← Chapters

အတင်းအကျပ် သန့်စင်ခြင်း

Vol. 147 Ch. 2204

အတင်းအကျပ် သန့်စင်ခြင်း

Vol. 147 Ch. 2204

ဆူဇီမိုက အင်္ဂါဂြိုဟ်ကျောက်တုံးကို ဆုပ်ကိုင်လိုက်သည့် ခဏမှာပင် သူ၏ လက်ဖဝါးက တရှဲရှဲအသံထွက်ပေါ်လာပြီး မီးခိုးစိမ်းများ ပေါ်ထွက်လာ၏။

သူ၏ လက်ဖဝါးပေါ်ရှိ အသားများက မြင်နိုင်သော နှုန်းထားဖြင့် လောင်ကျွမ်းခံလိုက်ရ၏။ အသက်နှစ်ရှိုက်စာ မပြည့်ခင်မှာပင် သူ့ လက်ဖဝါးပေါ်ရှိ အသားများက ပျောက်ကွယ်သွား၏။

ကျောက်စိမ်းရောင်ကြာပန်းအရိုးကသာလျှင် မိုးကြိုးစွမ်းအားဖြင့် ပုံသွင်းထားခဲ့သောကြောင့် အင်္ဂါဂြိုဟ်ကျောက်တုံး၏ လောင်ကျွမ်းပြာချခြင်းကို မခံရပေ။

“အဲဒါတော့ ဆိုးပြီ”

ထိုသည်ကို တွေ့မြင်သောအခါ ရှဲ့ချင်းချန်က မျက်မှောင်ကြုတ်၍ အံ့အားတသင့် ရေရွတ်လိုက်၏။

စောစောက သူ စိုးရိမ်ပူပန်နေခဲ့သည့်ရာက ဖြစ်ပျက်လာခဲ့လေပြီ။

ဆူဇီမိုသည် ယခုအချိန်ထိကို နောက်မဆုတ်ဘဲ အင်္ဂါဂြိုဟ်ကျောက်တုံးကို အတင်းအကျပ် ရယူဖို့ ကြိုးစားနေလေသည်။

သူသည် အင်္ဂါဂြိုဟ်ကျောက်တုံး၏ စွမ်းအားကို လုံးဝ ခံနိုင်ရည်မရှိပေ။

ယခု ဆူဇီမို၏ လက်ဖဝါးက ပျက်စီးထိခိုက်သွားခြင်းနှင့် တူလေသည်။

ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေဖြင့် ပြတ်တောက်သွားသော ခြေလက်များကို သေချာပေါက် ပြန်ပေါက်စေနိုင်၏။

သို့သော်လည်း အင်္ဂါဂြိုဟ်ကျောက်တုံးကနေ ဖြစ်ပေါ်စေသော ပျက်စီးထိခိုက်မှုသည် နှစ်တစ်သိန်း ကြာပြီးတာတောင် အပြည့်အဝ ပြန်ကောင်းချင်မှ ကောင်းပေလိမ့်မည်။

ယခု ဆူဇီမိုက အဲဒါကို လက်လွှတ်လိုက်မည်ဆိုလျှင်တောင် အင်္ဂါဂြိုဟ်ကျောက်တုံးသည် သူ့ကို ပြင်းထန်စွာ ပျက်စီးထိခိုက်စေခဲ့ပြီဖြစ်၏။

သူ့အနေဖြင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ဆက်လက်၍ ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်များစွာ မရှိတော့ပေ။

သူ၏ လက်က ပျက်စီးသွားပြီး ဤကဲ့သို့ စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ခဲ့သည့်အတွက် သူ့အနေဖြင့် အားအင်ကြီးမားစွာ ကုန်ဆုံးခဲ့ကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ အဆင့်ဝင်ဖို့ မလွယ်တော့ပေ။

တက္ကသိုလ်မှ အကြီးအကဲများကလည်း သုန်မှုန်လာပြီး ကြေးမုံပြင်ပေါ်မှ ပုံရိပ်ကို မတ်တတ်ထရပ်၍ ကြည့်လိုက်ကြ၏။

“ဟားဟားဟား”

မင်းသားယွမ်ကျောက ရယ်မောလိုက်၏။

ဆူဇီမိုက ဤကဲ့သို့သော အခြေအနေသို့ ကျရောက်သွားသည့်အခါ သူက အတော်လေး ကျေနပ်သဘောကျသွား၏။

အစကတော့ ယွင်ထင်သည် ဤရှုံးထွက်အဆင့်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်း မရှိပေ။

သူ့အမြင်မှာ ကောင်းကင်ဘုံကိုးလွှာဟု ခေါ်သော ထိုအရာသည် ဆူဇီမိုကို လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော် ယခု ဤကဲ့သို့သော အပြောင်းအလဲတစ်ခုကို တွေ့မြင်လိုက်ရပြီး သူက မျက်မှောင် အနည်းငယ်ကြုတ်ကာ မီးတောင်၏ အနက်ပိုင်းထဲရှိ ပုံရိပ်ကို မမှိတ်မသုန် စိုက်ကြည့်နေ၏။

“ဒီကောင်လေးက တကယ့်ကို ခေါင်းမာလွန်းတာပဲ”

ပကတိအင်မော်တယ် ရှဲ့လင်က သူ၏ ခေါင်းကိုခါပြီး သက်ပြင်းချလိုက်၏။

အစကတော့ တက္ကသိုလ်မှ ဤတပည့်ဂိုဏ်းသားကို သူက မြင့်မြင့်မားမား သတ်မှတ်ထားလေသည်။

ဘာပဲပြောပြော ယွင်ထင်၏ ကိုယ်တိုင်ကိုယ်ကျ စိန်ခေါ်မှုနှင့် ထိုက်တန်သော လူတစ်ယောက်သည် နိမ့်ကျသော နောက်ခံတစ်ခုမှ ရောက်ရှိလာခဲ့သည် ဆိုလျှင်တောင် သူ့မှာ ဝှက်ဖဲတချို့ ရှိနေရပေမည်။

သို့သော် ယခု ဤကောင်လေးက ဘယ်လောင်တောင် ရွတ်ပေသည်ကို တွေ့မြင်ရသောအခါ သူက စိတ်ပျက်သွားရလေသည်။

တကယ်တော့ ဤကောင်လေးက ခေါင်းမာသည်ဟု သူ ပြောဆိုခဲ့ခြင်းမှာ သူက ကောင်းကင်နှင့်မြေ​ကြီး တက္ကသိုလ်ကို မျက်နှာသာပေးလိုသောကြောင့် ဖြစ်၏။

သူ၏ အမြင်မှာ ဤကောင်လေးသည် လောဘကြီးလွန်းသောကြောင့် သူ၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးထားရပြီဖြစ်၏။ ဤကဲ့သို့သော ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်ပင် ပါရမီအရည်အချင်း ရှိသည်ဖြစ်စေ.. သူ၏ အနာဂတ်အောင်မြင်မှုများက အကန့်အသတ် ရှိလေသည်။

ထိုစဉ်မှာပင် မီးတောင်၏ အနက်ပိုင်းထဲရှိ ပုံရိပ်က မထင်မှတ်ထားတာ တစ်စုံတစ်ရာကို ပြုလုပ်လိုက်၏။

သူက ဒဏ်ရာ အပြင်းအထန်ရရှိထားလျှင်တောင် ဆူဇီမိုက အဲဒါကို လက်လွှတ်ခြင်း မရှိပေ။ ထိုအစား သူက အင်္ဂါဂြိုဟ်ကျောက်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး သူ၏ အသိစိတ်ထဲသို့ ထိုးထည့်နေ၏။

“သူက ဘာလုပ်နေတာလဲ”

“သူ ရူးသွားပြီလား”

ဆူဇီမိုက သူ့ကိုယ်သူ သတ်သေနေတာလား”

ရင်ပြင်ပေါ်ရှိ ကမ္ဘာမြေအင်မော်တယ်အများစုသည် အထဲမှာ ဖြစ်ပျက်နေသည့်အရာကို မတွေ့မြင်နိုင်ဘဲ ကောင်းကင်အင်မော်တယ်ပညာရှင်များ အော်ဟစ်ပြောဆိုနေသည့် အသံကိုသာ နားထောင်ရလေသည်။

အစကတော့ ဤကောင်းကင်အင်မော်တယ်ပညာရှင်များသည် တည်ငြိမ်၍ အတွေ့အကြုံ ရှိကြ၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့သည် တစ်စုံတစ်ရာကို တွေ့မြင်သွားပုံရပြီး တုန်လှုပ်နေကြ၏။

ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးက ပင့်သက်ကို ရှိုက်ပြီး ရေရွတ်လိုက်၏။

“ဆူဇီမိုက နာကျင်မှုကို မခံနိုင်တော့တာတောင် သူက အင်္ဂါဂြိုဟ်ကျောက်တုံးကို သူ့ရဲ့ အသိစိတ်ထဲ အတင်းထိုးထည့်နေတယ်”

“အား..”

ထိုစကားကို ကြားသောအခါ သူတို့က ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

လူတိုင်းသည် အင်္ဂါဂြိုဟ်ကျောက်တုံး၏ စွမ်းအားကို မျက်မြင်တွေ့ခဲ့ရလေသည်။

အဲဒါသည် အသွေးအသား ခန္ဓာကိုယ်တစ်ခု မခုခံနိုင်သော တစ်စုံတစ်ရာ ဖြစ်၏။ အဲဒါကို သူတို့၏ အသိစိတ်ထဲသို့ ထည့်သွင်းပါက ကောင်းကင်အင်မော်တယ်တစ်ယောက်ပင်လျှင် အဲဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ယွင်ထင်၏ အကြည့်က ဓားတစ်လက်ကဲ့သို့ ထက်ရှနေပြီး ကောင်းကင်ထက်ရှိ ကြေးမုံကို စိုက်ကြည့်နေ၏။

သူက အဲဒါကို မယုံကြည်ပေ။

ဆူဇီမိုက သူ့ကိုယ်သူ သတ်သေစရာ အကြောင်းမရှိပေ။

ထိုစဉ်မှာပင် အခြားသော ကောင်းကင်အင်မော်တယ်များကလည်း တဖြည်းဖြည်း တည်ငြိမ်လာကြ၏။ သူတို့က ပြောင်းလဲသွားသော အမူအရာများနှင့်အတူ မီးတောင်၏ အနက်ပိုင်းထဲကို ကြည့်လိုက်ကြ၏။

မီးတောင်၏ အနက်ပိုင်းထဲရှိ နေရာလွတ်က တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

ကျင့်ကြံသူများစွာသည် အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်လာရပြီဖြစ်၏။

ဆူဇီမိုက မသေပေ။

မသိလိုက် မသိဘာသာနှင့်ပင် သူက သိုလှောင်အိတ်ထဲကနေ အစိမ်းရောင်ဝတ်ရုံ အသစ်တစ်ထည်ကို ထုတ်ယူကာ တစ်ဖန်ဝတ်ဆင်လိုက်ပြီဖြစ်၏။

အင်္ဂါဂြိုဟ်ကျောက်တုံးဖြင့် လောင်ကျွမ်းခံထားရသော သူ၏ ညာဘက်လက်ကို သူ၏ ကျယ်ပြန့်သော ဝတ်စုံစအောက်မှာ ဖုံးကွယ်ထားပြီး မည်သူကမှ အဲဒါကို မတွေ့မြင်နိုင်ပေ။

မီးတောင်၏ အနက်ပိုင်းက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။

ဆူဇီမိုသည် ယခင်ကလို တူညီစွာ ရှိနေဆဲဖြစ်၏။ သို့သော်လည်း သူ့ရှေ့မှာ ရှိသော အင်္ဂါဂြိုဟ်ကျောက်တုံးကတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

“သူက မသေဘူးလား”

ရှဲ့ချင်းချန်၊ တက္ကသိုလ်အကြီးအကဲများ၊ မင်းသားယွမ်ကျော၊ ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့် အခြားကောင်းကင်အင်မော်တယ် ပညာရှင်များစွာက မယုံကြည်နိုင်စွာဖြင့် ကြက်သေသေနေကြ၏။

ပကတိအင်မော်တယ် ရှဲ့လင်ပင်လျှင် နေရာမှာပင် မှင်တက်ကာ ဖြစ်ပျက်ခဲ့သည့်အရာကို မသိတော့ပေ။

“ကြည့်စမ်း.. အဆင့် ၁ နေရာလွတ်မှာ တစ်ခုခုဖြစ်လာနေပြီ”

လူတစ်ယောက်က အံ့အားတသင့် ပြောဆိုလိုက်၏။

အဆင့် ၁ နေရာလွတ်မှာ အစက ကမ္ဘာမြေအင်မော်တယ်များစွာကို တားဆီး၍ ထင်တိုင်းကျဲ သတ်ဖြတ်နေသော ချော်ရည်ဘီလူးများနှင့် မီးစာကလေးငှက်များသည် ကြီးမားသော ရိုက်ချက်တစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်ပုံပင်။ သူတို့၏ မျက်လုံးများက မှေးမှိန်၍ ပျက်ပြယ်လာခဲ့၏။

ချော်ရည်ဘီလူးများ၏ ကြီးမားသော ခန္ဓာကိုယ်များက ပေါက်ကွဲထွက်သွားပြီး ချစ်ချစ်တောက် ပူလောင်သော ချော်ရည်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ဖိတ်စင်ပြန့်ကျဲသွား၏။

မီးငှက်များကလည်း လွင့်ပြယ်သွားပြီး ကောင်းကင်ထက်မှာ လွင့်မျောနေသော အနီရောင် တိမ်စိုင်များအဖြစ် ပြောင်းလဲသွား၏။

“အင်း.. အင်္ဂါဂြိုဟ်ကျောက်တုံးက ဖိနှိမ်ခံလိုက်ရတာလား”

ပကတိအင်မော်တယ် ရှဲ့လင်က သူ၏ မျက်လုံးကို ပုတ်ခတ်ပြီး တီးတိုးရေရွတ်လိုက်၏။

ထိုဖြစ်နိုင်ခြေတစ်ခုကသာလျှင် သူ့ရှေ့မှ မြင်ကွင်းကို ရှင်းပြပေးနိုင်၏။

တစ်နည်းအားဖြင့် ပြောရလျှင် ဆူဇီမိုသည် အင်္ဂါဂြိုဟ်ကျောက်တုံးကို သူ၏ အသိစိတ်ထဲသို့ ထိုးထည့်ကာ ဖိနှိမ်ခဲ့လေသည်။

ရှဲ့လင်၏ ခန့်မှန်းချက်က အနည်းနှင့် အများဆိုသလို မှန်ကန်လေသည်။

အင်္ဂါဂြိုဟ်ကျောက်တုံးသည် ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ငရဲဖိနှိမ်မီးဖို၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

အဲဒါက ဖိနှိမ်ခံရရုံသာမက အဲဒါသည် ငရဲဖိနှိမ်မီးဖို၏ ဝါးမျိုသန့်စင်ခြင်းကို ခံနေရ၏။

ဓမ္မရတနာများကို မိုးကောင်းကင်ကိုးလွှာမှာ အသုံးမပြုနိုင်ပေ။

သို့သော်လည်း ငရဲဖိနှိမ်မီးဖိုသည် ဆူဇီမို၏ အသိစိတ်ထဲမှာ အရာရာတိုင်းကို ပြုလုပ်နိုင်​ပြီး အဲဒါက စည်းမျဉ်းစည်းကမ်းကို မဆန့်ကျင်မိပေ။ မိုးကောင်းကင်ကိုးလွှာမှ ကောင်းကင်နှင့်မြေကြီး နိယာမများပင်လျှင် အဲဒါကို မတုံ့ပြန်နိုင်ဘဲ သူ၏ အပြုအမူများကို ခွင့်ပြုပေးထားရ၏။

“ဘာ… ဘာလဲဟ”

မင်းသားယွမ်ကျောက အတန်ကြာ မှင်တက်နေပြီး တဖြည်းဖြည်း တုံ့ပြန်လာနိုင်ခဲ့၏။ သူက တစ်စုံတစ်ရာကို ပြောဆိုချင်သော်လည်း သူ၏ စိတ်က ရှုပ်ထွေးနေ၏။ သူက စကားတစ်ခွန်းကိုသာ အလိုလိုပြောလိုက်နိုင်၏။

“အဲဒါက သိပ်တော့ မကောင်းဘူးမလား”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ဖြန့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အရှင်မင်းသား ရှဲ့လင်.. အင်္ဂါဂြိုဟ်ကျောက်တုံးက ကောင်းကင်ဘုံကိုးလွှာရဲ့ အခြေခံအုတ်မြစ်ပဲ.. အဲဒါက အဖိုးမဖြတ်နိုင်ဘူး.. ကျုပ်တို့က အဲဒီကောင်လေးဆီ အဲဒါကို ဘယ်လိုလုပ် အလွယ်တကူ ထည့်ပေးနိုင်မှာလဲ”

“ဒါက..”

ရှဲ့လင်က အသံတိတ်နေ၏။

“ဟီးဟီး”

ဘေးကနေ လှောင်ပြောင်ရယ်မောလိုက်သော အသံတစ်သံက ထွက်ပေါ်လာ၏။

ယွင်ထင်က နှုတ်ခမ်းစူလိုက်၏။

“ငါ့အထင်တော့ မိုးကောင်းကင်ကိုးလွှာက စည်းမျဉ်းစည်းကမ်းတွေက ဟန်ပြသက်သက်ပဲ.. ငါတို့က အထဲမှာ ရှိတဲ့ အရာရာတိုင်းကို အလွယ်တကူ ယူမသွားနိုင်ဘူးပဲ.. မဟုတ်ရင် တချို့လူတွေရဲ့ နှလုံးသားတွေက ကွဲကြေရတော့မယ်”

ယွင်ထင်သည် ရှဲ့လင်နှင့် ယန်ယန်းအင်မော်တယ်နိုင်ငံကို လှောင်ပြောင်သရော်နေသည်မှာ သိသာလေသည်။

ပကတိအင်မော်တယ် ရှဲ့လင်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဒေါသထွက်မသွားပေ။ ရုတ်တရက် သူက ပြုံး၍ ပြောလိုက်၏။

“ယန်ယန်း အင်မော်တယ်နိုင်ငံရဲ့ အခြေခံအုတ်မြစ်က သန်မာပါတယ်… အဲဒါက အင်္ဂါဂြိုဟ်ကျောက်တုံးတစ်တုံးပဲကို… အဲဒါက ဘာမှမဖြစ်ဘူး”

ထိုသို့ပြောလိုက်ခြင်းဖြင့် သူသည် ဤကိစ္စကို ထပ်မံ၍ မပြောဆိုတော့ဟု အဓိပ္ပာယ်ရလေသည်။

မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ဘာမှ မတတ်နိုင်ဘဲ သူတို့၏ နေရာမှာ ပြန်ထိုင်လိုက်ရ၏။

“ဟမ်”

မင်းသားယွမ်ကျောက လှောင်ရယ်လိုက်၏။

“သူက အင်္ဂါဂြိုဟ်ကျောက်တုံးကို ရသွားတယ်ဆိုတော့ရော ဘာဖြစ်လဲ.. ဒီကောင်လေးက စောစောက တိုက်ခိုက်မှုမှာ စွမ်းအင်များများကို သုံးစွဲခဲ့ပြီးပြီ.. အခု သူက သူ့ရဲ့ ဝှက်ဖဲကို ထုတ်ဖော်ထားပြီး သူ့ရဲ့လက်ကလည်း ပျက်စီးထိခိုက်ထားပြီဆိုတော့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ဘယ်လိုတိုက်ခိုက်ဦးမလဲ ကြည့်ရသေးတာပေါ့”

ထိုစဉ်မှာပင် ဆူဇီမိုသည် မီးတောင်အနက်ပိုင်းထဲကနေ ထွက်ခွာပြီး ချော်ရည်အလွှာများကို ဖြတ်ကျော်ကာ မီးတောင်နှုတ်ခမ်းဝသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူက သိုလှောင်အိတ်ထဲက တံဆိပ်ပြားကို ထုတ်ယူပြီး တစ်ချက်ကြည့်လိုက်၏။

အစကတော့ သူသည် ပထမနေရာမှာ ရှိနေခဲ့၏။ ဤကြန့်ကြာမှု အပြီးမှာ သူသည် ယခုအခါ အဆင့် ၂သိန်းမှာ ရပ်တည်နေလေသည်။

ဆူဇီမိုမှာ ဂရုမထားသော အမူအရာတစ်ခု ရှိနေ၏။

အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေ၏။

သူ၏ အစွမ်းအစအရ သူ့အနေဖြင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်ကို ပြန်လည်ဝင်ရောက်ဖို့က အခက်အခဲရှိလိမ့်မည် မဟုတ်ပေ။

All Chapters