← Chapters

မြေပေါ်တွင်လူးလိမ့်ခြင်း

Vol. 16 Ch. 269

မြေပေါ်တွင်လူးလိမ့်ခြင်း

Vol. 16 Ch. 269

ဝင်းတံခါးပွင့်လာပြီးတော့ အေးစက်ပြီးအထက်စီးဆန်သည့်ပုံစံနှင့် ခံ့ညားသည့်လူတစ်ဦး ‌ထွက်လာသည်။

တံခါးမှာ ရပ်နေကြသည့် ရွာသားတွေက ဇာတ်ရှိန်တက်လာသည်ကို ကြည့်နေခဲ့ကြသည်။

သခင်ကြီးကုန်းရဲ့မြေးကရှောင်လင်းယွီကိုလိုက်နေမှန်း သူတို့ကြားထားကြသည်။ ၎င်းက ဒါကို အတည်ပြုပေးလိုက်သည်။

ကုန်းထျန်းဟောက်၏ အထက်စီးဆန်ပြီး အဟန့်ကောင်းသည့်ဟန်ပန်က ရှောင်ချန်းချိုင်ရဲ့အမေကို ချက်ချင်းကြောက်ရွံ့စေခဲ့သည်။

သခင်ကြီးကုန်းက ပုံမှန်ဆိုရင်တော့ အတော်ဖော်ရွေသည်။ ဒါကြောင့် သူ့မြေးကလည်း ပြောရဆိုရလွယ်ကူလိမ့်မယ်လို့ သူတို့ကို ထင်မိစေသည်။

ရှောင်ချန်းချိုင်ရဲ့အမေက အရပ်ရှည်ပြီးအေးစက်သည့် ကုန်းထျန်းဟောက်ကိုကြည့်ပြီး ကျယ်လောင်စွာဖြင့်၊ “ရှောင်လင်းယွီဘယ်မှာလဲ? ရှောင်လင်းယွီကိုခေါ်လိုက်။ ခွေးမက ငါ့မိသားစုကို ဒုက္ခပေးထားတာ။ ငါ့ကို ရှင်းပြချက်မပေးသရွေ့ မထွက်သွားဘူး။ သူငါ့မိသားစုဆီကနေ လျော်ကြေးရစရာဘာအကြောင်းမှမရှိဘူး”

ကုန်းထျန်းဟောက်က ခွေးမ ဟူသည့် စကားလုံးကိုကြားပြီး မျက်ခုံးတွန့်လိုက်ပြီး ရှောင်ချန်းချိုင်ရဲ့အမေကို စူးစူးဝါးဝါးကြည့်လိုက်သည်။ သူ ခိုင်မာပြတ်သားသည့် ခြေလှမ်းများနဲ့ လျှောက်သွားလိုက်သည်။ သူရဲ့ ထက်မြက်တဲ့အရှိန်အဝါက အားလုံးကို ခြေနှစ်လှမ်းလောက်နောက်ဆုတ်သွားတဲ့ထိကို ကြောက်ရွံ့စေသည်။

ကုန်းထျန်းဟောက်က ရှောင်ချန်းချိုင်အမေကို ကြည့်ပြီး အေးစက်စွာဖြင့်၊ “ကျွန်တော် အမျိုးသမီးတွေကို မရိုက်ဘူး။ လူကြီးတွေကိုလည်း မရိုက်ဘူး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို အပေါက်ပိတ်သွားအောင်လုပ်လို့ရတယ့် နည်းလမ်းတွေတော့ အများကြီးရှိတယ်”

“ဘာ...ဘာရယ်?” ရှောင်ချန်းချိုင်ရဲ့အမေက ကြောက်ရွံ့မှုဖြင့် တုန်လှုန်သွားပြီး နားမလည်သည့်ပုံဖြင့် အထစ်အထစ်ဖြစ်နေသည်။

ကုန်းထျန်းဟောက်ရဲ့ စူးရှတဲ့မျက်လုံးတွေက သူ့အနားမှာရှိတဲ့ လူတွေကိုကြည့်ပြီး အေးစက်စက်ဖြင့်၊ “ရှောင်လင်းယွီက ကျွန်တော်သဘောကျရတဲ့ အမျိုးသမီးပဲ။ သူ့ကို ဘယ်သူမှ အနိုင်ကျင့်ခွင့် ဒါမှမဟုတ် ဆူပူကြိမ်းမောင်းခွင့်မပြုဘူး။ အဲ့ဒီထဲ ခင်ဗျားတို့လည်းပါတယ်” သူ့ရဲ့စူးရှတဲ့မျက်လုံးတွေက ရှောင်ချန်းချိုင်ရဲ့အမေကို စိုက်ကြည့်လိုက်ပြီး သူ့ကို မြေပေါ်ကျမသွားရုံတမယ် ကြောက်ရွံ့စေခဲ့သည်။

“ခင်ဗျားချွေးမက မကောင်းတာလုပ်ခဲ့တာ။ ဒါကြောင့် သူအပြစ်ပေးခံရသင့်တယ်။ခင်ဗျားက သူ့မိသားစုမလို့ သူ့ကိုကူညီဖို့ တာဝန်ရှိတယ်! ဒါကိုများ ဘာလို့ ဒီမှာ ဆူဆူပူပူလာလုပ်နေသေးလဲ?”

ရှောင်ချန်းချိုင်ရဲ့အမေက ကုန်းထျန်းဟောက်ကို ကြောက်ပေမယ့်လည်း ယွမ်၁၀၀၀၀၀ထက်ပိုတဲ့ လျော်ကြေးကိုတွေးမိတဲ့အခါ ဘာကိုမှမကြောက်တော့။

သူမက၊ “ကျန်းရှောင်လန်က ထောင်ထဲရောက်‌ပြီးနေပြီ။ ဘာလို့ ငါတို့က သူတို့ကို လျော်ကြေးပေးရဦးမှာလဲ? သူတို့က ဒီလောက်ချမ်းသာနေတာတောင် သွေးအေးပြီး အကြင်နာကင်းလွန်းတယ်။ သူတို့က ငါတို့မိသားစုပျက်ဆီးပြီး သေသွားတာကိုမြင်ချင်နေတာ။ သူတို့ ဝဋ်လည်မှာများ မကြောက်ကြဘူးလား?”

“အမှန်ပဲလေ ဒါကမကောင်းတာတွေလုပ်ထားတဲ့ ခင်ဗျားမိသားစုအတွက် ဝဋ်လည်တာပဲ!”

ကုန်းထျန်းဟောက်က အေးစက်စွာပြောလိုက်သည်။ “ကျွန်တော်တစ်ခွန်းပဲပြောမယ်။ ထွက်သွားလိုက်တော့”

ကုန်းထျန်းဟောက်က သူတို့ကို ဒီလိုမောင်းထုတ်လိုက်လိမ့်မယ်လို့ ဘယ်သူမှထင်မထားပေ။ သူမသားဆီက အချက်ပြမှုဖြင့် ရှောင်ချန်းချိုင်ရဲ့အမေက ချက်ချင်းလှဲချပြီး ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသည်။ “ကျွန်မတို့ကို အနိုင်ကျင့်နေပါတယ်။ တစ်စုံတစ်ယောက်က သူတို့ရဲ့ ချမ်းသာမှုနဲ့ အာဏာတွေကိုသုံးပြီး ကျွန်မတို့လို ဆင်းရဲတဲ့သူတွေကို အနိုင်ကျင့်နေပါတယ်။ ကျွန်မတို့ဘယ်လိုလုပ်ဒီလိုနေရ‌မှာလဲ?”

တချို့ရွာသားတွေက ရှောင်ချန်းချိုင်ရဲ့မိသားစုကို သနားကြသည်။ ကျန်းရှောင်လန်က မီးရှို့မှု ကျူးလွန်ခဲ့ပေမယ့်လည်း သူကအဖမ်းခံရပြီး ထောင်ချခံလိုက်ရပြီ။ သူက အပြစ်ဒဏ်တွေ တော်တော်ခံပြီးပြီမလို့ ထပ်ပြီးလျော်ကြေးတောင်းတာတွေက ရှောင်မိသားစု ရက်စက်ရာကျတယ်။ ရှောင်ကျန်းယန်ရဲ့မိသားစုက နဂိုတည်းက ချမ်းသာပြီးသားပဲလေ။ သူတို့မှာ ပိုက်ဆံမရှိတာလည်းမဟုတ်ဘူး။

သူတို့က ရက်စက်ပြီး အကြင်နာကင်းမဲ့နေတာမျိုးမဟုတ်ရင် ဘာလို့ လျော်ကြေးကို ဒီလောက်တောင်းနေရတာလဲ?

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ရွာသားမှတော့ ဒီလိုမပြောရဲပေ။

‌သူတို့က အလုပ်အတွက် ရှောင်ကျန်းယန်ရဲ့မိသားစုအပေါ်မှာ မှီခိုနေဖို့လိုသေးသည်။ ဒါ့ကြောင့် လိမ်လိမ်မာမာနဲ့ပဲကြည့်နေကြပြီး ဘာမှမပြောကြပေ။

ထိုအချိန်တွင် ရှောင်ချန်းချိုင်က တံခါးမှာရုတ်တရက် ဒူးထောက်လိုက်သည်။ သူ့လုပ်ရပ်က လူတိုင်းကို ကြောက်ရွံ့စေခဲ့သည်။ ကုန်းထျန်းဟောက်တောင် မျက်မှောင်ကြုံ့သွားသည်။ ဒီလိုစီးပွားရေးလောကမှာ ကိစ္စတွေဘယ်လောက်ပဲခက်ခဲခက်ခဲ သူက ဒါတွေကို လွယ်လွယ်ကူကူကိုင်တွယ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒီလိုထိခိုက်နစ်နာ‌နေတဲ့ဆင်းရဲသားတွေနဲ့ ရင်ဆိုင်ရရင်တော့ သူမလုပ်တတ်မကိုင်တတ်ဖြစ်သွားသည်။

ပထမက သူ့အဘိုးက ထောင်ယွမ်ရွာမှာနေသည်။ ဒုတိယအနေနဲ့ သူ့မိန်းမနဲ့ ယောက္ခမတွေက ထောင်ယွမ်ရွာကဖြစ်ကြသည်။ ကိစ္စတွေကို သင့်တင့်လျောက်ပတ်အောင် မကိုင်တွယ်ဘူးဆိုရင် နောက်ကျရင် သူတို့ဒုက္ခပေးခံရလိမ့်မည်။ ဒါမျိုးသာ မြို့တော်မှာလာဖြစ်ရင် ကုန်းထျန်းဟောက်က ဒီလူတွေကို အစောတည်းက နိဂုံးချုပ်ပြီးလောက်ပြီ။ ဘယ်သူမှ ကြမ်းပေါ်မှာလိမ့်ရဲမည်မဟုတ်တော့ပေ။

ထိုအချိန်မှာ ရှောင်ချန်းချိုင်က အော်လိုက်သည်။ “ရှောင်လင်းယွီ ငါ့မိန်းမက မကောင်းတာလုပ်ခဲ့တယ်။ ငါမင်းကို တောင်းပန်ပါတယ်။ ဒါပေမယ့် ငါ့မိသားစုကိုတော့ လွှတ်ပေးလို့မရဘူးလား? ငါ့မှာ ‌ထောက်ပံ့ရမယ့် မိဘတွေနဲ့ ကလေးတွေရှိသေးတယ်။ မင်းငါ့မိသားစုကို သေစေချင်တာမျိုးမဟုတ်ဘဲနဲ့တော့ ငါမင်းကို လျော်ကြေးငွေပေးနိုင်မှာမဟုတ်ဘူး!”

လူတွေက အားနည်းတဲ့လူကို စာနာကြသည်။

ကျန်းရှောင်လန်ကလည်း အပြစ်ပေးခံရပြီးပြီ။ ရှောင်ချန်းချိုင်ပြောသလိုပဲ သူ့မိသားစုတစ်ခုလုံးကို ရောင်းလိုက်ရင်တောင် သူ၁၀၈၀၀၀ပေးနိုင်မှာမဟုတ်ဘူး။ ရှောင်ချန်းချိုင်မှာ ကျွေးမွေးရမယ့် မိဘတွေနဲ့ ကလေးတွေရှိသေးသည်။ သူပိုက်ဆံပေးဖို့ တွန်းအားပေးခံနေရရင် သူတို့ဘယ်လိုရှင်သန်ရတော့မလဲ? ရှောင်လင်းယွီက ဒီမိသားစုကို တကယ်သေစေချင်နေတာလား?

ကုန်းထျန်းဟောက်က တည်ငြိမ်စွာဖြင့်၊ “တရားရုံးက လူတွေက ခင်ဗျားတို့ကို အပြည့်ပေးခိုင်းတာမဟုတ်ဘူး။ ခင်ဗျားတို့ အရစ်ကျပေးလို့ရတာပဲ”

ရှောင်ချန်းချိုင် ချောင်ပိတ်မိသွားသည်။ အားလုံးရဲ့အမူအယာလည်း ကြက်သေသေသွားသည်။

ရှောင်ချန်းချိုင်က ဆက်ပြီးတော့ စိတ်သောကရောက်နေသလိုလုပ်ပြီး။ “ငါအရစ်ကျပေးရင်တောင် တစ်နှစ်ကို ယွမ်၉၀၀၀လေ။ ငါအဲ့ဒီလောက်မှငွေမရှာနိုင်တာ။ ငါက မိသားစုကိုတောင် ခက်ခက်ခဲခဲရှာကျွေးနေရတာ။ ငါဘယ်လိုလုပ်များပေးနိုင်မှာလဲ?”

၎င်းက လယ်သမားအများစုအတွက် တကယ့်ပြဿနာဖြစ်သည်။ သူတို့တစ်နှစ်လုံးအလုပ်လုပ်ပေမယ့်လည်း သူတို့မိသားစုကိုတောင် ခက်ခက်ခဲခဲရှာကျွေးနေရသည်။ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတွေမှာ အလုပ်နည်းနည်းလေးပဲရှိလို့ ဒါမျိုးကတော့အဖြစ်များသည်။

ကုန်းထျန်းဟောက်က ပြတ်သားစွာဖြင့် “ဖြေရှင်းပုံကတော့ ရှင်းရှင်းလေး။ ခင်ဗျားမိသားစုမှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူသုံးယောက်ရှိတာပဲ။ တကယ်တမ်းဆိုရင် အကြွေးဆပ်ပြီးအလုပ်လုပ်ဖို့ ရှောင်လင်းယွီရဲ့လယ်ဆီကို တစ်ယောက်ပို့လိုက်ဖို့ပဲလိုတာ”

ပြီးနောက် သူက ဘေးပတ်လည်က ရွာသားတွေဆီကို လှည့်လိုက်ပြီး တိုက်ရိုက်ပြောလိုက်သည်။ “ဒီမိသားစုက ခင်ဗျားတို့ထင်သလောက် သနားဖို့မကောင်းဘူး။ အသက်အကြီးဆုံးမိသားစုဝင်က ဒီအဒေါ်ပဲ။ သူ့ကြည့်ရတာ ခြောက်ဆယ်လောက်ပဲရှိပုံပေါ်တယ်။ အငယ်ဆုံးက ဆယ့်နှစ်နှစ်ပဲရှိသေးတဲ့ သူ့သားပဲ။ သူတို့နှစ်ယောက်လုံး အလုပ်လုပ်နိုင်သေးတယ်။ ပြီးတော့ သူတို့မှာ အသတ်ခပ်လတ်လတ် လူသုံးယောက်လည်းရှိသေးတယ်။ အဲ့ဒါ ဒီဦးလေးနဲ့ သူ့သားအကြီးနှစ်ယောက်ပဲ။ ဒါဆို လျော်ကြေးပေးဖို့ နည်းလမ်းမရှိဘူးလို့ပြောတုန်းက ဘာကိုများပြောချင်နေတာလဲ?”

ရွာသားများ ချက်ချင်းနားလည်လိုက်သည်။

ပွင့်ပွင့်လင်းလင်းပြောရရင် ရှောင်ချန်းချိုင်ရဲ့မိသားစုမှာ လုပ်နိုင်ကိုင်နိုင်တဲ့လူ အများကြီးရှိသည်။ သူတို့ အပျင်းမထူဘဲ လုံ့လဝီရိယရှိရှိ အလုပ်လုပ်‌သရွေ့ အကြွေးကို လွယ်လွယ်ကူကူပဲ ပြန်ဆပ်နိုင်သည်။

ရှောင်ချန်းချိုင်ရဲ့အမေက ချက်ချင်းမြေကြီးပေါ်ကထပြီး ငြင်းဆိုလိုက်သည်။ “မရဘူး။ ငါ့အငယ်ဆုံးသားလေးကို တက္ကသိုလ်ထားဖို့ ပိုက်ဆံစုဖို့လိုသေးတယ်။ ငါတို့ပိုက်ဆံတွေကို ယူသွားခွင့်မပြုနိုင်ဘူး!”

ရှောင်ချန်းချိုင်ကထပ်ပြီး၊ “ငါ့သားတွေက အရွယ်ရောက်နေပြီ။ သူတို့အိမ်ထောက်ပြုဖို့လိုသေးတယ်။ ဘယ်လိုလုပ် သူတို့က ရှောင်လင်းယွီခြံမှာ အလကားအလုပ်ကြမ်းလုပ်ပေးရမှာလဲ? ဒီလိုဆို သူတို့ ဘယ်လို အိမ်ထောင်ပြုလို့ ရတော့မှာလဲ?”

ထိုအချိန်တွင် ရှောင်လင်းယွီထွက်လာသည်။ သူမ မေးလိုက်သည်။ “ဒါဆို ရှင်တို့ကဘာလိုချင်တာလဲ? ကျွန်မပြောပြမယ်။ ရှင်တို့က လျော်ကြေးလျှော့ပေါ့တာကို လိုချင်တာဆိုရင်တော့ တရားရုံးကိုသွားဖို့လိုတယ်။ ရှင်တို့ ဒီမှာဘယ်လောက်ပဲ ဇာချဲ့ချဲ့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး... ကျွန်မမိသားစုကချမ်းသာနိုင်ပေမယ့် ပိုက်ဆံကမိုးပေါ်ကကျလာတာမဟုတ်ဘူး။ ဒါတွေအတွက် ခက်ခက်ခဲခဲအလုပ်လုပ်ထားရတာ။ ဒါဆို ကျွန်မအပိုင်ဖြစ်သင့်တာတွေကို ပြန်တောင်းတာက ဘာများမှားနေလို့လဲ?”

***

All Chapters