← Chapters

နေဝင်ဆည်းဆာ

Vol. 147 Ch. 2205

နေဝင်ဆည်းဆာ

Vol. 147 Ch. 2205

ဆူဇီမိုသည် သူ၏ အသိစိတ်ထဲမှာ ငရဲဖိနှိမ်မီးဖို၏ တုံ့ပြန်မှုကို အာရုံစိုက်၍ကြည့်ရှုပြီးအကဲခတ်နေ၏။

အင်္ဂါဂြိုလ်ကျောက်တုံး၏ စွမ်းအားက ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်နှင့် ပိုပြီးကိုက်ညီမှုရှိလေသည်။ ထို့ကြောင့် အဲ့ဒါကို ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်က အရင်ဦးစွာစုပ်ယူလိုက်၏။

အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်သည် အင်္ဂါကဂြိုလ်ကျောက်တုံးကို စုပ်ယူသန့်စင်ပြီးနောက် သေချာပေါက်နိုးထလာပေလိမ့်မည်။

ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်နိုးထလာပြီးနောက် အင်္ဂါဂြိုလ်ကျောက်တုံးကို လုံးလုံးလျားလျား မသန့်စင်ရသေးဘူးဆိုလျှင် သူသည် စတုတ္ထမြောက်မီးဖိုနံရံကို ဆက်လက်၍ပြုပြင်နိုင်ဖို့အခွင့်အရေးရှိလေသည်။

ဆူဇီမိုက စဥ်းစားတွေးတောနေစဥ်မှာပင် သူကရင်တစ်ချက်ထိတ်သွား၏။

မင်းသမီးသက်တံနီနှင့် အခြားသူများ ပြောပုံအရ မိုးကောင်းကင်ကိုးလွှာ၏ အဆင့်တစ်ဆင့်ချင်းစီမှာ မတူညီသောကပ်ဘေးများနှင့် လုံးဝကွဲလွဲဆန့်ကျင်သော အဟန့်အတားများရှိလေသည်။

အခြားသောအဆင့်များမှာ အင်္ဂါဂြိုလ်ကျောက်တုံးနှင့်ဆင်တူသော ရတနာများရှိနေသည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ထိုသို့အတွေးဖြင့် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

သူသည် အဆင့်-၂၊ အဆင့်-၃နှင့် အဆင့်-၄ မှာရှိသော ရတနာများအားလုံးကို လုယူနိုင်မည်ဆိုလျှင် ငရဲဖိနှိမ်မီးဖိုကို ပြန်လည်ပြင်ဆင်ဖို့အတွက် မျှော်လင့်ချက်ရှိလာပေလိမ့်မည်။

တကယ်တော့... အဲ့ဒါက သူ၏ ထင်မြင်ယူဆချက်သာဖြစ်၏။

ထိုအတွေး၌ ဆူဇီမိုသည် လေထဲသို့ပျံတက်ပြီး ပို့ဆောင်ရေးဝင်္ကပါသို့ရောက်ရှိလာကာ အဆင့်-၂ သို့ တက်လှမ်းဖို့ပြင်ဆင်လိုက်၏။

“တာအိုရောင်းရင်း... ကျုပ်ကိုကယ်ပါဦး”

ထိုစဥ်မှာပင် စူးစူးဝါးဝါး အော်ဟစ်သံတစ်သံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာ၏။

ဆူဇီမိုရုတ်တရက်လှည့်ကြည့်လိုက်သောအခါ ကျင့်ကြံသူတစ်ယောက်သည် ဒယီးဒယိုင်ဖြင့် တောင်ခါးလယ်ကနေ ခက်ခက်ခဲခဲတွယ်တက်လာသည်ကို တွေ့မြင်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က အနီရောင်မီးတောက်များက ဖြာထွက်နေပြီး သူကအတွင်းအပြင်လောင်ကျွမ်းခံထားရကာ ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။

သို့သော်လည်း ထိုလူ၏ နာကျင်နေသောအသံနှင့် ရုန်းကန်မှု၊ စိတ်ပျက်အားငယ်မှုနှင့် ပြည့်နှက်နေသော မျက်လုံးများကို တွေ့မြင်နေရသေး၏။ သူသည် တောင်ထွတ်ပေါ်မှာရှိာသော ပို့ဆောင်ရေးဝင်္ကပါကိုထိချင်နေသည့်အလား သူ၏ လက်ကိုဆန့်တန်းထား၏။

ကံဆိုးစွာနှင့်ပင် ထိုသူ၏ အသက်ဓာတ်အားက ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။

ဆူဇီမိုက သွားရောက်ကယ်တင်မည်ဆိုလျှင်တောင် မရနိုင်တော့ပေ။

ထိုလူက တောင်ခါးလယ်မှာ လဲပြိုကျသွားပြီး တောင်ထွတ်ပေါ်ကနေလျှံကျလာသော ချော်ရည်များဖြင့် ဝါးမျိုခြင်းခံရကာ သိပ်မကြာခင်ပျောက်ကွယ်သွား၏။

“အား...”

နောက်ထပ်အရပ်တစ်ဘက်ကနေ စူးစူးဝါးဝါး အော်သံတစ်သံက ထွက်ပေါ်လာပြန်၏။

ဆူဇီမိုက တစ်ချက်လှည့်ကြည့်လိုက်၏။

အလျှံညီးညီး နေကိုးစင်းအောက်မှာ ကျင့်​ကြံသူတစ်ယောက်သည် ဆက်လက်၍တောင့်မခံနိုင်တော့ပေ။ နောက်ဆုံးမှာ သူ၏ နောက်ဆုံး နတ်ဘုရားစွမ်းအားက ပျက်ပြယ်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ခန်းခြောက်သွား၏။ သူက သူ၏ ဘေးပတ်လည်မှ မီးတောက်များဖြင့် လွှမ်းခြုံခံရပြီး တစ်ခဏချင်းမှာပင် သူက အလောင်းပင်မကျန်ဘဲ ဝါးမျိုခံလိုက်ရ၏။

ဆူဇီမိုသည် ဤကဲ့သို့သောမြင်ကွင်းများကို ကြည့်လေရာနေရာတိုင်းမှာ တွေ့မြင်နေရ၏။

အဲ့ဒီမှာ ချော်ရည်ဘီလူးများ၊ မီးစာကလေးငှက်များနှင့် အခြားသောသက်ရှိများ မရှိတော့ပြီဖြစ်သော်လည်း ဤနေရာလွတ်၏ မီးတောက်စွမ်းအားက အလွန်တရာကြောက်စရာကောင်းနေဆဲဖြစ်၏။

တောင့်မခံနိုင်သောကျင့်ကြံသူများက ပို၍ပို၍များပြားလာ၏။

ကြောက်စရာသောအရာမှာ မိုးကောင်းကင်ကိုးလွှာတွင် ပုန်းကွယ်စရာနေရာမရှိသလောက်နီးပါးဖြစ်ပြီး နေရာတိုင်းက အလျှံညီးညီး နေကိုးစင်းဖြင့် တစ်ထောင့်တစ်နေရာမကျန် လွှမ်းခြုံခြင်းခံထားရ၏။

အဲ့ဒါသည် ကောင်းကင်ဘုံကိုးလွှာနှင့်မတူဘဲ မရေမတွက်နိုင်သောသက်ရှိများ ရှင်သန်ဖို့အတွက် ရုန်းကန်၍ စိတ်ပျက်အားငယ်စွာ အော်ဟစ်နေရသော အလျှံညီးညီးငရဲဘုံတစ်ခုနှင့်တူနေ၏။

အဲ့ဒါသည် ကောင်းကင်ဘုံကိုးလွှာ၏ ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။

လူတစ်ယောက်က သေရမည်ကိုကြောက်ရွံ့နေပြီး သူတို့၏ အကန့်အသတ်များကို မသိရှိဘူးဆိုလျှင် သူတို့သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဝင်မပါသင့်ပေ။

ဤလူများက ဆူဇီမိုနှင့် ဘာမှသက်ဆိုင်မှုမရှိပေ။

သူသည် မလိုအပ်သော မည်သည့်စာနာမှုကိုမှ ခံစားနေရလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အဆင့်တစ်နေရာလွတ်မှာသေဆုံးခဲ့သော ကျင့်ကြံသူအများစုသည် နိမ့်ကျသော မဟူရာအဆင့်ဂိုဏ်းများကနေလာသူများနှင့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများဖြစ်သည်ကို သူသိထားလေသည်။

သူသည်လည်းပဲ အတိတ်ကာလတုန်းက သူတို့ကဲ့သို့ ဖြစ်ခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ တက်လှမ်းလာသောလူအများစုကလည်း ဤကဲ့သို့ကြုံတွေ့ရပေလိမ့်မည်။

သူတို့အများစုသည် ရှုံးထွက်အဆင့်မှာ ဝင်ပါခဲ့ကြသော်လည်း ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ နေရာရရှိဖို့ မျှော်လင့်မထားကြပေ။

သူတို့သည် အခွင့်အလမ်းတချို့နှင့် ကြုံတွေ့လိုသောကြောင့် သို့မဟုတ် အတွေ့အကြုံတချို့ရရှိလိုသောကြောင့် မိုးကောင်းကင်ကိုးလွှာသို့ ရောက်ရှိလာခြင်းဖြစ်ကောင်းဖြစ်နိုင်၏။

သို့သော်လည်း ဤလူများမှာ ထွက်ပေါက်တစ်ပေါက်ပင်မရှိပေ။

မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်လာပြီးနောက် နောက်ဆုတ်စရာနေရာမရှိတော့ဘဲ သေခြင်းရှင်ခြင်းကို မထိန်းချုပ်နိုင်တော့ပေ။

ပို့ဆောင်ရေးဝင်္ကပါမှာမတ်တတ်ရပ်ရင်း ဆူဇီမိုသည် ခပ်လှမ်းလှမ်းမီးတောက်ပင်လယ်ထဲမှာ လှုပ်ရှားရုန်းကန်နေသော ပုံရိပ်များစွာကို လှည့်ကြည့်လိုက်၏။

ရုတ်တရက် သူကအသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်ကာ သူ၏ ခန္ဓာကိုယ်ထဲမှာ အမြုတေချီကို တလိပ်လိပ်ထိုးတက်လာစေ၏။

တစ်ခဏချင်းမှာပင် ဧရာမလေးတစ်လက်က ဆူဇီမို၏ လက်ထဲမှာ ပေါ်ထွက်လာ၏။

အမြုတေချီမြားကိုးစင်းကလည်း လေး၏ ပတ်လည်မှာ လွင့်မျောနေ၏။

“သူကဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“ဘယ်လောက်တောင်သန့်စင်ကျစ်လစ်တဲ့ အမြုတေချီလဲ... အဲ့ဒါက လက်နက်ပုံစံကိုတောင် ဖွဲ့တည်နေနိုင်ပြီဆိုတော့...”

ရင်ပြင်ပေါ်မှလူတိုင်းက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

ထို့နောက် မရေမတွက်နိုင်သောအကြည့်များရှေ့မှာ ဆူဇီမိုသည် သူ၏ ဒူးကိုကွေးညွှတ်ပြီး လေးကြိုးကိုဆွဲလိုက်၏။ သူကမြားတစ်စင်းကိုတင်ပြီး လေးတစ်လက်လုံးကို လပြည့်ဝန်းတစ်ခု၏ ပုံသဏ္ဌာန်သို့ ဆွဲယူလိုက်၏။

ရွှစ်...

လေးကြိုးက ညင်သာစွာတုန်ခါသွားပြီး မြားက ဥက္ကာခဲတစ်ခုကဲ့သို့ ပစ်လွင့်ကာ မိုးကောင်းကင်ကို ထိုးဖောက်သွားလေသည်။

အလျှံညီးညီးနေတစ်စင်းက ထိုးဖောက်ခံလိုက်ရ၏။ ခဏမျှရပ်တန့်ပြီးနောက် ၎င်းကပေါက်ကွဲထွက်ကာ လေထဲကနေကျဆင်းလာ၏။

လောကမှာရှိသောအပူချိန်ကလည်း အနည်းငယ်ကျဆင်းသွားပုံရ၏။

ဆူဇီမိုက လေးကြိုးကိုဆက်လက်၍ ဆွဲတင်လိုက်၏။

ရွှစ်... ရွှစ်... ရွှစ်...

သူက မြားကိုးစင်းကို ဆက်တိုက်ပစ်လွှတ်လိုက်၏

အလျှံညီးညီး နေကိုးစင်းက ကျဆင်းလာခဲ့၏။

အဆင့်တစ်နေရာလွတ်၏ မီးတောက်များက ဆက်လက်၍လောင်ကျွမ်းနေဆဲဖြစ်၏။ သို့သော်လည်း အလျှံညီးညီးနေကိုးစင်း၏ လွှမ်းခြုံမှုမရှိဘဲ ကျန်ရှိနေသောကျင့်ကြံသူများပေါ်ဖိအားက ကြီးမားစွာလျော့ကျသွား၏။

အနည်းဆုံးတော့ ကျင့်ကြံသူအများစုက ရှင်သန်နိုင်ပေလိမ့်မည်။

“သေစမ်း... အဲ့ဒီနေကိုးစင်းက နောက်ဆုံးတော့ ငြိမ်း​သေသွားပြီပေါ့လေ”

“အဲ့ဒီနေကိုးစင်းကို မြားတွေကထိုးဖောက်ပြီး သူတို့ကို ပစ်ချလိုက်တာ ငါမြင်လိုက်ရတယ်”

“ဟားဟားဟားဟား... ငါရှင်နိုင်ပြီကွ”

ကပ်ဘေးကနေရှင်သန်လာပြီးနောက် လူတိုင်းက ဝမ်းသာအားရဖြစ်နေကြ၏။

“ငါတို့ရှေ့ဆက်သွားသင့်လား”

“မင်းသေချင်လို့လား... ဒီနေရာမှာပဲနေပြီး တစ်နေရာရာမှာသွားပြီးကံစမ်းနေလိုက်... ဒါပြီးရင် နောက်ထပ်အဆင့်လေးဆင့်ရှိသေးတာကို မမေ့လိုက်နဲ့”

“ဒါက... ငါတို့ကိုကောင်းကင်ဘုံကပေးတဲ့ အခွင့်အရေးတစ်ခုပဲ... ငါတို့က ကောင်းမှန်းဆိုးမှန်းနားမလည်ဘဲ ရှေ့ဆက်တိုးမယ်ဆိုရင် ငါတို့က တကယ့်ကို သေချင်နေတာပဲဖြစ်ရမယ်”

အလျှံညီးညီးနေကိုးစင်းကျဆင်းသွားသည့်အချိန်မှာ ဆူဇီမိုက ကြန့်ကြာမနေတော့ဘဲ တက်လှမ်းသွားခဲ့ပြီဖြစ်၏။

အဆင့်-၁ နေရာလွတ်မှ ကျင့်ကြံသူများစွာက ဝမ်းသာအားရဖြစ်နေကြ၏။

သို့သော်လည်း အပြင်ဘက်ရှိရင်ပြင်က တိတ်ဆိတ်ငြိမ်သက်နေ၏။

ဆူဇီမို၏ အပြုအမူသည် လူတိုင်း၏ စဥ်းစားနိုင်စွမ်းထက်ကျော်လွန်နေ၏။ အဲ့ဒါသည် အင်္ဂါဂြိုလ်ကျောက်တုံးကို သူရယူခဲ့စဥ်ကထက်ပင် လက်ရှိလူတိုင်းကို ပို၍တုန်လှုပ်သွားစေ၏။

ကြီးမားသောရင်ပြင်ပေါ်ရှိလူတိုင်းက အတန်ကြာသည့်အထိ အသံတိတ်နေကြ၏။

ဆူဇီမို၏ အပြုအမူသည် အနည်းငယ် ရယ်စရာကောင်းပြီး ကလေးဆန်လေသည်။ သို့သော်လည်း ဘာကြောင့်ရယ်မသိ လူတိုင်း၏ နှလုံးသားအနက်ပိုင်းထဲရှိ ထောင့်တစ်နေရာကို ညင်သာစွာထိသွားပုံရလေသည်။

ကျင့်ကြံသူများစွာမှာ တွေဝေရှုပ်ထွေးသောအမူအရာများရှိနေကြ၏။

ပကတိအင်မော်တယ်ရှဲ့လင်ပင်လျှင် မျက်မှောင်အနည်းငယ်ကြုတ်၍ စဥ်းစားတွေးတောနေ၏။

“ဟီးဟီး...”

ရုတ်တရက်ယွင်ထင်က ရယ်မော၍ ပြောလိုက်၏။

“ဆူဇီမို... မင်းကတော့တကယ့်ကောင်ပဲ”

မင်းသားယွမ်ကျောက နိုးထလာသည့်အလား ရုတ်တရက်ရယ်မောကာပြောလိုက်၏။

“ဘယ်လောက်တောင်ရူးမိုက်လိုက်သလဲ... သူက ဘာမှမသက်ဆိုင်တဲ့ ပုရွက်ဆိတ်တချို့ကို ကယ်တင်ဖို့အတွက် ဒီလောက်များပြားတဲ့အမြုတေချီတွေကို သုံးစွဲခဲ့တယ်ဆိုတော့”

ဤတစ်ခေါက်မှာတော့ မည်သူ့ထံကမှ တုံ့ပြန်မှုရှိမလာခဲ့ပေ။

ကျယ်ပြောလှသောဤလောကမှာ ဘယ်သူက ပုရွက်ဆိတ်တစ်ကောင်မဟုတ်လို့လဲ။

လူအုပ်ကြီး၏ နောက်ဘက်မှ ကောင်းကင်အင်မော်တယ်တစ်ယောက်က ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်စားပွဲဝိုင်းရှိရာဘက်သို့ လျှောက်လှမ်းလာပြီး တက္ကသိုလ်မှအကြီးအကဲများကို အလေးအနက်ဦးညွှတ်လိုက်၏။

“ကျုပ်ရဲ့ ဆီးနှင်းပျံဂိုဏ်းက ကောင်းမှန်းဆိုးမှန်းနားမလည်တဲ့ အဲ့ဒီတပည့်တွေက ခင်ဗျားတို့တက္ကသိုလ်က တပည့်ကြောင့် ရှင်သန်နိုင်ခဲ့ပြီ... အခုလိုအသက်ကယ်ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်ဗျာ”

“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းဆိုတဲ့ဂုဏ်ပုဒ်နဲ့ တကယ်ပဲထိုက်တန်ပါပေတယ်”

နောက်ထပ် မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ်တစ်ဦးက ထရပ်လာပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှေ့သို့ ရောက်ရှိလာကာ သူကလည်း ဦးညွှတ်လိုက်၏။

ရှေ့သို့ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှေ့ ရောက်ရှိလာသော ကျင့်ကြံသူများက ပို၍ပို၍များပြားလာ၏။

သူတို့ကြားမှာ မဟူရာအဆင့်ဂိုဏ်းများ၏ ကောင်းကင်အင်မော်တယ်များ၊ ကမ္ဘာမြေအဆင့်ဂိုဏ်းများ၏ အကြီးအကဲများ၊ မိသားစုကလန်များကို ကိုယ်စားပြုသူများနှင့် အထဲမှာဝင်ရောက်နေသော တပည့်များ၏ ဆရာများ ပါဝင်လေသည်။

တစ်ခဏချင်းမှာပင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ စားပွဲဝိုင်းက ကျေးဇူးတင်စွာဖြင့် ဦးညွှတ်နေသောလူများဖြင့် ပြည့်နှက်သွား၏။

“အင်မော်တယ်တွေအနေနဲ့ ကျုပ်တို့က တရားသဖြင့်ဆောင်ရွက်ပြီး ကြင်နာမှုကိုပြသင့်တာပေါ့... တာအိုရောင်းရင်းတို့ အခုလိုလုပ်စရာမလိုပါဘူး”

အကြီးအကဲကျုံးက လူတိုင်းကို နေမြဲအတိုင်းနေဖို့ လက်ဟန်ပြပြီး သာမန်ကာလျှံကာပြောလိုက်၏။

အကြီးအကဲဟဲက အတွေ့အကြုံရှိပြီး ဉာဏ်ကောင်းလေသည်။ သူကညင်သာစွာချောင်းဟန့်ပြီး တည်တံ့စွာပြောလိုက်၏။

“တက္ကသိုလ်က တပည့်တစ်​ယောက်အနေနဲ့ သူက အခုလိုမျိုးမြင်ကွင်းနဲ့ကြုံတွေ့ရတဲ့အခါ သူက သူတို့ကို အန္တရာယ်တောထဲမှာထားခဲ့မှာမဟုတ်ဘူး”

သူတို့က ထိုသို့ပြောလိုက်သော်လည်း တက္ကသိုလ်မှအကြီးအကဲများသည် သူတို့၏ မုတ်ဆိတ်ရှည်များကို ညင်သာစွာသပ်နေကြ၏။ သူတို့၏ မျက်နှာများက အနည်းငယ်အနီရောင်သန်းနေပြီး သူတို့ကမြင့်မားသောစိတ်ဝိညာဥ်များနှင့်အတူ ပြုံးယောင်သန်းနေကြ၏။

All Chapters