အမေနဲ့သမီး
Vol. 16 Ch. 268
“နင်ကြားပြီးပြီလား? ကျန်းချွမ်းကျောင်းရဲ့အကြီးဆုံးသမီး ရှောင်တဟွာ ဖြစ်ထဲခုန်ချသွားလို့!”
“ဘာရယ်? သူသေသွားလား?”
“မသေဘူး အကယ်ခံလိုက်ရတယ်”
“သူကဘာလို့ ရုတ်တရက်ကြီး မြစ်ထဲခုန်ချတာလဲ?” တစ်ယောက်က နားမလည်သည့်ပုံဖြင့် မေးလိုက်သည်။
“ရုတ်တရက်ကြီးမဟုတ်ဘူး... ရှောင်တဟွာရဲ့ယောက္ခမက ရှောင်တဟွာရဲ့အမေကြောင့် ရှက်သွားပြီး ရှောင်တဟွာကို ရိုက်နှက်ပြီး အိမ်ကနေမောင်းထုတ်လိုက်တာ”
“အိမ်ကနေမောင်းထုတ်တယ်ဆိုတာဘာကိုပြောတာလဲ? အရင်ကတော့ ကွာရှင်းတာဆို။ ကောမိသားစုက ရှောင်တဟွာကိုဖယ်ထုတ်ဖို့ စီစဉ်နေတာလား?”
“ကွာရှင်းရတာရှက်ဖို့ကောင်းတာပဲ။ ရှောင်တဟွာအရှက်ရပြီး မြစ်ထဲခုန်ချဖို့လုပ်တာ အံ့ဩစရာမရှိတော့ဘူး”
“ကျန်းချွမ်းကျောင်းက ဘာဖြစ်နေတာတုန်း? သူ့မ ဘဝကောင်းကောင်းလေးရှိရဲ့သားနဲ့ သူ့သမီးကို ထိခိုက်စေမယ့် ဒီလိုဟာမျိုးကိုလုပ်ရသလဲ”
“ရှောင်တဟွာက အိမ်ထောင်ကျပြီး သားတစ်ယောက်မွေးထားတယ်။ အဲ့ဒါကြောင့် သူက ပြယုဒ်ဖြစ်နေတာ။ သူကအလုပ်မလုပ်ဘဲ ရွာထဲသွားပြီး လူတွေနဲ့စကားများနေတာ။ ဆယ်မိုင်ရွာက လူဖျင်းကောင်တချို့လည်းပါသေးတယ်။ သူတို့က သစ်ပင်အောက်မှာ စကားများရင်း ဖဲရိုက်နေကြတာ။ နောက်ဆုံးကျ ရှောင်တဟွာက သူတို့ထဲကတစ်ယောက်နဲ့ ငြိသွားတယ်”
“ဒါကတကယ့်ကို အမေနဲ့သမီးဇယားပဲ။ သူလက်မထပ်ခင်က တဟွာကဒီလိုမဟုတ်ဘူး။ လက်ထပ်ပြီးသူဘာလို့ ဒီလောက်ပြောင်းလဲသွားရတာလဲ?”
“သူလက်မထပ်ခင်က သူက ရွာထဲမှာပိတ်မိနေတာ။ အကုန်လုံးက အချင်းချင်းသိနေတော့ သူဘယ်သူ့ကို ဖျားယောင်းလို့ရမှာလဲ? ပြီးတော့ ငါတို့ရွာကလည်း အရင်က အရမ်းဆင်းရဲတယ်လေ”
“ဘာပဲဖြစ်ဖြစ် ဆယ်မိုင်ရွာကတော့မတူဘူး။ သူ့ယောက္ခမဘက်က အတော်လေးချမ်းသာတယ်။ သူတို့မှာ သားတစ်ယောက်တည်းရှိတာ။ သူ့ယောက္ခမနဲ့ ယောက္ခထီးက ငယ်ရွယ်ပြီးတော့ အလုပ်လည်းကြိုးစားကြတယ်။ သူတို့ရသမျှအားလုံး လင်မယားနှစ်ယောက်အပိုင်ပဲ။ ရှောင်တဟွာက သူ့သားကို ထိန်းရတာကလွဲရင် ဘာမှလုပ်စရာမလိုဘူး။ သူပျင်းတောင်နေလောက်တယ်”
“ကျစ် ဒီနှစ်ယောက်ကတော့ဟာသပဲ။ အမေက ရှက်ဖို့ကောင်းသလို သမီးကလည်း အတူတူပဲ။ သူတို့ဘာတွေလုပ်ဖို့များ ကြိုးစားနေကြတာလဲ?”
တစ်ယောက်က သူ့ပါးစပ်ကိုပိတ်လိုက်ပြီး ရယ်လိုက်သည်။ “သူတို့ဘာများလုပ်နိုင်မှာလဲ? သူတို့က တစ်လောကလုံးက ယောက်ျားတွေကို ဖျားယောင်းဖို့လုပ်နေတာ!”
“ဟီးဟီး...”
လူတိုင်းရယ်မောလိုက်ပြီး တစ်ယောက်က နားမလည်ပုံဖြင့်၊ “အဲ့ဒီတော့ ရှောင်တဟွာအခုဘယ်မှာလဲ?”
“သူမသေဘူးဆိုတော့ သူ့ယောက္ခမတွေဆီကနေ ထောင်ယွမ်ရွာကိုပြန်အပို့ခံလိုက်ရပြီ”
“အိုး ဒါဆိုသူဒီကို ပြန်ရောက်နေပြီပေါ့။ ကောမိသားစုက တကယ်ပဲ ရှောင်တဟွာကို ကွာရှင်းဖို့ စီစဉ်ထားတာလား? သူတို့တကယ်ကွာရှင်းလိုက်ရင် ကလေးက ဘာဖြစ်သွားမှာလဲ? သူကမိထွေးတစ်ယောက်ရမှာလား?”
“ဒီနေရာမှာ တကယ့်မြေစာပင်က ကလေးပဲ”
ဘယ်ချိန်ပဲ ကွာရှင်းကွာရှင်း ကလေးက အများဆုံးခံရမှာပင်။
“ရှောင်တဟွာက တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ ပြန်အပို့ခံလိုက်ရတုန်းက ကျန်းချွမ်းကျောင်း အရမ်းဒေါသထွက်ပြီး မီးဖိချောင်ထဲကဓားတစ်လက်ဆွဲယူပြီးတော့ သူ့သမက်ကို သတ်ချင်လောက်တဲ့ထိ ဒေါသထွက်သွားတာ။ ကံကောင်းစွာပဲ တစ်ယောက်ယောက် သူ့ကိုတားလိုက်လို့။ ကောမိသားစုလည်း သတင်းကြားပြီး ကြောက်သွားရော”
“သူတို့ခု ဘဝကို ဘယ်လိုများဆက်ပြီးနေကြမှာလဲ?”
“ငါတို့ဘာလို့ဂရုစိုက်နေမတုန်း?” တစ်ယောက်က နှုတ်ခမ်းကွေးကာဖြင့် “ကျန်းချွမ်းကျောင်းက အရေထူတာပဲ။ သူဘာမှမဖြစ်ခဲ့သလိုမျိုးပဲ ဆက်နေသွားလိမ့်မယ်။ ရှောင်ဖူချီရဲ့အမေကတော့ တော်တော်ဒေါသထွက်နေပြီ။ သူက သူ့သားကိုတောင် ကျန်းချွမ်းကျောင်းနဲ့ကွာရှင်းဖို့ တကျည်ကျည်လုပ်နေတာ။ ဘာပဲဖြစ်ဖြစ် ရှောင်ဖူချီကတော့ ဘာမှမလုပ်ရဲဘူး”
“နဂိုတည်းကဒေါသထွက်နေတာမျိုးမဟုတ်ရင် သူကတော်တော်လေးကို တိတ်ဆိတ်တယ်”
“ရှောင်တဟွာကပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ပြန်အပို့ခံလိုက်ရတာ။ သူက ညစ်ပတ်တဲ့မြစ်ရေတွေနဲ့ ရွှဲစိုနေတာပဲ။ သူ့တချို့ဒဏ်ရာတွေတောင် ပြည်တွေထွက်နေပြီ။ သူဆေးရုံမသွားရင်တော့ တစ်သက်လုံး မသန်မစွမ်းဖြစ်တော့မယ်”
“ဟယ် အဲ့လောက်တောင်ဆိုးသွားတာလား?”
“ဟုတ်တယ် သူပြန်ရောက်လာတော့ ငါတို့သူ့ကိုမြင်လိုက်ရတယ်။ သူတော်တော်အခြေအနေဆိုးနေတာ။ တစ်ကိုယ်လုံးပွန်းပဲ့ဒဏ်ရာတွေမှ အများကြီးပဲ။ ကြောက်စရာကြီး”
“ကျန်းချွမ်းကျောင်းက သူ့သမီးအတွက် ဘာလို့ ရက်စက်တဲ့ ခမည်းခမက်ဘက်ကို ရွေးရတာလဲ?”
လူတချို့က ဒါကို မယုံကြည်ကြပေ။
“အရင်ကတော့ သူတို့အဲ့လောက်မကြမ်းတမ်းကြဘူး။ ဘာပဲဖြစ်ဖြစ် ရှောင်တဟွာကလည်း သူ့အမေဥပမာလိုက်တာပဲ။ တခြားယောက်ျားနဲ့ဖောက်ပြန်ပြီး အိပ်ယာထဲမှာ သူ့မိသားစုဆီကနေ အဖမ်းခံလိုက်ရတယ်”
“သူပဲအဲ့လိုဖြစ်အောင်လုပ်ခဲ့တာ” …
နောက်ထပ်ရက်အနည်းငယ်တိုင် လူတွေပြောနေကြသည်မှာ ကျန်းချွမ်းကျောင်းနဲ့ သူ့သမီးအကြောင်းဖြစ်သည်။
ကျန်းချွမ်းကျောင်းက ဖောက်ပြန်တဲ့သူဖြစ်ပြီး နေ့ခင်းကြောင်တောင်ကြီးကို သူ့ချစ်သူနဲ့ sexလုပ်ဖို့ကြိုးစားခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့သမီးကတော့ ဒီလောက်မဆိုးပေ။
ရှောင်မိသားစုက ဒီကိစ္စကို အာရုံမစိုက်နိုင်လောက်တဲ့ထိ သူတို့ကိစ္စနဲ့အလုပ်များနေသည်။ သူတို့က ကျန်းချွမ်းကျောင်းမိသားစုအကြောင်း ဂရုမစိုက်တော့ပေ။ ရှို့မီးက ၁၀၈၀၀၀ယွမ် ဆုံးရှုံးခဲ့ရသည်။ ဒါပေါ့ ကျန်းရှောင်လန်က ဒီပိုက်ဆံတွေကို ပြန်ပေးရမည်။
မေမေရှောင်နဲ့ ဖေဖေရှောင်က ဒီကိစ္စကိုကြားပြီး ပဟေဠိဖြစ်သွားကြသည်။ သူတို့ကလည်း ဒီလိုလျော်ကြေးရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
“ယွီအာ ကျန်းရှောင်လန်က အဖမ်းခံလိုက်ရပြီ။ သမီး သူ့မိသားစုကို လျော်ကြေးပေးခိုင်းဦးမှာလား?”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ပြီး၊ “ဒါပေါ့ ကျန်းရှောင်လန်က မီးရှို့မှုကြောင့် အဖမ်းခံလိုက်ရတာလေ။ ဒါက သူပျက်စီးစေခဲ့တဲ့ အရာတွေကို လျော်ကြေးပေးဖို့ ရှောင်လွဲနိုင်တယ်လို့ ဆိုလိုတာမှမဟုတ်ဘဲ”
“ဒါပေမယ့် သူ့မိသားစုက ဘယ်လိုလုပ်မှာလဲ?” မေမေရှောင်က စိုးရိမ်နေသည်။ “သူ့မိသားစုကလည်းဆင်းရဲတယ်လေ။ သူတို့က ၁၀၀၀၀၀မပြောနဲ့ ၁၀၀၀တောင်မပေးနိုင်ဘူး”
ရှောင်လင်းယွီက ခေါင်းခါပြီးတော့၊ “အမေ ဒါကိုတရားရုံးကို လွှဲထားလိုက်ပါ။ သူတို့က တရားရုံးက တောင်းဆိုသလောက်ပေးလိမ့်မယ်”
ဖေဖေရှောင်က နားမလည်သည့်ပုံဖြင့်၊ “အဖေတို့ တရားရုံးကို ဒီထဲဆွဲထည့်ဖို့ လိုသေးတာလား?”
“လိုတယ်” ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဒါကလုပ်ထုံးလုပ်နည်းပဲ။ သူတို့မိသားစုမပေးနိုင်လည်း အရေးမကြီးဘူး။ သမီးတို့ လုပ်ထုံးလုပ်နည်းအတိုင်းပဲသွားရမှာ။ သမီးတို့က တရားဥပဒေစိုးမိုးတဲ့ နိုင်ငံမှာနေနေတာလေ။ ဆင်းရဲတာနဲ့ပဲ ချွင်းချက်ထားပေးလိုက်လို့မှမရတာ”
ရွာသားတွေက ဥပဒေကို မသိတဲ့အတွက် ရှောင်လင်းယွီက အပြစ်ဒဏ်ရဲ့ပြင်းထန်မှုကိုနားလည်စေဖို့ ဤအခွင့်အရေးကို သုံးချင်နေသည်။ သူတို့တစ်ခုခုမကောင်းတာလုပ်ခဲ့လျှင် ဥပဒေနဲ့ရင်ဆိုင်ရပေမည်။ တစ်ယောက်ယောက်အဖမ်းခံရလည်း အရေးမကြီးပေ။ ဥစ္စာမျှဝေခြင်းဆိုတာမျိုးရှိသည်။ မိန်းမအဖမ်းခံရလျှင် ယောက်ျားမိသားစုက သူမကိုယ်စား လျော်ကြေးပေးရမည်။ ပိုက်ဆံမရှိပါက အိမ်များ၊ မြေများနှင့် တခြားပစ္စည်းများကဲ့သို့ အဖိုးတန်ပစ္စည်းများ၏ ကြွေးဆပ်ခြင်းရှိသည်။
မေမေရှောင်နဲ့ ဖေဖေရှောင်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ ဒါကအားလုံးအတွက် ဥပမာဖြစ်သွားတာပေါ့”
သူတို့ကလည်း သူတို့မိသားစုက အလျင်အမြန်ချမ်းသာလာမှန်း သိကြသည်။ မနာလိုနေကြသည့် လူတော်တော်များများလည်းရှိသည်။ အဲ့ဒီလူတွေက နားလည်ရခက်သည်။ သူတို့က တခြားလူကောင်းစားနေတာကို မကြည့်နိုင်ကြပေ။ ဒါကြောင့် သူများဘဝကိုဖျက်စီးဖို့ ကိုယ့်ဘဝကိုအနစ်မွန်းခံကြသည်။ …
ကျန်းရှောင်လန်အဖမ်းခံလိုက်ရပြီးနောက် ရွာသားတွေက နောက်ထပ်တုန်လှုပ်ဖွယ်သတင်းတစ်ခု ကြားလိုက်ရပြန်သည်။
ကျန်းရှောင်လန်က အဖမ်းခံလိုက်ရပေမယ့်လည်း ပစ္စည်းဥစ္စာပျက်စီးမှုတွေအတွက် သူ့မိသားစုက လျော်ကြေးပေးရဦးမည်။ ဒါက ရည်ရွယ်ချက်ရှိရှိရှို့မီးဖြစ်မှတော့ သူတို့က ၁၀၈၀၀၀ယွမ်ဆုံးရှုံးမှုအတွက် အပြည့်အဝတာဝန်ရှိသည်။ တရားရုံးမှလူများက သူတို့မိသားစုရဲ့ပစ္စည်းအခြေအနေကို အကဲဖြတ်ဖို့ လာခဲ့ကြသည်။ သူတို့မှ ပေးနိုင်မယ့်အခြေနေမရှိရင် အရစ်ကျပေးသွင်းရလိမ့်မည်။
ရွာသားများ အံ့ဩကုန်ကြသည်။ သူတို့က အကျိုးဆက်တွေက ဒီလောက်ပြင်းထန်သွားလိမ့်မယ်လို့ မထင်ခဲ့ပေ။ လျော်ကြေးက ယွမ်၁၀၀၀၀၀ထက်ပိုသည်။ ဆယ်စုနှစ်များစွာ မစားမသောက်ဘဲနေရင်တောင် ဒီလိုငွေမျိုးရမည်မဟုတ်ပေ။
တစ်ယောက်က၊ “ကျန်းရှောင်လန်က တကယ့်ဂြိုလ်ဆိုးပဲ”
“သူ့ကိုယ်သူထောင်ထဲရောက်အောင်လုပ်တာတင်မကသေးဘဲ သူ့မိသားစုကိုလည်း ပါရအောင်လုပ်ပြန်ပြီ”
“ရှောင်ချန်းချိုင်ရဲ့မိသားစုက ဒီအကြွေးကိုပြန်ဆပ်ဖို့ ဆယ်စုနှစ်တွေအများကြီး ရှောင်ကျန်းယန်တို့မိသားစုအတွက် အလကားအလုပ်လုပ်ပေးရတော့မယ်” …
ရှောင်ချန်းချိုင်ရဲ့မိသားစုက တရားရုံးစီရင်ချက်ကိုကြားပြီနောက် ရှောင်ချန်းချိုင်ရဲ့အမေက ချက်ချင်း မြေပေါ်မှာလူးလိမ့်ပြီး အရှက်မရှိ ငိုကြွေးလိုက်သည်။ “ငါတို့မှာပိုက်ဆံမရှိဘူး။ ငါ့အသက်ကိုသာယူသွားလိုက်တော့။ လျော်ကြေးအနေနဲ့ ငါ့ရဲ့ အိုမင်းနေတဲ့ဘဝကြီးကိုသာ ယူသွားလိုက်ကြတော့”
တရားရုံးမှလူတွေက ဒီလိုအခြေအနေမျိုးကို အများကြီးမြင်တွေ့ဖူးပြီးသားဖြစ်သည်။ ဒီနေရာက သူတို့ကိစ္စပြီးသွားသည့်အခါ မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားကြသည်။ အပြစ်သားက လူးလိမ့် ဒါမှမဟုတ် အလိုမကျဖြစ်နိုင်ပေမယ့်လည်း ဒါက သူတို့နဲ့ ဘာမှမဆိုင်ပေ။
တရားရုံးမှလူများ ထွက်သွားပြီးနောက် ရှောင်ချန်းချိုင်နဲ့သူ့အမေက ရှောင်မိသားစုနဲ့ ဇယားရှုပ်ဖို့ လာခဲ့ကြသည်။ ဘယ်လိုပဲဖြစ်နေပါစေ ရှောင်မိသားစုရဲ့တံခါးက စေ့စေ့ပိတ်ထားသည်။
ရှောင်ချန်းချိုင်ရဲ့အမေက ဝင်းတံခါးကို ဒေါသတကြီး ထိုးပြပြီး “ရှောင်ကျန်းယန်၊ နင်အိမ်ထဲမှာ ရှိမှန်းသိတယ်။ မြန်မြန်လာပြီး တံခါးဖွင့်။ မဟုတ်ရင်တော့ ငါရိုက်ချိုးပစ်မယ်”
“အဒေါ်၊ ကျန်းယန်နဲ့ ချိုးယင် အိမ်မှာမရှိဘူး” တစ်ယောက်က ပြောလိုက်သည်။
“ဒါဆို ရှောင်လင်းယွီတော့ရှိမှာပေါ့” ရှောင်ချန်းချိုင်ရဲ့အမေက အထက်စီးဆန်စွာ အော်ဟစ်လိုက်သည်။ “ရှောင်လင်းယွီ ထွက်ခဲ့စမ်း။ ဒီကြောက်စရာကောင်းတဲ့ကောင်မ။ နင်က ငါ့မိသားစုကို အရမ်းကံဆိုးမိုးမှောင်ကျအောင်လုပ်တယ်။ ထွက်လာပြီး ငါ့ကို မျက်နှာချင်းဆိုင်စမ်း!”
ကျွိခနဲမြည်သံတစ်ခုဖြင့် ရှောင်မိသားစုရဲ့ ဝင်းတံခါးပွင့်လာသည်။
***