နောက်ထပ်ထိပ်တန်းကျောင်းသား
Vol. 16 Ch. 272
ကျန်းရှောင်လန်ရဲ့ထောင်ကျမှု၊ ရှောင်ချန်းချိုင်ရဲ့ကွာရှင်းမှု၊ ကျန်းချွမ်းကျောင်းရဲ့နာမည်ပျက်မှုနဲ့ ကျန်းချွမ်းကျောင်းရဲ့အကြီးဆုံးသမီး ရှောင်တဟွာရဲ့ကွာရှင်းမှု၊ ဒီဖြစ်ရပ်တွေက တရစပ်ဖြစ်ပွားခဲ့သည်။
၎င်းက ဒီမိသားစုနှစ်ခုအပေါ် ကျိန်စာသင့်သွားသလိုမျိုးပင်။
ရှောင်ဖူချီက သူ့အမေတိုက်တွန်းနေပေမယ့်လည်း ကွာရှင်းဖို့စိတ်မပါတော့ပေ။ သူကကွာရှင်းပြီးရင် ထပ်လက်ထပ်လို့မရမှာကြောက်နေပြီး သူ့တစ်သက်လုံး တစ်ကိုယ်တည်းသမားဖြစ်သွားတော့မည်။ ဒါ့ကြောင့် သူက အရှက်တကွဲဖြစ်မှုကို ကျော်သွားလိုက်သည်။
သူမျက်နှာပျက်ခြင်းက သူ့မိန်းမကို ဆုံးရှုံးရခြင်းထက်တော့ ပိုကောင်းသေးသည်။
၎င်းက ရှောင်ဖူချီရဲ့အမေကို ဦးနှောက်သွေးကြောပြတ်မတတ် စိတ်တိုစေခဲ့သည်။ ဒါပေမယ့် အဆုံးမှာတော့ သူမလုပ်နိုင်တာဘာမှမရှိပေ။ သူ့အရင်အိမ်ကို ပြန်ပြောင်းလာပြီး သူတို့ကို မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
ရှောင်တဟွာက သူ့ကွာရှင်းမှုကိုစောင့်နေဖို့ သူ့အမေဆီပြန်ပို့ခံလိုက်ရကာ ထိုကိစ္စက ကျန်းချွမ်းကျောင်းကို ဒေါသထွက်စေခဲ့သည်။ သူ့သမီး၏ ပြဿနာကထုရှင်းရန် ဆယ်မိုင်ရွာကို ခေါ်သွားသည်။
ကောမိသားစုက ကျန်းချွမ်းကျောင်းလိုမျိုး မနှစ်မြို့ဖွယ် ခမည်းခမက်မျိုးရှိသည်ကို ရှက်ရွံ့သည့်အတွက် တံခါးတောင်လာဖွင့်မပေးပေ။ ထို့ပြင် သူတို့မှာ ရှောင်တဟွာရဲ့ နောက်မီးလင်းမှုအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေရှိသည်။ အတိတ်တွင် သူတို့က ကလေးကြောင့် သူမကို ခွင့်လွှတ်ပေးခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချွမ်းကျောင်းရဲ့ဖြစ်ရပ်က ကောမိသားစုကို အဆုံးစွန်သို့ တွန်းပို့လိုက်သည်။ ချွေးမနဲ့ ခမည်းခမက်နှစ်ယောက်စလုံးက သူတို့မိသားစုကို အရှက်ရစေသည်။
ကောမိသားစုက ပြတ်ပြတ်သားသားအဆက်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။ ကောမိသားစုက ကျန်းချွမ်းကျောင်းကို မသိကျိုးနွံပြုခဲ့သည်။
ကျန်းချွမ်းကျောင်းတစ်ယောက် သူမ၏ခမည်းခမက် ဒါမှမဟုတ် သူ့အရင်မိသားစုဆီကတောင် အကူအညီမရခဲ့ပေ။ ဒါ့ကြောင့် သူကိစ္စတစ်ခုကို အရမ်းကြီးအောင်လုပ်မရပေ။ အဆုံးတွင် ကျန်းချွမ်းကျောင်းက သူ့အိမ်ကိုအင်တင်တင်နှင့်ပြန်သွားပြီး သူ့ဒေါသတွေကို ရှောင်ဖူချီဆီ ပုံချတာကလွဲလို့ ရွေးချယ်စရာမရှိခဲ့ပေ။
အရင်ကတော့ ရှောင်ဖူချီက သူမကို သည်းခံပြီး ဆူပူထုရိုက်ခွင့်ပြုသည်။ ဒါပေမယ့်လည်း အခုကတော့ ဒီလိုမဟုတ်တော့။ ရှောင်ဖူချီမှာ ဒေါသထွက်ရမည့်အကြောင်းရင်းရှိသည်။
ကျန်းချွမ်းကျောင်းရဲ့ ရှင်းအန်းမြို့ ကိစ္စတည်းက ရှောင်ဖူချီက အရက်ဖက်ကိုပြောင်းသွားသည်။ သူမူးလာတိုင်း ကျန်းချွမ်းကျောင်းကို အတော်ထုရိုက်သည်။ ရှောင်တဟွာက သူ့အမေကို ကယ်ချင်ပေမယ့်လည်း ဒီလိုဆိုရင် ရှောင်ဖူချီက သူတို့နှစ်ယောက်လုံးကို ရိုက်လိမ့်မည်။
ဒီလိုမျိုးခနခနဖြစ်ပြီးတော့ ကျန်းချွမ်းကျောင်း တကယ်ကြောက်သွားသည်။ သူမရဲ့ဝဖိုင့်တဲ့ပုံစံက စပြီးပိန်လှီလာသည်။ သူ့အရင်မာနထောင်လွှားမှုတွေက အားနည်းချက်ဖြစ်လာသည်။
ရှောင်ဖူချီက ငြီးတွားလျက်၊ “ဒီမိန်းမတွေကို တကယ်အသိတရားဝင်အောင်လုပ်ဖို့လိုတာပဲ”
အဆုံးမှာတော့ ရှောင်တဟွာက သူမယောက်ျားထံမှ ကွာရှင်းခံလိုက်ရသည်။
ရှောင်ချန်းချိုင်ကလည်း ကျန်းရှောင်လန်ကို ကွာရှင်းလိုက်သည်။ တစ်ဝက်ပေးရတာက အကုန်ပေးရတာထက်တော့ သာသေးသည်။
ကျန်းရှောင်လန်က စိတ်တိုသွားသည်။ သူမက ထောင်ထဲကနေပြီးတော့ သူမယောက်ျားကို ဆဲရေးနေလေသည်။
ရှောင်ချန်းချိုင်ကလည်း ဂရုမစိုက်ပေ။ လျော်ကြေးအတွက်နဲ့တော့ ရှောင်ချန်းချိုင်က သူ့အိမ်တွေ ဒါမှမဟုတ် မြေတွေကို မရောင်းချင်ပေ။ သူက ရှောင်မိသားစု(ရှောင်လင်းယွီ)အတွက်လည်း အလကား အလုပ်မလုပ်ပေးချင်ပေ။ ဒါ့ကြောင့် ဒီကိစ္စက မတိုးသာမဆုတ်သာအခြေအနေဖြစ်နေသည်။
ရှောင်ချန်းချိုင်ရဲ့အမေကလည်း လာပြီး ရှောင်မိသားစုနဲ့ အချိန်တိုင်း ဆူဆူပူပူလုပ်နေသည်။ ဒါပေမယ့် တစ်နေ့ကျတော့ ရှောင်ချန်းချိုင်ရဲ့အိမ်မီးလောင်သွားသည်။ ရှောင်ချန်းချိုင်ရဲ့ ဆယ့်နှစ်နှစ်အရွယ်သားလေးက အဆော့သန်ပြီး မတော်တဆထင်းတဲကို မီးရှို့မိလိုက်ခြင်းဖြစ်သည်။
မီးလောင်သွားတော့ သူက အဆူခံရမှာကြောက်ပြီး ထွက်ပြေးသွားသည်။
မီးလောင်မှန်းသိသွားတဲ့အချိန်မှာတော့ ထင်းတဲတစ်ခုလုံးက မီးလောင်နေပြီ။ ကံကောင်းစွာနဲ့ လူတိုင်းမီးကို အချိန်မီ ငြိမ်းလိုက်နိုင်ပြီး ထင်းတဲတစ်ခုနဲ့ မီးဖိုချောင်တစ်ခုပဲ ပျက်စီးသွားသည်။
ဒါက ရှောင်ချန်းချိုင်ရဲ့မိသားစုကို အနည်းငယ်ကြောက်ရွံ့စေခဲ့သည်။ သူတို့အိမ်သာမီးလောင်သွားရင် သူတို့ဘယ်မှာနေရပါ့မလဲ?
ရွာသားတော်တော်များများကတော့ ဒါသူတို့ ဝဋ်လည်တာလို့ ပြောကြသည်။ သူတို့က အရမ်းရက်စက်လွန်းတော့ ဘုရားတောင်သူတို့ဘက်မှာမရှိတော့ပေ။ သူတို့ဒီလိုသာဆက်ပြီး ခေါင်းမာနေရင် ပိုပြီးအပြစ်ပေးခံရလိမ့်မည်။
ရှောင်ချန်းချိုင်နဲ့ ရှောင်ချန်းချိုင်ရဲ့အမေလည်း ထိုကိစ္စကြောင့် ကြောက်ရွံ့သွားပြီး သူတို့လုပ်ရပ်တွေကို လျှော့လိုက်သည်။ ချက်ချင်းဆိုသလိုပဲ ရှောင်လင်းယွီရဲ့မိသားစုလည်း ငြိမ်းချမ်းသွားတော့သည်။ ….
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကိုလိုက်မယ်လို့ ကတိပြုထားသည့်အတိုင်း သူစတင်လှုပ်ရှားနေသည်။ သူရှောင်လင်းယွီကို နေ့တိုင်းသတင်းပို့ပြီး သူမဘေးမှာ ကပ်နေ၏။
ရှောင်လင်းယွီ သူ့ကို အဖတ်လုပ်လုပ်မလုပ်လုပ် အရေးမကြီးပေ။ သူက ရှောင်လင်းယွီ ရှောင်ချန်းချိုင်ရဲ့မိသားစုကြောင့် စိတ်ရှုပ်နေတာကိုသိလို့ ရှောင်ချန်းချိုင်ရဲ့သားလေးကစားနေတဲ့အချိန်မှာ လောင်စာထည့်ပေးဖို့ ရှောင်ကျန်းကိုခိုင်းခဲ့သည်။ မီးက တမင်လုပ်တာမှန်း ဘယ်သူမှမသိကြပေ။ ….
မီးကိစ္စပြီးတော့ မကြာခင်ပဲ စတော်ဘယ်ရီတွေရဲ့ နောက်ဆုံးရာသီကိုရောက်လာသည်။
ကျန့်ယောင်ကျူက ဒီစတော်ဘယ်ရီတွေ မြန်မြန်ဆန်ဆန်ရောင်းထွက်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်သည်။
သူတို့ မြေခြောက်မူမှာ စတော်ဘယ်ရီ ကျင်၄၄၀၀၀ စိုက်ပျိုးခဲ့သည်။ ရှောင်လင်းယွီက ကျင်၁၀၀၀၀ဝန်းကျင် ရောင်းထွက်ခဲ့သည်။ ကာစတန်မာတွေက ကျင်၅၀၀၀လောက်ယူဖို့ လာကြသည်။ ကျန်တာတွေအားလုံးကို ကျန့်ယောင်ကျူက ရောင်းလိုက်ခြင်းဖြစ်သည်။
စတော်ဘယ်ရီဈေးနှုန်းတွေက ၄၅ယွမ်၊ ၆၀ယွမ်...နဲ့ ၃၀၀ ထိရှိသည်။ စူပါမားကတ်က သူတို့ဈေးတွေတောင် မိုးထိုးနေသည်။ အကောင်းဆုံးဥပမာကတော့ Zမြို့ရဲ့ National Unionစူပါမားကတ်ပဲဖြစ်သည်။
စတော်ဘယ်ရီတစ်လုံးကို ၁၅ယွမ်မှ ၃၀ယွမ်ထိကို မြောက်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဝယ်လိုအားကတော့ အရမ်းများဆဲပင်။
ယန်ယိဟိုင်နဲ့ ယန်ရူယွီတို့က ဒါမျိုးကို မျှော်လင့်မထားမိခဲ့ပေ။
စတော်ဘယ်ရီကျင်၄၀၀၀တောင် တကယ်သန်းနဲ့ချီအမြတ်ရသည်။ သူတို့ရဲ့အရင်ကာစတန်မာအင်အားကို ပြန်ကျော်ဖို့ စီစဉ်ရတော့မည်။
ဒီလိုကြီးမားတဲ့အမြတ်အစွန်းက ဒါရိုက်တာတွေအားလုံးကို အလွယ်တကူပဲ အံ့ဩကုန်စေသည်။ တစ်ချိန်တည်းမှာပဲ ဒါက တချို့ဒါရိုက်တာတွေကို စတော်ဘယ်ရီတွေက ရောင်းရလွယ်ကြောင်း ထင်ယောင်ထင်မှားဖြစ်စေပြန်သည်။ သူတို့ထဲကတချို့က စတော်ဘယ်ရီတွေကို တခြားနေရာကနေမှာသင့်ကြောင်း အကြံပြုခဲ့သည်။
ထောင်ယွမ်ရွာကစတော်ဘယ်ရီတွေရဲ့ဈေးနှုန်းက အရမ်းမြင့်လွန်းသည်။ ပိုများတဲ့အမြတ်တွေအတွက် ဒါရိုက်တာအများစု သဘောတူခဲ့ကြသည်။ သူတို့စတော်ဘယ်ရီတွေကို တခြားနေရာကဝယ်ပြီး တူညီတဲ့ဈေးမြင့်မြင့်နဲ့ပဲ ရောင်းခဲ့ကြသည်။
ရလဒ်ကတော့သိသိသာသာပင်! စတော်ဘယ်ရီအများစုကို ရောင်းမထွက်ခဲ့ပေ။
ဝယ်ယူမှုအနည်းငယ်ကလည်း ကာစတန်မှာတွေက မှားယူသွားသောကြောင့်သာဖြစ်သည်။
သူတို့မှာ ရွေးချယ်စရာမရှိပေ။ သူတို့ ထောင်ယွမ်ရွာဆီ ပြန်လှည့်ရတော့မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အရမ်းနောက်ကျသွားချေပြီ။
ထောင်ယွမ်ရွာရဲ့စတော်ဘယ်ရီအားလုံးကို အော်ဒါယူပြီးသွားကြပြီဖြစ်သည်။
ယန်ယီဟိုင်ရဲ့မျက်နှာက ဒေါသဖြင့် ပြာနှမ်းနေသည်။ ဒါရိုက်တာတွေကတော့ ခေါင်းကိုသာငုံ့ထားကုန်ကြသည်။ တစ်ချိန်တည်းမှာပဲ သူတို့ရှက်ရွံ့ပြီး နောင်တရနေသည်။
စတော်ဘယ်ရီကိစ္စပြီးဆုံးခြင်းနဲ့အတူ နောက်ဆုံးမှာ ရှောင်လင်းယွီက မြေစာချုပ်တွေဆီ အာရုံပြောင်းလိုက်သည်။
သူမမှာ ငွေတွေ မျိုးစေ့တွေ မနည်းပေမယ့်လည်း မြေတော့နည်းသည်။ ရွာသားတွေက သူတို့ကိုယ်ပိုင် လယ်ကွက်တွေကို ငှားမှာမဟုတ်မှန်း သူမသိသည်။ သူတို့မြေတွေမှာ ကိုယ်တိုင်ပဲ လယ်စိုက်ကြလိမ့်မည်။
ဘာပဲဖြစ်ဖြစ် တောင်တွေမှာတော့ မြေတွေပေါသည်။ သူမလက်ထဲကငွေကြေးနဲ့ဆို သူပတ်ဝန်းကျင်တောင်တွေကို ငှားနိုင်လောက်သည်။ သူမ ဒါကိုစီစဉ်နေတုန်း ရှောင်လင်းယွီ သတင်းကောင်းကြားလိုက်ရသည်။
“အစ်မ ကျွန်တော် Imperial တက္ကသိုလ်ကို ဝင်ခွင့်ရသွားပြီ!” ရှောင်လင်းယဲ့က ရှားရှားပါးပါး စိတ်လှုပ်ရှားနေသည့် မျက်နှာထားနှင့် အိမ်ပြန်လာလေသည်။
သူက ပျော်ရွှင်စွာ သတင်းကောင်းကိုပြောပြီး၊ “ကျွန်တော်က ၇၃၆မှတ်နဲ့ Zမြို့မှာ အမှတ်အများဆုံးပဲ”
သူမရဲ့မောင်လေး ရှောင်လင်းယဲ့ Imperial တက္ကသိုလ်ကို ဝင်ခွင့်ရသွားသည်။ ရှောင်လင်းယွီက liberal အနုပညာမှာ ထိပ်တန်းအမှတ်နဲ့ တောင်ပိုင်းတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့သည်။
အခု သူ့မောင်လေးက သိပ္ပံမှာ Zမြို့ရဲ့ ထိပ်တန်းအမှတ်နဲ့ Imperial တက္ကသိုလ်ကို ဝင်ခွင့်ရသွားသည်။ အရင်ဘဝကလည်း စီရင်စုတစ်ခုလုံးမှာ ထိပ်တန်းကျောင်းသားအနေနဲ့ အမှတ်သာခဲ့ပေမယ့် ၎င်းမှာ စာမေးပွဲအတွက်အကြိမ်ကြိမ်ပြင်ဆင်ရင်း ပြန်လည်ဖြေဆိုခဲ့ရ၍ဖြစ်သည်။ ဒါကမှ သူ့မူရင်းရလဒ်ပင်။
ရှောင်လင်းယွီက လယ်ထဲမှာ အလုပ်လုပ်နေတဲ့ သူ့မိဘတွေကို ချက်ချင်း သတင်းပို့လိုက်သည်။ ဖေဖေရှောင်နဲ့ မေမေရှောင်လည်း ချက်ချင်း သူတို့လက်ထဲက အလုပ်တွေကို ချခဲ့ပြီး စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် “ဒါကောင်းတာပဲ!”
သူတို့ပျော်ရွှင်နေကြသည်ကို အနားတွင် အလုပ်လုပ်နေသူတိုင်း ကြားရသည်။
“လင်းယဲ့က Imperial တက္ကသိုလ်ကို ဝင်ခွင့်ရသွားတာလား?” ကျိုးယန်ပျော်ရွှင်နေသည်။ “အဲ့ဒါပေကျင်းမှာပဲ၊ အဲ့ဒါလင်းယွီတက်ခဲ့တဲ့ဟာထက်ပိုကောင်းတဲ့ တက္ကသိုလ်တစ်ခုပဲ”
မေမေရှောင်က ခေါင်းညိတ်ပြီး၊ “ဟုတ်တယ် ဟုတ်တယ်။ ယွီအာကလည်း ယဲ့အာက ငါတို့Zမြို့တစ်ခုလုံးရဲ့သိပ္ပံမှာ ထိပ်တန်းအမှတ်ရတဲ့သူလို့ပြောတယ်”
တခြားသူများကဒါကိုကြားပြီး အံ့ဩမှုဖြင့် မျက်လုံးပြူးသွားကြသည်။ ထို့နောက် သူတို့အားလုံး ပျော်ရွှင်စွာဖြင့်၊ “ထိပ်တန်းကျောင်းသား! ကောင်းကင်ကြီးရေ ငါတို့မှာ နောက်ထပ်ထိပ်တန်းကျောင်းသားတစ်ယောက်ရှိတာလား?”
သူတို့ရဲ့မျက်လုံးတွေက အလိုလိုပဲ မနာလိုမှုတွေကိုဖော်ပြနေသည်။ မိသားစုတစ်ခုထဲမှာ ထိပ်တန်းကျောင်းသားနှစ်ယောက်တောင်! သူတို့မိသားစုက ဒီလိုထူးချွန်တဲ့အတွဲမျိုး ဘယ်လိုမွေးထုတ်နိုင်ရတာလဲ?
မေမေရှောင်က၊ “ယောက်ျား၊ ရှင်က ဒီသတင်းကောင်းကို အဖေနဲ့ အမေကိုပြောလိုက်ဦး။ ကျွန်မတို့ ယဲ့အာတက္ကသိုလ်တက်တဲ့အချိန်ကျရင် သူတို့ဦးလေးတွေ အဒေါ်တွေနဲ့ ဂုဏ်ပြုဖို့ပြန်လာမယ်လို့ အမေနဲ့ အဖေကပြောသွားတယ်”
ဖေဖေရှောင်က အရမ်းစိတ်လှုပ်ရှားပြီး ဖုန်းကိုထုတ်ကာ ရပ်ဝေးမှဆွေမျိုးများကို ခေါ်ဆိုလိုက်သည်။ ဖုန်းဝင်လာပြီး ရင်းနှီးနေသောအသံတစ်ခု ထွက်ပေါ်လာသည်။
ဖေဖေရှောင်က ချက်ချင်းပဲ ပျော်ရွှင်စွာဖြင့်၊ “အစ်ကိုကြီး ယဲ့အာတက္ကသိုလ်ဝင်ခွင့်ရသွားပြီလို့ အမေနဲ့ အဖေ့ကို ပြောလိုက်ဦး။ Imperial တက္ကသိုလ်လေ! ယဲ့အာက သိပ္ပံမှာ Zမြို့ရဲ့ ထိပ်တန်းကျောင်းသားပဲ!”
တစ်ခြားဖက်က ဒါကိုကြားပြီး ပျော်ရွှင်စွာဖြင့်၊ “အိုခေ အိုခေ။ ငါအမေနဲ့အဖေကို အခုပဲပြောလိုက်မယ်!” ထိုသို့ပြောပြီးနောက် တခြားဖက်က အော်လိုက်ပြီး၊ “အဖေ အမေ၊ ဒုတိယညီလေးဖုန်းခေါ်တယ်။ ယဲ့အာက Imperial တက္ကသိုလ်ကိုဝင်ခွင့်ရပြီး Zမြို့မှာလည်း ထိပ်တန်းကျောင်းသားတဲ့”
“ဒါသတင်းကောင်းပဲ၊ အိမ်ပြန်ဂုဏ်ပြုဖို့ အဆင်သင့်သွားပြင်ဆင်ရအောင်!”
“ဟုတ်ပြီဟေ့!”
***