← Chapters

ငါတို့တွေ့ကြပြန်ပြီ

Vol. 147 Ch. 2192

ငါတို့တွေ့ကြပြန်ပြီ

Vol. 147 Ch. 2192

ယန်ယန်းအင်မော်တယ်နိုင်ငံတွင်...။

နေကထွက်လာခါစဖြစ်ပြီး ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်တစ်ဝန်းမှာ ကျင့်ကြံသူများက နန်းတော်ရှေ့ ဧရာမရင်ပြင်တစ်ခုမှာ ရောက်ရှိလာကြပြီဖြစ်၏။

ကျယ်ပြန့်သောလမ်းကြောင်းတစ်ခုကို ရင်ပြင်၏ အလယ်မှာ ဖောက်လုပ်ထားပြီး ပင်မခန်းမကနေလမ်းတစ်လျှောက် ဆန့်တန်းသွားလေသည်။

ထိုလမ်းကြောင်း၏ တစ်ဘက်တစ်ချက်စီမှာ ဂိုဏ်းကြီးများနှင့် ကျင့်ကြံသူများကို နေရာချစုစည်းပေးထားသော ဧရိယာများရှိလေသည်။

ခန်းမ၏ ရှေ့မှာ ဤပွဲစဥ်ကို ကျင်းပပေးသော ယန်ယန်းအင်မော်တယ်နိုင်ငံက နေရာယူထားလေသည်။

၎င်း၏ ဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းမှာ အခြားသောအင်မော်တယ်နိုင်ငံနှစ်နိုင်ငံက နေရာယူထားလေသည်။

အင်မော်တယ်နိုင်ငံနှစ်နိုင်ငံ၏ အောက်ဘက်မှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းရှိလေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းက ဘေးချင်းကပ်လျက်ဖြစ်၏။

သူတို့၏ မျက်နှာချင်းဆိုင်မှာ အင်ပါယာလေဘုရားကျောင်းနှင့် အင်မော်တယ်ပျံဂိုဏ်းရှိလေသည်။

အင်မော်တယ်နိုင်ငံနှစ်နိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ အောက်ဘက်မှာ အင်မော်တယ်တာအိုရှေးတော်ဝင်မိသားစုကြီးများနှင့် ကောင်းကင်တစ်ပိုင်းအဆင့် အင်မော်တယ်ဂိုဏ်းများရှိလေသည်။

ကောင်းကင်အဆင့်ဂိုဏ်းများနှင့် ကောင်းကင်တစ်ပိုင်းအဆင့်ဂိုဏ်းများက ရှေ့ဆုံးမှာနေရာယူထား၏။

ထိုအင်မော်တယ်ဂိုဏ်းများ၏ နောက်ဘက်မှာ ကမ္ဘာမြေနှင့် ကမ္ဘာမြေတစ်ပိုင်းအဆင့်ဂိုဏ်းများရှိလေသည်။

သူတို့၏ ​နောက်ဘက်မှာက မဟူရာအဆင့်ဂိုဏ်းများရှိလေသည်။

နောက်ဆုံးမှာတော့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်နယ်မြေတစ်ဝန်းမှ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများရှိနေ၏။ အဲ့ဒီမှာ သူတို့အတွက် ထိုင်ခုံများ အင်မော်တယ်မက်မွန်သီးများ၊ စိတ်ဝိညာဥ်သစ်သီးများ၊ မွှေးပျံ့သောလက်ဖက်ရည် သို့မဟုတ် အချိုတည်းစရာများ ဘာတစ်ခုမှ မရှိပေ။ သူတို့ကို အခြားသူများထက် ပို၍နိမ့်ကျစွာ ဆက်ဆံထားလေသည်။

ထိုအခိုက်အတန့်မှာ မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်တစ်ပိုင်းအဆင့်ဂိုဏ်းများမှ ကျင့်ကြံသူများစွာက ရောက်ရှိလာကြပြီဖြစ်ပြီး အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ လူများသာလျှင် ကျန်တော့လေသည်။

“ဟိုမှာကြည့်စမ်း.... အင်မော်တယ်နိုင်ငံသုံးနိုင်ငံကလူ​တွေက တစ်ပြိုင်နက်တည်း ပေါ်ထွက်လာကြပြီ”

လူအုပ်ကြားထဲမှတစ်ယောက်က အော်ပြောလိုက်ပြီး ကျင့်ကြံသူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။

လေထဲမှာ လူအုပ်စုသုံးစုက ရင်ပြင်၏ အပြင်ဘက်ကနေ ဖြည်းဖြည်းချင်းဆင်းသက်လာကြ၏။ နန်းတော်သခင်က အလယ်မှာဖြစ်ပြီး ယန်ယန်းအင်မော်တယ်နိုင်ငံမှအုပ်စုက အတော်လေးကြီးမားလေသည်။

သူတို့၏ ခေါင်းဆောင်က ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ဒုတိယမင်းသား မင်းသားရှဲ့လင်ဖြစ်လေသည်။ သူသည် ပကတိအင်မော်တယ်ပညာရှင်တစ်ဦးဖြစ်ပြီး ဤနှစ်တစ်သောင်းတွေ့ဆုံပွဲကို တာဝန်ယူထားရသူဖြစ်၏။

သူ၏ နောက်ဘက်မှာ တော်ဝင်မိသားစုမှ မျိုးဆက်တချို့ပါရှိပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ အဆင့်-၇ နေရာကိုရရှိဖို့ ထင်ကြေးပေးခံထားရသည့် မင်းသားရှဲ့ယွင်လည်းပါဝင်လေသည်။

အရင်တုန်းက တော်ဝင်မိသားစုကြားတိုက်ပွဲမှာ ရှဲ့ယွင်သည် မင်းသမီးသက်တံနီကိုပင်အနိုင်ရရှိခဲ့၏။

“မင်းသားယွင်ထင်က ဟိုမှာပဲ”

“ဘယ်မှာလဲ”

“အထက်ရှဆုံးလူပေါ့”

လူအုပ်ကြားထဲမှာ ဆူညံသံတချို့ထွက်ပေါ်လာ၏။

ရှဲ့လင်သည် ပကတိအင်မော်တယ်တစ်ဦးဖြစ်ပြီး ဤနှစ်တစ်သောင်းတွေ့ဆုံပွဲကို တာဝန်ယူထားသူဖြစ်သော်လည်း သူကစိတ်အာရုံများစွာကို မရရှိပေ။

အင်မော်တယ်နိုင်ငံသုံးနိုင်ငံက တစ်ချိန်တည်းမှာ ဝင်ရောက်လာသောအခါ ကျင့်ကြံသူအများစု၏ စိတ်အာရုံက ကျိရွှမ်အင်မော်တယ်နိုင်ငံကို ဦးဆောင်လာသည့် လူငယ်တစ်ယောက်အပေါ် ရောက်ရှိနေကာ အံ့အားတသင့်ရေရွတ်လိုက်၏။

“အဲ့ဒီလူက တော်တော်ထက်ရှတာပဲ”

လူတချို့သည် သူ့ကိုအနည်းငယ်ကြာ စိုက်ကြည့်ရုံမျှနှင့် သူတို့၏ မျက်လုံးများကျိန်းစပ်လာသည်ဟု ခံစားလိုက်ရ၏။

အင်မော်တယ်သုံးနိုင်ငံ၏ ဤအစုအဖွဲ့များမှာ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကင်းမဲ့မနေပေ။ ဥပမာအားဖြင့် မဟာကျင်းအင်မော်တယ်နိုင်ငံကို ဦးဆောင်လာသည့် မင်းသားယွမ်ကျော၊ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၄ နေရာဝင်ဖို့ ခန့်မှန်းခံထားရသည့် ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှူး ထဲဟန်၊ အဆင့် ၆ နေရာဝင်ဖို့ ကြိုတင်ခန့်မှန်းခံထားရသည့် မင်းသားယွင်လေ... စသည်ဖြင့်။

သူတို့ထဲမှ မည်သူမဆို စိတ်အာရုံစိုက်မှုကို ရရှိနိုင်လေသည်။

သို့သော်လည်း သူတို့သည် ယွင်ထင်နှင့် အတူသွားလာသည့်အခါ သူတို့ထဲမည်သူကမှ သူ၏ထက်ရှမှုကို မကျော်လွှားနိုင်ပေ။

ဘယ်နေရာကိုရောက်ရှိနေသည်ဖြစ်စေ... ယွင်ထင်ပေါ်ထွက်လာသည်နှင့်အမျှ သူ၏ ထက်ရှမှုကို အလိုလိုသတိထားမိပြီး သူ၏ ထက်ရှမှုကို မည်သူကမှ လျစ်လျူရှုနိုင်မည်မဟုတ်ပေ။

“တာအိုရောင်းရင်းယွင်ထင်... ခင်ဗျားက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဆူဇီမိုအတွက် ဒီနေရာကိုရောက်လာတာလို့ ကျုပ်ကြားထားတယ်”

ထိုစဥ်မှာပင် မင်းသားယွမ်ကျောက အကဲစမ်းလိုသောပုံစံဖြင့် လှည့်မေးလိုက်၏။

“ခင်ဗျားကအဲ့ဒီလူနဲ့ ရန်ငြိုးရန်စရှိတာလား”

“ငါတို့တစ်ခါတိုက်ခိုက်ခဲ့ဖူးတယ်”

ယွင်ထင်က မင်းသားယွမ်ကျောကို လှည့်မကြည့်ဘဲ မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

မင်းသားယွမ်ကျောက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ့ထက်ကျင့်ကြံမှုနယ်ပယ်သာလွန်သော်လည်း ယွင်ထင်က စိတ်ဝင်စားမှုမရှိပေ။

ယွင်ထင်က အရမ်းကိုမော​က်မာပြီး ရိုင်းပျသည်ကိုတွေ့မြင်သောအခါ မင်းသားယွမ်ကျော၏ မျက်လုံးထဲတွင် အမျက်ဒေါသတစ်စွန်းတစ်စပေါ်ထွက်လာသော်လည်း သိပ်မကြာခင် အလျင်အမြန်ပျောက်ကွယ်သွား၏။

သူကစိတ်ထဲမှာတော့ အူမြူးအားရနေပြီဖြစ်၏။

'ဆူဇီမို... မင်းလိုနိမ့်ကျသက်ရှိက ယွင်ထင်ကိုတောင်ဆန့်ကျင်ထားတယ်ဆိုတော့... အဲ့ဒါလည်းကောင်းတာပေါ့... ကောင်းကင်ဘုံက မင်းကိုတကယ်သေစေချင်နေပြီပဲ'

မင်းသားယွမ်ကျောက ကြိတ်၍လှောင်ရယ်လိုက်ပြီး သူ့ဘာသာသူရေရွတ်လိုက်၏။

'လွန်ခဲ့တဲ့နှစ်တစ်ထောင်က မင်းကငါ့ကိုလုံးဝအရှက်ရစေခဲ့တယ်... ဒီတစ်ခေါက်မှာတော့ ပိုပြီးတော့များပြားတဲ့လူတွေရှေ့မှာ ငါကမင်းကိုအလောင်းတောင်မကျန်ဘဲ သေရအောင်လုပ်ပြမယ်'

အစကတော့... ယွင်ထင်သည် ဆူဇီမိုကြောင့် ဤနေရာကိုရောက်ရှိလာခြင်းဟုတ်၊ မဟုတ် မင်းသားယွမ်ကျောက မသေချာခဲ့ပေ။

သို့သော်လည်း မင်းသားယွင်ထင်၏ စောစောကစိတ်နေသဘောထားကို တွေ့မြင်ရစဥ်မှာ သူကပို၍သေချာသွားခဲ့လေသည်။

ဤအချိန်အတောအတွင်းမှာ အင်မော်တယ်နိုင်ငံသုံးနိုင်ငံမှ ကျင့်ကြံသူများက သူတို့၏ ထိုင်ခုံများမှာ ဝင်ရောက်နေရာယူလိုက်ကြပြီဖြစ်၏။

“ကြည့်စမ်း... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက လူတွေကလည်းရောက်လာကြပြီ”

နောက်ထပ်အာမေဋိတ်သံတစ်ခုက ထွက်ပေါ်လာပြီး ကျင့်ကြံသူလေးအုပ်စုက လေထဲကနေဘေးချင်းယှဥ်၍ ဆင်းသက်လာကြ၏။

“သူတို့ထဲမှာ ပြန်ဝင်စားအင်မော်တယ်တွေက ဘယ်သူတွေလဲ”

“ထိုက်ဟွာနဲ့ ဖုန်းယင်ကဘယ်သူတွေလဲ”

​ယန်ယန်းအင်မော်တယ်နိုင်ငံကနေ ကြိုတင်ခန့်မှန်းချက်ထုတ်ထားသည့် ကမ္ဘာမြေအင်မော်တယ်အဆင့်က ကျင့်ကြံသူများကြားမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်၏။

ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်က စိတ်အာရုံရရှိမှုအများဆုံးဖြစ်လေသည်။

“ဟိုမှာကြည့်လေ... အင်မော်တယ်ပျံဂိုဏ်းမှာ ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နဲ့ ဘေးချင်းယှဥ်လျှောက်လာတဲ့သူက အင်မော်တယ်ထိုက်ဟွာပေါ့”

“အင်ပါယာလေဘုရားကျောင်းဘက်ခြမ်းမှာ ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းနဲ့ ရှေ့ကနေယှဥ်ရပ်နေတဲ့သူက အင်မော်တယ်ဖုန်းယင်ပဲ”

အင်မော်ထိုက်ဟွာက တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ခါးမှာဓားရှည်တစ်လက်ကိုချိတ်ဆွဲထား၏။ သူ၏ အင်္ကျီလက်စနှစ်ဖက်က တဖျပ်ဖျပ်လွင့်​နေပြီး သူ့မှာ မှင်သေသေအမူအရာတစ်ခုနှင့် တစ်မူထူးခြားသောအော်ရာရှိလေသည်။

အဆင့်-၉ ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်နှင့်ယှဥ်လျှင် သူ၏ အော်ရာက လုံးဝနိမ့်ကျမနေပေ။

ဖုန်းယင်မှာ အေးစက်စက်အမူအရာတစ်ခုရှိပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ထားပြီး လူတစ်ယောက်ကိုချောက်ချားသွားစေမည့် အေးစက်၍ မကောင်းဆိုးဝါးဆန်သောအော်ရာတစ်ခုကို သူကဖြာထုတ်ပေးနေ၏။

သူတို့နှစ်ယောက်သည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များသာဖြစ်သော်လည်း သူတို့သည် ထိပ်တန်းကောင်းကင်အင်မော်တယ်များနှင့် ပခုံးချင်းယှဥ်ရပ်နိုင်သည့်အချက်ကပင် ဂိုဏ်းမှာ သူတို့၏ အဆင့်အတန်းများကို သက်သေပြပေးနေ၏။

“တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းက ခေါင်းဆောင်က ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်လူ ဖြစ်မယ်ထင်တယ်”

“အဲ့ဒါသူပဲ... ကောင်းကင်ချောက်နက်လေ... သူကလွန်ခဲ့တဲ့နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ကျင်းပပေးခဲ့တဲ့သူတွေထဲကတစ်ယောက်ပဲ”

ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်အပြင် ကောင်းကင်ချောက်နက်၏ ပေါ်ထွက်လာမှုကလည်း အကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့၏။

အင်မော်တယ်ပျံဂိုဏ်း၊ အင်ပါယာလေဘုရားကျောင်းနှင့် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းတို့နှင့်ယှဥ်လျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အနည်းငယ်နိမ့်ကျနေ၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို အကြီးအကဲတချို့က ဦးဆောင်လာခဲ့ပြီး သူတို့နောက်မှာရှိသော တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများကလည်း အခြားသော အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းနှင့်ယှဥ်လျှင် သာမန်သာဖြစ်ပုံရလေသည်။

ဆူဇီမိုသည် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့မှာ အနက်ရောင်ဆံပင်များနှင့် ကြော့ရှင်းသောသွင်ပြင်ရှိလေသည်။ သူသည် တက္ကသိုလ်အုပ်စုထဲမှာ မထင်မရှားဖြစ်နေပြီး မည်သူကမှသူ့ကိုသတိမထားမိပေ။

သူ၏ အကြည့်က အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းရှိရာဘက်သို့ ရောက်ရှိသွား၏။

ဤတစ်ခေါက် အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင်များကို သူက အတော်လေးမျက်မှန်းတန်းမိပြီး သူကသူတို့နှင့် တစ်ခါပင်တွေ့ဆုံခဲ့ဖူးလေသည်။ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ သူတို့သုံးယောက်သည် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများကို ကိုယ်စားပြုခဲ့၏။

အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ လူတိုင်းက ဆင်းသက်လာခဲ့ပြီး သူတို့၏ ထိုင်ခုံများမှာ နေရာယူတော့မည့်ဆဲဆဲဖြစ်၏။

လူတိုင်း၏ စိတ်အာရုံက ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်၊ ကောင်းကင်ချောက်နက်နှင့် အခြားသူများအပေါ်ရောက်ရှိနေချိန်မှာ ကျိရွှမ်အင်မော်တယ်နိုင်ငံရှိရာဘက်ကနေလူတစ်ယောက်က ရုတ်တရက်မတ်တတ်ထရပ်လိုက်၏။

ချွမ်...

ထိုလူမတ်တတ်ထရပ်လိုက်စဥ်မှာပင် ချောက်ချားစရာကောင်းသော ဓားတေးသံတစ်သံက ထွက်ပေါ်လာခဲ့၏။

ထို့နောက်ချက်ချင်းပင် မိုးကောင်းကင်ကိုထိုးဖောက်၍ ကြယ်များကိုခုတ်ပိုင်းချတော့မည့်အလား... ထက်ရှသောအလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ ပတ်ဝန်းကျင်ရှိအပူချိန်က သိသိသာသာကျဆင်းသွားပုံရပြီး အေးစက်လာခဲ့၏။

“ဟမ်...”

ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ဖြစ်သော ဖုန်းယင်နှင့် ထိုက်ဟွာ၏ အမူအရာတို့က အနည်းငယ်ပြောင်းလဲသွားပြီး လှည့်ကြည့်လိုက်ကြ၏။

မင်းသားယွင်ထင်..။

မင်းသားယွင်ထင်ကသာလျှင် လှုပ်ရှားမှုတစ်ခုဖြင့် ဤမျှအထိကြောက်စရာကောင်းသော ထက်ရှမှုတစ်ခုကိုထုတ်ဖော်နိုင်၏။

မင်းသားယွင်ထင်မတ်တတ်ထရပ်လိုက်သောအခါ လူတိုင်း၏ စိတ်အာရုံက သူ့ပေါ်သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။

ယွင်ထင်မှာ ထက်ရှမှုအပြင် အလွန်တရာအားကောင်းသော တိုက်ပွဲဝင်စိတ်ဝိညာဥ်တစ်ခုပါရှိနေသည်ကို ကျင့်ကြံသူများစွာက သတိထားမိလိုက်ကြ၏။

“မင်းသားယွင်ထင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ကျင့်ကြံသူများစွာက မင်းသားယွင်ထင်၏ အကြည့်နောက်သို့ လိုက်ပါကြည့်ရှုလိုက်၏။

အဲ့ဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက် ဖြစ်ပုံရလေသည်။

“ဆူဇီမို... ငါတို့ပြန်တွေ့ကြပြီပဲ”

ထိုစဥ်မှာပင် ယွင်ထင်၏ မျက်လုံးက ဝင်းလက်သွားပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

စကားတစ်လုံးချင်းစီက သတ္တုချင်းထိခတ်သံလို စွမ်းအားကြီးမားနေ၏။

ချက်ချင်းပင် တက္ကသိုလ်၏ အဖွဲ့ထဲမှ သိသာထင်ရှားမှုမရှိသော အစိမ်းရောင်ဝတ်စာပေသမားအပေါ် မရေမတွက်နိုင်သောအကြည့်များက ဆင်းသက်လာခဲ့၏။

All Chapters