ်ဖြင့် “ဘယ်လိုလုပ်မှာလဲ? နှစ်ယောက်က ကော်လိုကပ်နေတာ။ ပြီးတော့ ငါတို့သွားကူရင်လည်း ငါတို့လည်းအရှက်ရမှာပဲ”
“ဒါပေမယ့်...” ကျန်းချွမ်းရှန်က စုံတွဲကို ဆွံ့အစွာနဲ့ ညွှန်ပြလိုက်သည်။
“ငါတော့ ငါ့ကိစ္စငါပဲ စိတ်ဝင်စားတော့မယ်။ နင်ကူညီချင်ရင်တော့သွားပေါ့” ချန်ချွမ်းရှို့က ပြောလိုက်သည်။
တခြားသူတွေကလည်း အချင်းချင်းကြည့်ပြီး ချန်ချွမ်းရှို့ပြောတာ အဓိပ္ပာယ်ရှိသည်ဟု လက်ခံလိုက်ကြသည်။
ကျန်းချွမ်းကျောင်းအတွက် သူတို့ဘာလို့ နာမည်အထွက်ခံရမှာလဲ?
ထိုအချိန်တွင် စိတ်တိုနေပုံရသည့် ယောက်ျားတစ်ယောက်က ဒေါသတကြီးပြေးလာသည်။ သူ့လက်ကိုမြှောက်ပြီး အမျိုးသမီး၏မျက်နှာကိုရိုက်ချလိုက်သည်။
ကျန်းချွမ်းကျောင်းက သူမမျက်နှာ ပူထူသွားသည်ကို ခံစားမိလိုက်သည်။ သူမ ရှောင်ဖူချီရဲ့ စိတ်တိုနေတဲ့မျက်နှာထားကိုမြင်တော့ ချက်ချင်းဆူပူလိုက်သည်။ “ရှောင်ဖူချီ ရှင်ရူးနေလား?”
ရှောင်ဖူရဲ့မျက်နှာနီရဲလာပြီး ဒေါသတကြီးအော်လိုက်သည်။ “မင်းကမှရူးနေတာလေ! ဘာလို့ဘေးဘီကိုမကြည့်တာလဲ?”
ကျန်းချွမ်းကျောင်း ကြည့်လိုက်သည်။ သူမက လူအုပ်နဲ့ သူမဘေးက ယောက်ျားနှစ်ယောက်ကိုမြင်လိုက်သည်... “အား!” ၎င်းက ကမ္ဘာကြီးတုန်ခါသွားစေလောက်တဲ့ အော်ဟစ်မှုကြီးပဲ!
***