← Chapters

ရှုံးထွက်အဆင့်စတင်ခြင်း

Vol. 147 Ch. 2196

ရှုံးထွက်အဆင့်စတင်ခြင်း

Vol. 147 Ch. 2196

ယွင်ထင်က ဧကရာဇ်ဂူသင်္ချိုင်းထဲမှတိုက်ပွဲအကြောင်း ပြောဆိုလာသောအခါ ဆူဇီမိုက ပြုံး၍ဝင်မပြောပေ။

အဲ့ဒါသည်ယွင်ထင်က ငယ်ရွယ်​လွန်းသေးသောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဆူဇီမို၏ မျက်လုံးထဲမှာ ယွင်ထင်သည် မထီတရီနှင့် ​အကြောက်အလန့်ကင်းမဲ့၍ မာနကြီးသော ဂျူနီယာတစ်ယောက်နှင့် ပိုတူလေသည်။

သူတို့နှစ်ယောက်စလုံးသည် အရင်တုန်းက ကြီးမားသောတိုက်ပွဲတစ်ခုမှာ တိုက်ခိုက်ခဲ့ကြသော်လည်း ဆူဇီမိုက ယွင်ထင်ကို ချီးကျူးမိလေသည်။

ယွင်ထင်ထံမှ သူသည် ပေမင်ရွှယ်နှင့် ရှောင်းယောင်၏ သွင်ပြင်ဟန်ပန်တချို့ကို တွေ့မြင်​နေရသည့်အလားပင်။ ဆူဇီမိုက ထိုတိုက်ပွဲမှာအနိုင်ရခဲ့၏။

သို့သော်လည်း သူသည် အဲ့ဒါနှင့်ပတ်သက်၍ ကြွားလုံးထုတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပေ။

ယနေ့မှာလည်း အတူတူပင်ဖြစ်၏။

ယွင်ထင်သည် ထိုတိုက်ပွဲ၏ ရလဒ်ကို ရှင်းလင်းစွာထုတ်ဖော်​​ပြောဆိုခဲ့ခြင်းမရှိပေ။ ဆူဇီမိုကလည်း ယွင်ထင်၏ မာန်မာနကို မထိခိုက်စေချင်ဘဲ ထိုတိုက်ပွဲကို မေ့လျော့သွားသည့်အလား အဲ့ဒါကိုထပ်မံ၍ ထုတ်ဖော်ပြောဆိုမနေပေ။

“ဇီမို... စောစောကငါတို့ တိတ်တဆိတ်ဆွေးနွေးခဲ့ကြတယ်”

အကြီးအကဲကျုံးက အသံနှိမ့်၍ပြောလိုက်၏။

“ငါတို့ရဲ့အကြံပြုချက်ကတော့... မင်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ အန္တရာယ်ကိုစွန့်စားပြီး ဝင်မပါတော့ဖို့ပဲ”

အကြီးအကဲဟဲကလည်း ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်ဇီမို... အဲ့ဒါကို တစ်ဖက်အဖွဲ့က ကြိုတင်အစီအစဥ်ချပြီး ပြင်ဆင်ထားပြီးပြီ... မင်းကသူတို့နဲ့တိုက်ခိုက်စရာမလိုဘူး.. ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်အတွက်ပြိုင်ပွဲက နှစ်တစ်သောင်းတိုင်းမှာ တစ်ကြိမ်ကျင်းပတယ်... မင်းရဲ့ပါရမီအရည်အချင်းနဲ့ဆို နောက်ထပ်နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ မင်းက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် သေချာပေါက်ဖြစ်နေလိမ့်မယ်”

“မင်းက နှစ်တစ်သောင်း စိတ်ရှည်လက်ရှည်စောင့်ဆိုင်းလိုက်ရုံပဲ.. လာမယ့်နှစ်တစ်သောင်းတွေ့ဆုံပွဲကို ငါတို့ရဲ့ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာကျင်းပမှာ... မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းမှာ ဘယ်လိုနည်းလမ်းတွေပဲရှိရှိ အဲ့ဒါက သုံးစားရမှာမဟုတ်ဘူး”

“အဲ့ဒီအချိန်ကျရင် မင်းက မျှတတဲ့ပတ်ဝန်းကျင်တစ်ခုမှာ ယှဥ်ပြိုင်နိုင်လိမ့်မယ်... ဘယ်သူကမင်းကို ယှဥ်နိုင်ဦးမှာလဲ”

တက္ကသိုလ်မှ အကြီးအကဲနှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက်​ပြောဆိုလိုက်ကြ၏။ သူတို့သည် ဆူဇီမိုအတွက် အကျိုးအပြစ်များကို ဝေဖန်ဆန်းစစ်ပြပြီး တည်ကြည်လေးနက်စွာဖြင့်ပြောဆိုနေကြ၏။ သူတို့က သူ့ကို တကယ်ပင်ကာကွယ်ပေးလိုခြင်းဖြစ်၏။

သူတို့နှစ်ယောက် ​ပြောသည့်အတိုင်းပင် ဆူဇီမိုသည် ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဝင်ပါဖို့ကို လက်လျှော့လိုက်မည်ဆိုလျှင် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အစီအစဥ်များက သေချာပေါက် အလဟဿဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါသည် ဆူဇီမို၏ ကျင့်ကြံရေးအစီအစဥ်ကို အဟန့်အတားဖြစ်စေပေလိမ့်မည်။

သူသည် လာမယ့်ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဝင်ပါမည်ဆိုလျှင် သူက နောက်ထပ်နှစ်တစ်သောင်းစောင့်ရပေလိမ့်မည်။

ဆူဇီမိုက အဲ့ဒါကိုမစောင့်လိုပေ။

သူတက်လှမ်းလာစဥ်ကတည်းက သူသည်အချိန်မလောက်ငှမှုနှင့် အဘက်ဘက်ကနေဝင်ရောက်လာသော ဖိအားတစ်ရပ်ကို ခံစားနေခဲ့ရ၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ပြီးတာတောင် ထိုဖိအားက လုံးဝလျော့ကျမသွားခဲ့ပေ။ နှစ်တစ်သောင်းကြာပြီးနောက် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲနှင့် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကိုပင်လျှင် ကျင်းပကြပေလိမ့်မည်။

ဒါ့အပြင် သူသည် ကမ္ဘာ​မြေအင်မော်တယ်များစွာနှင့်အတူ အဆင့်သတ်မှတ်ချက်အတွက်တိုက်ခိုက်ဖို့ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ နေရပေလိမ့်မည်။

သူက ခြေတစ်လှမ်းနောက်ကျသွားမည်ဆိုလျှင် သူကဆက်လက်၍ နောက်ကျကျန်ရစ်ခဲ့ပေလိမ့်မည်။ သူနှင့်ယွင်ထင်ကြား သို့မဟုတ် သူနှင့် သိုင်းတာအိုပင်မခန္ဓာကြားမှာပင်လျှင် ကွာခြားချက်က ပို၍တိုးလာပေလိမ့်မည်။

သူသည် ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ဝင်ပါမည်ဖြစ်ပြီး နောက်ထပ်နှစ်တစ်သောင်းအချိန်မဆွဲလိုပေ။

“အကြီးအကဲတို့... အခုလိုစေတနာနဲ့ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်းပြသလိုက်၏။

“ဒါပေမဲ့... ကျုပ်ကဆုံးဖြတ်ချက်ချပြီးသွားပြီ”

တက္ကသိုလ်မှအကြီးအကဲနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး သက်ပြင်းချလိုက်ကြ၏။

ဆူဇီမို၏ လေသံကပြတ်သား၍ သူ့ကိုထပ်မံ၍ဖျောင်းဖျနိုင်တော့မည်မဟုတ်ကြောင်း သူတို့နှစ်ယောက်က သိလိုက်ကြ၏။

ထိုစဥ်မှာပင် မင်းသမီးသက်တံနီသည် ယန်ယန်းအင်မော်တယ်နိုင်ငံဘက်ကနေ လျှောက်လှမ်းလာပြီး တက္ကသိုလ်မှတပည့်ဂိုဏ်းသားများနှင့်အတူ မိုးကောင်းကင်ကိုးလွှာသို့ဝင်ရောက်ဖို့ပြင်ဆင်လိုက်၏။

“ဂျူနီယာမောင်လေးဆူ... မပူပါနဲ့ ငါတို့တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေ အတူပူးပေါင်းပြီး မိုးကောင်းကင်ကိုးလွှာကို ဝင်ရောက်မယ်ဆိုရင် ငါတို့ကသူတို့နဲ့တိုက်ခိုက်နိုင်မှာပါ”

မင်းသမီးသက်တံနီက ဝင့်ကြွားစွာပြောလိုက်၏။

“ငါတို့ကရှုံးနိမ့်မယ်ဆိုရင်တောင်မှ သူတို့လည်း အခြေအနေမကောင်းစေရဘူး”

အကြီးအကဲကျုံးကလည်း သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။

“ယဲ့ဖေး... သက်တံနီ... ဆူဇီမို... မင်းတို့တွေ မိုးကောင်းကင်ကိုးလွှာကိုဝင်ရောက်ပြီးရင် မင်းတို့တွေ အတတ်နိုင်ဆုံး အတူတူသွားဖို့လုပ်ကြ”

“အဲ့လိုလုပ်စရာမလိုတော့ပါဘူး”

ထိုစဥ်မှာပင် ဆူဇီမိုက ဖြတ်ပြောလိုက်၏။

“တာအိုရောင်းရင်းဂိုဏ်းသားအဖော်တို့... မင်းတို့တွေက ငါနဲ့သွားစရာမလိုဘူး... မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းကလည်း မင်းတို့ကိုလိုက်ရှာမှာမဟုတ်ဘူး”

“ရှုံးထွက်အဆင့်ရဲ့ အဆင့်သတ်မှတ်ချက်ကလည်း အတော်လေးအရေးပါတယ်... အားလုံးပဲ ငါ့ကြောင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်ရမယ့်ဒီအခွင့်အရေးကို လက်လွှတ်မခံကြနဲ့”

“ဒါက... “

တက္ကသိုလ်မှလူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အသံတိတ်သွားကြ၏။

အဲ့ဒါကို မည်သူကမှရှင်းလင်းစွာ ထုတ်ဖော်မပြောဆိုသော်လည်း သူတို့သည် ရှုံးထွက်အဆင့်ကိုဖြတ်ကျော်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ သူတို့၏ နာမည်များကို ချန်ထားရစ်ဖို့ နောက်ဆုံးအဆင့်သတ်မှတ်ချက်တိုက်ပွဲကို ဝင်ရောင်နိုင်ဖို့ လူတိုင်းကမျှော်လင့်နေကြ၏။

ဆူဇီမိုနှင့် အတူသွားလာမည်ဆိုလျှင် တက္ကသိုလ်က ချေမှုန်းဖျက်ဆီးခံရဖို့များလေသည်။

သို့သော်လည်း သူတို့က ဆူဇီမိုကိုစွန့်လွှတ်လိုက်မည်ဆိုလျှင် သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ယောက်တည်းဘယ်လိုရင်ဆိုင်မှာလဲ။

“အားလုံးပဲ... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ မင်းတို့နဲ့ပြန်တွေ့ကြမယ်”

ဆူဇီမိုက တည်ငြိမ်သောအကြည့်နှင့်အတူ ညင်သာစွာပြုံးပြလိုက်၏။

သူတို့သည် ဆူဇီမို၏ အကြည့်ကိုတွေ့မြင်သောအခါ ဘာ့ကြောင့်ရယ်မသိ တက္ကသိုလ်မှလူတိုင်းသည် တဖြည်းဖြည်းတည်ငြိမ်လာပြီး ယုံကြည်မှုရှိလာခဲ့၏။

“ကောင်းပြီလေ... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာပြန်တွေ့ကြတာပေါ့”

ယဲ့ဖေး၊ မင်းသမီးသက်တံနီနှင့် အခြားသောသူများက တစ်ပြိုင်တည်း ပြန်ပြောလိုက်ကြ၏။

“တာအိုရောင်းရင်းတို့... ကျေးဇူးပြုပြီး စိတ်ကိုလျှော့ထားပါ... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ရှုံးထွက်အဆင့်ကစတင်တော့မယ်”

ထိုစဥ်မှာပင် မင်းသားရှဲ့လင်က မတ်တတ်ထရပ်ပြီး ထုတ်ဖော်ကြေညာလိုက်၏။

“ရှုံးထွက်အဆင့်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ​ကျုပ်ပြန်ပြီးပြောပြမယ်... မိုးကောင်းကင်ကိုးလွှာကိုဝင်ရေက်မယ့် ကမ္ဘာ​မြေအင်မော်တယ်တွေက နှစ်ငါးသောင်းထက် အသက်ပိုမကြီးရဘူး”

ကမ္ဘာမြေအင်မော်တယ်များမှာ ဘဝသက်တမ်းနှစ်နှစ်သိန်းရှိလေသည်။ သူတို့၏ အသက်က နှစ်ငါးသောင်းထက်ပိုကြီးနေမည်ဆိုလျှင် သူတို့ကိုပြိုင်စံရှားများဟု မဆိုနိုင်တော့ပေ။

“ဒုတိတစ်ချက်... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ နာမည်ရှိပြီးသားလူတွေက နောက်ထပ်တစ်ခေါက် ပြန်ဝင်ပြိုင်လို့မရဘူး”

ဥပမာအားဖြင့် ယခင်ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှလူတစ်ရာသည် ဤကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဝင်ပါဖို့ အဆင့်မမီတော့ပေ။

“တတိယတစ်ချက်... မိုးကောင်းကင်ကိုးလွှာကို ဝင်ရောက်တဲ့ကျင့်ကြံသူတွေကို ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်... ဓမ္မရတနာတွေနဲ့ အဆောင်လက်ဖွဲ့တွေကို အသုံးပြုခွင့်မပေးထားဘူး... မဟု​တ်ရင် သူတို့တွေကို မိုးကောင်းကင်ကိုးလွှာရဲ့ စည်းမျဥ်းစည်းကမ်းတွေက သေချာပေါက်သတ်ဖြတ်လိမ့်မယ်... အားလုံးပဲ အဲ့ဒါကိုမှတ်ထား”

မိုးကောင်းကင်ကိုးလွှာ၏ လည်ပတ်ပုံယန္တရားသည် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို မည်သည့်ပြင်ပပစ္စည်းပေါ်မှ မှီခိုခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိစမ်းသပ်လိုခြင်းဖြစ်လေသည်။

မိုးကောင်းကင်ကိုးလွှာမှာ လူတစ်ယောက်သည် နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များ၊ အင်မော်တယ်ဓမ္မပညာရပ်များ၊ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များ၊ ကိုယ်ကာယနှင့် မျိုးဆက်သွေးတို့ကို စိတ်ကြိုက်အသုံးပြုနိုင်၏။

“စတုတ္ထအချက်... မိုးကောင်းကင်ကိုးလွှာရဲ့ အဆင့်တစ်ခုချင်းစီတိုင်းမှာ အမျိုးမျိုးသောအခွင့်အလမ်းတွေကို ဖုံးကွယ်ပေးထားတယ်... အဲ့ဒါတွေက ဓမ္မရတနာတွေဖြစ်ချင်ဖြစ်မယ် ကျင့်ကြံရေးနည်းစနစ်တွေ ဒါမှမဟုတ် လျှို့ဝှက်အတတ်တွေလည်းဖြစ်ချင်ဖြစ်မယ်... ဘယ်သူမဆို အဲ့ဒါတွေကိုရှာတွေ့မယ်ဆိုရင် မင်းတို့တွေက အဲ့ဒါတွေကိုယူထားလို့ရတယ်”

ပြီးခဲ့သည့်နှစ်များမှာ ကမ္ဘာမြေအင်မော်တယ်များစွာသည် မိုးကောင်းကင်ကိုးလွှာမှာ သေဆုံးခဲ့ရလေသည်။ ကမ္ဘာမြေအင်မော်တယ်များကျန်ရစ်ခဲ့သည့် သိုလှောင်အိတ်များကပင်လျှင် အလွန်များပြားသည့် ရတနာများဖြစ်လေသည်။

တကယ်တော့... ဤကဲ့သို့သောရတနာများသည် ထိုက်ဟွာ၊ ဖုန်းယင်နှင့် အခြားသောထိပ်သီးပညာရှင်များကို သိပ်ပြီးဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

သူတို့သည် ထိုရတနာများကို လိုက်လံရှာဖွေလိုသည်ဆိုလျှင် ကြားမှာ သူတို့သည်အချိန်များစွာကို သေချာပေါက်ဖြုန်းတီးမိပေလိမ့်မည်။

ရှုံးထွက်အဆင့်၏ အဆင့်သတ်မှတ်ချက်သည် အဆင့်-၅ နေရာလွတ်သို့ အရင်တက်လှမ်းပြီး ကျောက်စာတိုင်ပေါ်မှာ သူတို့၏ နာမည်များ ချန်ထားခဲ့နိုင်မှုအပေါ်မူတည်လေသည်။

သူတို့က အဲ့ဒါမတိုင်ခင်အချိန်ဖြုန်းခဲ့မည်ဆိုလျှင် သူတို့၏ အဆင့်သတ်မှတ်ချက်များက အခြားသူများ၏ နောက်မှာ ​ကျန်ရစ်ခဲ့ပေလိမ့်မည်။

“ပဉ္စမအချက်နဲ့ အရေးကြီးဆုံးကတော့ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို မိုးကောင်းကင်ကိုးလွှာမှာ ခွင့်ပြုပေးထားတယ်... မင်းတို့တွေက အထဲမှာဘာနဲ့ပဲ ရင်ဆိုင်ရရင်ဆိုင်ရ ကပ်ဘေးတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ် အပြင်လူတွေက ဝင်ရောက်စွက်ဖက်နိုင်မှာမဟုတ်ဘူး... မင်းတို့တွေက ကိုယ့်အားကိုယ်ကိုးလို့ပဲရမယ်”

“အားလုံးကိုအကြံပေးလိုက်မယ်... မင်းတို့က သေဖို့အတွက် မပြင်ဆင်ထားဘူးဆိုရင် အထဲကိုဝင်ဖို့လည်း မလိုဘူး”

ထိုနေရာအရောက်တွင် ရှဲ့လင်က သာမန်ကာလျှံကာပုံစံဖြင့် ဆူဇီမိုကိုလှမ်းကြည့်လိုက်၏။

ထိုစကားလုံးများသည် တကယ်တော့... ဆူဇီမိုကိုနောက်ဆုံးအခွင့်အရေးအနေဖြင့် လက်လျှော့ဖို့သတိပေးနေခြင်းဖြစ်၏။

ဆူဇီမိုကပြုံး၍ခေါင်းခါပြလိုက်၏။

ရှဲ့လင်က ဆက်ပြောလိုက်၏။

“တစ်ခုခုအမှားအယွင်းရှိလာမယ်ဆိုရင် မင်းတို့တွေက လုံခြုံစိတ်ချရတဲ့ထောင့်တစ်နေရာကိုဆုတ်ခွာပြီး ရှုံးထွက်အဆင့်ပြီးဆုံးတဲ့အထိ စောင့်နေတာအကောင်းဆုံးပဲ”

“ဆဋ္ဌမအချက်... လူတစ်ရာက သူတို့ရဲ့အမည်တွေကို အဆင့်-၅ နေရာလွတ်က ကျောက်စာတိုင်မှာ ချန်ထားလိုက်မယ်ဆိုရင် ရှုံးထွက်အဆင့်က အလိုအလျောက်အဆုံးသတ်သွားလိမ့်မယ်”

ထိုနေရာအရောက်တွင် မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်ဖို့ပြင်ဆင်ထားသည့် အင်မော်တယ်နိုင်ငံသုံးနိုင်ငံ၊ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၊ အင်မော်တယ်တာအိုကလန်ကြီးများ၊ ကမ္ဘာမြေနှင့်မဟူရာအဆင့်ဂိုဏ်းများမှ ကမ္ဘာမြေအင်မော်တယ်များသည် မတ်တတ်ထရပ်လာကြပြီဖြစ်၏။

ကျင့်ကြံသူများစွာမှာ မတူညီသော အမူအရာများရှိနေကြ၏။ သူတို့ထဲမှအချို့က အဲ့ဒါကို စောင့်မျှော်နေပြီး အချို့က စိုးရိမ်ကြောင့်ကြနေကာ၊ အချို့က စိတ်လှုပ်ရှားနေ၏။ အချို့က ရန်လိုစိတ်ရှိနေပြီး အချို့က မအီမသာဖြစ်နေကြ၏။

ရှဲ့လင်က သူ၏ လက်နှစ်ဖက်ဖြင့် လေထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စာလုံးများကိုရေးဆွဲပြီး ညင်သာစွာအော်ငေါက်လိုက်၏။

“မိုးကောင်းကင်ကိုးလွှာ ဖွင့်လှစ်စမ်း”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ရင်ပြင်၏အထက် လေထဲမှာ ဧရာမအက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး တောက်လောင်ပြင်းပြသောအပူလှိုင်းတစ်ခုကို ဖော်ထုတ်ပေးလာခဲ့၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ရှုံးထွက်အဆင့် တရားဝင်စတင်စေ”

ရှဲ့လင်က ထုတ်ဖော်ကြေညာလိုက်၏။

All Chapters