ချော်ရည်ဘီလူး
Vol. 147 Ch. 2200
ဧရာမမီးလုံးများက ကောင်းကင်ထက်ကနေ တစ်းလုံးပြီးတစ်လုံးဆင်းသက်လာပြီး ကောင်းကင်တစ်ခွင် အုပ်မိုးနေ၏။
ချော်ရည်များက မြေပြင်အက်ကွဲကြောင်းများထဲကနေ အဆင်မပြတ်လျှံတက်လာပြီး ထူထဲသော မီးခိုးများက အူထွက်နေ၏။
လောကတစ်ခုလုံးက မှောင်မည်းနေပြီး ကမ္ဘာဖျက်ကပ်ဘေးများက ကြောက်စရာကောင်းသောပုံစံဖြင့် ရောက်ရှိလာသည့်အလား နေရာတိုင်းမှာ မီးတောက်များက လောင်ကျွမ်းနေ၏။
ရင်ပြင်မှာ ကျင့်ကြံသူများစွာသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဝင်ပါခဲ့ဖူးခြင်းမရှိဘဲ သူတို့သည် ဤကဲ့သို့သောမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်၏။ သူတို့အားလုံး၏ အမူအရာများက ဖြူဖျော့၍ သူတို့သည် မွန်းကျပ်ဖွယ်ရာခံစားလာရ၏။
ကောင်းကင်ဘုံကိုးလွှာ၏ ရှုံးထွက်အဆင့်က တစ်မူထူးခြားစွာ ကြောက်စရာကောင်းသည်ဟု သူတို့ကြားဖူးထားသော်လည်း ဤမျှထိကြောက်စရာကောင်းလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ရပ်ကြည့်နေသူများပင်လျှင် ထိုသို့ဆိုပါက ပါဝင်ပတ်သက်နေသော ကျင့်ကြံသူများအပေါ် သက်ရောက်မှုက ဘယ်လောက်တောင်ကြီးမားမလဲ စဥ်းစားကြည့်ဖို့ခက်ခဲလေသည်။
ဖုန်းယင်နှင့် ထိုက်ဟွာကလည်း လေထဲသို့ ရောက်ရှိလာခဲ့၏။
ဖုန်းယင်၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်လေက ဆင်းသက်လာသော ကောင်းကင်ဘုံမီးနှင့် ထပ်တလဲလဲထိတွေ့ရိုက်ခတ်ပြီး သူ၏ အလျင်အဟုန်က လျော့ကျလာခဲ့၏။
ထိုက်ဟွာက လေထဲကနေပျံသန်းပြီး သူ၏ လက်ချောင်းထိပ်ဖျားကနေ အမြုတေချီများက တစ်ခုပြီးတစ်ခု ပစ်လွင့်ထွက်ပေါ်လာကာ သူ၏ ဦးခေါင်းထက်ရှိ နက်မှောင်နေသောတိမ်စိုင်များထဲသို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံမီး၏ သက်ရောက်မှုကို ခုခံပေးနေ၏။
ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်၊ ထျဲဟန်နှင့် ယွဲ့ဖုန်ကဲ့သို့ ထိပ်သီးပြန်ဝင်စားမွန်းစတားများအနေဖြင့် ဤကဲ့သို့ ကြီးမားသည့်လောကအပြောင်းအလဲက သူတို့အတွက် ခြိမ်းခြောက်မှုများစွာမရှိပေ။
အဲ့ဒါက သူတို့၏ အလျင်အဟုန်ကို အနည်းငယ်လျော့ကျစေရုံသာဖြစ်၏။
သို့သော်လည်း ကမ္ဘာမြေအင်မော်တယ်အများစုအတွက် ချော်ရည်များက တလိပ်လိပ်ထိုးတက်လာပြီး ကောင်းကင်ဘုံမီးများက နေရာတစ်ခွင်အုပ်မိုးကာ သူတို့မှာ ပုန်းကွယ်စရာနေရာ မရှိတော့သလောက်နီးပါးပင်။
အစကတော့... ကျင့်ကြံသူများစွာသည် သူတို့၏ ခွန်အားကို ထိန်ချန်နေခဲ့ကြ၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့သည် ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ သူတို့၏ ဝှက်ဖဲများကို တစ်ခုပြီးတစ်ခုထုတ်ဖော်ကာ အနိုင်နိုင်တောင့်ခံနေကြရ၏။
ယခုအချိန်မှာ ကမ္ဘာမြေအင်မော်တယ်တစ်သောင်းကျော်က အဆင့်တစ်နေရာလွတ်မှာ သေဆုံးခဲ့ပြီဖြစ်ပြီး အရေအတွက်က တိုးလာနေဆဲဖြစ်၏။
“ကြည့်စမ်း... ဆူဇီမိုက ထိပ်ဆုံးတစ်သောင်းထဲဝင်ရောက်သွားပြီပဲ”
“ဟာ... တော်တော်မြန်တာပဲ”
အာမေဋိတ်သံများက လူအုပ်ကြားထဲကနေ ဆက်တိုက်ထွက်ပေါ်လာ၏။
မသိလိုက်မသိဘာသာနှင့်ပင် အစက အဆင့်ရပ်တည်ချက် ကိုးသိန်းဝန်းကျင်မှာရှိနေခဲ့သော အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်က ထိပ်ဆုံးတစ်သောင်းထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။ ဒါ့အပြင် သူ၏ အဆင့်သတ်မှတ်ချက်က လျင်မြန်စွာမြင့်တက်လာနေဆဲဖြစ်၏။
“ဒီလိုမျိုး လောကဆိုင်ရာဖြစ်စဥ်တစ်ခုကတောင် သူ့ကိုမတားနိုင်ဘူးလား”
လူတိုင်း၏ ရှေ့မှောက်မှာ ချော်ရည်များက လျှံထွက်လာပြီး ကောင်းကင်ဘုံမီးများက ဆင်းသက်လာစဥ်မှာတောင် ဆူဇီမို၏ အလျင်အဟုန်က လုံးဝလျော့ကျမသွားဘဲ သူက အခြားသောသူ၏ပြိုင်ဘက်များကို ဆက်တိုက်ကျော်တက်လာခဲ့၏။
ကောင်းကင်ဘုံမီးက ဆင်းသက်လာသောအခါ သူကအဲ့ဒါကို မည်သည့်အင်မော်တယ်ပညာရပ် သို့မဟုတ် မည်သည့်နတ်ဘုရားစွမ်းအားကိုမှ အသုံးပြုခြင်းမရှိဘဲ လက်ဗလာဖြင့်ခြေမွှဖျက်ဆီးပစ်ခဲ့၏။
၅၀၀၀...။
၃၀၀၀...။
၁၀၀၀...။
သိပ်မကြာခင် ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က ထိပ်ဆုံးတစ်ထောင်ထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။
အဆင့်တစ်လောကမှာ မီးပင်လယ်က တလိပ်လိပ်ထိုးတက်နေပြီး ဒေါသူပုန်ထနေသောမီးတောက်များက လောင်ကျွမ်းနေ၏။
ကောင်းကင်ဘုံမီးက နေရာတစ်ခွင်လွှမ်းခြုံထားသော်လည်း အဲ့ဒါက ထိုပုံရိပ်ကို လုံးဝမတားဆီးနိုင်ပေ။
ဤတစ်ခေါက်မှာ ရင်ပြင်ပေါ်ရှိကျင့်ကြံသူအများစုက ဆူဇီမိုကို အာရုံစိုက်လာခဲ့ပြီဖြစ်၏။
လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
ဤလူက ထိပ်ဆုံးတစ်ရာထဲကို လိုက်မီလာမှာလား။
ဝေါ...
ထိုစဥ်မှာပင် တရုန်းရုန်းထကြွနေသော အက်ကွဲကြောင်းထဲရှိချော်ရည်များက ရုတ်တရက် တလိပ်လိပ်ထိုးတက်လာပြီး နီရဲနေသော မီးတောက်နံရံတစ်ခုကိုဖန်တီးကာ ကျင့်ကြံသူများစွာ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။
အက်ကွဲကြောင်းထဲရှိချော်ရည်များက ဆက်လက်၍ သိပ်သည်းကျစ်လစ်ကာ စုဖွဲ့လာခဲ့၏။
တစ်ခဏချင်းမှာပင် ပေတစ်ထောင်မြင့်မားသော ချော်ရည်ဘီလူးများက မီးတောက်များကနေ ဖြစ်ပေါ်လာပြီး ကျင့်ကြံသူများစွာ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။
“ဂါး...”
ချော်ရည်ဘီလူးများက မျက်ထောက်နီများနှင့်အတူ ဟိန်းဟောက်လိုက်ပြီး ချစ်ချစ်တောက်ပူလောင်သော ချော်ရည်များက သူတို့၏ ခန္ဓာကိုယ်များထဲမှာ လှည့်ပတ်စီးဆင်းနေ၏။ သူတို့၏ အော်ရာက တောက်လောင်ပြင်းပြနေပြီး သူတို့၏ စွမ်းပကားက ကြောက်စရာကောင်းနေ၏။
ဘန်း...
ဧရာမဘီလူးတစ်ကောင်က သူ၏ ခြေထောက်ကိုမြှောက်ပြီး ပြင်းထန်စွာဆောင့်နင်းချလိုက်၏။
ကျင့်ကြံသူတစ်ယောက်က အချိန်မီမရှောင်တိမ်းနိုင်ဘဲ ဧရာမခြေဖဝါးဖြင့် နင်းချေခြင်းခံလိုက်ရ၏။
နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များက နေရာမှာပင်လဲပြိုကျကာ သူကအလောင်းပင်မကျန်ဘဲ လောင်ကျွမ်းပြာကျသွားလေသည်။
ဝှစ်...
နောက်ထပ်ချော်ရည်ဘီလူးတစ်ကောင်က ၎င်း၏ ဧရာမလက်ဖဝါးကိုဆန့်ထုတ်ပြီး ထိတ်လန့်တကြားရှောင်တိမ်းနေသော ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ဖမ်းဆွဲလိုက်၏။
လက်ဖဝါးက ကောင်းကင်တစ်ခွင်အုပ်မိုးလာပြီး ထိုလူက အဲ့ဒါကိုမရှောင်တိမ်းနိုင်ဘူးဆိုတာ သိလိုက်သောအခါ သူသည် သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း သူသည် ချော်ရည်ဘီလူးပေါ်မှာ သေးငယ်သောတွင်းချိုင့်တစ်ခုကိုသာလျှင် ပြုလုပ်လိုက်နိုင်၏။
ချော်ရည်များက တလိပ်လိပ်ထိုးတက်လာပြီး တွင်းချိုင့်ကိုချက်ချင်းပင် ပြန်ဖြည့်ပေးသွားလေသည်။
ဟား....
ကျင့်ကြံသူက သူ၏ နည်းလမ်းများအားလုံးကိုထုတ်သုံးပြီးသွားပြီဖြစ်ပြီး သူက ချော်ရည်ဘီလူး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
မီးခိုးစိမ်းများက ပေါ်ထွက်လာပြီး သူကသေဆုံးသွား၏။
ဤကဲ့သို့သောမြင်ကွင်းများက မိုးကောင်းကင်ကိုးလွှာမှာ ထပ်တလဲလဲဖြစ်ပွားနေ၏။
ချော်ရည်ဘီလူးများ၏ စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းပြီး ကျင့်ကြံသူများစွာက အတူပူးပေါင်း၍ သူတို့ကိုဖျက်ဆီးမည်ဆိုလျှင်တောင် သုံးစားမရပေ။
ချော်ရည်များက အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာပြီး ချော်ရည်ဘီလူးများ၏ ခန္ဓာကိုယ်များကို သိပ်မကြာခင် ပြန်လည်ပြုပြင်တည်ဆောက်ပေးနေ၏။
ဤမီးတောက်လောကမှာ ချော်ရည်ဘီလူးများက မသေဆုံးနိုင်လုနီးပါးပင်။
ရင်ပြင်ထက်မှာ ပကတိအင်မော်တယ်ရှဲ့လင်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“ချော်ရည်ဘီလူးတွေက အဲ့ဒီနေရာမှာမွေးဖွားလာတာနဲ့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်တာက ဉာဏ်မဲ့ရာကျတဲ့ဆုံးဖြတ်ချက်ပဲ”
“အဲ့ဒီချော်ရည်ဘီလူးတွေရဲ့စွမ်းအားက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ရဲ့အကန့်အသတ်ထက် မကျော်လွန်ဘူးဆိုပေမယ့် သူတို့ရဲ့စွမ်းအားက အတောမသတ်နိုင်တဲ့အတွက် သူတို့ကအားနဲသွားမှာမဟုတ်ဘူး”
လူတိုင်းသည် မိုးကောင်းကင်ကိုးလွှာမှ အခြေအနေကိုကြည့်ပြီး ထိပ်သီးပြိုင်စံရှားတချို့က အဲ့ဒါကိုဘယ်လိုရင်ဆိုင်မလဲ စောင့်ကြည့်နေကြ၏။
“ဟိုမှာကြည့်စမ်း... ဆူဇီမိုက သူတို့နဲ့ထိပ်တိုက်ရင်မဆိုင်ဘူး.. သူကသူ့ရဲ့လှုပ်ရှားမှုနည်းစနစ်နဲ့ ပတ်ထွက်သွားတာပဲ”
ကျင့်ကြံသူများစွာ၏ ရှေ့မှောက်မှာ ဆူဇီမိုသည် သူ၏ လမ်းကြောင်းကိုပိတ်ဆို့တားဆီးလာသော ချော်ရည်ဘီလူးတစ်ကောင်နှင့် ကြုံတွေ့လိုက်ရ၏။ ခဏမျှရပ်တန့်ပြီးနောက် သူက သူ၏ လှုပ်ရှားမှုနည်းစနစ်အသုံးချကာ ချော်ရည်ဘီလူး၏ ခြေထောက်ဘေးကနေ ထွက်လာခဲ့၏။
ချော်ရည်ဘီလူး၏ လက်ဖဝါးက လွဲချော်သွား၏။ သူလှည့်ကြည့်လိုက်သည့်အချိန်မှာ ဆူဇီမိုသည် ချော်ရည်ဘီလူး၏ တိုက်ခိုက်မှုနှင့် လက်လှမ်းမမီသော နေရာသို့ ထွက်ပြေးသွားခဲ့ပြီဖြစ်၏။
ချော်ရည်ဘီလူးများက လူတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားမည်မဟုတ်ဘဲ နေရာမှာပင် မတ်တတ်ရပ်ကာ ရှေ့သို့ပြေးဝင်လာသော ကျင့်ကြံသူများကို ပိတ်ဆို့တားဆီးနေ၏။
ရှဲ့လင်က ညင်သာစွာပြုံး၍ပြောလိုက်၏။
“အဲ့ဒါကိုကိုင်တွယ်တဲ့ ဆူဇီမိုရဲ့နည်းလမ်းက အထိရောက်ဆုံးနဲ့ အပေါ့ပါးဆုံးပဲ”
“ဒီကောင်လေးက ဒီလိုမျိုးအခြေအနေနဲ့ ပထမဆုံးကြုံတွေ့ရတာပဲ... ဒါတောင်သူကအဲ့ဒါကို အချိန်တိုအတွင်းမှာ အကောင်းဆုံးနည်းနဲ့တုံ့ပြန်နိုင်တယ်ဆိုတော့ တကယ့်ကိုအထင်ကြီးစရာပဲ”
ဤတစ်ခေါက်ပြိုင်ပွဲကိုတာဝန်ယူထားရသူအနေဖြင့် ပကတိအင်မော်တယ် ရှဲ့လင်က ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ်ချီးကျူးခြင်းဖြစ်၏။
“အရှင်မင်းသား... ခင်ဗျားသူ့ကို အထင်ကြီးလွန်းရာကျမနေဘူးလား”
မင်းသားယွမ်ကျောက အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။
“ကျုပ်အမြင်မှာတော့ အဲ့ဒါကအချောင်ခိုတဲ့လှည့်ကွက်တစ်ခုပဲ”
ရှဲ့လင်ကပြုံး၍ ငြင်းဆန်မနေပေ။
“တကယ်တော့... နောက်ပိုင်းမှာ တခြားသက်ရှိတွေကပေါ်ထွက်လာနိုင်တယ်... အဲ့ဒီအချိန်ကျရင်.. သူတို့ကိုကိုင်တွယ်ဖို့က ဒီလောက်ထိလွယ်ကူမှာမဟုတ်တော့ဘူး... ကျင့်ကြံသူတွေရဲ့ အစစ်အမှန်ခွန်အားက နောက်ပိုင်းမှ စမ်းသပ်ခံရလိမ့်မယ်”
ထိုအခိုက်အတန့်မှာ ချော်ရည်ဘီလူး၏ အဟန့်အတားကို ဖြတ်ကျော်ပြီးနောက် ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က ၉၈ထိ မြင့်တက်လာခဲ့ပြီဖြစ်၏။
ရုတ်တရက်ဆိုသလို...။
ခပ်ဝေးဝေးကောင်းကင်ထက်ကနေ သိပ်သည်းများပြားသောငှက်အော်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ထို့နောက်... အဝေးတစ်နေရာကနေ ကြီးမားသောအနီရောင်အစုတစ်စုက ဖြန့်ကြက်၍ လျင်မြန်စွာချဥ်းကပ်လာ၏။ ကျီကျီကျာကျာ ငှက်အော်သံများကလည်း ပို၍ရှင်းလင်းလာခဲ့၏။
“အဲ့ဒါက မီးစာကလေးငှက်တွေပဲ”
ရင်ပြင်ပေါ်မှာ အဖွဲ့အစည်းကြီးများမှ ကောင်းကင်အင်မော်တယ်များက ရုတ်တရက်အံ့အားတသင့်ရေရွတ်လိုက်ပြီး သူတို့၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွား၏။
သူတို့ကြားမှာ အရင်ကမီးစာကလေးငှက်များနှင့် ကြုံတွေ့ဖူးသော သို့မဟုတ် သူတို့ကိုကြားဖူးသောသူများရှိလေသည်။
ဒဏ္ဍာရီအရဆို မီးစာကလေးငှက်များသည် ဟင်္သပဒါးငှက်၏ မျိုးဆက်သွေးတစ်စွန်းတစ်စကို အမွေဆက်ခံထားလေသည်။
မီးစာကလေးငှက်တစ်ကောင်းချင်းစီက ကြောက်စရာဘာမှမရှိဘဲ ၎င်းက သာမန်ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်မှာသာရှိပေလိမ့်မည်။ သို့သော်လည်း မီးစာကလေးငှက်များသည် အရေအတွက်သန်းချီဖြင့် အုပ်စုဖွဲ့ပျံသန်းလာခဲ့၏။ သူတို့က ကောင်းကင်တစ်ခွင်အုပ်မိုးနေပြီး သူတို့ကိုရှောင်တိမ်းဖို့က မဖြစ်နိုင်ပေ။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်နေသော ကမ္ဘာမြေအင်မော်တယ်များအတွက် ချော်ရည်ဘီလူးများသည် အကြီးမားဆုံးခြိမ်းခြောက်မှုမဟုတ်ဘဲ တကယ်တမ်းခြိမ်းခြောက်မှုမှာ ကောင်းကင်တစ်ခွင်အုပ်မိုးလာသော ထိုမီးစာကလေးငှက်များဖြစ်လေသည်။
ရှေ့ဆုံးမှာရောက်ရှိနေသော ဖုန်းယင်နှင့် ထိုက်ဟွာပင်လျှင် မီးစာကလေးငှက်များကို ကိုင်တွယ်ဖို့အတွက် အမျိုးမျိုးသောနည်းလမ်းများကို ထုတ်ဖော်ခဲ့ရ၏။
မိုးကောင်းကင်ကိုးလွှာမှာ...။
ဆူဇီမိုက အာရုံစိုက်၍ကြည့်လိုက်၏။
သူ၏ လှုပ်ရှားမှုနည်းစနစ်က သန်မာသော်လည်း သူ့အနေဖြင့် မီးစာကလေးငှက်အုပ်စုကို ရှောင်တိမ်းဖို့က မဖြစ်နိုင်ပေ။ သူကမရှောင်တိမ်းနိုင်ဘူးဆိုမှတော့ သူကအဲ့ဒါကိုထိပ်တိုက်ရင်ဆိုင်ရပေမည်။
အတွေးတစ်ချက်နှင့်အတူ ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်မှာ မီးတောက်တစ်လွှာက လွှမ်းခြုံလာခဲ့၏။