← Chapters

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း(၅၇၄)

ထိုက်ရှဂိုဏ်း၏ စခန်းထဲရှိ ဂိုဏ်းချုပ် ရှယွင်ထန်းသည် ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။

သူ၏မျက်နှာချင်းဆိုင်တွင် နတ်သမီးကဲ့သို့ လှပပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။

ထိုအမျိုးသမီးက ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားပြီး သူမ၏ လှပသော မျက်ဝန်းလေးများသည် ရေခဲကဲ့သို့ အေးစိမ့်သော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

ထိုအမျိုးသမီးက တခြားသူမဟုတ်ပေ၊

မြောက်ပိုင်းတောရိုင်းဒေသတွင် တစ်ချိန်က နာမည်ကြီးခဲ့သည့် အလှဘုရင်မ မင်ယွဲ့ရှင်းဖြစ်ပြီး ထျန်းယွဲ့ဂိုဏ်း၏ သိုင်းသခင်နယ်ပယ် အကြီးအကဲထဲတွင် အသက်အငယ်ဆုံး အကြီးအကဲ ဖြစ်သည်။

အကြီးအကဲ မင်ယွဲ့.. ငါတို့ထိုက်ရှဂိုဏ်းရဲ့စခန်းကို ဘာလို့ ရန်လိုတဲ့ပုံစံနဲ့ ရောက်လာတာလဲ

ရှယွင်ထျန်းက သူ့ရှေ့မှာရှိနေသည့် မင်ယွဲ့ရှင်းကိုကြည့်ကာပြုံး၍ မေးလိုက်သည်။

"ရှယွင်ထျန်း.. ရှင်တို့ ထိုက်ရှဂိုဏ်းက ကျန်းချန်ဆိုတဲ့ ကောင်လေးက ငါတပည့်မုန့်ချင်းရွှယ်ကို သွေးဆောင်ပြီးခေါ်သွားတယ်.. ငါ့ကို ချက်ချင်းထုတ်ပေးစမ်း"

မင်ယွဲ့ရှင်းက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ကြုံးဝါးလိုက်သည်။

"မင်းရဲ့တပည့်က သူ့ဆန္ဒနဲ့သူ လိုက်လာတာပါ၊ ဘယ်သူမှအတင်းအကြပ် မခိုင်းဘူး"

ရှယွင်ထျန်းသည် မင်းယွဲ့ရှင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။

သူ၏ စိတ်အခြေအနေသည် ယခုအခါတွင် အလွန်အမင်း ရွှင်လန်းနေခဲ့၏။

အချိန်တိုင်းတွင် သူတို့ ထိုက်ရှဂိုဏ်း၏ အင်အားသည် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းထဲတွင် အောက်ဆုံးတွင်သာ ရှိခဲ့သည်။

ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင်လည်း ထိုက်ရှဂိုဏ်းတွင် ထိပ်ဆုံးသုံးနေရာသို့ ဝင်နိုင်သည့် တပည့်တစ်ယောက်မှ မရှိပေ။

ထို့ကြောင့် ထိုက်ရှဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် ရှယွင်ထျန်းသည် သဘာဝကျစွာဖြင့် မျက်နှာမရခဲ့ပေ။

သို့သော် ဤတစ်ခေါက်တွင်မူ ထျန်းယွဲ့ဂိုဏ်း၏ အစစ်အမှန်တပည့်သည် ကျန်းချန်၏ အစေခံမလေးဖြစ်ဖို့ ဆန္ဒရှိနေသဖြင့် သူ့ကို မျက်နှာများစွာ ရရှိစေခဲ့သည်။

"ရှယွင်ထျန်း ရှင်နဲ့ဒီမှာ အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောဖို့ ကျွန်မ လာခဲ့တာ မဟုတ်ဘူး"

မင်ယွဲ့ရှင်း၏ လှပသော မျက်လုံးလေးများသည် အေးခဲသွားခဲ့သည်။

"ကျွန်မရဲ့ တပည့်ကို ချက်ချင်း ထုတ်ပေးပါ.. မဟုတ်ရင် ရှင်တို့ ထိုက်ရှဂိုဏ်းရဲ့ စခန်းကို ဖျက်ဆီးပစ်မယ်"

"ဟက်.. မင်ယွဲ့ရှင်း.. မင်းက ငါတို့ ထိုက်ရှဂိုဏ်းက လူတွေကို မင်း စိတ်ကြိုက်ညှစ်ချေလို့တဲ့ ပျော့ပြောင်းတဲ့ သစ်သီးများထင်နေလား.. ကောင်းပြီလေ.. မြောက်ပိုင်းတောရိုင်းဒေသရဲ့ အသက်အငယ်ဆုံး သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူက ဘယ်လောက် အစွမ်းထက်သလဲဆိုတာ ကြည့်ရသေးတာပေါ့"

ရှယွင်းထျန်းက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ရေရွတ်လိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်မှ သိုင်းသခင်နယ်ပင်အဆင့် ကျင့်ကြံသူ၏ ခွန်အားသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက် တိုက်ပွဲစတော့မည့်အချိန်တွင် ခပ်ထေ့ထေ့ ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အကြီးအကဲမင်ယွဲ့ ကျွန်တော်က အကြီးအကဲရဲ့တပည့်ကို ရက်အနည်းငယ်ပဲ ငှားရမ်းထားတာပါ.. တစ်သက်လုံးလဲ ခေါ်မထားပါဘူး.. ဘာလို့အကြီးအကဲက ဒီနေရာအထိ လိုက်လာခဲ့ရတာလဲ"

မင်ယွဲ့ရှင်းက အေးစက်သော မျက်လုံးများဖြင့် ရုတ်တရက်အောက်ကို လှမ်းကြည့်လိုက်သည်။

သူမက မုန့်ချင်းရွှယ်နှင့် အတူ ထိုက်ရှဂိုဏ်း၏ စခန်းထဲကနေထွက်လာသော ကျန်းချန်ကို ဒေါသတကြီးကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ကောင်လေး မင်းက ငါ့ရဲ့တပည့်ကို စကားလုံး ချိုချိုလေးတွေနဲ့ လှည့်စားရဲတယ်.. မင်းရဲ့အပြစ်ကို မင်းသိရဲ့လား"

အကြီးအကဲမင်ယွဲ့ ..ချင်းရွှယ်က ကျွန်တော်ရဲ့အစေခံပါ.. ကျွန်တော်က သူ့ကို ကျွန်တော်ဆီ ပြန်ခေါ်တာ တရားနည်းလမ်းကျပါတယ်.. လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော်ရဲ့ အစေခံမလေးကို ထျန်းယွဲ့ဂိုဏ်းက ခိုးယူခဲ့တာနဲ့ ပတ်သတ်ပြီး ကျွန်တော်အကြီးအကဲကို အပြစ်မတင်ခဲ့ပါဘူး..အကြီးအကဲအနေနဲ့ အကြီးအကဲရဲ့ တပည့်ကို ကျွန်တော်ခိုးယူခဲ့တယ်လို့ပြောတာက ရှက်ဖို့ကောင်းတယ်လို့ မထင်ဘူးလား"

ကျန်းချန်က ထျန်းယွဲ့ဂိုဏ်း၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံနေသူကို မကြောက်မလန့် ရင်ဆိုင်နေသည်ကို မြင်လျင် ပတ်ဝန်းကျင်တွင် စုဝေးနေသော မရေမတွက်နိုင်သည့် ထိုက်ရှဂိုဏ်း၏ တပည့်အားလုံးသည် အံသြတုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသားများ ဖြစ်ကုန်ကြသည်။

"စီနီယာအစ်ကို ကျန်းချန်က လုံးဝအကြောက်အလန့် မရှိတာပဲ"

"အမှန်ပဲ.. ငါတို့ရဲ့ စီနီယာအစ်ကို ကျန်းချန်က သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်ရတာတောင် လုံးဝကြောက်ရွံံ့တဲ့ပုံ မပြဘူး"

"ကောင်လေး.. ချင်းရွှယ်က အရမ်းကို ပါရမီထူးချွန်ပြီး ဒဏ္ဏာရီလာ လနတ်ကံကြမ္မာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်.. သူမလို လူမျိုးကို မင်းအစေခံ လုပ်ခိုင်းဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ.. ချင်းရွှယ်က ငါ့ရဲ့တပည့် ဖြစ်လာတဲ့အချိန်ကစပြီး မင်းနဲ့ဘာမှ မသက်ဆိုင်တော့ဘူး"

ထို့နောက် မင်ယွဲ့ရှင်းက ချက်ချင်းဆိုသလို မုန့်ချင်းရွယ်ကို အော်ဟစ် ပြောဆိုလိုက်သည်။

"ချင်းရွှယ် ချက်ချင်း ငါဆီပြန်လာခဲ့စမ်း"

ထိုစကားကိုကြားလျှင် မုန့်ချင်းရွှယ်သည် မင်ယွဲ့ရှင်းကို တောင်းပန်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

သူမ စကားပြောတော့မည့်အချိန်တွင်ကျန်းချန်၏ တည်ကြည်သော စကားသံသည် ထွက်ပေါ်လာခဲ့သည်။

"အကြီးအကဲမင်ယွဲ့ .. ကျွန်တော်က အကြီးအကဲကို ချင်းရွှယ်ရဲ့ဆရာအဖြစ် လေးစားပေမဲ့ ကျွန်တော်နဲ့ ချင်းရွှယ်ရဲ့ ဆက်ဆံရေးကို ဝင်ရောက်စွက်ဖက်တာကိုတော့ သဘောမကျဘူး.. တကယ်တမ်းပြောရရင် ကျွန်တော်ရဲ့ မျက်လုံးထဲမှာတော့ အကြီးအကဲက ချင်းရွှယ်တိုးတက်ဖို့ သိပ်ပြီး အကူအညီ မပေးနိုင်ဘူး"

ထိုစကားကို ပြောပြီးနောက် ကျန်းချန်သည် မင်ယွဲ့ရှင်းကို စေ့စေ့ကြည့်လိုက်သည်။

သူ၏ မောက်မာသောစကားသံသည် လေထဲတွင် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"ဒီမြောက်ပိုင်းတောရိုင်းဒေသမှာ ကျွန်တော် တစ်ယောက်တည်းကပဲ သူမကို ပိုပြီး တိုးတက်လာအောင် လုပ်ပေးနိုင်တယ်"

အခန်း(၅၇၄)ပြီး၏။

အခန်း ( ၅၇၅ )

ကျန်းချန်၏မောက်မာသော စကားသံကိုကြားလျှင် မရေမတွက်နိုင်သော ထိုက်ရှဂိုဏ်း၏ တပည့်များသည် သူတို့၏ ချွေးစေးများကို တိတ်တဆိတ် သုပ်နေခဲ့ကြသည်။

"စီနီယာအကိုက ဒီလောက်တောင် မောက်မာလှချည်လား"

မင်ယွဲ့ရှင်းဆိုသည်မှာ ထျန်းယွဲ့ဂိုဏ်း၏ အကြီးအကဲ ဖြစ်ပြီး မြောက်ပိုင်တောရိုင်းဒေသတွင် အသက်အငယ်ဆုံး သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်သည်။

မင်ယွဲ့ရှင်း၏ တပည့်ဖြစ်ဖို့ဆိုသည်မှာ မြောက်ပိုင်းတောရိုင်းဒေသတွင် မရေမတွက်နိုင်သော လူငယ်များ၏ အိပ်မက်ဆိုလဲမမှားပေ။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်၊ ထိုက်ရှဂိုဏ်း၏ တပည့်ဟူသော အဆင့်အတန်း၊ လက်ထဲရှိ အရင်းအမြစ် စသည်တို့ သည် မင်ယွဲ့ရှင်းနှင့် နှိုင်းယှဥ်လျှင် လုံး၀ကို ကွဲပြားခြားနားသည်။

မုန့်ချင်းရွှယ်ကို တိုးတက်အောင် မင်ယွဲ့ရှင်းက မကူညီနိုင်ဘူးဆိုလျှင် ဤမြောက်ပိုင်းတောရိုင်းဒေသ၌ မုန့်ချင်းရွှယ်ကို ဘယ်သူက ကူညီနိုင်ပါမည်နည်း။

"ဒီကောင်လေး လေလုံးထွားလှချည်လား"

မင်ယွဲ့ရှင်းက နှာခေါင်းရှုံ့၍ ခနဲ့လိုက်သည်။

"ငါ့ရဲ့အထောက်အပံ့က ဘယ်လောက်ပဲ ဆိုးရွားနေပါစေ.. မင်းလို နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးထက်တော့ ပိုသာတယ်"

"ဟုတ်ရဲ့လား အကြီးအကဲ.. ချင်းရွှယ်က လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင်ဆိုတာ အကြီးအကဲလဲ သိမှာပါ.. လနတ်ကြမ္မာခန္ဓာကိုယ် ပိုင်ရှင်တွေက အသက်၁၈နှစ်အထိ အသက်မရှင်နိုင်ကြဘူး.. ကျွန်တော်က သူမရဲ့ အထူးခန္ဓာကိုယ်အခက်အခဲကို ဖြေရှင်းပြီး သူမကို အသက်ရှင်စေခဲ့တဲ့သူပဲ"

ကျန်းချန်က ဝင့်ကြွားစွာ ပြောလိုက်သည်။

"ဒီကမ္ဘာမှာ ကျွန်တော်တစ်ယောက်ထဲကပဲ သူမရဲ့ လနတ် ကြမ္မာခန္ဓာကိုယ်ကို ပိုပြီး အင်အားကြီးအောင် လုပ်ပေးနိုင်တယ်

"မင်း...မင်းပြောတာ တကယ်ပဲလား "

မင်ယွဲ့ရှင်းက အံ့သြတုန်လှုပ်သွားခဲ့သည်။

ကျန်းချန်ကိုကြည့်နေရင်း သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ကျန်းချန်ပြောတာ အမှန်ပဲဆရာ.. သူသာ မရှိခဲ့ရင် တပည့်အခုထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး "

မုန့်ချင်းရွှယ်က မင်ယွဲ့ရှင်းကို တောင်းပန်သောအပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဆရာ တပည့်အတွက် စိတ်မပူဘဲ ထန်းယွဲ့ဂိုဏ်းရဲ့ စခန်းကိုပြန်သွားလိုက်ပါ.. ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲပြီးတာနဲ့ တပည့် ဆရာနဲ့အတူ ထျန်းယွဲ့ဂိုဏ်းကို ပြန်လိုက်ခဲ့ပါ့မယ်"

မင်ယွဲ့ရှင်းက မုန့်ချင်းရွှယ်ရဲ့စကားကို ကြားသည်နှင့် တိတ်ဆိတ်သွားခဲ့သည်။

သူမက သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ်နှင့် ပတ်သက်၍ ဘာမှလုပ်ပေးနိုင်မည် မဟုတ်ပေ။

သူမက မုန့်ချင်းရွှယ်ကို အမှန်တကယ်ချစ်ပြီး သမီးအရင်းတစ်ယောက်လိုပင် ဆက်ဆံခဲ့သည်။

တစ်စုံတစ်ယောက်က မုန့်ချင်းရွှယ်ကို ပို၍ တိုးတက်အောင် လုပ်ပေးနိုင်ပါက မင်ယွဲ့ရှင်းသည် နောက်ဆုတ်ပေးရန် တွန့် ဆုတ်နေမည် မဟုတ်ချေ။

"ကောင်လေး.. မင်းငါ့ကိုမလှည့်စားဘူးလို့ မျှော်လင့်တယ်.. ပြီးတော့ ချင်းရွှယ်ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် မထိခိုက်တာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင် ငါကမင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"

မင်ယွဲ့ရှင်းက ခဏလောက် တိတ်ဆိတ်ပြီးမှ ကျန်းချန်ကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်ကာ အလင်းတန်း တစ်ခုကဲ့သို့ ကောင်းကင်ထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

မင်ယွဲ့ရှင်း ထွက်ခွာသွားပြီးနောက်တွင် ထိုက်ရှဂိုဏ်း၏ စခန်းသည် အဆုံးသတ်တွင် ငြိမ်သက် အေးဆေးမှုကို ပြန်လည်ရရှိခဲ့သည်။

ဤကဲ့သို့ ငြိမ်းချမ်းသည့် အခြေအနေဖြင့် တစ်နေ့တာ၏ အချိန်သည် လျှပ်တပြက်အတွင်း ကုန်လွန်သွားခဲ့ပြီး မကြာခင်မှာပင် ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်မည့် နေ့သို့ တရားဝင် ရောက်ရှိလာခဲ့သည်။

နံနက်အစောပိုင်းတွင် ကောင်းကင်က အနည်းငယ် လင်းထိန်နေသည်။

သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ငါးယောက်သည် တပည့်များကို စခန်း၏တံခါးဝတွင် စုရုံးစေပြီးနောက် လုံရှီးတောင်၏ အဓိကတောင်ထွတ် ဆီသို့ ထွက်ခွာလာခဲ့သည်။

မကြာခင်မှာပင် သူတို့အဖွဲ့သည် လုံရှီးတောင်၏ အဓိက တောင်ထွတ်ပေါ်ရှိ ဧရာမကွင်းပြင်ကြီးတစ်ခု ဆီသို့ ရောက်ရှိလာခဲ့၏။

ကွင်းပြင်ထဲတွင် သိုင်းပြိုင်ပွဲကို လာရောက် ကြည့်ရှုသည့် ကျင့်ကြံသူများကလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

"ဟိုမှာကြည့်စမ်း.. ထိုက်ရှဂိုဏ်းက လူတွေလဲ ရောက်လာကြပြီ.. ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီးရှိတယ်လို့ကြားတယ်.. ဒီတစ်ကြိမ် မြောက်ပိုင်းတောရိုင်းဒေသရဲ့ အင်အားအကြီးဆုံးပါရမိီရှင်က ဘယ်သူဖြစ်လာမလဲမသိဘူး"

"နတ်ဓားဂိုဏ်းက နှစ်ကြိမ်ဆက်တိုက် ပြိုင်ပွဲကို လွှမ်းမိုးထားပြီးသား ဆိုတော့ အဖြေက သိသာနေတာပဲလေ.. ဒီတစ်ခါ အင်အားအကြီးဆုံး ပါရမီရှင်က နတ်ဓားဂိုဏ်းရဲ့ ကျန့်ချန်ပဲ ဖြစ်ဖို့များတယ်"

"..............."

လူအုပ်ထဲတွင် လူအများအပြားသည် ပြိုင်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။

ထိုက်ရှဂိုဏ်းမှ လူများသည် ကွင်းပြင်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင် ရောက်ရှိနေကြပြီ ဖြစ်သည့် နတ်ဓားဂိုဏ်းနှင့် ထျန်းယွဲ့ဂိုဏ်းတို့နှင့် အတူ ကွင်းပြင်ထဲတွင် တြိဂံပုံစံ ရပ်နေခဲ့ကြသည်။

ထိုက်ရှဂိုဏ်းမှ လူများ ရောက်လာသည်နှင့် တစ်ဖက်ရှိ နတ်ဓားဂိုဏ်း၏လူများထဲမှ လျှို့ဝှက်ဆန်းကြယ်သော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်သည် ချက်ချင်း ဆိုသလို ကွင်းပြင်၏ အလယ်၌ ပေါ်လာခဲ့သည်။

သူ၏ တည်ကြည်လေးနက်သော အသံသည် ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။

"အားလုံးပဲ ငါက နတ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှင်းဟိုင်ပါ.. ခုချိန်ကစပြီး ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲက တရားဝင်စတင်ပြီလို့ ကြေညာပါတယ်"

အခန်း(၅၇၅)ပြီး၏။

အခန်း ( ၅၇၆ )

ရှင်းဟိုင်၏ တည်ကြည်သောအသံက ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကွင်းပြင်အလယ်ရှိအစီအရင်က အသက်ဝင်လာခဲ့သည်။

"ဝုန်း "

တစ်ချိန်တည်းမှာပင် လျှိုဝှက်ဆန်းကြယ်သော အနက်ရောင်ကျောက်တုံးများနှင့် တည်ဆောက်ထားသော တိုက်ခိုက်ရေးကွင်းသုံးခုသည် မြေပြင်ကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ရှင်းဟိုင်က တိုက်ခိုက်ရေးကွင်းများကို ထုတ်ဖော်ပြီးနောက်တွင် ပြိုင်ပွဲ၏ စည်းမျဥ်းများကို ကြော်ငြာခဲ့သည်။

တခြားသော ပြိုင်ပွဲများကဲ့သို့ပင် ပထမအဆင့်သည် အမှတ်ပေးပြိုင်ပွဲ ဖြစ်သည်။

ပြိုင်ပွဲကို တိုက်ခိုက်ရေးကွင်းသုံးခု ခွဲပြီး ယှဥ်ပြိုင်ရမည် ဖြစ်၏။

အင်အားအကြီးဆုံး ပါရမီရှင်သုံးဦးကို ဤအဆင့်တွင် ပထမဦးဆုံး မတွေ့ဆုံစေရန် အတွက် ကွင်းတစ်ခုစီတွင် သီးသန့်နေရာချထားမည် ဖြစ်သည်။

ကျန်ရှိတဲ့သူများကိုမူ တိုက်ခိုက်ရေး ကွင်းသုံးကွင်းတွင်

ကျပန်းနေရာ ချထားမည် ဖြစ်သည်။

တိုက်ပွဲအပြီးတွင် တိုက်ခိုက်ရေးကွင်း တစ်ခုစီမှ ထိပ်ဆုံးလေးဦးသည် ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်၏။

တိုက်ခိုက်ရေး ကွင်းတစ်ခုစီ၏ ထိပ်ဆုံးလေးဦးနေရာတွင် နံပါတ်တစ် အစစ်အမှန် တပည့်သုံးဦးသည် နေရာတစ်ခုကို သေချာပေါက် ရယူထားပြီးသား ဖြစ်သည်။

တစ်နည်းအားဖြင့် တိုက်ခိုက်ရေး ကွင်းတစ်ခုစီမှ ကျန်ရှိသည့်လူများသည် ယှဥ်ပြိုင်ရန်အတွက် နေရာသုံးနေရာစာသာ ကျန်ရှိတော့၏။

"ဒီနှစ်သိုင်းပြိုင်ပွဲမှာ ထိပ်ဆုံးဆယ်ယောက်က ကြွယ်ဝတဲ့ဆုလာဘ်တွေကို ရရှိနိုင်မှာဖြစ်တယ်.. ထိပ်ဆုံးသုံးယောက်စာရင်းကို ဝင်ရင်တော့ လုံရှီးတောင်ရဲ့ ဝေါ်လုံကန်မှာ ကောင်းချီးခံယူဖို့ ဝင်ရောက်နိုင်ပြီး အဆင့်ကျော်ဖြတ်ဆေးလုံးကို ရရှိနိုင်မှာဖြစ်တယ်"

ရှင်းဟိုင်က ဆုလာဘ်ကို ကြေညာလိုက်သည်နှင့် ကွင်းပြင်တစ်ခုလုံးသည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

ပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲမည့် တပည့်များ အပါအဝင် ပတ်ဝန်းကျင်မှ ကြည့်ရှုသူ အများအပြားသည် အံသြတုန်လှုပ်ကုန်ကြသည်။

"ပြိုင်ပွဲဆုလာဘ်က တကယ်ကို မက်လောက်စရာပဲ.. ဂိုဏ်းကြီးသုံးဂိုဏ်းက ဆုလာဘ်အတွက် အတော်လေး ရင်းနှီးထားပုံရတယ်.. ဝေါ်လုံကန်ကို ဖွင့်ပေးရုံတင်မကဘူး..အဆင့်ကျော်ဖြတ်ဆေးလုံးကိုပါ ဆုလာဘ်ထဲ ထည့်ထားခဲ့တယ်"

"........"

လုံရှီးတောင်ပေါ်ရှိ ဝေါ်လုံကန်။

ထိုနေရာက ဒဏ္ဍာရီလာနေရာ ဖြစ်ပြီး ရေနဂါးကနေ နဂါးအဖြစ် ပြောင်းလဲသွားသောနေရာလည်း ဖြစ်သည်။

ဝေါ်လုံကန်ထဲတွင် အစစ်အမှန်နဂါးအဖြစ် ပြောင်းလဲသွားသောကြောင့် ဝေါ်လုံကန်ထဲရှိ ရေသည် မယုံကြည်နိုင်လောက်သော အင်အားကို ထုတ်လွှတ်ပေး၏။

ဝေါ်လုံကန်၏ ကောင်းချီးကို ခံယူရသည့် မည်သူမဆို အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

ထိုကြောင့် ဝေါ်လုံကန်၏ အင်အားကို အလွန်အကျွံသုံးစွဲမှုကနေ ကာကွယ်ရန်အတွက် ဂိုဏ်းကြီးသုံးဂိုဏ်းသည် ဝေါ်လုံကန်ကို ထိန်းချုပ်ထားပြီး အချိန်အတော်ကြာမှသာ တစ်ကြိမ်ဖွင့်လှစ်ခဲ့၏။

ဒီတစ်ခေါက်တွင် ဂိုဏ်းကြီးသုံးဂိုဏ်းသည် ဝေါ်လုံကန်တွင် ကောင်းချီးခံယူခြင်းကို ထိပ်ဆုံးဆု အတွက် သတ်မှတ်ထားခဲ့သည်။

ထို့အပြင် နောက်ထပ် ဆုတစ်ခု ဖြစ်သည့် အဆင့်ချိုးဖျက်ဆေးလုံးသည် ဒဏ္ဍာရီလာ ရှေးဟောင်း ဆေးလုံးအမျိုးအစားဖြစ်ပြီး မြောက်ပိုင်းတောရိုင်းဒေသတွင် ပျောက်ကွယ်သွားသော ဆေးလုံးအမျိုးအစား ဖြစ်သည်။

ဂိုဏ်းကြီးသုံးဂိုဏ်းမှာပင် ထိုဆေးလုံးအမျိုးအစား သိပ်မကျန်တော့ပေ။

ထိုအဆင့်ကျော်ဖြတ် ဆေးလုံး၏ အာနိသင်သည် အံ့သြစရာကောင်း၏။

သဘာဝစွမ်းအားဖွင့်ခြင်း အထွတ်အထိပ် နဝမအဆင့် ကျင့်ကြံသူကို စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင်ကြံသူအဖြစ်သို့ ၁၀၀ ရာခိုင်နှုန်း ရောက်ရှိစေနိုင်သည်။

စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူကိုလည်း ခွန်အားများစွာ မြင့်တက်စေနိုင်မည် ဖြစ်၏။

ဆိုရလျှင် ဤဆေးလုံးသည် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်ကို ရောက်ရှိနေပြီး ကျင့်ကြံသူအတွက် ကောင်းကင်ဘုံ၏ ဆေးဝါးကောင်း တစ်ခုဆိုလျှင်မမှားပေ။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ နံပတ်တစ် အစစ်အမှန် တပည့်များပင် မျက်လုံးထဲ၌ တောက်ပသော အမူအရာများ ရှိနေခဲ့သည်။

ထို့နောက်တွင် ရှင်းဟိုင်သည် ပြိုင်ပွဲတွင် ပါဝင်မည့် တပည့်အယောက် ခြောက်ဆယ်ကို တိုက်ခိုက်ရေးကွင်း သုံးကွင်းတွင် ကျပန်း နေရာချလိုက်သည်။

ကျန်းချန်နှင့် မုန့်ချင်းရွှယ်တို့ နှစ်ယောက်စလုံးသည် တိုက်ခိုက်ရေးကွင်း အမှတ်၂တွင် ပါဝင်ခဲ့၏။

တိုက်ခိုက်ရေးကွင်း အမှတ်၂၏ အင်အားအကြီးဆုံး ပါရမီရှင်မှာ ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် ရှထျန်းမင် ဖြစ်၏။

"ဒီကောင်လေးနဲ့ ငါက တိုက်ခိုက်ရေးကွင်းထဲမှာ တစ်ကွင်းထဲ အတူတူကျနေတာပဲ"

တိုက်ခိုက်ရေးကွင်း အမှတ်၂တွင် ပေါ်လာသည့် ကျန်းချန်ကိုမြင်လျှင် ရှထျန်း၏ မျက်လုံးထဲ၌ ပြုံးရွှင်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ပြိုင်ပွဲစတင်မယ် "

ထို့နောက် ဂိုဏ်းကြီးသုံးဂိုဏ်း၏ သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူ သုံးဦးကို တိုက်ခိုက်ရေးကွင်း သုံးကွင်းကို ကြီးကြပ်ရန် ဒိုင်အဖြစ် စေလွှတ်ခဲ့သည်။

ဒိုင်သုံးယောက်၏ အမိန့်ဖြင့် နတ်ဓားဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် ကျန့်ချန်၊ ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် ရှထျန်းမင် နှင့် ထိုက်ရှဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် လင်ကျုံတို့သည် ပထမဦးဆုံးပွဲကို ယှဥ်ပြိုင်ရတော့မည် ဖြစ်၏။

မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အင်အားအကြီးဆုံး ပါရမီရှင်တစ်ဦးစီသည် လူတိုင်း၏ အာရုံစူးစိုက်မှုအောက်မှာပင် ခမ်းနားသည့် ပွဲဦးထွက်ကို ပြုလုပ်ခဲ့ကြသည်။

အခန်း(၅၇၆)ပြီး၏။

All Chapters