အလုံးစုံအသရေပျက်ခြင်း
Vol. 16 Ch. 266
“အကြီးဆုံးသခင်လေး၊ ကိစ္စက အခြေခိုင်သွားပြီ!” ထောင်ယွမ်ရွာသို့ပြန်လာတဲ့ ရှောင်ကျန်းက ကုန်းထျန်းဟောက်ကို အစီရင်ခံလိုက်သည်။ “ကျွန်တော် သူတို့ကို ကာမအားတိုးဆေးအမှုန့်သုံးခဲ့တယ်။ သူတို့ လမ်းပေါ်မှာ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြပြီ!”
ကုန်းထျန်းဟောက်က အေးစက်စက်အပြုံးတစ်ခုဖြင့်၊ “အဲ့မိန်းမက အမြဲတမ်း ရှောင်မိသားစုကို ဒုက္ခတွေသယ်လာပေးတာ။ ငါတို့မြို့တော်မှာသာဆိုရင် ငါသူ့ကို အာဖရိကကိုပို့ပြီးလောက်ပြီ။ သူ ရှောင်မိသားစုရှေ့တောင် ပေါ်လာလို့ရမှာမဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ကထောင်ယွမ်ရွာမှာလေ။ သူဒီတိုင်းပဲပျောက်သွားရင် ရှောင်မိသားစုကို ဒုက္ခတွေ့စေလိမ့်မယ်”
ရှောင်ကျန်းက ခနစဉ်းစားပြီးနောက်၊ “သခင်လေး ဒီသင်ခန်းစာနဲ့ဆို အဲ့ဒီမိန်းမအတွက် လုံလောက်သွားပြီမလား?”
“လုံလောက်ဖို့ အဝေးကြီးလိုသေးတယ်!” ကုန်းထျန်းဟောက်က အခိုင်အမာပြောလိုက်သည်။ “အဲ့မိန်းမက အရေထူတယ်။ နောက်ထပ်ဒဏ်ခတ်တာမျိုးမရှိရင် သူထပ်ပြီးပေါ်လာဦးမှာ”
ရှောင်ကျန်းက ပဟေဠိဖြစ်သွားသည်။ “ဒါဆိုရင် သခင်လေး။ ဘာလို့မသတ်ပစ်လိုက်တာလဲ? ဆင်းရဲသားမိန်းမတစ်ယောက်ကိုသတ်ပစ်လိုက်တာ ဒီလောက်မခက်ခဲဘူးမလား?”
“မင်းမှန်တယ်” ကုန်းထျန်းဟောက်က ပြောလိုက်သည်။ “ဒါပေမယ့် အဲ့မိန်းမအတွက် ဒါအရမ်းသက်သာလွန်းနေတယ်။"
“သခင်လေး သခင်လေးဘာကို...” ရှောင်ကျန်းက နားမလည်နိုင်ဘဲဖြစ်သွားသည်။
“စောင့်သာကြည့်နေလိုက်” ကုန်းထျန်းဟောက်က ပဟေဠိဆန်ဆန်ပြောလိုက်သည်။ …
“ကွာရှင်း! ဒါတစ်ခုတည်းသောရွေးချယ်စရာပဲ!” ရှောင်ဖူချီရဲ့မိသားစုက ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ ရှောင်ဖူချီရဲ့အမေက ကျန်းချွမ်းကျောင်းကို ဒေါသတကြီးလက်ညှိုးထိုးလိုက်သည်။ “ဒီအကျင့်ပျက်နေတဲ့မိန်းမက တအားရှက်ဖို့ကောင်းတယ်။ သူကဈေးသွားပြီးတော့ ဒါမျိုးကို လူလယ်ကောင်မှာလုပ်နေတယ်။ ငါတော်တော်စိတ်တိုနေပြီ”
ကျန်းချွမ်းကျောင်းလည်း အတော်လေးစိတ်ဂနာမငြိမ်ဖြစ်နေသည်။ သူမကိုယ်သူမ လူအများကြီးရှေ့မှာ ဒီလောက်အရှက်မဲ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူမ ၎င်းကိုစိတ်ညစ်နေတုန်း အတော်လေး အံ့ဩသွားမိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချွမ်းကျောင်းကအရှက်မရှိပေ။ သူဘာလုပ်ပြီးလဲသိတာတောင် ရှောင်ဖူချီရှေ့မှာ ပျော့ကွက်ထုတ်မပြပေ။ သူ့ယောက္ခမရဲ့ ဝေဖန်မှုကိုကြားပြီး ချက်ချင်းပြန်လည်ချေပလိုက်သည်။
“ဒီအဘွားကြီးတော့၊ ရှင့်အမြင်ကိုဘယ်သူကမေးနေလို့လဲ? ရှင့်သားကျွန်မကိုကွာရှင်းရင် နောက်ထပ်မိန်းမတစ်ယောက်ကိုလက်ထပ်မရတော့ဘူး။ တစ်ယောက်တည်းသေလိမ့်မယ်!”
ရှောင်ဖူချီရဲ့အမေက အရုပ်ကြိုးပြတ်မတတ် ဒေါသထွက်နေသည်။ သူမက ကျန်းချွမ်းကျောင်းကို ဒေါသတကြီးလက်ညှိုးထိုးပြီး ပုံမှန်မဟုတ်တဲ့ စိတ်တိုနေသောလေသံဖြင့်၊ “ငါ့သားက သူ့တစ်ဘဝလုံး တစ်ယောက်တည်းဖြစ်နေရင်တောင် ရှက်စရာကောင်းပြီး အကျင့်ပျက်နေတဲ့မိန်းမမျိုးကိုတော့ သူ့မိန်းမအနေနဲ့ သူ့ဘေးမှာမထားနိုင်ဘူး!”
“သား အမေပြောတာကြားလား? ဒီမိန်းမကို ကွာရှင်းပစ်လိုက်! သူ့ကိုဘာလို့ ဘေးနားမှာထားနေဦးမှာလဲ? တစ်ဘဝလုံး လူတွေဆီကနေ အပြစ်ရှာခံချင်လို့လား?”
ကျန်းချွမ်းကျောင်းက ချက်ချင်းအော်ပြောလိုက်သည်။ “သူမလုပ်ရဲပါဘူး! ရှောင်ဖူချီ ကျွန်မပြောမယ်။ ရှင်ကျွန်မကို ကွာရှင်းချင်ရင် ကျွန်မသားကို ကျွန်မနဲ့ ခေါ်သွားမှာ။ ရှင်တစ်ယောက်တည်းဖြစ်နေမှာ” သူမက သားဖြစ်သူကို ယောက်ျားအားခြိမ်းခြောက်ရန် အသုံးပြုနေသည်။
“နင်လုပ်ရဲလား!” ရှောင်ဖူချီအမေက ကျယ်လောင်စွာ အော်လိုက်သည်။ “ငါ့မြေးကြီးကိုအဝေးခေါ်သွားလို့ကတော့ နင်နဲ့ငါနဲ့ သူသေကိုယ်သေပဲ!” မြေးကြီးဆုံးက မိသားစုရဲ့တစ်ခုတည်းသောအမွေခံပဲဖြစ်သည်။ သူတို့ ဒီမိန်းမခေါ်သွားတာ မခံနိုင်ပေ။
ကျန်းချွမ်းကျောင်းကလည်း ကြောက်မနေပေ။ သူမက မျက်နှာထားတင်းတင်းဖြင့်၊ “ဒါဆိုကျွန်မကို လာသတ်လိုက်လေ! ကျွန်မသေရင်တော့ ရှင့်ရဲ့အဖိုးတန်မြေးက အမိမဲ့လေးဖြစ်သွားမှာ!”
“နင်...နင်...” ရှောင်ဖူချီရဲ့အမေက ဒေါသကြောင့် တုန်လှုပ်နေသည်။ “ကျန်းချွမ်းကျောင်း နင်ကတော်တော်ရယ်ရတာပဲ!”
“ဟုတ်တယ် အဲ့ဒီတော့ဘာဖြစ်လဲ?” ကျန်းချွမ်းကျောင်းက အရှက်မဲ့စွာပြောလိုက်သည်။ “အဘွားကြီး ဒါကျွန်မအိမ်၊ ရှင်က ဒီကိုလာပြီး ကျွန်မကို လာကွာရှင်းခိုင်းနေတာလား? အိပ်မက်ဆက်မက်နေလိုက်!”
ကျန်းချွမ်းကျောင်းက ရှောင်ဖူချီကိုပြောဖို့ ခေါင်းလှည့်လိုက်သည်။ “ရှောင်ဖူချီ ကျွန်မပြောမယ်။ ကျွန်မကိုကွာရှင်းချင်ရင်လည်း ရတယ်။ ကျွန်မ သားကိုခေါ်သွားမှာ။ ဒါဆိုရင် ရှင်ဘယ်တော့မှ လွယ်လွယ်ပြန်လက်ထပ်လို့ရမှာ မဟုတ်တော့ဘူး!”
ဒီလိုနှင့် ကျန်းချွမ်းကျောင်းက သူ့အခန်းသို့ လှည့်ပြန်သွားသည်။ သူအိပ်ယာပေါ်တွင် လှဲလိုက်သည်။ အဲ့နေ့က ဖြစ်ခဲ့သမျှအားလုံး အိပ်မက်လိုပဲ ခံစားရသည်။ သူ ဈေးမှာ လိုင်ဝူချန် နဲ့ဘာလို့ အဲ့ဒီလိုဖြစ်ခဲ့မှန်း စဉ်းစားမရပေ။ .........
လိုင်ဝူချန်က လူယုတ်မာတစ်ယောက်ပဲ။ သူက သူ့မိန်းမနဲ့ ကလေးတွေကို ရိုက်တယ်။ ဒီဖြစ်ရပ်နဲ့ဆိုရင်တောင် သူ့အတွက်ဘာမှဖြစ်မသွားဘူး။ ဘာပဲဖြစ်ဖြစ် ကျန်းချွမ်းကျောင်းမှာက မိသားစုရှိသည်။ သူအဖမ်းခံလိုက်ရရင် အတော်လေးရှက်ဖို့ကောင်းလိမ့်မည်။ ဒါ့ကြောင့် လိုင်ဝူချန် နဲ့ဆက်သွယ်တဲ့အခါ အမြဲတမ်း တိတ်တဆိတ်လုပ်နေခြင်းဖြစ်သည်။
ဒီလိုဟာမျိုးက ဒီနေ့ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။ သူတို့က လူမြင်ကွင်းမှာတောင် အဆင့်တွေထပ်တက်ကြတော့မလို့လေ။
ရှင်းအန်းမြို့တစ်ခုလုံးက မျက်မြင်သက်သေပဲ။
ရှောင်ဖူချီက သူ့ကိုပါးရိုက်ပြီး သတိပြန်ဝင်အောင်လုပ်လိုက်တော့ သူတော်တော်လေးဒေါသထွက်ပြီး ရှက်ရွံ့နေသည်။ သူ့အဝတ်အစားတွေကိုဝတ်လိုက်ပြီး ဘတ်စ်ကားပေါ်တက်ကာ ရွာကိုပြန်သွားခဲ့သည်။ဘတ်စ်ကားပေါ်တွင် လူတိုင်းက သူမကိုထူးထူးဆန်းဆန်းကြည့်ပြီး လက်ညှိုးထိုးနေကြသည်ကိုလည်း သတိထားမိခဲ့သည်။
သူက ဒေါသတကြီးအော်လိုက်သည်။ “နင်တို့ဘာတွေလာကြည့်နေတာလဲ? ဆက်ကြည့်နေမယ်ဆိုရင် ရှင်တို့မျက်လုံးတွေကို ဖောက်ပစ်မယ်”
တကယ်တမ်းတော့ သူမကသာ စိတ်မသိုးမသန့်ဖြစ်နေခြင်းဖြစ်သည်။ ဒါ့ကြောင့် လူတိုင်း သူမကို ပျက်ရယ်ပြုနေကြသည်ဟု ခံစားနေရခြင်းဖြစ်သည်။ အမှန်မှာ ဘတ်စ်ကားပေါ်ကလူတွေက ဘာဖြစ်ခဲ့မှန်းတောင်မသိပေ။
သူတို့သူမကိုကြည့်နေခြင်းမှာ သူအဝတ်အစားတွေကို မှားဝတ်ထားသောကြောင့် ဖြစ်သည်။ သူက သူ့အတွင်းခံကို သူ့ဘောင်းဘီတွေအပြင်ထုတ်ဝတ်ထားပြီး ဘော်လီကိုလည်း ရှပ်အင်္ကျီအပြင်ဘက်မှာ ဝတ်ထားသည်။ အလောတကြီးရှက်ရွံ့နေခဲ့သည့် ကျန်းချွမ်းကျောင်းက ၎င်းကို သတိမထားမိခဲ့ပေ။
ကြင်နာတဲ့မိန်းမကြီးတစ်ယောက်က ကျန်းချွမ်းကျောင်းကို သတိပေးလိုက်သည်။ “မိန်းကလေး၊ မင်းအဝတ်အစားတွေ ပြောင်းပြန်ဖြစ်နေတယ်”
ထို့နောက် ဘတ်စ်ပေါ်မှ ဆယ်ကျော်သက်လေးတချို့က တခစ်ခစ်ရယ်လိုက်သည်။ “ဒီအန်တီကြီးက အဝတ်အစားကို ဘယ်လိုကောင်းကောင်းမွန်မွန်ဝတ်မရမလဲဆိုတာတောင် မသိဘူးပဲ။ သူ့အတွင်းဝတ်တွေကို အပြင်ဘက်မှာဝတ်ထားတယ်။ သူ့ကိုယ်သူစူပါမန်းများထင်နေတာလား?”
တခြားသူများလည်း ဝိုင်းရယ်ကြသည်။
ကျန်းချန်းကျောင်းက ငုံ့ကြည့်လိုက်ပြီး သူ့မျက်နှာ ချက်ချင်းနီရဲသွားသည်။ သူမထပ်ပြီး ရှက်သွားပြန်သည်။ သူ ဘတ်စ်ကားပေါ်က မြန်မြန်ဆန်ဆန်ဆင်းလိုက်ပြီး ကားဂိတ်မှသန့်စင်ခန်းတွင် မြန်မြန်အဝတ်အစားတွေကို လဲဝတ်လိုက်သည်။ သူမ အဝတ်အစားလဲပြီး ထွက်လာပြီးနောက် ဘတ်စ်ပေါ်သို့ ထပ်တက်လာသည်။
ကားဂိတ်တွင် ဘတ်စ်က ခရီးသည်တွေထပ်တင်သည်။ သူတို့ထဲမှာ live sex showကိုကြည့်ခဲ့ကြသည့် လူနှစ်ယောက်ပါနေသည်။ အမျိုးသမီးက ကျန်းချွမ်းကျောင်းကို မြင်သောအခါ သူ့ကိုအံ့သြစွာ လက်ညှိုးထိုးပြီး ကျယ်လောင်စွာပြောလိုက်သည်။ “အိုး နင်က အစောက လမ်းပေါ်မှာ အဲ့ဒီယောက်ျားကို လုံးထွေးနေတဲ့မိန်းမမလား?”
လေးဆယ်ဝန်းကျင်အမျိုးသားက တီးတိုးပြောလိုက်သည်။ သူက ငေါ့တော့တော့ပြောလိုက်သည်။ “မင်းယောက်ျားဘယ်မှာလဲ? သန့်စင်ခန်းထဲမှာလား?”
ကျန်းချွမ်းကျောင်းရဲ့မျက်နှာနီရဲသွားပြီး သူမ ချက်ချင်း ထူပူသွားကာ သူတို့ကို အော်ပြောလိုက်သည်။ “ရှင်တို့အပူမပါဘူး!”
အမျိုးသမီးက ကျန်းချွမ်းကျောင်းနှင့် အသက်တူပင်ဖြစ်သည်။ ကျန်းချွမ်းကျောင်းထံမှ အအော်ခံလိုက်ရတော့ သူမ မသက်မသာဖြစ်သွားသည်။ သူမက ကားထဲမှ လူတိုင်းကိုပြောလိုက်သည်။ “အားလုံးပဲ ဒီမိန်းမဘာလုပ်ခဲ့လဲသိကြလား? သူက ချန်းပေါင်လမ်းပေါ်မှာ အခုလေးတင် ယောက်ျားတစ်ယောက်နဲ့ ပေါ်တင်sexလုပ်ဖို့လုပ်နေတာ!”
ပြီးနောက် သူမက ကျန်းချွမ်းကျောင်းကို လက်မထောင်ပြလိုက်သည်။ သူမက ဆက်ပြီး၊ “တော်တော်လေး အားမာန်တက်ကြွပြီး စိတ်လှုပ်ရှားဖို့တော့ကောင်းတယ်။ ဘယ်လိုလုပ်ဒီလောက်တောင် အရှက်မဲ့နိုင်ရတာလဲ?”
ပြီးနောက် ကားထဲမှလူများက ကျန်းချွမ်းကျောင်းကို တကယ်ထူးထူးဆန်းဆန်းကြည့်လိုက်ကြတော့သည်။
ကျန်းချွမ်းကျောင်းက တော်တော်စိတ်ဆိုးသွားသည်။ သူက အဲ့ဒီအမျိုးသမီးဆီသွားပြီး ဒေါသတကြီးဆဲရေးလိုက်သည်။ “ခွေးမ၊ ငါနင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်!”
ထိုမိန်းမက လွယ်လွယ်အနိုင်ကျင့်လို့မရပေ။ ကျန်းချွမ်းကျောင်းလာနေသည်ကိုမြင်သည်နှင့် ကျန်းချွမ်းကျောင်း ဆံပင်ကိုဆွဲဖို့ လုပ်လိုက်သည်။ သူမဘေးက ယောက်ျားကို အော်လိုက်သည်။ “ရှင်သေနေတာလား? ဒီမှာ ရှင့်မိန်းမကို ရိုက်ချင်နေတာလေ။ ရှင်အဲ့ဒီမှာပဲ ထိုင်နေတော့မှာလား? ဒါမှမဟုတ် ရှင်လည်းသူနဲ့ sexလုပ်ချင်နေတာလား?”
ယောက်ျားက မတ်တပ်ရပ်ပြီး ကျန်းချွမ်းကျောင်းကို အဝေးကို ဆွဲလိုက်သည်။ ထိုသို့လုပ်နေစဉ်အတွင်း သူက ကျန်းချွမ်းကျောင်းရဲ့ အင်္ကျီရင်ဘတ်ကို ဆွဲလိုက်သည်။
ကျန်းချွမ်းကျောင်းက အသာစီးယူခံလိုက်ရသောကြောင့် ခပ်ကျယ်ကျယ်ပဲ ဆဲနိုင်တော့သည်။ “ဒီမကောင်းတဲ့မိန်းမ၊ နင်မဟုတ်တာတွေ လေရှည်နေရင် နင့်ပါးစပ်ကြီးကို ငါဆွဲဖြဲပစ်မယ်!”
အမျိုးသမီးကလည်း မကြောက်ပေ။ “နင်ကမှရူးနေတဲ့မိန်းမ။ နင်ကမှ လူမြင်ကွင်းမှာ sexလုပ်ဖို့လုပ်နေတာလေ!”
အငြင်းပွားမှုက လူတိုင်းကို အာရုံရှုပ်စေခဲ့သည်။
ဒရိုင်ဘာနဲ့ လက်မှတ်ရောင်းတဲ့လူက သူတို့ကို ဘတ်စ်ကားမှ ကန်ထုတ်ပစ်လိုက်သည်။ ဘတ်စ်ကားပေါ်မှ အထုတ်ခံလိုက်ရပြီးနောက် သူတို့ဆက်လက်အငြင်းပွားနေကြသည်။ သူတို့စကားများနေတုန်း လူတွေပိုပြီးဝိုင်းအုံလာသည်။ အားလုံးက ကျန်းချွမ်းကျောင်းကို စမှတ်မိလာကြသည်။
ရှက်စရာသတင်းက ပျံ့သွားကာ အကုန်လုံးကသူမကို အထင်သေးစွာကြည့်နေသည်။ လူတိုင်းသူမကို လက်ညှိုးထိုးနေကြသည်။
ကျန်းချွမ်းကျောင်းက အရေထူပေမယ့်လည်း သူ့မျက်နှာကတော့ နီရဲနေပြီ။ အဆုံးမှာ ရောက်လာတဲ့လူက ရှောင်ဖူချီပဲဖြစ်သည်။ အရှက်တကွဲဖြစ်မှုတွေဆက်မဖြစ်ဖို့ သူက မော်တော်ဆိုင်ကယ်တစ်စီး ချက်ချင်းငှားပြီး သူ့မိန်းမကို ရွာပြန်ခေါ်သွားသည်။
ဘယ်လိုပဲဖြစ်နေပါစေ ကျန်းချွမ်းကျောင်းအကြောင်းသတင်းက သူတို့မရောက်ခင်မှာပဲ ထောင်ယွမ်ရွာကို အရင်ရောက်နှင့်နေသည်။ ရှောင်ဖူချီရဲ့အမေက ၎င်းကိုကြားတဲ့အခါ ဒေါသကြောင့် မူးမေ့မလိုဖြစ်နေသည်။ ဒါ့ကြောင့် သူ့သားကို ကျန်းချွမ်းကျောင်းကိုကွာရှင်းဖို့ ဖိအားပေးနေခြင်းဖြစ်သည်။
***