တောင်တွေကို ငှားရမ်းခြင်း
Vol. 16 Ch. 273
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးနောက် ရှောင်လင်းယဲ့က ကားမောင်းသင်ဖို့ ခရိုင်မြို့မှာ နေခဲ့သည်။ သူ့မိသားစုက အလုပ်များနေပေမယ့်လည်း သူ့ကိုတော့ မနှောင့်ယှက်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဆိုင်ကိုကူဖို့တော့ မကြာခနသွားရတတ်သည်။
ဆိုင်က ခရိုင်မြို့မှာ ကိုယ်ပိုင်နာမည်တစ်ခုရနေပြီဖြစ်သည်။ ဒါပေမယ့်လည်း သူတို့ပစ္စည်းပြတ်နေသည်။ အသီးအရွက်အသစ်တွေစိုက်ထားပေမယ့်လည်း သီးနှံရာသီတော့မရောက်သေးပေ။ ဆိုင်တွင် စတော်ဘယ်ရီတွေအများဆုံးရောင်းရသည်။
ရှောင်လင်းယွီက သူမကာစတန်မာဟောင်းများအတွက် စိုက်ပျိုးခြံမှ စတော်ဘယ်ရီများကို သီးသန့်ထားလိုက်သည်။ ရှောင်လင်းယွီက ခရိုင်မြို့ကို နေ့တိုင်းမသွားနိုင်ဘူးလေ။ ဒါကြောင့် အသီးအရွက်တွေကို စိုက်ပျိုးရေးခြံကနေ စိုက်ပျိုးမြေကို ပြောင်းစိုက်နေသည်။
ရွှေ့ပြောင်းစိုက်ပြီးသော်လည်း စိုက်ပျိုးရေးခြံမှာစိုက်ထားသည်များနှင့် ကွဲပြားမှုမရှိကြောင်းသိရှိခဲ့ပြီး သူတို့ကို နေ့တိုင်းစမ်းရေလောင်းနိုင်အောင် စီစဉ်ပေးခဲ့သည်။ ဒါက ရှောင်လင်းယွီလက်တွေ့စမ်းသပ်ချက်တွေရဲ့ ရလဒ်ပဲဖြစ်သည်။ ဒီနည်းအားဖြင့် သူခရိုင်မြို့ကို နေ့တိုင်းသွားဖို့မလိုတော့ပေ။
ဒါက စိုက်ခင်းနေရာရဲ့လျှို့ဝှက်ချက်ကို ကာကွယ်ဖို့လည်း ကူညီပေးသည်။ ဒီအခင်းတစ်မူရဲ့ စီမံမှုကို ရှောင်လင်းယွီရဲ့ အနီးကပ်ဆုံးလူတွေကို လွှဲထားသည်။ မေမေရှောင်နဲ့ ဖေဖေရှောင်က သီးနှံတွေကို နေ့စဉ် ဆွတ်ခူးသည်။ ဒီလယ်မူတွေက အစမ်းသပ်ခံစိုက်ပျိုးရေးလို့ ရွာသားတွေကို ပြောခဲ့ကြသည်။
မြေမူတွေက ရှောင်လင်းယွီရဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းကသူငယ်ချင်း ပြုလုပ်ထားတဲ့အာဟာရဓာတ်တွေလိုပဲ အတိုးတက်ဆုံးသိပ္ပံနည်းကျစိုက်ပျိုးနည်းလမ်းတွေကို အသုံးပြုထားသည်။ စမ်းသပ်ချက်သာအောင်မြင်သွားရင် သူတို့စစ်ဆင်ရေးကို ပိုချဲ့ထွင်နိုင်မယ်လို့ ရှောင်မိသားစုကပြောကြခဲ့သည်။
ရွာသားတွေကလည်း ဘာကိုမှ သံသယမရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သခင်ကြီးကုန်းနဲ့ သူ့မြေးကတော့ ဒါကိုမယုံကြည်ပေ။ ဒါပေမယ့်လည်း သူတို့ကတော့ ရှောင်လင်းယွီ ဘက်ကပါပဲ။ သူတို့ လျှို့ဝှက်ချက်တစ်ခုရှိမှန်းသိပေမယ့်လည်း အဲ့ဒါကိုပြဖို့တော့ မလုပ်ကြဘူးလေ။ တစ်စုံတစ်ခုဖြစ်လာရင် သူတို့ ရှောင်လင်းယွီကို ကူညီမှာပါပဲ။
ရှောင်လင်းယွီရဲ့ အသီးအရွက်တွေက ထူးခြားတဲ့အတွက် ဒါက လူတွေရဲ့အာရုံကို အလိုလိုပဲ ဆွဲဆောင်လိမ့်မည်။ သခင်ကြီးကုန်းနဲ့ ကုန်းထျန်းဟောက်က ဒီလူတွေရဲ့စုံစမ်းမှုအားလုံးကို ရပ်တန့်ပစ်ခဲ့ကြသည်။
ထိုလူတွေက ရှောင်လင်းယွီက ထူးခြားတဲ့စိုက်ပျိုးနည်းစနစ်တစ်ခုကိုသုံးပြီးတော့ ထောင်ယွမ်ရွာရဲ့မြေဆီလွှာကလည်း ထူးခြားနေတာကိုပဲ ရှာတွေ့သွားကြသည်။ နွားဘုရင်ငယ်လေးကိစ္စကတော့ ရွာသားတွေက အပြင်လူတွေကို ဖုံးထားလေသည်။ သူတို့က နွားဘုရင်ငယ်လေးရဲ့မစင်ကို သူတို့ကိုယ်ပိုင်မြေတွေမှာ ပိုက်ဆံရဖို့ သုံးကြတယ်လေ။ ဒီလျှို့ဝှက်ချက်ကို တခြားသူတွေနဲ့ ပြောရလောက်တဲ့အထိတော့ သူတို့လည်း မတုံးသေးပါဘူး။
ရွာသူကြီးကလည်း ရွာသားတွေကို နွားဘုရင်ငယ်လေးသတင်းကို မဖြန့်ဖို့ မှာထားသေးသည်။ တခြားသူတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေရင် အဆင်မပြေနိုင်ဘူးလေ။ နွားဘုရင်ငယ်လေးကို ရှောင်လင်းယွီက ပိုင်သည့်တိုင် တရွာလုံးက သူ့ဆီကနေအကျိုးအမြတ်ရနေသည်။
ရွာသားတွေက ဒီကိစ္စရဲ့အရေးပါမှုကို ပြောစရာမလိုအောင် သိကြသည်။ ထို့ပြင် ဒါက သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုနဲ့လည်း ဆက်စပ်နေသည်။ …
“ဘာရယ်?” ရှောင်လင်းယွီရဲ့အစီစဉ်ကို ရှောင်လင်းယွီရဲ့မိဘတွေကြားတဲ့အခါမှာ အရင်ကသူတောင်တစ်လုံးလုံးကို ငှားချင်ကြောင်းပြောဖူးတာကို ကြားပြီးပေမယ့်လည်း အံ့ဩကုန်သေးသည်။
အရင်က သူတို့ရတဲ့ပိုက်ဆံတွေကို စီးပွားရေးအကြွေးတွေကို ချေဖို့သုံးရတဲ့အတွက် တောင်တစ်လုံးကို ငှားဖို့ အပိုငွေမရှိပေ။ သူတို့ ပိုက်ဆံထပ်ရှိမည့် အချိန်အထိစောင့်ရသည်။ ဒီကိစ္စကို သူမမိသားစုသာသိပြီး တခြားသူများ မသိချေ။ ဒီကိစ္စသာပျံ့သွားပါက ဒုက္ခဖြစ်စေနိုင်မှန်း သူတို့သိကြသည်။
ထို့ပြင် နှစ်တစ်ဝက်မရှိသေးခင်ပင် ခရိုင်မှာ ထောင်ယွမ်ရွာက အဆင်းရဲဆုံးရွာကနေ အစည်ကားဆုံးရွာဖြစ်လာပြီ။
အနည်းငယ်အံ့အားသင့်ပြီး ဖေဖေရှောင်က အေးစက်စွာမေးလိုက်သည်။ “ယွီအာ သမီးတောင်တွေဘယ်လောက်တောင်စာချုပ်ချုပ်မှာလဲ?”
ရှောင်လင်းယွီက၊ “သမီးအနီးနားပတ်လည်က တောင်တွေကို ငှားချင်တာ”
“အမ် အကုန်လုံးကိုလား?” ဖေဖေရှောင်နဲ့ မေမေရှောင်တို့ အံ့အားသင့်ပြီး မေးလိုက်သည်။ “ယွီအာ သမီးဘာလို့ တောင်တွေအများကြီး ငှားချင်တာလဲ?”
“အသီးပင်တွေနဲ့ ဟင်းသီးဟင်းရွက်တွေစိုက်ဖို့လေ” ရှောင်လင်းယွီက ပြောလိုက်သည်။
“ဒါပေမယ့် အလုပ်ဖြစ်ပါ့မလား?” ဖေဖေရှောင်နဲ့ မေမေရှောင်က နားမလည်သည့်ပုံဖြင့် မေးလိုက်သည်။
“ပြဿနာမရှိနိုင်ပါဘူး!” ရှောင်လင်းယွီကပြောလိုက်သည်။
“ကောင်းပြီလေ အဖေ ရွာသူကြီးကိုပြောကြည့်လိုက်မယ်” ရှောင်လင်းယွီအဖေက ခေါင်းညိတ်ပြီးပြောလိုက်သည်။ သူတို့သမီးဘာပဲလုပ်လုပ် သူတို့ကထောက်ပံ့ပေးကြသည်။
“ကျေးဇူးပါ အဖေ!” ရှောင်လင်းယွီက ဝမ်းသာစွာ ပြောလိုက်သည်။ …
ရှောင်လင်းယွီက ရွာသူကြီးကို တောင်တွေငှားရမ်းမည့်အကြောင်းပြောပြလိုက်သည်။
“လင်းယွီက တောင်တွေကို စာချုပ်နဲ့ ငှားချင်တာလား?” ရွာသူကြီးက မေးလိုက်သည်။
“ဟုတ်တယ်” ဖေဖေရှောင်က ရှင်းပြလိုက်သည်။ “ယွီအာက အသီးပင်တွေစိုက်ဖို့ တောင်တွေကို ငှားချင်နေတာ”
ရွာသူကြီးက၊ “ဒါဆိုရင် မင်းဘယ်တောင်ကို ငှားချင်တာလဲ?”
ဖေဖေရှောင်က၊ “ယွီအာကတော့ ထောင်ယွမ်ရွာနားက တောင်တွေအားလုံးကိုငှားဖို့လို့ပြောတာပဲ။ သူက ရွာသူကြီးက ရွာသားတွေကို ပြောပြဖို့မျှော်လင့်နေတာ”
“အကုန်လုံးကိုလား?!” ဤတစ်ကြိမ်မှာ ရွာသူကြီး တကယ့်ကို အံ့ဩသွားသည်။ “ထောင်ယွမ်ရွာမှာ တောင်ခြောက်လုံးရှိတာလေ။ မူ၁၀၀၀၀ထက်တောင်များသေးတယ်”
တစ်ခုတည်းငှားလျှင်ပင် သန်းအတော်လေးကုန်ကျသည်။ ကြည့်ရတာ ရှောင်မိသားစုက အတော်လေး ချမ်းသာနေပုံပေါ်သည်။
ရွာသူကြီးက ဖျောင်းဖျနေသည်။ “ကျန်းယန် မင်းဘာလို့ လင်းယွီကို ထပ်မပြောကြည့်တာလဲ? ဒါကိစ္စသေးသေးလေးမဟုတ်ဘူး။ တောင်ခြောက်လုံး။ တစ်ခုကိုတစ်နှစ်ငှားတာတောင် တစ်သန်းကျော်တယ်”
“စိုက်ပျိုးရေးအလုပ်က ပိုက်ဆံမရဘူးဆိုရင်ရော? သူဘာလို့ တောင်တစ်လုံး နှစ်လုံးလောက်နဲ့ အရင်မစကြည့်တာလဲ?”
ရွာသူကြီးက တကယ်ကြင်နာပြီး သူတို့အပေါ် ထောက်ထားသည်။ ရှောင်လင်းယွီကျေးဇူးကြောင့် ထောင်ယွမ်ရွာက သိသိသာသာဖွံဖြိုးလာသည်။ ဒါကြောင့် သူက ကောင်မလေးကို အကောင်းဆုံးပဲဖြစ်စေချင်သည်။
ဖေဖေရှောင်က မတတ်နိုင်သည့်ပုံဖြင့်၊ “ရွာသူကြီးလည်း ကျွန်တော့်သမီး ဘယ်လောက်ခေါင်းမာမှန်း သိပါတယ်။ သူဆုံးဖြတ်ချက်တစ်ခုချလိုက်တာနဲ့ သူ့စိတ်ကို ဘယ်သူမှပြောင်းမရဘူး။ သူ့မိဘတွေအနေနဲ့ သူ့အမေနဲ့ကျွန်တော်က သူ့ကို ထောက်ပံ့ရုံပဲတတ်နိုင်တယ်”
“မင်းတို့နှစ်ယောက်က သူ့ကိုအရမ်း အလိုလိုက်ထားတာပဲ!” ရွာသူကြီးက အပြုံးတစ်ခုဖြင့် ဆူပူလိုက်သည်။ “ရွာထဲမှာတော့ မင်းတို့မိသားစုက ကလေးတွေအလိုလိုက်တဲ့နေရာမှာ အတော်ဆုံးပဲ။ ကောင်းပြီလေ မင်းတို့ ဒီကိစ္စကို ဆုံးဖြတ်ပြီးမှတော့ ငါဒါကိုဆွေးနွေးဖို့ ရွာသားတွေနဲ့ အစည်းအဝေးတစ်ခုလုပ်လိုက်မယ်။ လူတိုင်းလက်ခံပြီးသွားရင် ငါမြို့ကိုသွားပြီး တရားဝင်ခွင့်ပြုမှုအတွက် တောင်းဆိုလိုက်မယ်”
ပြီးနောက် ရွာသူကြီးရဲ့မျက်နှာထား အတော်လေး တည်သွားပြီး သတိပေးလိုက်သည်။ “ကျန်းယန် မင်းကတစ်ခါတည်းနဲ့ တောင်ခြောက်လုံးငှားမှာနော်။ မင်း သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ တမင်သက်သက်ဖျက်စီးပစ်ရင်တော့ အထက်ပိုင်းတွေက ဒါကို လုံးဝလက်ခံမှာမဟုတ်ဘူး”
ရှောင်ကျန်းယန်က၊ “စိတ်မပူပါနဲ့ ရွာသူကြီး။ ကျွန်တော်တို့ ဒါတွေကို အသီးပင်တွေနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့လောက်ပဲသုံးမှာ။ တောင်ရဲ့တည်ဆောက်ပုံကို မဖျက်စီးပစ်ဘူး”
“ဟုတ်ပြီ။ ငါရွာကောင်စီကိုအရင်သွားပြီး ရွာအကြီးအကဲတချို့နဲ့ ဆွေးနွေးလိုက်မယ်။ ပြီးရင် ငါရွာသားတွေနဲ့ အစည်းအဝေးတစ်ခု လုပ်လိုက်မယ်”
“ကောင်းပြီ ကျေးဇူးပါ ရွာသူကြီး!” ရှောင်ကျန်းယန်က ပြုံးပြီး ပြောလိုက်သည်။ ....
ရှောင်ကျန်းယန်ထွက်သွားပြီးနောက် အဒေါ်ကျန့်ရဲ့မျက်လုံးတွေက မနာလိုမှုအရိပ်အယောင်များပြသနေပြီး၊ “ကြည့်ရတာ သူတို့မိသားစုမှာ ရွှေတောင်ကြီးရှိပုံပဲ။ ဒီလိုတောင်ခြောက်လုံးကို ငှားရမ်းရလောက်တဲ့အထိကို။ ဒါ သန်းတော်တော်ကုန်မှာပဲ”
ရွာသူကြီးက ခေါင်းညိတ်ပြီး၊ “ဟုတ်တယ်။ ဟုတ်တယ် သူတို့တကယ် ပေါများနေတာ။ မျက်လုံးကောင်းကောင်းမြင်တဲ့လူတိုင်း ဒါကိုမြင်ရတယ်”
အဒေါ်ကျန့်က သံသယဖြင့်၊ “ဒါပေမယ့် သူတို့ဘာလို့ တောင်တွေ ဒီလောက်လိုတာလဲ? သူတို့ ဘယ်လိုအပင်မျိုးစိုက်မှာမလို့လဲ? မက်မွန်လား?”
မက်မွန်များက ထောင်ယွမ်မှာ နာမည်အကြီးဆုံးဖြစ်သည်။ အရင်က သွားလာဆက်သွယ်ရေး အဆင်မပြေတုန်းက စိုက်ထားတဲ့မက်မွန်တွေက မြေကြီးမှာပဲ ပုပ်ကုန်တာ။ ဒါပေမယ့် အခုတော့ မက်မွန်သီးတွေကို ကောင်းကောင်းရောင်းနေရပြီ။
အဒေါ်ကျန့်ရဲ့မျက်လုံးတွေ ဝင်းလက်သွားပြီး၊ “အဘိုးကြီး၊ ကျွန်မတို့လည်း မက်မွန်ပင် နည်းနည်းလမ်းလောက်စိုက်ရင် မကောင်းဘူးလား?”
***