ကိုယ်တို့အိမ်
Vol. 16 Ch. 275
ရွာသူကြီးရှောင်ထိုက်ယန်က ရွာလူကြီးတွေကို အစည်းအဝေးခေါ်လိုက်သည်။
ရှောင်လင်းယွီ တောင်ခြောက်လုံးကို ငှားမယ့်အကြောင်းကြားပြီးတော့ လူကြီးတွေက ခေါင်းပူလာကြသည်။
တချို့ကသဘောတူပြီး တချို့ကလည်း သဘောမတူကြပေ။
သဘောမတူတဲ့လူတွေက ပတ်ဝန်းကျင်ပျက်စီးမှုကို အဓိကစိုးရိမ်နေခြင်းဖြစ်သည်။
သူတို့က မြေုပြိုမှာကြောက်နေကြသည်။
ရှောင်လင်းယွီ တောင်တွေကို ငှားလိုက်တာနဲ့ သူက ရွာသားတွေ တောင်ကရင်းမြစ်တွေရယူနေတာကို တားမြစ်မယ့်အကြောင်းလည်း တခြားသူများက စိုးရိမ်ကြသည်။
များသောအားဖြင့်တော့ ရွာသားတွေအားနေရင် သစ်ခုတ်ဖို့၊ မှို၊ ဆေးပင်နဲ့ စတာတွေစိုက်ဖို့တောင်တွေပေါ်ကိုသွားကြသည်။
သူတို့ ရွာသားတွေအထွန့်တက်နေတာကို ကြိုကြားနေရလေပြီ။
ရှောင်ထိုက်ယန်က
“ဒီလိုဆိုရင်ရော? ငါ ရှောင်လင်းယွီကို ခေါ်လိုက်မယ်။ သူ့ကို လူကိုယ်တိုင် မေးလို့ရတာပေါ့”
တခြားသူများက ခေါင်းညိတ်ပြီး
“ဟုတ်ပြီ သူ့အမြင်ကို တိုက်ရိုက်ကြားရတာကောင်းတယ်”
ပြီးနောက် ရှောင်လင်းယွီကိုခေါ်ဖို့ ရှောင်ထိုက်ယန် ထွက်သွားသည်။
ရှောင်လင်းယွီက ရွာသူကြီးဖုန်းခေါ်နေတုန်း ဘဏ်အတွက်ချေးငွေသတင်းတွေကို အိမ်မှာပြင်ဆင်နေလေသည်။
“ကောင်းပြီ သမီးအခုပဲလာခဲ့မယ်”
ရှောင်လင်းယွီဖုန်းချလိုက်ပြီးတော့ သူ့အခန်းမှ လှည့်ထွက်လာသည်။
သူအခန်းကထွက်လာတုန်း အဘိုးကုန်းနဲ့ ကုန်းထျန်းဟောက်တို့ ခြံထဲမှာ လက်ဖက်ရည်သောက်နေတာကို မြင်လိုက်သည်။
ရှောင်လင်းယွီက အနည်းငယ် ဆွံ့အသွားသည်။
သူ့ဟာသူ တွေးနေသည်။
“ဒီနှစ်ယောက်က ဘာလို့နေ့တိုင်း လာနေတာလဲ?
ကိုယ့်အိမ်မှာကိုက ပိုအဆင်မပြေဘူးလား?”
တစ်နည်းအားဖြင့်တော့ ဧည့်သည်တွေကို မောင်းထုတ်ဖို့ကလည်း သူ့အလုပ်မဟုတ်ပေ။
သခင်ကြီးကုန်းက ရှောင်လင်းယွီကိုမြင်တော့ ပြုံးပြီး
“ကောင်မလေး အပြင်သွားမလို့လား?”
ရှောင်လင်းယွီက ပြုံးပြီး
“ဟုတ်တယ် ရွာသူကြီးက သမီးကိုဖုန်းဆက််ပြီး ရွာကော်မတီကိုလာခိုင်းလို့”
“အိုး~”
သခင်ကြီးကုန်းက သံရှည်ဆွဲပြီး
“ဒီနေရာကနေ ရွာကော်မတီကိုဆို အဝေးကြီးပဲ။ ဒီကောင် မင်းကို လိုက်ပို့လိမ့်မယ်”
ရှောင်လင်းယွီ “...”
‘မဝေးပါဘူး ရွာကော်မတီက ၅၀၀မီတာထက်တောင်နည်းသေးတယ်’
သခင်ကြီးကုန်းက ရှောင်လင်းယွီအခက်တွေ့နေတဲ့အမူအယာကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်
“ကောင်မလေး မင်းကအခုအထူးအခြေအနေကြီးမှာ အားနာတာထက် ဘေးကင်းဖို့က ပိုအရေးကြီးတယ်”
ရှောင်လင်းယွီအပေါ် သူ့အကြည့်က သောကတွေနဲ့ စိုးမိုးနေသည်။
ပြီးနောက် သူက ပုံကြီးချဲ့သက်ပြင်းချပြီး
“ကောင်မလေး မင်း ဒီကောင်ကို လိုက်မပို့စေချင်ဘူးဆိုလည်း ဒီအဘိုးကြီးကပဲ လိုက်ပို့ပါ့မယ်”
ရှောင်လင်းယွီပါးစပ်ထိပ်က တရွရွဖြစ်နေပြီး သူ့ဟာသူ တွေးနေသည်။
‘ဒီလိုဆိုရင် ဘယ်သူကဘယ်သူ့ကိုဂရုစိုက်ဖို့ပြောထားတာမှမဟုတ်ဘဲ!
ဒါပေမယ့် နေဦး။ သူတို့ငါ့ကို ဒီလောက်အကာအကွယ်ပေးချင်နေရင်ငါ ရှောင်ဝမ် ဒါမှမဟုတ် ရှောင်ကျန်းကို ငါနဲ့လိုက်ဖို့ ခေါ်သွားလို့ရတာပဲ’
ရှောင်လင်းယွီက ဒါကိုပြောမည်အပြု သခင်ကြီးကုန်းရောက်လာပြီ သူ့အတွေးတွေကို ဖတ်သွားသည်။
သူ့ ခေါင်းကို ထုလိုက်သည်။
“နေဦး ငါမေ့နေတာ။ ငါ ရှောင်ဝမ်ကို တချို့ပစ္စည်းလေးတွေဝယ်ဖို့ ခရိုင်မြို့ကို လွှတ်ထားတယ်။ ရှောင်ကျန်းကလည်း အိမ်မှာ အနားယူနေတယ်”
ရှောင်လင်းယွီပါးစပ် ထပ်ပြီး တရွရွဖြစ်သွားသည်။
‘ဆရာရေ ဒီသရုပ်ဆောင်ချက်တွေနဲ့ ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ?’
ရှောင်လင်းယွီက သခင်ကြီးကုန်းကို သူနဲ့အတူလိုက်ဖို့ ခေါ်လို့ အဆင်မပြေပေ။
ဒါ့ကြောင့် သူမသက်ပြင်းသာချလိုက်သည်။
“ကောင်းပြီလေ ဒီလိုဆိုလည်း ကျွန်မ သခင်လေးကုန်းကို အနှောင့်အယှက်ပေးမိသွားပြီ!”
ရှောင်လင်းယွီ သူမမှာ ရွေးချယ်စရာမရှိတော့မှန်း သိလိုက်သည်။
သခင်ကြီကုန်းက ရှောင်လင်းယွီ ကုန်းထျန်းဟောက်ကို သခင်လေးကုန်းလို့ခေါ်တာကို ကြားသွားတော့ အနည်းငယ်စိတ်မသက်မသာဖြစ်သွားသည်။
သူက သူ့မြေးကို ထျန်းဟောက် ဒါမှမဟုတ် အစ်ကိုဟောက်အနေနဲ့ခေါ်ဖို့ ပြောထားတာ။
ဒါပေမယ့်လည်း အရာမရောက်ပေ။
ရှောင်လင်းယွီက သူတို့ကို တစ်ခုခု စိတ်ထင့်နေပုံပေါ်သည်။
သူမက သူတို့ကို အမြဲယဉ်ကျေးပြီး စိတ်ချရတဲ့အကွာအဝေးတစ်ခု အမြဲထားသည်။
ဒါပေမယ့်လည်း ရှောင်လင်းယွီက သူတို့ကို သိသိသာသာဆန့်ကျင်မှုမျိုးတော့ မပြပေ။
ဒါကလောလောဆယ်အတွက်တော့ အကောင်းဆုံးရလဒ်ပဲဖြစ်သည်။
သခင်ကြီးကုန်းက သူတို့ကို တိုက်တွန်းနေတော့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့ အိမ်မှ ထွက်လာခဲ့ကြသည်။
လမ်းတစ်လျှောက် ကုန်းထျန်းဟောက်က မသက်မသာဖြင့်
“ယွီအာ သူ့ကိုစိတ်မခုပါနဲ့။ ကိုယ့်အဘိုးက မင်းကိုအရမ်း သဘောကျတယ်။ ကိုယ်မင်းကိုသဘောကျနေတယ်လို့သူကြားတော့ သူက ကိုယ်တို့ကို အခြေကျစေချင်နေတာ”
ရှောင်လင်းယွီက “...”
သူမဘာများပြောနိုင်မှာလဲ?
သူမ၏လေ့လာမှုနဲ့ ခန့်မှန်းချက်တွေအရတော့ အဘိုးရော မြေးရောက သူမဗိုက်ထဲက ကလေးက ကုန်းမိသားစုပိုင်တယ်ဆိုတာကို သိပြီးလောက်ပြီ။
သူမ ဗိုက်ကိုကြည့်နေရင် သူတို့မျက်လုံးတွေ ဝင်းလက်သွားကြလေသည်။
၎င်းက သူမကို စိတ်ပူစေသလို စိတ်သက်သာရာလည်း ရစေခဲ့သည်။
စိတ်သက်သာစေတာကတော့ သူတို့ ရှောင်ထုန်အပေါ်မှာ အလေးမထားမှာ စိုးရိမ်စရာမလိုတော့သောကြောင့်ဖြစ်သည်။
စိတ်ပူတာကတော့ ကလေးကို သူမဆီကနေ လုသွားမှာစိုး၍ ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက ဘာမှမပြသမှတော့ တစ်ခါကို သူမခြေတစ်လှမ်းလောက်ပဲရွေ့နိုင်မည်။
သူတို့လာတဲ့အချိန်မှာ သူမ နောက်ထပ်ပြဿနာတွေနဲ့ရင်ဆိုင်ရဦးမည်။
ကုန်းထျန်းဟောက်အလုပ်လုပ်နေရင် သူက အေးစက်ပြီးတစ်ကိုယ်ကောင်းဆန်တဲ့ဘော့စ်ပဲ။
နှစ်ကိုယ်ကြားဆိုရင်တောင် သူကအဖက်မလုပ်ဘူး။
ဒါပေမယ့် သူက ရှောင်လင်းယွီဘေးမှာဆိုရင်တော့ စကားမပြောရင်တောင် နွေးထွေးတဲ့ပျော်ရွှင်မှုတွေနဲ့ တောက်ပနေတတ်သည်။
သူက လီယွမ်ဟန်ပေးထားတဲ့ “ငတုံးတွေအတွက် မိန်းမတစ်ယောက်ရဲ့နှလုံးသားကို ဘယ်လိုအနိုင်ယူရမလဲ?” ဆိုတာကို ဖတ်ဖူးသည်။
မိန်းကလေးတွေက သူတို့နဲ့စကားပြောပေးတဲ့ ယောက်ျားတွေကို ကြိုက်နှစ်သက်ကြောင်း စာအုပ်ကပြောသည်။
ဒါ့ကြောင့် အမြဲတမ်းဆိတ်ဆိတ်နေတတ်သည့် ကုန်းထျန်းဟောက်က ရှောင်လင်းယွီနဲ့ပြောဖို့ အမြဲတမ်း စကားရှာနေခြင်းဖြစ်သည်။
ကုန်းထျန်းဟောက်က မေးလိုက်သည်။
“ယွီအာ မင်းက ရှင်းယင်ခရိုင်ရဲ့ အနုပညာမှာ ထိပ်တန်းကျောင်းသားဖြစ်ခဲ့တယ်လို့ ကိုယ်ကြားတယ်”
“ဟုတ်တယ်!”
ရှောင်လင်းယွီက ကိုးရိုးကားယားပြန်ဖြေလိုက်သည်။
“အခုမင်းမောင်လေးကလည်း ထိပ်တန်းကျောင်းသား ထပ်ဖြစ်သွားပြီ!”
ကုန်းထျန်းဟောက်က အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်က တကယ့်အံ့ဖွယ်ပဲ!”
ရှောင်လင်းယွီက နှိမ့်ချပြီး ပြန်ဖြေလိုက်သည်။
“ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးကုန်း။ ဒီလောက်လည်း အံ့ဩဖို့မကောင်းပါဘူး”
အထူးသဖြင့် ကုန်းထျန်းဟောက်ရဲ့ ကျောင်းသားသမိုင်းနဲ့ ယှဉ်ကြည့်ရင် ဖြစ်သည်။
သူမနဲ့ သူမမောင်လေးက မြူမှုန်သာသာရှိသည်။
၎င်းကိုတွေးရင်း ရှောင်လင်းယွီက သူမဗိုက်ကိုပုတ်ပြီး ကိုယ့်ဟာကိုတွေးလိုက်သည်။
“ရှောင်ထုန်က သူ့အဖေရဲ့ ဉာဏ်ကြီးရှင်မျိုးရိုးကိုများ ဆက်ခံလာမလားဆိုတာ ငါသိချင်မိသား!”
ရှောင်ထုန်က ငါးနှစ်မှာဆုံးသွားတဲ့အတွက် သူကျောင်းသားကောင်းတစ်ယောက် ဟုတ်မဟုတ် ဘယ်သူမှမသိလိုက်ပေ။
ရှောင်လင်းယွီရဲ့သဘောထားကို သူ့မျက်လုံးအစွန်းကနေတဆင့် ကုန်းထျန်းဟောက် သိလိုက်သည်။
သူ့မျက်လုံးတွေလေးနက်လာပြီး တောက်ပတဲ့အလင်းတစ်ခု ဖြတ်ပြေးသွားသည်။
သူက ပြုံးပြီး အတော်ပျော်ရွှင်ပုံပေါ်နေသည်။
ရှောင်လင်းယွီဘာစဉ်းစားနေမှန်း သူအကြည့်တစ်ချက်နဲ့တင် ပြောနိုင်သည်။
ကုန်းထျန်းဟောက်က သူမကို ဆက်ချီးမွမ်းလိုက်သည်။
“ကိုယ့်အထင် အံ့ဩဖို့အကောင်းဆုံးလူတွေကတော့ ဦးလေးနဲ့ အဒေါ်ပဲဖြစ်မယ်။ သူတို့က ထိပ်တန်းကျောင်းသားတစ်ယောက်မဟုတ်ဘူး။ နှစ်ယောက်တောင် မွေးထုတ်ထားတာ!
ကိုယ့်အထင် တီဗီကလူတွေ ကိုယ်တို့အိမ်ကို နှစ်ရက်လောက်ကြာရင် ရောက်လာကြတော့မယ်ထင်တယ်”
ကုန်းထျန်းဟောက်က “ကိုယ်တို့အိမ်” ဆိုသည့်စကားလုံးကို တမင်သက်သက် အသားပေးပြောလိုက်သည်။
‘ဒါက အနှေးနဲ့အမြန် ကိုယ်တို့အိမ်ဖြစ်လာမှာပဲလေ’
ရှောင်လင်းယွီက ဒါကိုကြားပြီး သူ့မျက်နှာ ချက်ချင်းတော်တော်နီရဲသွားသည်။
သူမက သူ့ကို အမှားပြင်ပေးလိုက်သည်။
“သခင်လေးကုန်း ကျွန်မအိမ်ပါ ရှင့်အိမ်မဟုတ်ဘူး”
ရှောင်လင်းယွီက ကလေးတစ်ယောက်နဲ့ ပြောဆိုနေရသလို ခံစားနေရသည်။
ကုန်းထျန်းဟောက်ရဲ့ မျက်လုံးတွေက နူးညံ့မှု၊ ချစ်ခင်မှုနဲ့ အားကိုးရာမဲ့မှုတွေနဲ့ ပြည့်နှက်နေသည်။
သူက ထပ်ပြောလိုက်သည်။
“ဒါပေါ့ မင်းပြောတာအကုန်မှန်ပါတယ်!”
ရှောင်လင်းယွီ “...”
***