ကရုဏာကင်းမဲ့သော
Vol. 16 Ch. 270
ရှောင်လင်းယွီကဆက်ပြီး၊ “လူတွေက သူတို့ကိုသနားနေတာဆိုရင်တော့ ကျွန်မက သွေးအေးပြီး ကရုဏကင်းမဲ့နေလို့ဖြစ်မှာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မဘာမှမှားတာလုပ်မထားဘူးလို့ပဲထင်တယ်။ လူတိုင်းက သူတို့လုပ်ထားတဲ့အမှားအတွက် ပြန်ပေးဆပ်ရမှာပဲ ဘယ်သူပဲဖြစ်နေဖြစ်နေ။ ကျန်းရှောင်လန်ထောင်ကျသွားတာမှန်ပေမယ့် သူလုပ်ခဲ့တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကရော? ကျွန်မမိသားစုက အဲ့ဒါတွေကို တိတ်တဆိတ်ပဲ ထားလိုက်ရတော့မှာလား?” မိသားစုတစ်ခုက စံနှုန်းတစ်ခုပဲ။ မိသားစုတွေက ပျော်ရွှင်မှုတွေကို မျှဝေခံစားပြီး အတူတူကျော်ဖြတ်တယ်။ ကျန်းရှောင်လန်က သူပဖမ်းမခံရခင်တုန်းက သူ့မိသားစုကို ထောက်ပံပေးခဲ့တယ်။ အဲ့ဒီတော့ သူအဖမ်းခံရပြီးတဲ့နောက် သူ့မိသားစုက သူ့ကိုကူညီဖို့က တရားနည်းလမ်းကျတာပဲ!”
ရှောင်လင်းယွီက ဘယ်တုန်းကမှ အလျှော့မပေးပေ။ သနားလည်းမသနားပေ။ ရှောင်မိသားစုအခက်ခဲဆုံးဖြစ်နေတဲ့ သူ့အရင်အချိန်တွေတုန်းက ဒီလူတွေ သူ့မိသားစုကိုမကူညီခဲ့တဲ့အပြင် အနာပေါ်တောင်ဆားသိပ်လိုက်သေး။ သူတို့က ချန်မိသားစုကိုကူညီပြီး သူတို့မိသားစုဆီက အမြတ်ထုတ်သွားသည်။ ရှောင်လင်းယွီမှာ အတော်လေးကောင်းသည့် မှတ်ဉာဏ်ရှိသည်။
ရွာသားတွေက မာန်မချတဲ့ရှောင်လင်းယွီနဲ့ ဒူးထောက်နေတဲ့ ရှောင်ချန်းချိုင်ကို ကြည့်နေခဲ့ကြသည်။ ယှဉ်ကြည့်လိုက်လျှင် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။ ရှောင်လင်ယွီက အကြင်နာမရှိဘူးဟု သူတို့ထင်သည်။
ကျန်းချွမ်းကျောင်းရဲ့ယောက္ခမ အဒေါ်လီက မတ်တပ်ရပ်ပြီး၊ “လင်းယွီ၊ နင်တို့ချမ်းသာမှုတွေအတွက် နင့်မိသားစုအလုပ်ကြိုးစားထားရမှန်း ငါတို့သိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နင်တို့မိသားစုစတော်ဘယ်ရီတွေက ပိုက်ဆံအရမ်းရနေပြီလေ။ ဒီလိုပိုက်ဆံနည်းနည်းလောက်တောင်မလိုပါဘူး။ ဒါပေမယ့် သူတို့မိသားစုကိုလည်း ကြည့်ဦး။ သူတို့မှာ စားရဦး သောက်ရဦး အိမ်ထောင်ပြုရဦးမယ်။ သူတို့မှာ နင့်ကိုလျော်ကြေးပေးဖို့ ငွေတကယ်မရှိတာလို့ ငါထင်တယ်”
“ငါတို့ဘာလို့ ဒါကို မေ့မပစ်လိုက်ကြတာလဲ? ပြီးတော့ အပြစ်သား ကျန်းရှောင်လန်လည်း အပြစ်ပေးခံရပြီးပြီလေ ဟုတ်တယ်မလား?” အဒေါ်လီက ရှောင်လင်းယွီကို သူ့ရဲ့ဝါနဲ့ ဖိအားပေးလိုက်သည်။
ရှောင်လင်းယွီတောင် သူ့ကို အဘေးလို့ ခေါ်ရမည်။
သူစကားပြောပြီးသွားသည်နှင့် သခင်ကြီးကုန်းက တောင်ဝှေးနှင့် အခန်းထဲမှ ထွက်လာသည်။ သူက အဒေါ်လီကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်၊ “အစ်မကြီးလီ ခင်ဗျားမှားနေပြီ။ ရှောင်မိသားစုမှာ ယွမ်၁၀၈၀၀၀မရှိတာမျိုးမဟုတ်ဘူး။ ပြီးတော့ အပြစ်သားကလည်း အဖမ်းခံရပြီးပြီ။ ဒါပေမယ့်လည်း ဥပဒေကို ဆန့်ကျင်တာကိုတော့ အပြစ်ပေးရမှာပဲ။
ကံကောင်းစွာနဲ့ပဲ။ ရွာသားတွေက မီးကို အချိန်မီငြိမ်းနိုင်ခဲ့တယ်။ ဒီတော့ အကျိုးဆက်တွေက အရမ်းမပြင်းထန်သွားဘူး။ စတော်ဘယ်ရီခင်းတစ်ခုလုံးသာ မီးလောင်သွားရင် အပြစ်သားကို ထောင်ချရုံလောက်နဲ့မပြီးဘူး။ ရှောင်မိသားစုက ယွမ်၁၀၈၀၀၀မရှိတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့မှာ လျော်ကြေးတောင်းပိုင်ခွင့်ရှိတယ်။ ပြီးတော့ ဘာလို့ ကျွန်တော်တို့က အပြစ်သားလုပ်လိုက်တဲ့အမှားအတွက် အထိခိုက်ခံပေးရမှာလဲ? ယွမ်၁၀၈၀၀၀ကများတယ်ထင်ရပေမယ့် သူတို့ကို ဘယ်သူမှ တစ်ခါတည်းမပေးခိုင်းနေဘူး။ သူတို့ အရစ်ကျပေးလို့ရတာပဲ။ သူတို့ဒါလေးတောင်မလုပ်နိုင်ဘူးလို့တော့ ကျွန်တော့်လာမပြောနဲ့နော်။ ဒါကတကယ့်ရှက်စရာပဲ! ဒါခင်ဗျားလူငယ်တွေကို သင်ပေးချင်တဲ့ပုံစံလား? အမှားတစ်ခုခုလုပ်ထားရင် ဝန်ခံရမယ့်အစား တစ်ယောက်ယောက်ကို အပြစ်ပုံချလိုက်စေချင်တာလား? ကျွန်တော်ပြောမယ်။ ဒီလိုအတွေးမျိုးရှိတယ့်သူတွေက ဘယ်တော့မှ ချမ်းသာမှာမဟုတ်ဘူး!”
ရွာသားတွေက သခင်ကြီးကုန်းရဲ့ နောက်ဆုံးစကားကြောင့် အံ့ဩကုန်သည်။ တာဝန်ရှိမှုကို ခေါင်းရှောင်တဲ့လူတွေက ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူး။ ရွာသားအားလုံးက သူတို့ကလေးတွေကို အောင်မြင်ပြီးကြီးပွားစေလိုသည်။ ဒါပေါ့ သူတို့အတွက် အကောင်းဆုံးဥပမာတွေပြပေးရမည်။
သခင်ကြီးကုန်းကဆက်ပြီး၊ “အစ်မကြီးလီ၊ ခင်ဗျားသူတို့အတွက် စိုးရိမ်မနေသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့တကယ် လျော်ကြေးမပေးချင်ဘူးဆိုလို့ရှိရင် အကြွေးဆပ်တာကို အတည်ပြုဖို့ တရားရုံးသွားမေးလို့ရတာပဲ”
အဒေါ်လီက အနည်းငယ် ရှုပ်ထွေးသွားပြီး မေးလိုက်သည်။ “အဲ့ဒါကဘာလဲ?”
“ဆိုလိုတာက ကျန်းရှောင်လန်နဲ့ ရှောင်ချန်းချိုင်တို့ရဲ့ ပစ္စည်းဥစ္စာတွေကို ငွေအဖြစ်ပြောင်းပြီး ကျန်းယန်ရဲ့မိသားစုကို လျော်ကြေးပေးဖို့ အသုံးပြုတာပဲ။"
ထိုအချိန်တွင် ရှောင်ချန်းချိုင်ရဲ့အမေကချက်ချင်း ထပြီး၊ “အဲ့ဒီကောင်မမှာ ဘာပစ္စည်းမှမရှိဘူး”
သခင်ကြီးကုန်းကဆက်ပြီး၊ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ခင်ဗျားနေနေတဲ့အိမ်က ခင်ဗျားသား ကျန်းရှောင်လန်ကို လက်ထပ်ပြီးမှ ဆောက်ထားတာလေ။ လယ်ထဲမှာလည်း ခြံမွေးတိရစ္ဆာန်တွေရှိသေးတယ်။ ဒီပစ္စည်းတွေကို တရားရုံးမှာ တန်ဖိုးဖြတ်ပြီး ငွေအဖြစ်လဲနိုင်တယ်။ ကြာရှည်အကြွေးတွေရှိသေးရင်တော့ ကျန်းရှောင်လန် ထောင်ကထွက်လာပြီးရင် ဆပ်ဖို့ အလုပ်လုပ်လို့ရတယ်”
“ဒါပေမယ့်...” သခင်ကြီးကုန်းရဲ့ မျက်လုံးများ စူးရှသွားသည်။ “ကျန်းရှောင်လန်မှာ သားနှစ်ယောက်ရှိတယ်လေ။ သူတို့လည်း အပြစ်တင်ခံရမယ်လို့ ကျွန်တော်ထင်တယ်။ သူတို့အမေရင်းကိုတောင် မကူညီကြဘူး။ သူတို့အမေကိုတောင် မထောက်ပံ့ချင်ကြဘူး။ အဲ့ဒီအချက်နဲ့တင် ခင်ဗျားမြေးတွေက်ု လက်ထပ်ချင်တဲ့သူ ရှာလို့ရမှာမဟုတ်တော့ဘူးလို့ ကျွန်တော်ထင်တယ်” ပြီးတော့ ဘာသားသမီးဝတ်မှမရှိတဲ့ယောက်ျားနှစ်ယောက်ကို သူတို့သမီးတွေနဲ့ ဘယ်သူကများ လက်ထပ်ပေးချင်မှာလဲ?”
၎င်းကိုကြားသောအခါ ရှောင်ချန်းချိုင်ရဲ့အမေနဲ့ တခြားသူများ နားမလည်နိုင်ဖြစ်သွားသည်။ သူတို့က ဒီလိုရေရှည်အကျိုးဆက်တွေကို မျှော်လင့်မထားပေ။
ရှောင်ချန်းချိုင်ရဲ့အမေက ဒါကိုကြားပြီး ချက်ချင်းဒေါသတကြီးဖြင့်၊ “ငါ့မြေးနှစ်ယောက်က ငါတို့မိသားစုမျိုးဆက်ပဲ။ ကျန်းရှောင်လန်က အပြင်လူ။ သူက ကလေးမွေးပေးတဲ့ အရာသက်သက်ပဲ။ သူကအမှားလုပ်ထားတဲ့အပြင်လူပဲ။ ငါ့ကလေးနဲ့ ငါ့မြေးတွေကို အငြိစွန်းမခံနိုင်ဘူး” သူမ လျော်ကြေးမပေးချင်မှန်း သိသာနေသေးသည်။
ရှောင်လင်းယွီက တခစ်ခစ်ရယ်လိုက်သည်။ “အဘွားချန် အဒေါ်ကျန်းက ရှင်တို့မိသားစုအတွက် နှစ်နှစ်ဆယ်ကျော်အလုပ်လုပ်ပေးလာတာ။ သူက မြေးနှစ်ယောက်နဲ့ မြေးမတစ်ယောက်တောင်မွေးပေးထားတာလေ။ ဒါပေမယ့် သူက အပြင်လူဖြစ်နေတုန်းပဲလား? အဒေါ်ကျန်းသာဒါကိုကြားရင်တော့ အရမ်းဝမ်းနည်းသွားမှာပဲ”
ရှောင်လင်းယွီက ရှောင်ချန်းချိုင်ဘက်ကို လှည့်ပြီး “ဦးလေးချန်းချိုင် ဦးလေးမျက်လုံးထဲမှာရော အဒေါ်ကျန်းက အပြင်လူလား?”
ရှောင်ချန်းချိုင်က မျက်စိစုံမှိတ်ပြီး၊ “သူ့မိသားစုနာမည်က ရှောင်မဟုတ်ဘူးလေ။ ဒီတော့ သူက အပြင်လူပေါ့"
"အဘွားချန်ကကော?” ရှောင်လင်းယွီက ရှောင်ချန်းချိုင်အမေကို တည့်တည့်ထိုးပြပြီး မေးလိုက်သည်။ “သူ့မိသားစုနာမည်ကလည်း ရှောင်မဟုတ်ဘူးလေ? ဟုတ်တယ်မလား?”
ရှောင်ချန်းချိုင်က၊ “သူကငါ့အမေလေ။ အဲ့ဒီတော့ သူကအပြင်လူမဟုတ်ဘူးပေါ့”
“ကြည့်ရတာ ဦးလေးမိသားစုမှာ အဒေါ်ကျန်းတစ်ယောက်ပဲ အပြင်လူနဲ့တူတယ်”
လယ်သမားများ၏ မိန်းမများ ၎င်းကိုကြားပြီ အံ့ဩသွားကြသည်။ ရှောင်ကျန်းလန်က သူတို့က နှစ်နှစ်ဆယ်ကျော် လက်ထပ်ထားပေမယ့် သူ့ယောက္ခမနဲ့ သူ့ယောက်ျားရဲ့ မျက်လုံးထဲမှာတော့ သူကအပြင်လူဖြစ်နေတုန်းပဲ။ နောက်ဆုံးမှာ အပြင်လူဖြစ်နေတာနဲ့ပဲ သူတို့ ရှောင်ကျန်းလန်ကို မကူညီချင်ကြဘူး။
သူတို့အားလုံးချက်ချင်း သူတို့ဖို့သူတို့တွေးလိုက်ကြသည်။ သူတို့လက်ထပ်ထားတဲ့မိသားစုတွေအတွက်ရော သူတို့က အပြင်လူပဲလား? သူတို့မှာတစ်ခုခုဖြစ်လာရင် သူတို့ယောက်ျားမိသားစုက သူတို့ကို ကူညီမှာလား?
ရှောင်လင်းယွီက ထိုနေရာက လူများကို တစ်ချက်ကြည့်ပြီး ဆက်လိုက်သည်။ “တကယ်ဆို အဒေါ်ကျန်းရဲ့စီရင်ချက်ကြောင့် လျော်ကြေးကို လျှော့လိုက်မှာ။ အဒေါ်ကျန်းကို ထောင်ခုနစ်နှစ်ချဖို့လုပ်ထားတာ။ ရှင်တို့လျော်ကြေးပေးမယ်ဆိုရင်တော့ သူထောင်ထဲမှာ သုံးနှစ်ပဲနေရမှာ။ ကျွန်မမိသားစုကြုံခဲ့ရတာတွေကို ပြန်လည်ပြင်ဆင်ဖို့ကတော့။ အန်တီကျန်းသူ့အမှားတွေကို ပြန်ပြင်ဖို့ လျော်ကြေးကလည်း သူ့အတွက် အခွင့်အရေးတစ်ခုပဲ”
“အိုး ငါတို့ဒါကိုမသိခဲ့ဘူး” တစ်ယောက်က ပြောလိုက်သည်။
“လင်းယွီ နင်ဘာလို့အစောတည်းက မပြောတာလဲ? ဒါကောင်းတဲ့အရာပဲ!” တစ်ယောက်က ပြုံးလိုက်သည်။
ရှောင်လင်းယွီက ဖာသိဖာသာဖြင့် “ပြောရမှာ ကျွန်မအလုပ်မဟုတ်ဘူးလေ။ ဒါပေမယ့် ရဲစခန်းနဲ့ တရားရုံးကလူတွေက ဦးလေးချန်းချိုင်နဲ့ အဘွားချန်ကို ဒီအကြောင်းပြောပြထားသင့်တာ”
“ဘာရယ်?” ရွာသားများ ထပ်မံအံ့ဩကုန်ပြန်သည်။ “ဒါဆိုရင် သူတို့ဘာလို့...”
“ပေးဖို့မလုပ်ဘဲနဲ့ ဒီမှာလာပြီးရှုပ်ရှုပ်ယှက်ယှက်လုပ်နေတာလဲ?”
သူတို့က ရှောင်ချန်းချိုင်နဲ့သူ့အမေကို သံသယဖြင့်ကြည့်လိုက်သည်။ ရှောင်ချန်းချိုင်နဲ့ အဘွားချန်က ရွားသားတွေရဲ့မျက်လုံးထဲက ထူးဆန်းတဲ့အကြည့်တွေကိုမြင်ပြီး မျက်နှာပူကုန်သည်။
အဘွားချန်က မထုံတသေးဖြင့်၊ “ငါတို့မှာပိုက်ဆံမှမရှိတာ။ ငါတို့ဘယ်လိုပေးရမှာလဲ?”
“ခင်ဗျားတို့မှာ ပိုက်ဆံမရှိတာမဟုတ်ဘဲ မပေးချင်တာလေ။ ပြီးတော့ အပြစ်လုပ်ထားတာ ခင်ဗျားချွေးမလေ မဟုတ်လို့လား?” ကုန်းထျန်းဟောက်က ထောက်ပြလိုက်သည်။ “သူကအပြင်လူ၊ ထောင်ထဲကလူကခင်ဗျားသားဆိုရင် သူ့ကိုအာမခံလွှတ်ဖို့ ခင်ဗျားအိမ်တောင်ရောင်းပစ်မှာမဟုတ်ဘူးလား?”
ရှောင်ချန်းချိုင်ရဲ့အမေက၊ “နင်မှန်တယ်။ ကျန်းရှောင်လန်က အပြင်လူပဲ။ သူက ငါ့မိသားစုကကယ်ပေးဖို့ထိမတန်ဘူး။ အဲ့ဒီတော့ သူနှစ်နည်းနည်းလောက် ထောင်ကျနေတော့ရော? သူ့မှာ ဘာဆုံးရှုံးသွားလို့လဲ?”
ထိုနေရာရှိအမျိုးသမီးတိုင်း စိတ်ထဲတွင် ချမ်းစိမ့်စိမ့်ဖြစ်လာသည်။
ယခင်က ရှောင်ချန်းချိုင်ရဲ့မိသားစုက သနားဖို့ကောင်းတယ်လို့ သူတို့တွေးထင်ခဲ့ပြီး သူတို့နဲ့အတူ ရပ်တည်ခဲ့သည်။ သူတို့က ရှောင်လင်းယွီက မလိုအပ်ဘဲ သွေးအေးနေတယ်လို့တောင် ထင်ခဲ့ကြသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုသွေးအေးတာဘယ်သူမှန်း သူတို့သိသွားပြီ။
ကျန်းချွမ်းကျောင်းရဲ့ယောက္ခမ အဒေါ်လီက သူ့အနားမှာရှိတဲ့ အမျိုးသမီးတွေရဲ့ မျက်နှာထားတွေကိုကြည့်လိုက်ပြီး စိတ်ထဲက သက်ပြင်းချလိုက်သည်။ ပြီးနောက် သူလည်းဘာမှမပြောတော့ပေ။
‘ချန်ကျိုမိန်က တကယ့်ငတုံးပဲ။ သူ့ချွေးမကို အပြင်လူအနေနဲ့ မြင်နေရင်တောင် ဒါကိုတော့ လူတိုင်းရှေ့မပြောသင့်ဘူးလေ။ သူ့ချွေးမက အပြင်လူမှန်း လူတိုင်းရှေ့ကြေငြာပြီး သူ့သားကိုတောင် တစ်ထပ်ထည်းတွေးဖို့ပြောလိုက်သေး။ ဒီလိုပုံစံနဲ့ လူအုပ်ကို ဘယ်လိုလုပ်သူ့ဘက်ဆွဲရပါ့မလဲ?’
ရှောင်လင်းယွီက မျက်နှာထားတင်းတင်းဖြင့်၊ “အဒေါ်ကျန်းက ရှင့်ဖို့ အပြင်လူဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်မစိတ်မဝင်စားဘူး။ ရှင်တို့မှာ သူ့အမှားအတွက် ခေါင်းခံဖို့ တာဝန်ရှိတယ်!”
ထိုအချိန်တွင် ရှောင်ချန်းချိုင်က ရုတ်တရက် မေးလိုက်သည်။ “ငါသူ့ကို ကွာရှင်းလိုက်ရင်ရော? ငါ လျော်ကြေးပေးရဦးမှာလား?”
အားလုံး အံဩကုန်သည်။
***