← Chapters

ငှားခကိုဆွေးနွေးခြင်း

Vol. 16 Ch. 280

ငှားခကိုဆွေးနွေးခြင်း

Vol. 16 Ch. 280

ရွာသားအများစု ရှက်သွားကြသည်။

ကျန်တဲ့ရွာသားတွေက တစ်မူကိုယွမ်၄၀၀တောင်းတဲ့သူတွေကို အထင်အမြင်သေးစွာ ကြည့်လိုက်ကြသည်။

ရှောင်ချန်းပမ်းက အဲ့ဒီလူတွေကို ကြည့်ပြီး ထေ့ငေါ့ကာ၊ “မင်းတို့ကတစ်မူကို ယွမ်၄၀၀‌တောင်းရဲသေးတယ်? ဒီလိုဆိုရင် ဘာလို့ တောင်မြေကို မင်းတို့ဟာမင်းတို့ မငှားတာလဲ?”

“ကျုပ်တို့ဒါတွေကိုငှားပြီး ဘာလုပ်ရမှာလဲ?”

တချို့ရွာသားတွေက မြန်မြန်ဆန်ဆန်ပဲ ပြန်ဖြေလိုက်သည်။

“‌ရှောင်လိုင်ကော် ပါးစပ်ပိတ်ထားလိုက်!”

တစ်ယောက်က ဒေါသထွက်သွားသည်။

“မင်းအိမ်နောက်မှာကော တောင်မြေတွေ မူယာနဲ့ချီမရှိဘူးလား? အဲ့ဒါတွေကို ယွမ်၄၀၀နဲ့ငှားဖို့ ဘာလို့လူမရှာတာလဲ? မင်းချက်ချင်း ထီ‌ပေါက်သွားမှာ! လိုင်ကော င်းနှစ်စဉ် ယွမ် လေးငါးသောင်း ငှားခရလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့မြေကို ဘယ်သူလာငှားမလဲ‌ဆိုတာတော့ ကြည့်ရဦးမှာပေါ့!”

“လိုင်ကာ၊ ငါလည်းတောင်တွေမှာ စုထားတာတွေရှိတယ်။ ငါမင်းကိုငှားရင်ရော?

တစ်မူကို ယွမ်၄၀၀အစား ငါ့ကို တစ်မူယွမ်၂၀၀ပဲပေးလေ။ ပြီးရင် မင်းတခြားသူတွေကို တစ်မူယွမ်၄၀၀နဲ့ပြန်ငှားလို့ရတယ်။ မင်းအမြတ်အများကြီး ရဦးမှာပဲမလား?”

ရှောင်လိုင်ကောက ငြင်းဆိုလိုက်သည်။

“ခင်ဗျားမြေတွေကို တစ်မယွမ်၂၀ဝနဲ့ငှားရအောင် ကျွန်တော်ကရူးနေတယ်ထင်လို့လား? အဲ့ဒါဒီလောက်တောင်မတန်ဘူး!”

“ဒါပဲ‌လေ၊ မင်းတောင်ဒါကိုရူးတယ်ထင်ရင် ရှောင်လင်းယွီက ဘာလို့မင်းနေရာကို တစ်မူယွမ်၄၀၀နဲ့ငှားနေမှာလဲ? သူကရော အဲ့လောက်တုံးတယ်လို့ထင်နေတာလား?”

“ဒါဟာသပဲ

ဒီနေရာမှာ ရှောင်လင်းယွီထက် ပိုထက်တဲ့သူမရှိဘူးလို့ငါထင်တယ်။

ဒါကြောင့် ‌ရှောင်လိုင်ကော ်မက်လှလှလေးဆက်မက်ချင်ရင်တော့ ပြန်သာအိပ်လိုက်တော့!”

“ဟားဟား...”

ရွာသားတွေ ထရယ်ကုန်သည်။

‌ရှေင်လိုင်ကောရဲ့ မျက်နှာက ရဲတွတ်သွားသည်။

သူမှားသွားမှန်းသိလိုက်သည်။

ဒါပေမယ့်လည်း သူက စိတ်မပါလက်မပါနဲ့ဆက်ပြီး

“ရှောင်လင်းယွီက ချမ်းသာနေပြီလေ။ ကျုပ်တို့နဲ့ ဓနဥစ္စာတွေမျှဝေသင့်တာပေါ့”

“ဒီလိုဆိုရင်တောင် ဒီနည်းလမ်းနဲ့သွားလို့မရဘူး”

ရွာသူကြီးက ခပ်တည်တည်ပြန်ချေပသည်။

“မင်းဟာတွေကို တိုးမြှင့်ပေးဖို့ သူ့အကျိုးတွေကို စွန့်ပေးရမှာလား? ရှောင်လင်းယွီက မင်းအ‌ပေါ်အကြွေးတင်နေလို့လား?”

ရှောင်လိုင်ကော လုံးဝတိတ်ဆိတ်သွားတော့သည်။

တစ်ရွာလုံးနီးပါး ရှောင်လင်းယွီဘက်မှာရှိသည်။

သူအခုဘာပဲပြောပြော သူတို့ဆီက ဆန့်ကျင်ခံရလိမ့်မည်။

‌ရှောင်လိုင်ကောနဲ့ တခြားလူတွေ အပြောရပ်သွားတော့ ရွာသူကြီးက ထပ်မေးလိုက်သည်။

“မေးစရာတွေများရှိကြသေးလား?”

တစ်ယောက်က ချက်ချင်း

“ရွာသူကြီး ရှောင်လင်းယွီ တောင်တွေကိုငှားပြီးရင် ကျုပ်တို့တွေ ထင်းခုတ်ဖို့ အမဲလိုက်ဖို့နဲ့ ဆေးပင်တွေစုဖို့ တောင်ကိုသွားလို့ရသေးလား?”

၎င်းက မိသားစုတော်တော်များများ၏ ဝင်ငွေရင်းမြစ်ဖြစ်သည်။ ဒါကြောင့် သူတို့ စိုးရိမ်နေကြသည်။

ရွာသူကြီးက

“ငါတို့ရှောင်လင်းယွီကို ဒီအကြောင်းမေးပြီးပြီ။ သူက မင်းတို့သွားနိုင်တယ်လို့ပြောတယ်။ သူက ချဲ့ထွင်ဖို့နဲ့ လယ်စိုက်ဖို့ပဲ တောင်တွေကိုငှားတာ။ သူ့သီးနှံတွေကို လူတွေ တမင်သက်သက်သွားမဖျက်စီးသေးသရွေ့ ဆေးပင်တွေနဲ့ ထင်းတွေရှာဖို့ တောင်ပေါ်သွားလို့ရတယ်။

ရည်ရွယ်ချက်ရှိရှိဖျက်စီးနေတာကိုမိရင်တော့ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမယ်”

ရွာသားတော်တော်များများ နားမလည်နိုင်ဖြစ်သွားသည်။

ရှောင်လင်းယွီက စိုက်ခင်းတစ်ခုလုပ်ချင်တယ်ဆိုရင် သူသစ်တောတွေကို အရင်ဖျက်စီးရမှာပဲ။ ဒီလိုဆို နောင်ကျရင် တောင်တွေက ဘယ်ထင်းတွေကို သူတို့စုရတော့မှာလဲ?

“ရွာသူကြီး စိုက်ခင်းအတွက် ရှောင်လင်းယွီရဲ့အဓိကအစီအစဉ်ကဘာလဲ?”

ရွာသားတစ်ယောက် နားမလည်သည့်ပုံနဲ့ မေးလိုက်သည်။

ရွာသူကြီးက

“ရှောင်လင်းယွီက သစ်သီးပင်တွေစိုက်ဖို့ တောင်တွေကိုငှားတာ။ သူအပင်တွေအရမ်းစိုက်မှာမဟုတ်ဘူး

အဲ့ဒါကြောင့် တောကို ရှင်းပစ်ဖို့မလိုဘူး။ အသေးစိတ်သိချင်ရင်တော့ ရှောင်လင်းယွီကို ကိုယ်တိုင်မေးမှပဲ”

ရှောင်လင်းယွီရဲ့မိသားစုက အရှေ့မှာထိုင်နေပြီး ဘာမှမပြောခဲ့ပေ။

ရွာသားတွေက သူ့ကို တစ်မူကိုယွမ်၄၀၀ပေးဖို့ပြောတုန်းကတောင် သူမဘာမှမပြောပေ။

ဒါပေမယ့်လည်း ရှောင်လင်းယွီပဲ‌သေချာရှင်းပြနိုင်မယ့် တချို့အရာတွေရှိသေးသည်။

ရှောင်လင်းယွီက

“တောင်ပေါ်က မူလပေါက်ပင်တွေကိုတော့ ဒီတိုင်းပဲထားမှာပါ။ ရွာသားတွေတောင်ပေါ်တက်ပြီး ထင်းခုတ်ဖို့ အမဲလိုက်ဖို့ ဆေးပင်တွေစုဖို့သွားနိုင်တယ်။ ဒါပေမယ့်လည်း ကျွန်မတောင်တွေကို ငှားထားတဲ့တိုင် တောင်ပေါ်မှာရှင်တို့ဖြစ်ပျက်တာတွေက ကျွန်မတာဝန်မဟုတ်ဘူးဆိုတာကို အလေးထားဖို့လိုသေးတယ်”

ဒါ‌ကနောင်ကျရင် ပေါ်ပြူလာဖြစ်လာနိုင်တဲ့ လျော်ကြေးအတွက်ဟန်ဆောင်ထိခိုက်ခြင်းတွေကို စီးပွားဖြစ်စိုက်ပျိုးရေးအတွက် ကြိုတင်ကာကွယ်ထားခြင်းဖြစ်သည်။

ရွာသားတွေက လောလောဆယ်သဘောမပေါက်သေးဘူးဆိုပေမယ့်လည်း နှစ်အနည်းငယ်ကြာရင် သူဌေးတွေ‌ဆီကက လျော်ကြေးတောင်းဖို့ သူတို့ကိုယ်သူတို့ စီးပွားရေးအရ ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်ကြလိမ့်မယ်။

ရွာသားတစ်ယောက် တောင်ပေါ်မှာ တစ်ခုခုဖြစ်ခဲ့ရင် တောင်ကသူမပိုင်တဲ့အတွက် သူ့အိမ်ကိုသေချာ‌ပေါက် ဒုက္ခတွေ့စေလိမ့်မယ်။

တစ်ခုခုဖြစ်လာရင် သူမက တာဝန်ယူရတော့မည်။

ဒါ့ကြောင့် ဘာပဲဖြစ်နေဖြစ်နေ ဒီကဏ္ဍကိုတော့ စာချုပ်ထဲမှာ ထည့်ရေးရမည်။

ရွာသူကြီးနဲ့ ရွာသားတချို့က ဒါနဲ့စပ်လျဉ်းပြီး သံသယနည်းနည်းရှိနေသည်။

နောင်ကျရင် တစ်ယောက်ယောက်က တကယ်ပဲမတော်တဆဖြစ်ပြီး ရှောင်လင်းယွီကို ပြဿနာလာရှာလိမ့်မည်။

ရှောင်လင်းယွီက စာချုပ်ထဲကဒီအကြောင်းကို သူတို့ကို ချက်ချင်းပြခဲ့သည်။

လူတိုင်းက ရှောင်လင်းယွီရဲ့အမြော်အမြင်ကို ချီးကျူးလိုက်ကြသည်။

‌ရှောင်လင်းယွီတောင်တွေကိုငှားပြီးရင်လည်း ထင်းတွေခုတ်ဖို့ သူတို့တောင်တွေဆီသွားနိုင်တယ်လို့ကြားလိုက်တော့ ရွာသားတွေက ကန့်ကွက်စရာသိပ်မရှိတော့ပေ။

သူတို့ အမျိုးမျိုးသောအကျိုးအမြတ်တွေကို ခွဲခြမ်းကြည့်ပြီးပြီ။

ရှောင်လင်းယွီက တောင်တွေငှားဖို့ ငွေပေးရမည်။

ငှားခကို အားလုံးခွဲယူပြီးတော့ ဒါကများပြားတဲ့ငွေပမာဏဖြစ်လိမ့်မည်။

သူတို့ ပိုက်‌ဆံရမယ့်အရေးကို ဘာလို့ငြင်းနေရဦးမှာလဲ?

ပြီးတော့ ရှောင်လင်းယွီတောင်တွေကိုငှားပြီးရင် သူက တောင်တွေကို ချဲ့ထွင်ဖို့နဲ့ စနစ်တကျစီစဉ်ဖို့ လူတွေအများကြီးလိုဦးမှာပဲ။

သဘာဝကျကျဆိုရင်တော့ ရှောင်လင်းယွီ လူတွေကို အလုပ်ခန့်ဖို့လိုသည်။

ဒါကလည်း နောက်ထပ်ဝင်ငွေပေါင်းဖြစ်သည်။

လူတွေရူးရူးမိုက်မိုက်မလုပ်သရွေ့ သူတို့ဒါကို ကောင်းတဲ့အရာလို့ ယူဆနိုင်သည်။

ဒါပေမယ့်လည်း တချို့လူတွေမှာတော့ မနာလိုမှုလို့ခေါ်တဲ့ ရောဂါတစ်မျိုးကရှိသေးသည်။

၎င်းက လောဘကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သူတို့က ရှောင်လင်းယွီရဲ့ ရုတ်ချည်းချမ်းသာလာမှုကို မနာလိုဖြစ်နေတာကြာချေပြီ။

အများအားဖြင့်တော့ သူတို့ဆီက အထောက်အပံ့ယူထားရတဲ့အတွက် ရှောင်လင်းယွီရဲ့မိသားစုကို မခုခံရဲကြပေ။

ဒါပေမယ့် အခုတော့ ပြောင်းပြန်ဖြစ်ကုန်ပြီ။

ရှောင်လင်းယွီက တောင်တွေကိုငှားချင်သည်။

ဒါဆိုရင် ရှောင်ကျန်းယန်ရဲ့မိသားစုက သူတို့ကိုလာတောင်းပန်ရလိမ့်မည်။

အများစုရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ရှောင်လင်းယွီ တောင်တွေကိုမငှားနိုင်မှန်း သူတို့သိသည်။

သူတို့က ရှောင်ကျန်းယန်ရဲ့မိသားစုထက် ပိုအင်အားကောင်းနေသည်။

ဒါ့ကြောင့်ပဲ တစ်ယောက်ကထပ်ပြီးပြောဆိုလိုက်သည်။

“လင်းယွီ တကယ်တော့ ငါတို့မှာ တခြားအတွေး‌တော့မရှိတော့ပါဘူး။ မင်းက တစ်မူကိုယွမ်၁၅၀နဲ့ တောင်တွေကို ငှားဖို့စီစဉ်ထားတယ်လေ။ အဲ့ဒါအရမ်းမနည်းနေဘူးလား?”

ဒီမေးခွန်းပဲထပ်လာပြန်ပြီ။

ရှောင်လင်းယွီက ခပ်ရေးရေးအပြုံးနဲ့ပြောလိုက်တဲ့ လူကိုကြည့်ပြီး သာမန်ကာလျှံကာပြောလိုက်သည်။

“ဒါဆိုရင် ဦးလေးခုနစ်၊ ကျွန်မဘယ်လောက်နဲ့ငှားသင့်တယ်လို့ထင်လဲ?”

ဒီဦးလေးခုနစ်က ချက်ချင်း

“တကယ်တော့ ငါတို့အများကြီးမလိုပါဘူး။

Xiao Laigou ပြောသလိုပဲ ငါတို့တစ်မူကို ယွမ်၄၀ဝနဲ့ငှားချင်တာ။ ဒါပေမယ့်လည်း မင်းဆိုရင်တော့ တစ်မူကိုယွမ်၂၀ဝနဲ့ငှားမယ်လေ”

ရှောင်လင်းယွီက တခစ်ခစ်ရယ်လိုက်သည်။

“ဦးလေးခုနစ် လျိုမိသားစုရွာက သူတို့တောင်တွေကို ဘယ်လောက်တောင်းလဲသိလား?”

အမ်?

***

All Chapters