← Chapters

အင်္ဂါဂြိုဟ်ကျောက်တုံး

Vol. 147 Ch. 2202

အင်္ဂါဂြိုဟ်ကျောက်တုံး

Vol. 147 Ch. 2202

မီးငှက်များ၏ ပေါ်ထွက်လာမှုကြောင့် မိုးကောင်းကင်ကိုးလွှာမှ လူတိုင်းနီးပါးက အရှိန်နှေးကွေးသွား၏။

သို့သော်လည်း ဆူဇီမိုက မြင့်မားသော အလျင်အဟုန်ဖြင့် ဆက်လက်၍ တက်လှမ်းလာခဲ့၏။

မီးငှက်များ ပေါ်ထွက်မလာခင်မှာ သူက ထိပ်ဆုံး ၁၀၀ ထဲသို့ ဝင်ရောက်နေခဲ့ပြီဖြစ်၏။

ယခုအချိန်မှာ သူ၏ အဆင့်သတ်မှတ်ချက်က လျင်မြန်စွာ မြင့်တက်လာနေဆဲပင်။

၅၀…

၂၀…

၈…

၃…

၁…

ကောင်းကင်တစ်ခွင် အုပ်မိုးထားသော မီးစာကလေးငှက်များကို ဖြတ်ကျော်လာပြီးနောက် ဆူဇီမိုသည် ပထမနေရာကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

အဝေးတစ်နေရာမှာ ငွားငွားစွင့်စွင့်​ မြင့်မားသော တောင်တစ်လုံးကို ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။

တောင်ထွတ်က နီရဲနေပြီး ထူထဲသော အနက်ရောင်မီးခိုးများက ၎င်းထံကနေ အူထွက်နေ၏။ မကြာမကြာဆိုသလို အနီရောင် ချော်ရည်များက ကန်တက်လာပြီး တောင်ထွတ်တစ်လျှောက် ဖြည်းဖြည်းချင်း စီးကျလာခဲ့၏။

အဲဒါက ဧရာမ မီးတောင်တစ်ခု၏ နှုတ်ခမ်းဝဖြစ်၏။

မီးတောင်နှုတ်ခမ်းဝ အထက်မှာ ရှေးဟောင်းမှော်စာလုံးများနှင့်အတူ ပို့ဆောင်ရေး ဝင်္ကပါတစ်ခုက တောက်ပနေ၏။

သူသည် ပို့ဆောင်ရေး ဝင်္ကပါပေါ်သို့ ခြေချလိုက်သည်နှင့် ဆူဇီမိုသည် အဆင့်-၂ သို့ တက်လှမ်းနိုင်တော့မည် ဖြစ်၏။

“ဆူဇီမိုက ဖုန်းယင်နဲ့ ထိုက်ဟွာကို ကျော်တက်ပြီး အဆင့်-၁ နေရာကို တကယ်ပဲ ရရှိလာခဲ့ပြီပဲ”

“အဲဒါက ပထမ မိုးကောင်းကင်ပဲ ရှိသေးတယ်… နောက်ထပ် အဆင့် ၄ဆင့် ကျန်သေးတယ်… အဆင့်တစ်ဆင့်ချင်းစီရဲ့ အဟန့်အတားတွေက မတူဘူး”

“အမှန်ပဲ.. ဒီလူက မီးလျှို့ဝှက်အတတ်တစ်ခုကို ကျွမ်းကျင်ထားတာ တိုက်ဆိုင်တာပဲ.. အဲဒါကြောင့် သူက ရေထဲက ငါးတစ်ကောင်လို အခြားသူတွေကို ကျော်တက်နိုင်ခဲ့တာ.. တခြားနေရာလွတ်တွေကို တက်လှမ်းသွားပြီးရင် သူ့အတွက် အဲ့လောက်ထိ လွယ်ကူမှာ မဟုတ်တော့ဘူး”

လူတိုင်း ဆွေးနွေးနေစဉ်မှာပင် ဆူဇီမိုသည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို ထုတ်ဖော်ပြီး မီးတောင်နှုတ်ခမ်းဝ အထက်ရှိ ပို့ဆောင်ရေး ဝင်္ကပါပေါ်သို့ ဆင်းသက်လိုက်ပြီဖြစ်၏။

ပို့ဆောင်ရေး ဝင်္ကပါပေါ်မှာ မတ်တတ်ရပ်ရင်း ဆူဇီမိုသည် သူ၏ ဘေးပတ်ဝန်းကျင်ကို အေးစက်စွာ ထောက်လှမ်းကြည့်ရှုနေ၏။

ပို့ဆောင်ရေး ဝင်္ကပါက အဆင့်-၁ နေရာလွတ်၏ အလယ်မှာ တည်ရှိလေသည်။

ရှုံးထွက်အဆင့်မှာ ပါဝင်ဆင်နွှဲနေသော ကမ္ဘာမြေအင်မော်တယ်များသည် အဆင့်-၁ နေရာလွတ်မှာ ပြန့်ကျဲနေပြီး အလယ်ဗဟိုသို့ ဦးတည်လာနေကြ၏။

ဤနေရာမှာ မတ်တတ်ရပ်နေရင်း သူသည် အမြင့်ဆုံးနေရာကနေ အရာရာတိုင်းကို ထောက်လှမ်းကြည့်ရှုနိုင်၏။

သို့သော်လည်း ဆူဇီမိုသည် ခဏမျှ ကြည့်ရှုလိုက်သော်လည်း သူ၏ မြင်ကွင်းထဲမှာ မည်သူကမှ ပေါ်ထွက်မလာပေ။

ဆူဇီမိုက အဆင့်-၂ ကို တက်လှမ်းဖို့ အလောတကြီး ရှိမနေပေ။

သူသည် ဤနေရာကနေ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူများကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားလေသည်။

သူတို့ကြားမှာ ညှိနှိုင်းဆွေးနွေးမှု မရှိတော့ဘူးဆိုမှတော့ ဆူဇီမိုကလည်း ထိန်ချန်ငဲ့ကွက်နေလိမ့်မည် မဟုတ်ပေ။ သူက အသည်းအသန် ခုခံဖို့ထက် သူက အရင်စ၍ တိုက်ခိုက်သင့်လျှင် တိုက်ခိုက်ရပေလိမ့်မည်။

အင်မော်တယ်ပျံဂိုဏ်း၏ အင်မော်တယ် ထိုက်ဟွာက ရောက်ရှိလာမည်ဆိုလျှင် သူသည် ကြီးမားသော ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် ဤလူ့ကို ဤနေရာမှာ သတ်ဖြတ်ဖို့ ဝန်လေးနေလိမ့်မည် မဟုတ်ပေ။

“ဆူဇီမိုက အဲဒီမှာ ဘာလို့ မတ်တတ်ရပ်နေတာလဲ.. သူက တခြားသူတွေထက် အရင်ဦးအောင် ဘာလို့ မတက်လှမ်းသေးတာလဲ”

ကျင့်ကြံသူအချို့က တွေဝေသွား၏။

“ကောင်းတယ်ကွာ.. ကောင်းတယ်”

ယွင်ထင်၏ မျက်လုံးက ဝင်းလက်သွား၏။

ဆူဇီမို၏ စိတ်အကြံကို သူက နားလည်သဘောပေါက်သွားပြီး ထပ်တလဲလဲ ချီးကျူးလိုက်လေသည်။

မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က အကြည့်ချင်းဖလှယ်ပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

နံပါတ် ၁ နေရာသို့ ဆူဇီမို၏ တက်လှမ်းလာမှုက သူတို့ ထင်မှတ်ထားသည်ထက် လုံးဝကျော်လွန်သွားခဲ့ပြီး သူတို့၏ အစီအစဉ်များကို ပျက်ပြားစေလေသည်။

ဆူဇီမိုက ဤနေရာမှာ စောင့်ကြပ်နေမည်ဆိုလျှင် အင်မော်တယ် ထိုက်ဟွာသည် ဆူဇီမိုနှင့် အရင်ဦးစွာ တွေ့ဆုံဖို့ အခွင့်များလေသည်။

သူတို့နှစ်ယောက်သည် အင်မော်တယ် ထိုက်ဟွာ ရှုံးနိမ့်မည်ကို စိုးရိမ်မနေပေ။

သို့သော်လည်း ထိုသို့ဖြင့် ဝိုင်းပတ်ပိတ်ဆို့မှုတစ်ခု ပြုလုပ်ဖို့ ခက်ခဲသွားမည်ဖြစ်ပြီး ဆူဇီမိုကို သတ်ဖြတ်ဖို့ အခွင့်အရေး အပြည့်အဝ ရရှိချင်မှ ရရှိပေတော့မည်။

ထိုစဉ်မှာပင် အဆင့် ၁ ပို့ဆောင်ရေး ဝင်္ကပါပေါ်မှာ ရှိနေသော ဆူဇီမိုက ရုတ်တရက် ခုန်ဆင်းပြီး အောက်ဘက်မှာ ရှိသော မီးတောင်နှုတ်ခမ်းဝ အစပ်သို့ ရောက်ရှိလာကာ သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

သူ၏ အပြုအမူသည် လူတိုင်း၏ စိတ်အာရုံကို နောက်တစ်ဖန် ရရှိသွား၏။

သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

လူတိုင်းက တွေဝေနေစဉ်မှာပင် ဆူဇီမိုက နောက်ထပ် တုန်လှုပ်စရာကောင်းသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။ သူက မီးတောင်၏ နှုတ်ခမ်းအစပ်ကနေ အထဲသို့ခုန်ချပြီး ချစ်ချစ်တောက် ပူလောင်သော ချော်ရည်များထဲသို့ ထိုးဆင်းသွားလေသည်။

ထိုမြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။

ပကတိအင်မော်တယ် ရှဲ့လင်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

ခဏမျှ မှင်တက်ပြီးနောက် ရှဲ့ချင်းချန်က မလှမ်းမကမ်းမှာ ရှိသော ရှဲ့လင်ကို လှည့်ကြည့်ကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဒုတိယအစ်ကို.. မီးတောင်နှုတ်ခမ်းဝရဲ့ အနက်ပိုင်းထဲမှာ အင်္ဂါဂြိုဟ်ကျောက်တုံး ရှိနေတယ်မလား”

“ဟုတ်တယ်”

ရှဲ့လင်က ပြောလိုက်၏။

“ဒီကောင်လေးက အဲဒီပစ္စည်းကို အာရုံခံမိသွားပြီဆိုတော့ သူက အင်္ဂါဂြိုဟ်ကျောက်တုံးကို ယူသွားဖို့ ကြိုးစားနေတာလား”

အင်္ဂါဂြိုဟ်သည် မီးတောင်များဖြင့် စုဖွဲ့ထားသော ကြယ်တစ်လုံးဖြစ်ပြီး ရှေးပဝေသဏီကတည်းက အထက်ဘုံလောကမှာ တည်ရှိခဲ့လေသည်။

အင်္ဂါဂြိုဟ်ကျောက်တုံးကတော့ အဲဒါသည် ထိုကြယ်ကနေ ကွာကျလာသော ကျောက်တုံးတစ်တုံး ဖြစ်လေသည်။

အဲဒါက လက်တစ်ဖဝါးအရွယ်လောက်သာ ရှိသော်လည်း ၎င်းမှာ အလွန်တရာ သန့်စင်၍ သိပ်သည်းကျစ်လျစ်သော မီးတောက်များ၏ စွမ်းအားတစ်ခု ပါဝင်ပြီး ရှားရှားပါးပါး ရတနာတစ်ခု ဖြစ်လေသည်။

မီးဘီလူးများ၊ မီးစာကလေးငှက်များနှင့် အခြားသော သက်ရှိများ၏ စွမ်းအား အရင်းအမြစ်သည် အင်္ဂါဂြိုဟ်ကျောက်တုံးကနေ လာခဲ့ခြင်း ဖြစ်လေသည်။

အင်္ဂါဂြိုဟ်ကျောက်တုံးသည် အဆင့် ၁ နေရာလွတ်၏ အခြေခံအုတ်မြစ် ဖြစ်သည်ဟု ဆိုနိုင်၏။

ယန်ယန်းအင်မော်တယ်နိုင်ငံသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ဖူး၏။

မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများကလည်း ပါဝင်ခဲ့ကြလေသည်။

သို့သော်လည်း မည်သူကမှ မီးတောင်ထဲသို့ ဝင်ရောက်ပြီး အင်္ဂါဂြိုဟ်ကျောက်တုံးကို ရယူဖို့ မကြိုးစားရဲခဲ့ကြပေ။

အင်္ဂါဂြိုဟ်ကျောက်တုံးမှာ အစကတည်းက အဆုံးစွန် မီးစွမ်းအား ပါဝင်ပြီး အလွန်တရာ ရန်လိုတတ်သော စိတ်ဝိညာဉ်အသိစိတ် အငွေ့အသက်တစ်ခုပင် ရှိနေ၏။

အပြင်လူများက အဲဒါကို ထိဖို့ ကြိုးစားမည်ဆိုလျှင် သူတို့က သေချာပေါက် တိုက်ခိုက်ခံရပေလိမ့်မည်။

ကမ္ဘာမြေအင်မော်တယ်များအနေဖြင့် ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ခုခံနိုင်ဖို့က မလွယ်ကူပေ။

ကျင့်ကြံသူများစွာသည် မီးတောင်နှုတ်ခမ်းဝထဲသို့ ခုန်ဆင်းသွားသော ဆူဇီမို နောက်သို့ လိုက်ပါကြည့်ရှုလိုက်ကြ၏။

လူတိုင်းသည် ထိုအထဲသို့ ရောက်ရှိသွားပုံရပြီး သူတို့၏ ဘေးပတ်လည်က ချော်ရည်များဖြင့် ပြည့်နှက်လာခဲ့၏။

မိုးကောင်းကင်ကိုးလွှာမှာ…

အစကတော့ ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါ အနီးအနားကနေ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်များကို အမဲလိုက်ဖို့ ရည်ရွယ်ထားလေသည်။

သို့သော်လည်း အတန်ကြာအောင် ငြိမ်သက်နေခဲ့သော ငရဲဖိနှိမ်မီးဖိုကနေ တုံ့ပြန်မှုတစ်ခု ရှိလာခဲ့၏။

သူက ထိုကဲ့သို့သော တုံ့ပြန်မှုနှင့် အလွန်တရာ ရင်းနှီးမှု ရှိလေသည်။

ဤအနီးအနားဝန်းကျင်မှာ ငရဲဖိနှိမ် ဝါးမျိုဖို့ ထိုက်တန်သော ရတနာတစ်ခုခု ရှိနေနိုင်၏။

ထို့နောက် ဆူဇီမိုက ပို့ဆောင်ရေးဝင်္ကပါကနေ ခုန်ဆင်းပြီး မီးတောင်နှုတ်ခမ်းဝ၏ အစပ်သို့ ရောက်ရှိလာချိန်မှာ ငရဲဖိနှိမ်မီးဖို၏ တုံ့ပြန်မှုက ပို၍ သိသာထင်ရှားလာခဲ့၏။

ထို့ကြောင့်ပင်လျှင် သူက မီးတောင်၏ အနက်ပိုင်းထဲသို့ ခုန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။

ငရဲဖိနှိမ်မီးဖိုက သူ့အတွက် အလွန်တရာ အရေးပါလေသည်။

ဤရတနာသည် တစ်ခါက ဧကရာဇ်လက်နက်တစ်ခု ဖြစ်ခဲ့ပြီး သူ၏ အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့၏။

ယခုအချိန်မှာ ငရဲဖိနှိမ်မီးဖို၏ နံရံသုံးဘက်ကို ပြုပြင်ပြီးသွားခဲ့ပြီဖြစ်၏။

နံရံသုံးဘက်ပေါ်ရှိ အထွတ်အမြတ်တောကောင်များ၏ ဝိညာဉ်များကတော့ ယခင်တိုက်ပွဲတချို့ကြောင့် သူတို့၏ ခွန်အားက လုံးဝကုန်ခန်းကာ အိပ်မောကျနေ၏။

သူသည် စတုတ္ထမြောက် ငရဲဖိနှိမ်မီးဖိုနံရံကို ပြုပြင်နိုင်မည်ဆိုလျှင် ၎င်းအပေါ်မှ တဗူးဂမ္ဘီရကျင့်စဉ်က အပြည့်အဝ ပေါ်ထွက်လာပေလိမ့်မည်။

သူသည် စတုတ္ထမြောက် မီးဖိုနံရံကို မပြုပြင်နိုင်ဘူးဆိုလျှင်တောင် သူသည် အထွတ်အမြတ်တောကောင် တစ်ကောင် သို့မဟုတ် နှစ်ကောင်၏ ဝိညာဉ်များကို နိုးထစေနိုင်ပါက အဲဒါသည် သေရေး ရှင်ရေး အခိုက်အတန့်မျာ သူ့အသက်ကို ကယ်တင်နိုင်မည့် စွမ်းအားကြီးမားသော နည်းလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။

အထွတ်အမြတ်ဝိညာဉ်တစ်ခု၏ တိုက်ခိုက်ရည်ခွန်အားက ထိပ်သီး ကောင်းကင်အင်မော်တယ်တစ်ယောက်နှင့် ယှဉ်နိုင်လေသည်။

ထို့ကြောင့် ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ မီးတောင် အနက်ပိုင်းထဲသို့ ခုန်ဆင်းပြီး စစ်ဆေးအကဲခတ်ဖို့အတွက် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အဆက်မပြတ် ထုတ်ဖော်ထား၏။

အဲဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမှာ သန်မာသော ကိုယ်ကာယနှင့် ကြောက်စရာကောင်းသော မျိုးဆက်သွေး ရှိနေသောကြောင့်လည်း ဖြစ်၏။

သာမန် အသွေးအသား ခန္ဓာကိုယ်တစ်ခုက ချော်ရည်များထဲသို့ ခုန်ဆင်းမည်ဆိုလျှင် သူတို့သည် သိပ်မကြာခင် အလောင်းပင် မကျန်ဘဲ လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ် မှီခိုပြီး ဆူဇီမိုက အဆက်မပြတ် ငုပ်လျှိုးနေကာ ချော်ရည်ထဲရှိ အပူချိန်ကလည်း မြင့်တက်လာခဲ့၏။

သူသည် မီးတောင်၏ အနက်ပိုင်းထဲရှိ ရတနာနှင့် ပို၍ နီးကပ်လာနေပြီဟု ခံစားမိနေ၏။

အတန်ကြာပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ ချော်ရည်များက နီညိုရောင်အဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲဒါကို ခံနိုင်ရည် မရှိတော့ပေ။ သူ၏ အရေပြားက လောင်ကျွမ်းနီရဲလာပြီး အက်ကွဲကြောင်းများ ပေါ်ထွက်လာစဉ် ဆူဇီမို၏ ခြေထောက်က လွတ်ထွက်သွားလေသည်။

သူ၏ ပုံရိပ်က ချော်ရည်များထဲမှ ရုတ်တရက် လွတ်မြောက်သွားပြီး အောက်သို့ ကျဆင်းသွား၏။

သူသည် မီးတောင်၏ အောက်ခြေကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဆူပွက်နေသော ချော်ရည်များ၏ အနက်ပိုင်းထဲမှာ ဖုံးကွယ်ထားသော လျှို့ဝှက်နေရာလွတ်တစ်ခု ရှိနေ၏။

ဆူဇီမိုသည် နေရာလွတ်ထဲသို့ ဝင်ရောက်လာပြီး ဘေးပတ်ဝန်းကျင်ရှိ အပူချိန်က ကြောက်စရာကောင်းသော အတိုင်းအတာတစ်ခုထိ မြင့်တက်လာခဲ့၏။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တဗျစ်ဗျစ်မြည်၍ မီးခိုးများနှင့်အတူ လောင်ကျွမ်းလာခဲ့၏။

သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်လေသည်။

သူ၏ ရှေ့တည့်တည့်မှာ နီရဲနေသော လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်တုံးက လေထဲမှာ လွင့်မျောနေ၏။ ၎င်းက သက်ရှိများ အားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်သော အပူလှိုင်းတစ်ခုကို ထုတ်ပေးနေလေသည်။

All Chapters