← Chapters

နှောင်ကြိုးတုံ့ပြန်မှု

Vol. 16 Ch. 267

နှောင်ကြိုးတုံ့ပြန်မှု

Vol. 16 Ch. 267

ကျန်းချွမ်းကျောင်းရဲ့ ဈေးက live sex sceneက ကိစ္စကြီးတစ်ခုပင်။

ရှားပါ့ရွာက ကျန်းချွမ်းကျောင်းအဖေက သတင်းကြားတော့ မေ့လဲမတတ်ကို ဒေါသထွက်သွားခဲ့သည်။ ဘယ်လိုပဲဖြစ်နေပါစေ အခု သူ့သမီးက အဲ့ဒီယောက်ျားနဲ့ လူမြင်ကွင်းမှာ sexလုပ်တာကို သိကုန်ကြတဲ့အတွက် ဒါက သူ့အရင်မိသားစုကို ယောက္ခမမိသားစုထက် ပိုပြီးတော့ကို သက်ရောက်မှုရှိနေစေသည်။

ကျန်းမိသားစုမှာ မြေးနှစ်ယောက်နှင့် မြေးမနှစ်ယောက်ရှိသေးသည်။ သူတို့က လက်ထပ်ရမယ့်အရွယ်ရောက်နေပေပြီ။ သူတို့က နောက်နှစ်လောက်ဆို လက်ထပ်သင့်နေပြီ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စပေါ်လာတဲ့အတွက် ၎င်းက သူတို့မိသားစုဂုဏ်သတင်းကို သိသိသာသာကို သက်ရောက်နေသည်။

ထို့ပြင် လူတွေက မျိုးရိုးပြဿနာတွေကိုလည်း ထည့်စဉ်းစားကြသည်။

သူတို့အဒေါ်တောင်ဒီလိုပြုမူနေတော့ လူငယ်မျိုးဆက်တွေကဘယ်လောက်ကောင်းမွန်တော့မှာမလို့လဲ?

မိန်းကလေးတွေကလည်း သူတို့အဒေါ်ကို ဥပမာယူပြီး လိုက်လုပ်ကြရင်ရော?

ဒါ့ကြောင့် ကျန်းမိသားစုနဲ့ လက်ထပ်ဖို့ဆွေးနွေးထားတဲ့ မိသားစုတချို့က ချက်ချင်းဆွဲထုတ်သွားကြသည်။ သူတို့က ကျန်းမိသားစုတံခါးကိုမဝင်ခင်ကတည်းက လှည့်ထွက်သွားကြပြီ။ ကျန်းမိသားစုက များစွာသောတင်တောင်းပစ္စည်းတွေနဲ့ စေ့စပ်လက်ဆောင်တွေကို ဆုံးရှုံးလိုက်ရသည်။

ကျန်းသာ့ထိုက ကျန်းချွမ်းကျောင်းကို ပြန်ဆွဲခေါ်ပြီး ချုပ်ထားချင်လောက်တဲ့အထိ ဒေါသထွက်နေသည်။ သူ့သမီးအကြီးဆုံးက အမြဲပြဿနာအိုးပဲ။ သူလက်ထပ်ပြီးတာကြာနေတာတောင် သူတို့အတွက် ပြဿနာတွေဖန်တီးနေနိုင်လိမ့်ဦးမယ်လို့ မျှော်လင့်မထားမိပေ။

ကျန်းသာ့ထိုရဲ့သားအကြီးဆုံး ကျန်းသာ့မန်က သူ့အဖေကို ဒေါသတကြီးကြည့်ပြီး၊ “အဖေ အငယ်မကဘာလို့ဒါမျိုးလုပ်ရတာလဲ? သူက ကျွန်တော့်သားအိမ်ထောင်ရေးကိုတောင် နှောင့်ယှက်နေပြီ”

“အဖေ ကျွန်တော်ပြောမယ်။ ကျွန်တော်ဒီလိုရှက်ဖို့ကောင်းတဲ့ညီမမျိုးကို အသိအမှတ်မပြုဘူး။ နောက်ကျရင် ကျွန်တော့်ကို အစ်ကိုလို့ကို ခေါ်ခွင့်မပြုတော့ဘူး။ အဖေ သူ့ကိုသမီးတစ်ယောက်အနေနဲ့ သဘောထားချင်သေးရင်တော့ အရင်အိမ်ကိုပဲပြန်သွားလိုက်တော့။ အဖေ့အဖိုးတန်သမီးလာလည်ရင် သူနဲ့အတူတူနေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အိမ်ကိုတော့ သူခြေတစ်လှမ်းတောင်လှမ်းလို့မရဘူး”

ကျန်းသာ့ထိုက စိတ်တိုသွားသည်။ သူက ဒေါသတကြီးဖြင့်၊ “ကျန်းသာ့မန်၊ သူကမင်းရဲ့‌ ညီမအရင်းလေ! မင်းအဲ့ဒီလောက် အကြင်နာကင်းမှဖြစ်မှာလား?”

ဘယ်လိုပဲဖြစ်နေပါစေ ကျန်းသာ့မန်က၊ “အဖေ ကျွန်တော်အကြင်နာကင်းမဲ့နေတာမဟုတ်ဘူး။ သူကမှ ဒါမျိုးလုပ်တာလေ။ ကျွန်တော့်ကိုယ်ကျွန်တော်သူနဲ့ ပက်သက်ဆက်နွယ်နေရရင် ကျွန်တော့်မိသားစု သိက္ခာကျလိမ့်မယ်”

ကျန်းသာ့ထိုက၊ “အဲ့ဒီတော့ မင်းက ဂုဏ်သိက္ခာအတွက် မင်းအဖေကိုကန်ထုတ်မယ်ပေါ့?”

“ကျွန်တော်အဖေ့ကို မောင်းထုတ်နေတာမဟုတ်ဘူး!” ကျန်းသာ့မန် ကပြောလိုက်သည်။ “အဖေ အဲ့ဒီသမီးကို ဆက်ခေါ်ထားချင်ရင် အဖေ့အိမ်ဟောင်းကို ပြန်သွားလို့ရတယ်လို့ပဲပြောတာ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီမိန်းမကို ဒီအိမ်ထဲကို အဝင်မခံဘူးလို့ အဖေကတိပေးရင်တော့ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ပဲ”

“မင်း...” ကျန်းသာ့ထိုက ခြေမကိုင်မိလက်မကိုင်မိဖြစ်လုမတတ် စိတ်ဆိုးသွားသည်။

ကျန်းသာ့မန်ရဲ့မိန်းမကလည်း အေးစက်စွာဖြင့်၊ “အဖေ အဖေ့သမီးကြီးကိုချစ်မှန်း ကျွန်မတို့သိတယ်! သူ့ကို အမြဲတမ်း အကောင်းဆုံးအဝတ်အစားတွေနဲ့ အစားအစာတွေပဲပေးတာလေ။ ကျွန်မဒါကို ဂရုမစိုက်ပါဘူး”

“ဒါပေမယ့် သူက ဒီလိုရှက်စရာမျိုးလုပ်ခဲ့တယ်။ သူက ကျွန်မသားနဲ့သမီးကို အရှက်ရစေတယ်။ သူ့ကိုထပ်ပြီး မျက်နှာချင်းမဆိုင်ချင်တော့ဘူး။ အဖေ ဒီမိသားစုနဲ့ အတူတူဆက်နေချင်ရင်တော့ အဲ့ဒီမိန်းမနဲ့ အဆက်ဖြတ်ပစ်ဖို့လိုတယ်!”

ကျန်းသာ့ထိုရဲ့အငယ်ဆုံးသား ကျန်းရှောင်မန်နဲ့သူ့အမျိုးသမီးကလည်း သူတို့နဲ့အတူတူပင်ဖြစ်သည်။ သူတို့ကလည်း၊ “အဖေ အစ်မကြီးပြန်လာရင် ကျွန်တော်တို့မိသားစုကလည်း မကြိုဆိုဘူးနော်”

ကျန်းသာ့ထိုကလည်း လက်လျှော့ရုံကလွဲလို့ ရွေးစရာမရှိတော့ပေ။ နာမည်ပျက်ရှိတဲ့သမီးတစ်ယောက်အတွက် သူ့သားနဲ့ မြေးတွေကို စွန့်ပစ်လိုက်ရတော့မှာလား? …

ဆယ်မိုင်ရွာတွင် တရစပ်ပါးရိုက်သံများ ကြားနေရသည်။ “ဒီမိန်းမ၊ မင်းငါ့အပေါ်ဖောက်ပြန်တာ အံ့ဩစရာမရှိတော့ဘူး။ မင်းက မင်းအမေဆီကနေသင်လာတာပဲ။ မင်းအမေကိုကြည့်ဦး၊ အသက်ကြီးနေတာတောင် အရှက်ကမရှိသေးဘူး။ လမ်းပေါ်မှာ ယောက်ျားတစ်ယောက်နဲ့ sexလုပ်ဖို့လုပ်နေတယ်!”

ပြီးနောက် သူကဆက်ပြီး ရှောင်တဟွာကို ဆက်ရိုက်နေသည်။ “ခွေးမ၊ ငါ့အပေါ်ဖောက်ပြန်တယ်ပေါ့၊ မင်းကိုငါသေအောင်ရိုက်ပစ်မှာ!”

“ကျွန်မမလုပ်ရဲတော့ပါဘူး။ မရိုက်ပါနဲ့တော့...” အမျိုးသမီးက စိတ်ပျက်ဖွယ် ငိုကြွေးလိုက်သည်။

အိမ်အပြင်ဘက်တွင် ရွာသားများစုဝေးနေကြသည်။ “ဒီ ကောကွမ်းက သူ့မိန်းမကို ထပ်ရိုက်နေပြန်ပြီဟေ့!”

“ဒါမျိုးတွေဘယ်နှကြိမ်ဖြစ်နေမှန်းတောင် မပြောနိုင်တော့ဘူး”

“ဒါပေမယ့် ဒါတကယ်ရောသူ့အမှားလား?"

"သူတန်တာပဲ။ သူ့မှာ ဘဝကောင်းလေးရှိပေမယ့် တခြားယောက်ျားနဲ့ သွားဖောက်ပြန်တာလေ။ ကောကွမ်းက သူတို့ကလေးတွေအတွက် ထည့်စဉ်းစားပြီး သူ့ကို မကွာရှင်းခဲ့ဘူး။ မဟုတ်ရင်တော့ သူ့ကိုအိမ်ပြန်ပို့ပြီးနေလောက်ပြီ”

“ဒါပေမယ့် ရှောင်တဟွာက ခုရက်ပိုင်းတော့ ကောင်းကောင်းမွန်မွန်ပါပဲ။ ဘာလို့ဒီလိုတွေဖြစ်နေကြတာလဲ?”

“ရှင်မကြားသေးဘူးလား? ဒီတစ်ကြိမ်က ရှောင်တဟွာအမေလုပ်တာ”

“အာ? သူ့အမေကဘာလုပ်လို့လဲ?”

“ဒီနေ့ ရှောင်တဟွာအမေက ရှင်းအန်းမြို့ကသူ့ချစ်သူနဲ့ live sex sceneတစ်ခုလုပ်နေတာ။ လူအုပ်ကြီးလည်းရှိသားနဲ့”

“ရှောင်တဟွာအမေ ရူးများသွားသလား?”

လူတချို့က ဒါကို မယုံနိုင်ကြပေ။ ရူးနေတဲ့မိန်းမျိုးပဲ ဒါမျိုးလုပ်လိမ့်မည်။

တစ်စုံတစ်ယောက်က နှုတ်ခမ်းကွေးပြီး ပြောလိုက်သည်။ “သူရူးနေတာဟုတ်မဟုတ်တော့ ဘယ်သူသိမလဲ။ သူ့ယောက်ျားလာပြီး အသိပြန်ဝင်အောင် ပါးချသွားတာ။ သူ့အဝတ်အစားတွေကို အလျင်စလိုဝတ်ပြီး ထွက်ပြေးသွားရော။”

ပြီးနောက် ထိုလူက၊ “သူ့အဝတ်အစားတွေ တလွဲဝတ်ထားတာကိုတောင် သတိမထားမိလိုက်ဘူး။ သူ့အတွင်းဝတ်တွေကို အပြင်ဘက်ထုတ်ဝတ်ထားတာ။ တော်တော်ရယ်ရတယ်”

“တကယ်ကြီးလား?” တခြားသူများက မယုံနိုင်ဖြစ်နေသည်။

“ဟုတ်ပါ့၊ သူအလျင်စလိုဖြစ်နေလို့ ဒါကိုသတိမထားမိလိုက်တာဖြစ်မှာပေါ့”

ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ လူတစ်ယောက်ရဲ့ပထမဆုံးတုံ့ပြန်မှုက အဝတ်တွေပြန်ဝတ်ဖို့ပဲလေ။

“ကြည့်ရတာတော့ အပြုအမူတွေက မျိုးရိုးလိုက်ပုံပဲ။ ဒီလိုအမေမျိုးနဲ့ ရှောင်တဟွာ တချိန်လုံး ရွစိတက်နေတာ အံ့ဩစရာမရှိတော့ဘူး။ ကောကွမ်းကိုချည်း အပြစ်တင်လို့မရဘူး”

စိတ်မချမ်းမွေ့ဖွယ်ငိုကြွေးသံတစ်ခု အိမ်မှထွက်လာသော်လည်း ဘယ်သူမှသူ့ကို ကရုဏာမသက်ကြပေ။

“ထွက်သွားစမ်း! ဘယ်တော့မှပြန်မလာနဲ့!” အမျိုးသားက ထပ်မံအော်ဟစ်လိုက်သည်။

ခနကြာပြီးနောက် ကောမိသားစုရဲ့အိမ်တံခါး ပွင့်လာကာ ရှောင်တဟွာ ထွက်လာသည်။ မျက်နှာပေါ်တွင် လက်ဝါးရာကြီးတစ်ခုဖြင့် သူမငိုကြွေးနေသည်။ သူမ မျက်နှာက ဖူးရောင်နေပြီး စိတ်မချမ်းမွေ့ဖွယ် အခြေအနေဖြစ်နေသည်။ သူမလမ်းလျှောက်ရင်း ထော့နဲ့ထော့နဲ့ပင်ဖြစ်နေသည်။

၎င်းက လူတော်တော်များများကို ကြောက်ရွံ့စေပြီး သူတို့က၊ “ဒါကတော့အရမ်းရက်စက်လွန်းပါတယ်။ သူလမ်းတောင်မလျှောက်နိုင်တော့ဘူး”

တစ်စုံတစ်ယောက်က တုံ့ပြန်ပြီး၊ “ရှောင်တဟွာ ဘယ်သွားနေတာလဲ?”

ရှောင်တဟွာ က ရွာဝင်ပေါက်သို့ ဦးတည်နေသည်။

တစ်ယောက်က မသေမချာဖြင့်၊ “သူ့မိဘအိမ်ကို ပြန်သွားမလို့ဖြစ်မှာပေါ့။ ကောကွမ်းက သူ့အိမ်ကို မောင်းထုတ်ထားတယ်မလား?”

တစ်စုံတစ်ယောက်က ချက်ချင်း စိုးရိမ်တကြီးဖြင့်၊ “ငါတို့ သူ့နောက်လိုက်သွားပြီး ကြည့်သင့်လား? သူ ရူးရုးမိုက်မိုက်တစ်ခုခုလုပ်နေရင် ဘယ်လိုလုပ်မလဲ?”

တစ်ယောက်က မျက်မှောင်ကျုံ့ပြီး “ဒါဆိုရင် ကောကွမ်း သူ့ကို ကြည့်ပလေ့စေ။ သူ့မိဘအိမ်ပြန်သွားရင်တော့ အကောင်းဆုံးပဲ။ တစ်ခုခုရူးမိုက်တာမျိုးလုပ်ရင်တော့ တကယ့်အပြစ်ကြီးဖြစ်ပြီပဲ”

ခပ်ဝဝလူငယ်တစ်ယောက် အိမ်ထဲမှ ထွက်လာသည်။

“ကောကွမ်း မြန်မြန်မင်းမိန်းမနောက် လိုက်သွားချေ။ သူ့ကြည့်ရတာစိတ်မမှန်ဘူး။ သူမြစ်ထဲကို ခုန်ချမလားမသိ။ ဒီလိုဆို ဒုက္ခရောက်လိမ့်မယ်” တစ်ယောက်က ချက်ချင်း အကြံပေးလိုက်သည်။

ကောကွမ်းက စိတ်မဝင်စားစွာဖြင့်၊ “အဲ့ဒီလိုလုပ်ချင်ရင်လည်း လုပ်ခိုင်းလိုက်! သူသေသွားတာနဲ့ ဒီမိသားစုကို မျက်နှာပျက်စေမှာမဟုတ်တော့ဘူး!”

***

All Chapters