← Chapters

ငါတို့ပိုက်ဆံတွေကို သုံးလိုက်ပါ!

Vol. 16 Ch. 274

ငါတို့ပိုက်ဆံတွေကို သုံးလိုက်ပါ!

Vol. 16 Ch. 274

သခင်ကြီးကုန်းနဲ့ ကုန်းထျန်းဟောက်က ရှောင်မိသားစုအိမ်မှာ ညစာစားနေကြသည်။

ရှောင်လင်းယွီက တောင်တွေကိုငှားရမ်းချင်ကြောင်း သူတို့သိသွားတဲ့အခါ ဘာမှမပြောနိုင်တော့လောက်အောင် အံ့ဩကုန်ကြသည်။

သခင်ကြီးကုန်းက ရှောင်လင်းယွီဗိုက်ကိုကြည့်ပြီး စိုးရိမ်တကြီးဖြင့်

“ကောင်မလေး၊ မင်းဗိုက်ကတော်‌တော်လေးတောင်ကြီးနေပြီ။ ဒါတော်တော်ပင်ပန်းမှာနော်။ မင်းနိုင်ရဲ့လား?”

ရှောင်လင်းယွီကပြုံးပြီး

“သခင်ကြီး ကျွန်မတောင်တွေကို ကိုယ့်ဟာကိုမလုပ်ပါဘူး။ ကျွန်မပါးစပ်လှုပ်လိုက်ဖို့ပဲလိုတာ”

သခင်ကြီးကုန်းက ခေါင်းညိတ်ပြီး

“ဒါဆိုရင်မင်းခန္ဓာကိုယ်ကိုသေချာဂရုစိုက်ရမှာပဲ”

ထိုသို့ပြောပြီး သခင်ကြီးကုန်းက ခေါင်းလှည့်ပြီး ကုန်းထျန်းဟောက်ကို ညွှန်ကြားကာ

“ဟောက်အာ လင်းယွီရဲ့အခြေအနေကမသက်သာလှဘူး။

သူလက်တိုလက်တောင်းလုပ်ချင်ရင် မင်းကူညီပေးရမယ်!”

ကုန်းထျန်းဟောက်က ချက်ချင်းပြန်ဖြေသည်။

“ဟုတ်ကဲ့!”

ဘယ်လိုပဲဖြစ်ဖြစ် သူကဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ‌ဆိုတာပဲသိပြီး ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကိုတော့မသိပေ။

ပြီးတော့ သူအမြဲသင်ယူနေနိုင်တာပဲလေ။

ဖေဖေရှောင်က ချက်ချင်း

“သခင်ကြီး ဒါထျန်းဟောက်ကို အရမ်းအခက်မတွေ့စေဘူးလား?”

သခင်ကြီးကုန်းက ဖာသိဖာသာဖြင့်

“ဘယ်လိုပဲဖြစ်ဖြစ် သူဒီမှာလည်း လုပ်စရာမှမရှိဘဲ။ သူတစ်နေကုန်လျှောက်သွားနေမှတော့ လင်းယွီကိုလည်းကူညီနိုင်မှာပေါ့”

ကုန်းထျန်းဟောက် “....”

ဒါတကယ်တော့အမှန်မဟုတ်ဘူး။

သူမြို့တော်မှာမဟုတ်ဘူးဆိုပေမယ့်လည်း ကုမ္မဏီကို ဗီဒီယိုချက်ကနေ ညွှန်ကြားနေရတုန်းပဲလေ။

သူနေ့တိုင်းအလုပ်များနေတာ။

ဒါပေမယ့်လည်း သူ့မိန်းမကိုပြန်ရဖို့ ဒါတွေအားလုံးကို စွန့်လွှတ်နိုင်တယ်။

သူ့မိန်းမနဲ့ ကလေးကပိုအရေးကြီးတယ်လေ။

သခင်ကြီးကုန်းက

“ကျန်းယန် လင်းယွီ၊ မင်းတို့တောင်ဘယ်နှလုံးလောက် ငှားချင်တာလဲ?”

ရှောင်ကျန်းယန်က

“ထောင်ယွမ်ရွာမှာ တောင်ခြောက်လုံးရှိတယ်။ အဲ့ဒီတော့ မူ၁၀၀၀၀ကျော်ပဲ”

သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ငှားခကလည်း မနိမ့်လောက်ဘူး”

ရှောင်ကျန်းယန်က ခေါင်းညိတ်ပြီး

“လယ်ကွက်တွေကိုတော့ တစ်မူကို ယွမ်၈၀ဝနဲ့ငှားတယ်။ ထိပ်တန်းကုန်းမြေတွေကိုတော့ တစ်မူကို ယွမ်၆၀၀ နဲ့ ဒုတိယထိပ်တန်းကုန်းမြေတွေကိုတော့ တစ်မူကို ယွမ်၃၀၀။ ဒါပေမယ့် တောင်တွေကိုတော့ များသောအားဖြင့် ၁၅၀ မဟုတ်ရင် အများဆုံး တစ်မူကို ယွမ်၂၀၀ပဲ”

“ဒီလို‌ဆိုရင် အဲ့ဒီတောင်ကုန်းခြောက်ခုရဲ့ နှစ်စဉ်ငှားရမ်းခက အနည်းဆုံး ၁.၅သန်းပဲ။ မင်းတို့မိသားစု သဲမြေကို ငှားတုန်းက ငှားရမ်းခကို သုံးနှစ်တစ်ကြိမ်ပေးရတယ်လို့ ငါကြားတယ်။

တောင်တွေကိုလည်းအတူတူပေးရမယ်ဆိုရင် သုံးနှစ်ကို ယွမ် ၄သန်းကနေ ၅သန်းပဲ”

မေမေရှောင်ကဒါကိုကြားပြီး အံ့ဩမှုဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

သူကအံ့အားသင့်စွာဖြင့်

“၄သန်းကနေ ၅သန်း?”

ဒါအရမ်းများတာပဲ။

ပြီးခဲ့တဲ့နှစ်နှစ်တုန်းကသာဆိုရင် သူတို့ ယွမ် လေးငါးထောင်သုံးဖို့တောင် စဉ်းစားရဲမှာမဟုတ်ဘူး။

မေမေရှောင်က ရှောင်လင်းယွီဘက်လှည့်ပြီး

“ယွီအာ အမေတို့ အဲ့ဒီပိုက်ဆံတွေ လက်ထဲရှိလား?”

ရှောင်လင်းယွီက ပြုံးပြီး ခေါင်းခါလိုက်သည်။

“မရှိဘူး သမီးတို့မှာ သုံးသန်းပဲရှိတယ်”

“သုံးသန်း?”

မေမေရှောင်က စိုးရိမ်စွာနဲ့

“ဒါဆိုရင် အမေတို့ နှစ်သန်း သုံးသန်းလောက် လိုသေးတာပေါ့? ဒါပေမယ့် အမေတို့ စာချုပ်ချုပ်တာနဲ့ ပေးရတော့မှာ။ အဲ့ဒီလောက်ပိုက်ဆံအများကြီး ရှာရမလဲ?”

သခင်ကြီးကုန်းက ဒါကိုကြားပြီး ချက်ချင်း

“ဒီအဘိုးကြီးမှာ အရန်ငွေလေးနည်းနည်းရှိပါသေးတယ်ကွ။ ငါမင်းတို့ကို သုံးသန်းချေးနိုင်တယ်”

နဂိုက သူငါးသန်းပေးချင်ပေမယ့် ရှောင်မိသားစုက ဒါကိုလက်မခံမှာလည်း စိုးသည်။

ပြီးတော့ ရှောင်မိသားစုသာ သူ့ငွေတွေကိုယူမယ်ဆိုရင် ငါးသန်းမပြောနဲ့ သန်းငါးဆယ်တောင် ပေးလိမ့်မည်။

သူ့မှာပိုက်ဆံမရှိပေမယ့်လည်း သူ့မြေးမှာရှိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့မြေးပိုက်ဆံကလည်း သူ့မြေးချွေးမပိုက်ဆံပဲလေ။

ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လင်းယွီက သုံးသန်းမပြောနဲ့ ကုန်းမိသားစုကဆီကနေ ယွမ်၃၀၀တောင်မလိုချင်ပေ။

သူက ကုန်းမိသားစုနဲ့ မရောချင်ပေ။

သူဘယ်သူ့ကိုမှ အကြွေးတင်မခံချင်ပေ။

ရှောင်လင်းယွီက ခေါင်းခါပြီး

“မလိုပါဘူး သခင်ကြီး၊ ကျွန်မ ဘဏ်ကနေ ချေးငွေလျှောက်လို့ရတယ်။ ကျွန်မလက်ရှိအခြေအနေနဲ့ဆို နှစ်သန်း သုံးသန်းလောက်ချေးတာကတော့ ပြဿနာမရှိလောက်ပါဘူး”

သခင်ကြီးကုန်း “...”

ငါ့မြေးချွေးမက ဘယ်လိုလုပ် သာမန်လယ်သမားတစ်ယောက်မဟုတ်မှန်း မေ့သွားရတာလဲ?

သူက နာမည်ကြီးတက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီး အရမ်းဗဟုသုတကြွယ်တယ်လေ။

သခင်ကြီးကုန်းက အနည်းငယ်နောင်တရသွားပုံဖြင့်

“‌ဒီလိုဆိုရင်လည်းကောင်းပြီလေ။ လင်းယွီ မင်း ဒီအဘိုးကြီးအကူအညီကိုလိုရင် အချိန်မရွေးတောင်းလို့ရတယ်။

လူအင်အားလိုရင်လည်း ဒီအဘိုးကြီးကတော့သိပ်မကူညီပေးနိုင်ပေမယ့် ဒီကောင်ကတော့ကူညီနိုင်တယ်။

သူ့ကိုလိုက်အမိန့်ပေးလိုက်ရုံပဲ”

“…”

ရှောင်လင်းယွီက သခင်ကြီးကုန်းရဲ့ ရည်ရွယ်ချက်ကောင်းကိုတော့ မသိကျိုးနွံမပြုနိုင်ပေ။

“ကျေးဇူးတင်ပါတယ် သခင်ကြီး”

“ငါတို့ကမိသားစုတွေပဲ။ ယဉ်ကျေးနေဖို့ မလိုပါဘူး!”

သခင်ကြီးကုန်းက လက်ခါပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။

“အမ်?”

ရှောင်လင်းယွီနဲ့ သူ့မိသားစုက သခင်ကြီးကုန်းကို သံသယဖြင့်ကြည့်နေသည်။

“အဟွတ် အဟွတ်!”

ကုန်းထျန်းဟောက်က သူ့ကိုသတိပေးဖို့ ချောင်းဟန့်လိုက်သည်။

သခင်ကြီးကုန်းက

“ငါပြောချင်တာက ငါတို့တွေကမိသားစုလိုပဲ ခံစားရတယ်လို့ပြောမလို့ပါ။ ဒါ့ကြောင့် အရမ်းဟန်ပန်တွေလုပ်နေဖို့မလိုပါဘူး”

“သခင်ကြီးမှန်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ”

ရှောင်ကျန်းယန်က လည်ချောင်းရှင်းပြီး

“သခင်ကြီး ညီအစ်ကိုတွေတောင် တစ်ယောက်အပေါ်တစ်ယောက် အခွင့်အရေးမယူကြဘူးလေ။ ကျွန်တော်တို့အကူညီလိုရင် သခင်ကြီးဆီပြောပါ့မယ်။ ကျေးဇူးပါ သခင်ကြီး”

သခင်ကြီးကုန်းက ခေါင်းညိတ်ပြီး

“ဒါပေါ့ ဒါပေါ့”

သခင်ကြီးကုန်းနဲ့ ကုန်းထျန်းဟောက် ထွက်သွားပြီးတော့ ဖေ‌ဖေရှောင်နဲ့ မေမေရှောင်က စိုးရိမ်သည့်ပုံဖြင့်

“ယွီအာ ဘဏ်ချေးငွေ‌ဆိုတာ သမီးဘာကိုပြောချင်တာလဲ?”

ရှောင်လင်းယွီက ရှင်းပြလိုက်သည်။

“သမီးဘဏ်ကနေ ပိုက်ဆံချေးမယ်လို့ပြောတာ”

ဖေဖေရှောင်နဲ့ မေမေရှောင်တို့ အံ့ဩသွားသည်။

“ဘဏ်ကနေပိုက်ဆံချေးမှာလား?”

ဒီကျေးလက်ကလူတွေက ဘဏ်မှာငွေဘယ်လိုအပ်ရမလဲဆိုတာပဲသိပြီး ဘဏ်က လူတွေကို ပိုက်ဆံချေးပေးတာကိုတော့ မသိကြချေ။

ဖေဖေရှောင်က

“ယွီအာ သမီးအဲ့လိုလုပ်နိုင်လား?”

ရှောင်လင်းယွီက

“လုပ်နိုင်တာပေါ့။ ဒါပေမယ့် သမီးတို့အတိုးပေးရမယ်။ သမီးတို့သူတို့ဆီမှာ ပိုက်ဆံအပ်ရင် ဘဏ်ကအတိုးပေးသလိုမျိုး

သူတို့ဆီကချေးငွေယူရင်လည်း သူတို့ကိုအတိုးပြန်ပေးရမယ်”

“အိုး သိပြီ”

ဖေဖေရှောင်နဲ့ မေမေရှောင်က ခေါင်းညိတ်ပြီး

“ဒါပေမယ့် ဘဏ်က အဖေတို့ကို ပိုက်ဆံအများကြီးချေးပါ့မလား?”

ရှောင်လင်းယွီက ရှင်းပြသည်။

“ချေးငွေမလုပ်ခင်မှာ ဘဏ်ကအခြေအနေကို အကဲဖြတ်တယ်။ သူတို့က ရင်းနှီးမြှုပ်နှံမှုနဲ့ ဆုံးရှုံးနိုင်ချေကို ချင့်ချိန်တယ်”

“ဒါပေမယ့် အမေတို့က တောင်တွေငှားဖို့ပဲသုံးမှာဆိုတော့ ဘဏ်ကပိုက်ဆံချေးပါ့မလား?”

မေမေရှောင်က အနည်းငယ်စိတ်ပူပြီးမေးလိုက်သည်။

ရှောင်လင်းယွီက ခေါင်းခါပြီး

“သမီးလည်းမသိဘူးလေ။ မေးကြည့်ရဦးမှာပေါ့”

သူ့စကားလုံးတွေက အရမ်းသမာရိုးကျဖြစ်နေသည်။

သူက သူ့မိဘတွေကို မစိုးရိမ်စေချင်ပေ။

…

သခင်ကြီးကုန်းကအိမ်ပြန်ရောက်ပြီး တည့်ပြောကာ

“လင်းယွီက တောင်စဉ်တစ်ခုလုံးကို ငှားလိမ့်မယ်လို့တော့ ငါမထင်ထားဘူး။ ဒါမလွယ်လှဘူး”

ကုန်းထျန်းဟောက်ကလည်း ခနစဉ်းစားပြီး

“ယွီအာက အရမ်းစဉ်းစဉ်းစားစားရှိတယ်”

သခင်ကြီးကုန်းက ခေါင်းညိတ်ပြီး

“ဟုတ်တယ် ကောင်မလေက ပိုအမြော်အမြင်ရှိတဲ့သူတစ်ယောက်ပဲ။

ဒါပေမယ့် အရေးအကြီးဆုံးက သူ့မှာ သူ့ကို သည်းခံပြီး ထောက်ပံ့ပေးမယ့် မိသားစုရှိတယ်”

ကုန်းထျန်းဟောက်က ဘာမှမပြောပေမယ့်လည်း သခင်ကြီးကုန်းနဲ့ သဘောတူသည်။

ကျေးလက်ဒေသတွေမှာ မိသားစုတော်တော်များများက အမျိုးသမီးတွေကို သဘောမကျကြပေ။

လေ့လာသင်ကြားရင်းနဲ့ပဲ ကိုယ်တိုင်နာမည်ရအောင်လုပ်ဖို့က မိန်းကလေးတစ်ယောက်အတွက် ရှားပါးသည်။

မိသားစုအများစုက သမီးတွေအပေါ်ရင်းနှီးမြှုပ်နှံမှုကို အကြောင်းမဲ့မယုံပေ။

ပြီးရင် သူက သူ့ယောက္ခမဘက်ကို အလုပ်အကျွေးပြုဖို့ မိသားစုကို စွန့်ခွာသွားလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ရှောင်စုံတွဲက သူတို့သမီးကို ပင်ကိုယ်စွမ်းရည်ရှိအောင် ပျိုးထောင်ထားရုံတင်မကဘဲ သူတို့သမီးရဲ့ မိသားစုဆီလယ်စိုက်ဖို့ တစ်ဇွတ်ထိုးပြန်လာမှုကိုလည်း ‌ကူညီပေးကြသေးသည်။

သူတို့က သူတို့ကလေးကိုဂရုစိုက်ပြီး သူတို့သားတွေကိုလည်း သမီးတွေထက် ဘယ်တော့မှ ပိုဦးစားမပေးပေ။

ဒါ့ကြောင့် ကုန်းထျန်းဟောက်က ရှောင်မိသားစုအသိုက်ဝန်းကို သဘောကျရသည်။

သူက ဒီမိသားစုကြီးထဲ ဝင်ရောက်ရန်လည်း စိတ်အားထက်သန်နေသည်။

သခင်ကြီးကုန်းက တိတ်ဆိတ်နေတဲ့ ကုန်းထျန်းဟောက်ကိုကြည့်ပြီး အနည်းငယ်မကျေမချမ်းဖြင့်

“မင်းဘယ်တုန်းက အရမ်းအသုံးမကျဖြစ်သွားတာလဲ? ကြာလှနေပြီ ဒါပေမယ့် မင်းမိန်းမကို ခုထိပြန်မရသေးဘူး”

“မင်းကတစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးလူဖြစ်ပြီး ဘာမဆိုလုပ်နိုင်တယ်လို့ လူတွေပြောကြပေမယ့်

အခုကျ မင်းက မိန်းမတစ်ယောက်ရဲ့နှလုံးသားကိုတောင် အနိုင်မယူနိုင်ဘူး။ မင်း သူ့လက်ကိုတောင် ကိုင်လို့မရသေးဘူး။ ဟာသပဲ‌ဟေ့!”

ကုန်းထျန်းဟောက်က သူ့ကိုယ်သူခုခံပြီး

“အဘိုး ကျွန်တော်သူ့ကို ဖက်တောင်ပြီးပြီ!”

သခင်ကြီးကုန်းက ချက်ချင်း အထင်သေးစွာဖြင့်

“ဟင်း ငါအမှန်ကိုမသိဘူးထင်မနေနဲ့! မင်းက သူ့ကို အခွင့်အရေးယူနေရုံတင်!

နှစ်ချိန်စလုံး မတော်တဆကြီးပဲ!”

ကုန်းထျန်းဟောက်က “...”

ဘယ်အခြေအနေမဆို သခင်ကြီးကုန်းရဲ့မျက်လုံးထဲမှာ သူ့မြေးချွေးမနဲ့ သူ့မြစ်လေးကိုပဲ တန်ဖိုးထားသည်။

သူ့မြေးက‌ရော?

ဟမ်း!

သခင်ကြီးကုန်းက တစ်ခုခုတွေးနေပြီး

“ဟူး လင်းယွီ ဘာလို့အရမ်းခေါင်းမာနေရတာလဲ? ငါတို့က သူ့ကို ပိုက်ဆံပေးမယ်ပြောတာမှမဟုတ်ဘဲ

ငါတို့က သူ့ကို နည်းနည်းပဲချေးချင်တာတောင် ငါတို့ကို လက်မခံဘူး။ ငါတို့ဘာလုပ်ကြမလဲ?

သူသုံးဖို့ ငါတို့မှာ ပိုက်ဆံတွေအများကြီးရှိပေမယ့် သူက မသုံးချင်ဘူး”

ချမ်းသာတဲ့မိသားစု‌တွေက သိုက်တူးသမားတွေကို စိုးရိမ်ကြပေမယ့် ဒီမိသားစုကတော့ ဆန့်ကျင်ဘက်ပင်။

သူတို့မြေးချွေးမက သူတို့ပိုက်ဆံကို မသုံးချင်လို့ စိတ်ပူနေကြခြင်းဖြစ်သည်။

ကုန်းထျန်းဟောက်က ခနတွေးပြီးတော့

“အဘိုး လင်းယွီက ကျွန်တော်တို့ဆီက ပိုက်ဆံမချေးချင်ဘူးဆိုမှတော့ သူ့မှာ သူ့ကိုယ်ပိုင်အစီအစဉ်နဲ့ ထည့်စဉ်းစားရမယ့်ဟာတွေရှိလို့နေမှာပေါ့။ ဒီကိစ္စတွေကိုတော့ အခုမစိုးရိမ်ပဲနေရအောင်”

သခင်ကြီးကုန်းက မျက်စိလည်သွားပြီး ဒေါသတကြီးဖြင့်

“ဖင်လေးတဲ့ကောင်!

မင်းမိန်းမမရတာ အံ့ဩစရာမရှိတော့ဘူး!”

***

All Chapters