တိရစ္ဆာန်ထက်တောင်ပိုဆိုးသော
Vol. 16 Ch. 271
“ကွာရှင်းမှာ?”
“လျော်ကြေးလေးမပေးရဖို့အတွက်နဲ့လေ?”
အားလုံးက ရှောင်ချန်းချိုင်တို့မိသားစု၏ သွေးအေးရက်စက်မှုကို မျက်မြင်တွေ့လိုက်ရသည်။
တာဝန်ကိုရှောင်ရှားဖို့ မိသားစုက ကျန်းရှောင်လန်ကို စွန့်ပစ်ချင်နေသည်။ အကြင်နာကင်းမဲ့မှုက လူတိုင်းရဲ့နှလုံးသားကို ချမ်းစိမ့်စိမ့်ဖြစ်စေခဲ့သည်။ ရှောင်ချန်းချိုင်အမေနဲ့ ရှောင်ချန်းချိုင်တို့နှစ်ယောက်လုံး ဒီပုံစံပဲဖြစ်သည်။
ရှောင်ချန်းချိုင်ရဲ့သားတွေပါ ဒီလိုဖြစ်နေရင်တော့ ကျန်းရှောင်လန်က တစ်လောကလုံးမှာ မျှော်လင့်ချက်ဆုံးရှုံးသွားပြီ။
ဒီလိုဆိုထပ်ပြီးတော့ သူတို့ကိုယ်တိုင်အတွက်ကရော? သူတို့ကိုယ်ပိုင်မိသားစုမှာ သူတို့နေရာကဘာလဲ?
ရှောင်ချန်းချိုင်ရဲ့အမေးကို ရှောင်လင်းယွီကကြားပြီး ပြန်မဖြေခဲ့ပေ။ ထိုအစား သူမက၊ “ဦးလေးချန်းချိုင် ကျွန်မစိတ်မကောင်းပါဘူး။ အဖြေတော့ကျွန်မလည်းမသိဘူး။ ဦးလေး တရားသူကြီး ဒါမှမဟုတ် ရှေ့နေကို တိုက်ရိုက်မေးသင့်တယ်!”
ပြီးနောက် ရှောင်လင်းယွီက ပတ်ပတ်လည်ကရွာသားကိုကြည့်ပြီး “အဒေါ်တို့ ဦးလေးတို့၊ တခြားမေးစရာများရှိကြသေးလား?”
“မရှိတော့ဘူး” ရွာသားတစ်ယောက်က ပြောလိုက်သည်။
“ငါတို့က လမ်းကြုံရုံတင်။ ငါ့မှာလုပ်စရာရှိသေးတယ်။ ဒီတော့ အရင်သွားတော့မယ်” ပြီးနောက် သူထွက်သွားသည်။
“ငါရောပဲ ငါလည်း လမ်းကြုံရုံတင်။ ငါ့မှာလည်းလုပ်စရာရှိသေးတယ်။ ဒီတော့ ငါလည်းသွားပြီ”
“ငါလည်းစောင့်ဦး!” တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
ရှောင်ချန်းချိုင်နဲ့ သူ့မိသားစုပဲကျန်ခဲ့သည်။ ရှောင်ချန်းချိုင်က ထိုနေရာမှာ ဒူးထောက်နေဆဲ။
သခင်ကြီးကုန်းက ဒါကိုမြင်ပြီး သက်ပြင်းချကာ၊ “ကောင်မလေး မင်းအဲ့ဒီနေရာမှာ ရပ်နေတာကြာလှပြီ။ သွားအနားယူဦး” သို့နှင့် သူ့မျက်နှာထားပြောင်းသွားပြီး ခပ်တင်းတင်းအော်လိုက်သည်။ “ခွေးကောင် မင်းအဲ့ဒီမှာဘာရပ်လုပ်နေတာလဲ? ကောင်မလေးအနားယူဖို့ အမြန်သွားကူလေ!”
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို မစောင့်ဘဲ အိမ်ဆီ သူမဟာသူမ လျှောက်သွားသည်။
အားလုံးထွက်သွားပြီးနောက် ဝင်းတံခါးရဲ့အပြင်ဘက်မှာ ရှောင်ချန်းချိုင်နဲ့ သူ့အမေပဲကျန်ခဲ့သည်။
တခြားရွာသားတွေက အဝေးမှ ကြည့်နေကြသည်။ သူတို့က ထိုနှစ်ယောက်ကိုညွှန်ပြနေသော်လည်း ဘာမှဝင်မပြောပေ။
ရှောင်ချန်းချိုင်ရဲ့အမေက တင်းတင်းကျပ်ကျပ်ပိတ်ထားသည့် ဝင်းတံခါးကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေ စူးရှနေပြီး အာဃာတများဖုံးလွှမ်းနေသည်။ ပြီးနောက် သူ့သားကိုကြည့်လိုက်ပြီး ဒေါသတကြီးဖြင့်၊ “အရင်ပြန်ရအောင်”
သူတို့အိမ်ပြန်ရောက်သောအခါ ရှောင်ချန်းချိုင်ရဲ့အမေက တည့်ပြောလိုက်သည်။ “အဲ့ဒီခွေးမကို သွားကွာရှင်းပစ်လိုက်! ပြီးရင် ငါတို့ပိုက်ဆံပေးစရာလိုတော့မှာမဟုတ်ဘူး! ရှောင်လင်းယွီကလည်း နောက်ထပ်မကောင်းတဲ့ကောင်မတစ်ကောင်ပဲ။ သူက ငါတို့အိမ်ကိုလိုချင်နေတာ! သူ့အတွက်တောင် အလကားအလုပ်လုပ်ပေးနေစေချင်သေးတယ်!”
ရှောင်ချန်းချိုင်ကတိတ်ဆိတ်နေသည်။ ပြီးနောက် သူက၊ “အမေ ကျွန်တော် ကျန်းရှောင်လန်ကို ဘယ်လိုကွာရှင်းရမှာလဲ? သူကထောင်ထဲမှာလေ”
ရှောင်ချန်းချိုင်ရဲ့အမေက ခနတွေးတောပြီးနောက်၊ “ရှောင်ထိုက်ယန်ကို သွားမေးရအောင်!”
ရှောင်ထိုက်ယန်က ရွာသူကြီးဖြစ်သည်။ သူက ရွာထဲကလူတွေထက် ကိစ္စတော်တော်များများကို ပိုသိသည်။ သူတို့အမေးကို ဖြေနိုင်မည့် နောက်ထပ်တစ်ယောက်လည်းရှိသေးသည်။ ရှောင်လင်းယွီဖြစ်သည်။ ဒါပေမယ့် သိသိသာသာပဲ သူတို့ရှောင်လင်းယွီကိုတော့ မမေးပေ။
ရှောင်ချန်းချိုင်က၊ “အမေ ကျွန်တော်တို့ ရှောင်ချွမ်းနဲ့ ရှောင်သုန့်ကို ကွာရှင်းမယ့်အကြောင်း ပြောရမလား?”
ရှောင်ချန်းချိုင်အမေက၊ “ဘာလို့ပြောရမှာလဲ? ဒါသူတို့ကိစ္စမှမဟုတ်ဘဲ။ သူတို့ကိုပြောဖို့မလိုဘူး”
“ဟုတ်ပြီ!” ....
ရှောင်ချန်းချိုင်က အဲ့ဒီမှာ ကွာရှင်းမယ့်အကြောင်း မေးမြန်းဖို့ရောက်နေမှန်း ရွာသူကြီး သိလိုက်သောအခါ သူအံ့အားသင့်သွားသည်။ မည်းမှောင်နေသောမျက်နှာဖြင့် သူက ရှောင်ချန်းချိုင်ကို ဒေါသတကြီးထိုးပြပြီး ကြိမ်းမောင်းလိုက်သည်။ “မင်းကလုံးဝကို လူမဆန်တာပဲ!”
သူ့မိန်းမက အရေးတကြီးလိုအပ်နေတဲ့အချိန်မှာ ဘယ်လိုလုပ် သူ့ကိုစွန့်ပစ်နိုင်ရတာလဲ? သူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။
ရှောင်ချန်းချိုင်က ရှက်ရွံ့တဲ့ပုံမပေါ်ဘဲ၊ “ရွာသူကြီး ခင်ဗျားက ဒုက္ခရောက်နေတဲ့လူမှမဟုတ်ဘဲ၊ ခင်ဗျားက ဂုဏ်သိက္ခာနဲ့လူလေ။ ကျွန်တော် ကျန်းရှောင်လန်ကို မကွာရှင်းဘူးဆိုရင် သူ့အကြွေးတွေက ကျွန်တော့် မိသားစုပေါ် ကျလာမှာ။ အဲ့ဒီလိုဖြစ်လာရင် နောက်ကျ ကျွန်တော့်မိသားစုက ဘာနဲ့သွားစားရမှာလဲ? ပြီးတော့ ရှောင်ချွမ်းနဲ့ ရှောင်သုန့်ကလည်း လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ။ သူတို့အမေပြစ်မှုက သူတို့ကို ဆွဲထားမှာ မလိုချင်ဘူး။ ရွာသူကြီး ကျွန်တော့်ကိုနားလည်မယ်လို့ထင်ပါတယ်”
ရွာသူကြီးက ဒေါသတကြီးဖြင့်၊ “ငါမင်းကိုနားမလည်နိုင်ဘူး။ ငါသိတာက ကျန်းရှောင်လန်က မင်းမိသားစုကို ဆယ်စုနှစ်နှစ်ခုစာ အလုပ်အကျွေးပြုလာတယ်ဆိုတာပဲ။ ဒါပေမယ့် အခု သူအခြေအနေမကောင်းတော့ မင်းကသူ့ကို ကန်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါသိပ်များလွန်းတယ်ကွ”
ရှောင်ချန်းချိုင်က သူနဲ့ဆက်ငြင်းခုံမနေတော့ပေ။ နှုတ်ခမ်းထော်လိုက်ပြီး ညှိုးငယ်နေသောမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူ့ပုံစံက အရမ်းခေါင်းမာပြီး သွေးအေးနေသည်။
ရှောင်ချန်းချိုင်ကပြုံးပြီး၊ “ကျေးဇူးတင်ပါတယ် ရွာသူကြီး!”
ရှောင်ချန်းချိုင်ထွက်သွားသည်နှင့် ရွာသူကြီးရဲ့မိန်းမ အဒေါ်ကျန့်က သူ့နောက်ကျောကိုကြည့်ပြီး တံတွေးထွေးလိုက်သည်။ “ရှောင်ချန်းချိုင်က သူ့မိန်းမကိုကြောက်ပြီး အရမ်းချစ်တာလို့ ကျွန်မတစ်ချိန်လုံးထင်နေတာ။ ဒါပေမယ့် ဒါသက်သက်ဟန်လုပ်နေရုံပဲ။ ဖိအားများလာတော့ သူက ကျွန်မသိတဲ့လူတိုင်းထက်တောင် ပိုအကြင်နာကင်းသေးတယ်”
အဒေါ်ကျန့်က သူ့ယောက်ျားကိုကြည့်လိုက်ပြီး “ဒီလိုဆိုးရွားတဲ့ကောင်ကို ရှင်ကတကယ် ကူညီမလို့လား?”
ရွာသူကြီးက၊ “သူကငါ့အကူအညီအတွက် လာတောင်မေးပြီးနေပြီလေ။ သူ့ကိုငါမှမကူရင် ဘယ်သူကူမှာလဲ?”
“သူ့ဟာသူကူလို့ရတာပဲ!” အဒေါ်ကျန့်က ဒေါသတကြီးဖြင့် “ကျန်းရှောင်လန်က မကောင်းတာလုပ်ထားတာမှန်ပေမယ့် သူ့မိသားစုအတွက်တော့ အနွံနာခံပေးတဲ့သူပဲ။ သူ့မိသားစုအတွက် ကြိုးကြိုးစားစားအလုပ်လုပ်ထားတာ။ ခုကျ သူက ဒီလိုမျိုးအကြဉ်ခံလိုက်ရပြီ။ သူ့မိသားစုက တိရစ္ဆာန်ထက်တောင် ပိုဆိုးသေးတယ်”
“ကောင်းပြီ ငါတို့ဘာမှထပ်ပြောစရာမလိုတော့ဘူး” ရွာသူကြီး သက်ပြင်းချလိုက်သည်။ “ငါမြို့ကို ခနသွားလိုက်ဦးမယ်” …
ခနချင်းအတွင်း ရှောင်ချန်းချိုင်က ကျန်းရှောင်လန်ကို ကွာရှင်းတော့မည်မှန်း ထောင်ယွမ်ရွာမှလူတိုင်း သိသွားကြသည်။ အကြောင်းမှာ ကျန်းရှောင်လန်ရဲ့အကြွေးကို သူတို့တာဝန်မခံလိုသောကြောင့်ဖြစ်သည်။
တချို့က ရှောင်ချန်းချိုင်ကို သွေးအေးပြီး အကြင်နာကင်းမဲ့သောကြောင့် ကြိမ်းမောင်းကြသည်။ ရှောင်ချန်းချိုင်က သူ့မိန်းမကို ဒီလောက်ရက်စက်လိမ့်မယ်လို့ သူတို့မထင်ထားပေ။
သူဒီအကြောင်းကို ရှောင်မိသားစုနဲ့ပြောဆိုပြီး စိတ်ရောကိုယ်ပါတောင်းပန်သရွေတော့ ဒီအိမ်ထောင်ရေးအတွက် မျှော်လင့်ချက်ရှိသေးသည်။
ဒါပေါ့ တချို့လူတွေကလည်း ရှောင်ချန်းချိုင်ရဲ့မိသားစုက အရမ်းရက်စက်တယ်လို့ ထင်သည်။ သူတို့က ရှောင်ချန်းချိုင်ကို ကွာရှင်းရအောင်အထိ တွန်းအားပေးသည်! သူတို့က အရမ်းကြမ်းတမ်းရက်စက်လွန်းတယ်!
ရွာသူကြီးက ရှောင်ချန်းချိုင်ကို မြို့ကိုခေါ်သွားပြီး သူ့အသိအကျွမ်းများတစ်ဆင့် ရှေ့နေရှာပေးလိုက်သည်။
ရှေ့နေက၊ “ခင်ဗျားကွာရှင်းလိုက်ရင်တောင် အကြွေးကို ညီတူညီမျှ ခွဲဦးမှာပဲ”
ရှောင်ချန်းချိုင်က နားမလည်နိုင်ဖြစ်သွားသည်။ သူက စိတ်ရှုပ်စွာဖြင့်၊ “ဘာလို့လဲ?”
“ဘာလို့လဲဆိုတော့ ခင်ဗျားမိန်းမက ခင်ဗျားနဲ့လက်ထပ်ထားတုန်း ပြစ်မှုကျူးလွန်ထားတာလေ။ မိန်းမနဲ့ယောက်ျား ငွေရေးကြေးရေးအခြေအနေက ဝင်ငွေပဲဖြစ်ဖြစ် အကြွေးပဲဖြစ်ဖြစ် လက်ထပ်ထားတုန်းဆိုရက် ညီတူညီမျှပဲ” ရှေ့နေက ရှင်းပြလိုက်သည်။
“ဒီလိုဆို ငါသူ့ကို မကွာရှင်းနိုင်ဘူးလား?” ရှောင်ချန်းချိုင်က မိုက်မဲစွာ မေးလိုက်သည်။
“မဟုတ်ဘူး ခင်ဗျားကွာရှင်းနိုင်တယ်။ အကြွေးယွမ်၁၀၈၀၀၀ကို ညီတူညီမျှခွဲလိုက်လိမ့်မယ်လို့ပဲပြောတာ။ ခင်ဗျားက ယွမ်၅၄၀၀၀ပေးရင် ခင်ဗျားမိန်းမက ကျန်တဲ့ဟာကိုပေးရမယ်။ သူထောင်ကထွက်လာရင် အကြွေးနဲ့အလုပ်လုပ်ရမှာပေါ့” ရှေ့နေက ရှင်းပြလိုက်သည်။
ရှေင်ချန်းချိုင်က် ပလုံးပထွေးဖြင့်၊ “ဒါဆို ငါကွာရှင်းလိုက်ရင်တောင် လျော်ကြေးရဲ့တစ်ဝက်ကိုပေးရဦးမှာလား? ငါမကွာရှင်းဘူးဆိုရင်တော့ ငါအပြည့်ပေးရမှာပေါ့? ငါလျော်ကြေးမပေးနိုင်မယ့်နည်းလမ်းတော့မရှိဘူးပေါ့?”
“မှန်တယ်!” ထိုလူက ခေါင်းညိတ်လိုက်သည်။
ရှောင်ချန်းချိုင်က ချက်ချင်းတိတ်ဆိတ်သွားပြီး သူ့လက်တွေကို လက်သီးကျစ်ကျစ်ဆုပ်ထားလိုက်သည်။ ခနမျှ သူဘာလုပ်ရမှန်းမသိချေ။
ရွာသူကြီးက ပြောလိုက်သည်။ “ချန်းချိုင် မင်းဂရုတစိုက်စဉ်းစားတာပိုကောင်းမယ်!”
***