← Chapters

ကလေးများ

Vol. 16 Ch. 276

ကလေးများ

Vol. 16 Ch. 276

ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က ရွာကော်မတီသို့ သွားနေကြကာ လမ်းတွင် အနားပတ်လည်မှာလည်း ကလေးများဆော့‌ကစားနေကြသည်။

ကုန်းထျန်းဟောက်က ဒီကလေးတွေ ရုတ်တရက်ရောက်လာပြီး ရှောင်လင်းယွီနဲ့တိုက်မိမှာစိုးတဲ့အတွက် သူမကို ဂရုတစိုက် စောင့်ရှောက်ပေးနေသည်။

ရှောင်လင်းယွီက ဒါကိုမြင်ပြီး ခံစားမိသွားသည်။

သူမသားအိမ်ထဲကကလေးကိုသာ သူတို့လိုချင်တယ်ဆိုရင် သူမွေးပြီးတာနဲ့ လုယူသွားလို့ရသည်။

သူတို့အင်အားကို သူမမခုခံနိုင်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကလေးအမေအပေါ်မှာလည်း အတော်လေးစိတ်ပူပန်ပုံရသည်။

ရှောင်လင်းယွီက ဒိအကြောင်းကိုတော့ အရမ်းမတွေးရဲပေ။

သူမ ကြောက်နေသည်။

သူမ တကယ့်ကိုပဲ ကြောက်နေခဲ့သေးသည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုအချိန်တွင် သူမ ရှောင်ထုန်ကို ပြည့်စုံတဲ့မိသားစုတစ်ခုကို ပေးခဲ့ရင်ကောင်းမယ်ဟု တွေးမိခဲ့သည်။

ဒါပေမယ့်လည်း ရှောင်လင်းယွီ ကိုယ်ကိုတိုင်ကို နားလည်သည်။

ဒါက စင်‌ဒရဲလားဇာတ်လမ်းတစ်ခု မဟုတ်ပေ။

သူမက ကုန်းမိသားစုကို လက်ထပ်ဖို့အထိ အရည်အချင်းမပြည့်မှီပေ။

ဒါ့ပြင် သူမမှာ နောက်ထပ် စိတ်ပူပန်စရာတစ်ခုရှိသေးသည်။

ချန်အိမ်နဲ့ကိစ္စတွေပြီးသွားတော့ ရှောင်လင်းယွီက ကတိပေးပြီးသားကိုလည်း ကြောက်သည်။

ကုန်းထျန်းဟောက်ရဲ့ ဂုဏ်နဲ့ ပိုက်ဆံတွေရှိတဲ့သူမျိုးမပြောနဲ့ သူ့ရဲ့ဆယ်နှစ်ကြာချစ်သူတောင် သူမဘက်ကို ဒီလိုလှည့်လာနိုင်ပါ့မလား?

သူတို့အတူတူရှိသွားပြီပဲထားဦး အဲ့ဒီလူက သူမအပေါ် သစ္စာရှိနိုင်ပါ့မလား?

သူမက သူ့ရဲ့တစ်ဦးတည်းသောမိန်းမ ဖြစ်နိုင်ပါ့မလား?

ပိုက်ဆံရှိပြီးချမ်းသာတဲ့မိသားစုတွေမှာ တွေ့ရတတ်တဲ့ အပြင်ဘက်မှာ အပျော်မယားတွေနဲ့ ယောက်ျားနဲ့အတူနေရမှာထက်စာရင်တော့ သူမတစ်သက်လုံး တစ်ကိုယ်တည်းသမားလုပ်ပြီး တစ်ယောက်တည်းပဲနေတော့မည်။

သူမ ရှောင်ထုန်ကို ဒီလိုအဖေမျိုးမရှိစေချင်ပေ။

ဒါက သူ့ကို နာကျင်စေလိမ့်မည်။

ဒါ့ကြောင့် ရှောင်လင်းယွီက ရှောင်ထုန်ကို ကာကွယ်ပြီး ထိုလူနဲ့အစတည်းက ဝေးဝေးနေရမည်။

ဒါကြောင့် သူမကုန်းထျန်းဟောက်ကို စိမ်းကားနေရခြင်းဖြစ်သည်။

သူရှောင်ထုန်ကို ထပ်မနာကျင်စေလိုတော့ပေ။

“ယွီအာ ယွီအာ...”

ရှောင်လင်းယွီက အတွေးထဲအရမ်းနစ်မျောနေပြီးမှ ကုန်းထျန်းဟောက်၏အသံကို ကြားလိုက်သည်။

ကုန်းထျန်းဟောက်က ဘာတုံ့ပြန်ချက်မှမရတော့ မျက်မှောင်ကြုံ့သွားသည်။

သူ့ရဲ့စူးရှတဲ့အာရုံက သူတို့လမ်းမှာ ကလေးတချို့ဆော့နေတာကို သတိထားမိလိုက်သည်။

ကုန်းထျန်းဟောက် စိတ်အိုက်သွားသည်။

သူ့လက်တစ်ဖက်က မြန်မြန်ဆန်ဆန်ပဲ ရှောင်လင်းယွီရဲ့ ပခုံးဆီရောက်သွားပြီး လှမ်းဆွဲလိုက်ကာ သူ့လက်မောင်းထဲကို ဆွဲယူလိုက်သည်။

ပြီးနောက် များပြားလာတဲ့ကလေးအုပ်ဆီကနေ ရှောင်လင်းယွီကို ကာထားလိုက်သည်။

ကလေးတွေက သူတို့ရှေ့မှာ ရပ်လိုက်ကြသည်။

သူတို့မျက်နှာလေးတွေက သူတို့နှစ်ယောက်ကို စူးစမ်းစွာ ကြည့်နေကြလေသည်။

‘ဒီလူကြီးနှစ်ယောက် ဘာလုပ်နေတာလဲ။ အချင်းချင်းဖက်နေကြတာလား?’

ခနကြာပြီးတော့ အသက်နည်းနည်းကြီးတဲ့ကလေးက နားမလည်ပုံဖြင့်

“ဦးလေး ဘာလို့ အစ်မလင်းယွီကို ဖက်နေတာလဲ?”

ရှောင်လင်းယွီရဲ့မျက်နှာက မြန်မြန်ဆန်ဆန်ပဲ နီရဲသွားသည်။ နောက်ဆုံးမှာ သူမအသိပြန်ဝင်လာပြီး အရမ်းရှက်သွားသည်။

ဒါကြောင့် ရှောင်လင်းယွီက အံ့ကြိတ်ပြီး အော်လိုက်သည်။

“ကျွန်မကိုလွှတ်ဦး!”

ဒါအရမ်းရှက်ဖို့ကောင်းတာပဲ!

သူတို့ဖက်နေတာကို ကလေးတစ်အုပ်ကမြင်သွားတယ်!

ဒီလူက...သူမကို အခွင့်အရေးယူတယ်!

ဒါမျိုးနောက်ဆုံးအကြိမ်ဖြစ်ခဲ့တုန်းက လူကြီးတစ်အုပ်ရှေ့မှာပဲ

အခုတော့ ကလေးတစ်အုပ်ရှေ့မှာ။

ရွာထဲက ကောလဟာလတွေကို သူမထပ်ကြားရလိမ့်ဦးမည်။

ကုန်းထျန်းဟောက်လည်း အနည်းငယ် ထိုင်းမှိုင်းသွားသည်။

သူက ကလေးတွေ သူတို့လမ်းမှာပိတ်နေတာကို မြင်လိုက်သည်။

သူတို့ရှောင်လင်းယွီကို ဝင်တိုက်မိမှာစိုးလို့ သူက အလိုလို သူမကို ကာပေးလိုက်ခြင်းဖြစ်သည်။

ကလေးတွေက ရုတ်တရပ်ကြီးရပ်ပြီး နားမလည်တဲ့မျက်နှာ‌ထားတွေနဲ့ သူတို့ဖက်နေတာကို ကြည့်နေကြလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ?

သူဘယ်လိုရှင်းပြရတော့မှာလဲ?

ရှောင်လင်းယွီက ဒေါသထွက်ပုံပေါ်နေသည်။

ဒါပေမယ့်လည်း သူမကိုဖက်ရတာကောင်းမွန်ကြောင်းကိုတော့ ကုန်းထျန်းဟောက်ဝန်ခံရမည်။

သူတို့ပထမဆုံးဖက်ကတည်းက သူ့လက်မောင်းထဲမှာ သူမကိုထည့်ထားရသည့် ခံစားချက်ကို သူစွဲလမ်းနေသည်။

ဖြစ်နိုင်မယ်ဆိုရင် သူတို့ဘဝတစ်လျှောက်လုံး သူမကို သူ့လက်မောင်းထဲမှာသာ ထည့်ပွေ့ထားချင်သည်။

ကုန်းထျန်းဟောက်တစ်ယောက် ရှောင်လင်းယွီကို အင်တင်တင်နဲ့ လွှတ်လိုက်သည်။

သေချာအာရုံစိုက်ကြည့်ရင် သူနားရွက်ထိပ်တွေနီနေသည်။

ကုန်းထျန်းဟောက်ရှက်တာက ရှားသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လင်းယွီက ဒါကိုသတိမထားမိလိုက်ပေ။

ကလေးတွေလည်း အတူတူပဲဖြစ်သည်။

ရှောင်လင်းလင်က ကုန်းထျန်းဟောက်ကို ကြည့်ပြီး ရှောင်လင်းယွီကို ကြည့်လိုက်သည်။

သူက သိချင်စိတ်နဲ့ ထပ်ပြီး

“အစ်မလင်းယွီ၊ ဒီဦးလေးက ဘာလို့အစ်မကို ဖက်နေတာလဲ?”

ပျောက်သွားတော့မယ့် ရှောင်လင်းယွီမျက်နှာပေါ်က အနီရောင်သန်းမှုက ရုတ်တရက် ထပ်ပေါ်လာသည်။

ပြီးနောက် သူမက ရှင်းပြလိုက်သည်။

“လင်းလင် အစ်မ ခုနက ခြေချိတ်တော့မလို့ ဒီဦးလေးက အစ်မပြုတ်မကျအောင် ‌ဆွဲထားပေးလိုက်တာ။

ဒါပေမယ့်လည်း သူကအရမ်း‌ဆွဲလိုက်တော့ သူ့လက်ထဲထိဆွဲလိုက်သလိုဖြစ်သွားတာ။ မှတ်ထားနော် သူက အစ်မကို တမင်သက်သက်ဖက်လိုက်တာမဟုတ်ဘူး။

သူက အစ်မကို ကယ်ဖို့လုပ်လိုက်တာ”

ရှောင်လင်းလင်က ကလေးတွေထဲမှာ အကြီး‌ဆုံးဆိုပေမယ့်လည်း သူက ရှစ်နှစ်ပဲရှိသေးသည်။

သူနားမလည်နိုင်တဲ့ အရာများစွာရှိသည်။

ဒါပေမယ့်လည်း ရှောင်လင်းယွီရဲ့ရှင်းပြချက်ကိုတော့ သူနားလည်သည်။

ရှောင်လင်းလင်က ခေါင်းညိတ်ပြီး

“ဟုတ်ကဲ့ အစ်မလင်းယွီ၊ သားတို့နားလည်သွားပြီ။ ဒီဦးလေးက အစ်မကို ကယ်ပြီး ဖက်လိုက်တာမလား?”

ကုန်းထျန်းဟောက်ရဲ့ နှုတ်ခမ်းအစွန်းတွေ ကွေးတက်သွားပြီး သူ့စိတ်လည်း အတော်လေးပျော်သွားသည်။

‘ဒီကလေးတွေက တော်တော်ချစ်ဖို့ကောင်းတာပဲ’

ရှောင်လင်းယွီ “…”

ငါပိုရှင်းပြလေလေ ပိုရှုပ်လာလေလေပဲ

ငါပြောတာကနေ ဒီကလေးတွေတကယ်နားလည်သွားတာက ဘာလဲလို့?

ရှောင်လင်းယွီက အနည်းငယ်စိတ်ညစ်ကာသက်ပြင်းချပြီး

“ဒါပေါ့ မင်းအဲ့လိုထင်ရင်လည်း”

သူမလည်း ရှုပ်သွားသည်။

သူမကဘာလို့ ကလေးတစ်သိုက်ကို ကိုယ်တိုင် ရှင်းပြနေရမှာလဲ?

သူတို့ထဲက အငယ်ဆုံးကငါးနှစ်နဲ့ အကြီး‌ဆုံးက ရှစ်နှစ်လေ။

သူတို့က ဘယ်လိုလုပ်အကုန်နားလည်မှာလဲ?

ယောက်ျားတစ်ယောက်က သူမကို လမ်းပေါ်မှာဖက်နေတာမြင်ပြီး သူတို့နားမလည်နိုင်ဖြစ်သွားကြခြင်းပဲဖြစ်သည်။

ရှောင်လင်းယွီက စိတ်ညစ်စွာနဲ့

“ဟုတ်ပြီလေ လင်းလင်။ မင်းတို့သွားဆော့ကြတော့။ ဂရုစိုက်ဦး ဘယ်သူ့ကိုမှ မတိုက်မိစေနဲ့”

“အိုခေ ဒါဆိုရင် သွားပြီနော် အစ်မလင်းယွီ”

ကုန်းထျန်းဟောက်က ဒီကလေးငယ်တွေ ပျော်ရွှင်စွာ ပြေးထွက်သွားသည်ကို ကြည့်နေခဲ့သည်။

ပြီးနောက် ရှောင်လင်းယွီရဲ့ ဗိုက်ကိုကြည့်ဖို့ ခေါင်းငုံ့လိုက်သည်။

‘သူ့အမေက အရမ်းချစ်စရာကောင်းတယ့်လူဆိုတော့ ငါ့ကလေးကလည်း အရမ်းချစ်စရာကောင်းတာဖြစ်ရမယ်’

ရှောင်လင်းယွီက ကလေးတွေ ပြေးထွက်သွားတာကို ကြည့်နေသည်။

သူမ ပြုံးလိုက်သည်။

ပြီးနောက် ခေါင်းလှည့်လိုက်ပြီး ကုန်းထျန်းဟောက်က သူမဗိုက်ကို ဝါးစားတော့မယ့်အကြည့်တွေနဲ့ စိုက်ကြည့်နေသည်ကို မြင်လိုက်သည်။

သူမအရမ်းကြောက်ကာ တဆတ်ဆတ်တုန်သွားသည်။

သူမတစ်ကိုယ်လုံး အသိဝင်ပြီး နိုးနိုးကြားကြားဖြစ်သွားသည်။

သူမ ဗိုက်ကိုပွတ်လိုက်ပြီး ကြောက်ရွံ့စွာမေးလိုက်သည်။

“ရှင်ဘာတွေကြည့်နေတာလဲ?”

ကုန်းထျန်းဟောက်က “...”

***

All Chapters