← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇)

ဤသို့ဖြင့် အစစ်အမှန် တပည့်သုံးဦး၏ ခွန်အားကို ပြသရန်အတွက် ပြိုင်ပွဲ၏ ပထမဆုံးပွဲတွင် နံပါတ်တစ် အစစ်အမှန် တပည့်များသည် ယှဥ်ပြိုင်ခဲ့ကြသည်။

ပထမပြိုင်ပွဲမှာပင် ပါရမီရှင်သုံးဦးနှင့် ရင်ဆိုင်ရသော တပည့်များသည် ခါးသီးသော မျက်နှာထားများ ဖြစ်ကုန်ကြသည်။

သူတို့အနေဖြင့် အင်အားအကြီးဆုံး ပါရမီရှင်သုံးဦး ပို၍ နာမည်ကြီးလာစေရန် အတွက် ခြေနင်းခုံ ဖြစ်လာရန် သေချာသလောက် ဖြစ်သည် မဟုတ်ပါလော။

"တိုက်ခိုက်ရေးကွင်း အမှတ်တစ်"

ကျန့်ချန်က ဓားကို ဆွဲထုတ်လိုက်သည်။

သူ၏လက်ထဲရှိ ဓားရှည်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထက်မြက်သော ဓားအလင်းသည် ချက်ချင်းဆိုသလို လေထုကို ဖြတ်သန်းသွားပြီး မျက်နှာချင်းဆိုင်ရှိ ကျင့်ကြံသူကို ထိမှန်သွားခဲ့သည်။

နောက်ထပ် တခဏတွင် ထိုလူငယ်သည် ကြိုးပျက်သွားသောစွန်တစ်ကောင်ကဲ့သို့ တိုက်ခိုက်ရေးကွင်းကနေ နောက်ပြန် လွင့်စင်သွားခဲ့၏။

ကျန့်ချန် အနိုင်ရသွားသောအချိန်တွင် ဒုတိယစင်မြင့်ပေါ်ရှိ ရှထျန်းမင်နှင့် တတိယစင်မြင့်ပေါ်ရှိ လင်ကျုံတို့ကလည်း နောက်ကောက် မကျခဲ့ပေ။

သူတို့နှစ်ဦးလုံးကလည်း ပြိုင်ဘက်များကို စက္ကန့်ပိုင်းအတွင်း အသာအယာ အနိုင်ယူနိုင်ခဲ့ကြသည်။

"မြောက်ပိုင်းတောရိုင်းဒေသရဲ့ အင်အားအကြီးဆုံး ပါရမီရှင်သုံးဦးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်..သူတို့က တကယ်ကို အင်အားကြီးမားလွန်းတာပဲ"

ပါရမီရှင်သုံးဦး၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်သည် ပြိုင်ပွဲ၏ လေထုကို ချက်ချင်းပင် ထိပ်ဆုံးသို့ တွန်းပို့လိုက်သည်။

ဒိုင်က ရလဒ်ကို ကြေငြာလိုက်သည်နှင့် နောက်ထပ်တိုက်ပွဲတစ်ပွဲ ဆက်လက် ကျင်းပခဲ့၏။

ဤသို့ဖြင့် ကျန်းချန်၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်၏ ပြိုင်ဘက်မှာ နတ်ဓားဂိုဏ်းမှ ချောမောသော တပည့်တစ်ယောက် ဖြစ်သည်။

နတ်ဓားဂိုဏ်း၏တပည့် စင်ပေါ်သို့ တက်လာသည်နှင့် အမျှ နတ်ဓားဂိုဏ်းမှ အမျိုးသမီးတပည့် အများအပြားသည် ကျယ်လောင်စွာ အော်ဟစ် အားပေးနေခဲ့ကြ၏။

ပတ်၀န်းကျင်မှ လူအများအပြားသည် ကျန်းချန်ကို သနားဂရုဏာသက်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

"သွားပြီ.. ဒီကောင်လေးတော့ ဒုက္ခရောက်ပြီ.. ပထမဆုံးပြိုင်ပွဲမှာတင် နတ်ဓားဂိုဏ်းရဲ့ အစစ်အမှန်တပည့် ကျန့်ယန်နဲ့ တိုက်ခိုက်ရတော့မယ်"

ကျန့်ယန်သည် နတ်ဓားဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့် ဖြစ်ပြီး နံပါတ်တစ် အစစ်အမှန်တပည့် ကျန့်ချန်၏ ဂျူနီယာ ညီလေးလည်း ဖြစ်သည်။

ဆိုရလျှင် ကျန့်ယန်၏ ပါရမီသည် သူ၏စီနီယာအစ်ကို ဖြစ်သည့် ကျန့်ချန်အောက် အများကြီး မနိမ့်ကျပေ။

သူက အသက်ဆယ့်ခြောက်နှစ် အရွယ်မှာပင် နတ်ဓားဂိုဏ်း၏ အတွင်းစည်းတွင် နံပါတ်တစ်တပည့် ဖြစ်လာခဲ့သည်။

ထို့အပြင် အစစ်အမှန် တပည့်များထဲတွင် ကျန့်ချန်ပြီးလျှင် အင်အားအကြီးဆုံးလူလည်း ဖြစ်၏။

သူ၏အင်အားက ထိုက်ရှဂိုဏ်း၏ အစစ်အမှန်တပည့်များထက် လုံး၀မနိမ့်ဟု ခန့်မှန်းရ၏။

"ဒီကျန်းချန်က ထိုက်ရှဂိုဏ်းရဲ့ နာမည်မရှိတဲ့ တပည့်တစ်ယောက်ပဲ...နတ်ဓားဂိုဏ်းက ကျန့်ယန်ကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ"

"မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. ဒါကြောင့် တစ်ခါတည်း အရှုံးပေးလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"

တိုက်ခိုက်ရေးကွင်း အမှတ်နှစ်တွင် ကျန့်ယန်သည် ကျန်းချန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

သူ၏ မျက်နှာတွင် မာန၏ အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

"ဟားဟား..ငါ့ဘ၀တစ်လျှောက်မှာ အရှုံးပေးတယ် ဆိုတာမျိုး ဘယ်တော့မှမရှိခဲ့ဘူး.. မင်းတို့.နတ်ဓားဂိုဏ်းရဲ့ နံပါတ်တစ်ပါရမီရှင် ကျန့်ချန်တောင် ငါ့ကို ရှုံးနိမ့်စေနိုင်တဲ့ စွမ်းရည် ရှိမယ်လို့ ငါမထင်ဘူး.. မင်းက ဘာကောင်မို့လို့လဲ.. ငါ့ကို ဒီလိုပြောဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူက တိုက်ခိုက်ရေးကွင်း ပေါ်တွင် တင်ပလ္လင်ခွေ၍ ထိုင်လိုက်ပြီး ကျန်းယန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

သူ၏ အထက်စီးဆန်သောအသံသည် ကွင်းပြင် တစ်ခုလုံးကို ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

"ငါ့အနေနဲ့ ဒီမှာငြိမ်ငြိမ်လေး ထိုင်နေရင်တောင် အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း မင်းကိုရှုံးနိမ့်အောင် လုပ်ဆောင်နိုင်တယ်"

ကျန်းချန်၏ မောက်မာသောစကားကိုကြားလျှင် ကွင်းပြင်တစ်ခုလုံး ဆူညံသွားခဲ့သည်။

"ဘာမှမလုပ်ဘဲ ကျန့်ယန်ကို အရှုံးပေးအောင် လုပ်နိုင်တယ်ဟုတ်လား.. ဒီကောင်ရူးနေပြီထင်တယ်"

"ကျန့်ယန်ရှေ့မှာ ဘာနာမည်မှမရှိတဲ့ကောင်က မောက်မာနေတာပဲ.. ဒါက ကိုယ့်သေလမ်းကို ကိုယ်တိုင် ရှာဖွေတာနဲ့ အတူတူပဲ"

"........."

ကျန်းချန်က သူ့ကို မျက်လုံးထဲပင် မထည့်သည်ကို သိလျှင် ကျန့်ယန်သည် အဆုံးသတ်တွင် လုံး၀ ဒေါသ ထွက်သွားခဲ့သည်။

"ကောင်လေး.. မင်းငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့တယ်.. မင်းက ဒီလောက်တောင် လေလုံးထွားမှတော့ ငါ့ရှေ့မှာ မောက်မာရဲတဲ့ အကျိုးဆက်ကို ခံစားစေရမယ်"

ကျန့်ယန်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက ခန္ဓာကိုယ်ထဲရှိ စွမ်းရည်များကို လက်၀ါးဆီသို့ ပို့လွှတ်ကာ ကျန်းချန်ကို ဒေါသတကြီးဖြင့် တိုက်ခိုက်လိုက်သည်။

ကျန်းချန်က သူ့ဆီသို့ လာနေသည့် ကျန့်ယန်ကို တည်ငြိမ်စွာကြည့်နေခဲ့၏။

သူ၏ အမူအရာက လုံး၀ မပြောင်းလဲခဲ့ပေ။

ကျန့်ယန်က သူနှင့် သုံးပေအကွာအဝေးသို့ ရောက်လာသောအခါတွင် သူ၏ခန္ဓာကိုယ်မှ မှိန်ဖျော့သော ရွှေရောင်အလင်း အကာအကွယ်တစ်ခုသည် ချက်ချင်းဆိုသလိုပေါ်ထွက်လာခဲ့သည်။

အခန်း(၅၇၇)ပြီး၏။

အခန်း (၅၇၈)

ကွင်းပြင်ပေါ်ရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ကျန့်ယန်၏ ပြင်းထန်သော အသက်စွမ်းအင်များ ပါ၀င်သည့် လက်ဝါးသည် ကျန်းချန်၏ ရွှေရောင်အလင်း အကာအကွယ် ပေါ်သို့ ကျရောက်သွားခဲ့သည်။

"၀ုန်း"

ပြင်းထန်သောစွမ်းအင် သက်ရောက်မှုကြောင့် လေထဲတွင် ပေါက်ကွဲသံက ပဲ့တင်ထပ်သွားခဲ့၏။

စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုအောက်တွင် ပုံရိပ်တစ်ခုသည် နောက်ပြန်လွင့်စင်သွားခဲ့သည်။

လူတိုင်းက နောက်ပြန်လွင့်စင်လာသည့် ပုံရိပ်ကို ကြည့်လိုက်ရာ နတ်ဓားဂိုဏ်းမှ ကျန့်ယန် ဖြစ်နေသည်ကို အံ့သြစွာတွေ့လိုက်ရသည်။

အခြားတစ်ဖက်ရှိ ကျန်းချန်ကမူ ရသေ့ကြီးတစ်ပါး ကဲ့သို့ တိုက်ခိုက်ရေးကွင်းထဲတွင် တည်ငြိမ်စွာ တင်ပုလ္လင်ခွေထိုင်နေဆဲပင်။

"ဒင်.. သင်က တိုက်ခိုက်ခံရပြီး မပျက်စီးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်း နည်းစနစ်ကနေ အတွေ့အကြုံရမှတ် ၄၉၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ မပျက်စီးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေး နည်းစနစ်က စတုတ္ထအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

သူ့စိတ်ထဲမှ သတိပေးသံကိုကြားရလျှင် ကျန်းချန်သည် ပြုံးလိုက်မိသည်။

သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်သည် တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း စတုတ္ထအဆင့်ကို တက်လှမ်းရန် နှေးကွေးနေခဲ့၏။

သူက တိုက်ခိုက်ရေးကွင်းထဲတွင် တင်ပုလ္လင်ခွေထိုင်ပြီး ကျန့်ယန်ကို တိုက်ခိုက်ခွင့်ပေးကာ ကျန့်ယန်၏ တိုက်ခိုက်မှုကိုအသုံးချပြီး အတွေ့အကြုံရမှတ်များ ယူ၍ မပျက်စီးနိုင်သောခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ကို တိုးတက်မှုရရှိစေရန် မျှော်လင့်ခဲ့သည်။

တကယ်လည်း ကျန်းချန် မျှော်လင့်ထားသည့်အတိုင်းပင် ကျန့်ယန်၏ တိုက်ခိုက်မှုသည် သူ၏ မပျက်စီးနိုင်သည့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ကို စတုတ္ထအဆင့်သို့ အလွယ်တကူဖြတ်ကျော်ရာတွင် ကူညီပေးခဲ့သည်။

ယခုအခါတွင် သူသည် ခန္ဓာကိုယ်အင်အား သက်သက်ဖြင့်ပင် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် ပထမအဆင့် ကျင့်ကြံသူများနှင့် ယှဥ်နိုင်နေပြီ ဖြစ်၏။

"၀ိုး..ကျန့်ယန်က လွင့်စင်သွားတာလား"

"ဒါ.. ဒါ မယုံနိုင်စရာပဲ"

"........."

တိုက်ခိုက်ရေးကွင်းအမှတ်နှစ် ပေါ်မှ ထူးဆန်းသည့် မြင်ကွင်းကို မြင်လျှင် မရေမတွက်နိုင်သော လူများသည် မျက်လုံး မျက်ဆံပြူးကာ အံ့သြကုန်ကြသည်။

ကျန့်ယန်၏ ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်ကို ဖြေရှင်းသည်မှာ လွယ်ကူသောကိစ္စ တစ်ခုဟု သူတို့ထင်ခဲ့သည်။

သို့ရာတွင် မည်သူမှ မထင်ထားသော အလုပ်ကို ကျန်းချန်က လုပ်သွားခဲ့ပြီး စင်မြင့်ပေါ်တွင် တင်ပုလ္လင်ခွေထိုင်ကာ ကျန့်ယန်ကို စိတ်ကြိုက် တိုက်ခိုက်ခွင့်ပေးခဲ့သည်။

ရလဒ်အနေဖြင့် ကျန့်ယန်သည် ကျန်းချန်ကို ထိခိုက်အောင် မလုပ်နိုင်ရုံတင်မက လူတစ်ကိုယ်လုံးပင် နောက်ပြန် လွင့်စင်သွားခဲ့ရ၏။

"ဒီကောင်လေးက အတော်လေး ထူးဆန်းတာပဲ"

ထိုက်ရှဂိုဏ်းမှ လူများကမူ အလွန်တစ်ရာ တည်ငြိမ်သော အမူအရာဖြင့် တိုက်ပွဲကို ကြည့်နေကြသည်။

ကျန်းချန်ဆိုသည်မှာ သူတို့ ထိုက်ရှဂိုဏ်း၏ နတ်ဆိုးအဆန် ဆုံးပါရမီရှင် ဖြစ်သည် မဟုတ်ပါလား။

၎င်းက ကောင်းကင်စာရင်းအတွက် တိုက်ပွဲတွင် ထိုက်ရှဂိုဏ်း၏ တစ်ခုတည်းသော ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သည့် ထိုက်ရှတိုက်ခိုက်ရေး ကျင့်စဥ်ကို အသုံးပြုပြီးအစစ်အမှန် တပည့် အောင်းထျန်းခွေ့ကိုပင် အနိုင်ရရှိခဲ့သူဖြစ်သည်။

ထို့အပြင် ထျန်းလုံကျောက်တိုင်၏ ကောင်းချီးကိုခံယူပြီးနောက်တွင် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ငါးခုကို ဒုတိယအဆင့်ထိ မြှင့်တင်နိုင်ခဲ့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်ကို ကျန့်ယန်က မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။

ကျန့်ယန်က နောက်ပြန်လွင့်စင်သွားပြီးနောက်တွင် သူ၏ ပုံရိပ်ကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။

သူက မျက်နှာချင်းဆိုင်ရှိ မလှုပ်မရှားထိုင်နေသော ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။

သူ၏ မျက်၀န်းထဲတွင် ဒေါသ အရိပ်အယောင်တစ်ခုက ယှက်သန်းသွားခဲ့၏။

သူက နတ်ဓားဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး နံပါတ်တစ် အစစ်အမှန်တပည့်၏ ဂျူနီယာညီလေး ဖြစ်သော်လည်း ကျန်းချန်၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။

"ကျန်းချန် မင်းမှာစွမ်းရည် နည်းနည်းပါးပါး ရှိနေမယ်လို့ မထင်ထားမိဘူး.. မင်းကိုငါ အထင်သေးခဲ့မိတယ်"

ကျန့်ယန်ကို အသက်ကိုခပ်ပြင်းပြင်း ရှုသွင်း၍ ပြောလိုက်သည်။

သူက ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်ပြီး "ငါခုနတုန်းက ပေါ့ပေါ့ဆဆ လုပ်မိသွားတယ်.. ဒီလို ကံကောင်းမှုမျိုး မင်းနောက်တစ်ကြိမ်ထပ်ရမှာ မဟုတ်တော့ဘူး"

"ငါ့ရဲ့အကာအကွယ်ကိုတောင် မချိုးဖျက်နိုင်တဲ့ကောင်က ငါ့ရှေ့မှာ အရှက်မရှိဘဲ လေလုံးထွားရဲတယ်.. ငါသာ မင်းနေရာမှာဆိုရင် အခုချက်ချင်းပဲ အရှုံးပေးလိုက်မိမှာပဲ.. ဘာလို့လဲဆိုတော့ ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် အရှုံးက ပိုပြီး အရုပ်ဆိုးအကျည်းတန်သွားမှာ စိုးလို့ပဲ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီလေ အရှုံးမပေးချင်ဘူး ဆိုရင်လည်း ဆက်ပြီးတော့ တိုက်ခိုက်ပါ.. မင်းငါ့ကို တိုက်ခိုက်မှာကို ငါဒီအတိုင်းပဲခုခံမယ်"

"ကျန်းချန်..သွားသေလိုက်တော့.."

ကျန်းချန်က သူ့ကို မျက်စိထဲပင် မထည့်သည်ကို မြင်လျှင် ကျန့်ယန်သည် ဒေါသအိုး ပေါက်ကွဲကာ မျက်၀န်းထဲတွင် ရေခဲကဲ့သို့ အေးစိမ့်သည် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူ၏ နောက်ကျောမှ ဓားရှည်သည် ချက်ချင်းပင် ဓားအိမ်ကနေ ထွက်လာပြီး ဓားထိပ်ကနေ ထက်မြက်သော ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

အခန်း(၅၇၈)ပြီး၏။

အခန်း (၅၇၉)

ပြင်းထန်သော ဓားအလင်းက လေထုကိုထိုးခွဲကာ ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအင်သည် ကျန်းချန်၏ ပတ်ပတ်လည်ရှိ ရွှေရောင်အလင်း အကာအကွယ်ပေါ်ကို ကျရောက်သွားခဲ့၏။

"၀ုန်း"

ဓားစွမ်းအင်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံသည် လေထဲတွင်ပဲ့တင်ထပ်သွားခဲ့၏။

သို့သော်လည်း ကျန့်ယန်၏ ပြင်းထန်သော ဓားအလင်းသည် ကျန်းချန်၏ အကာအကွယ်ကို မချိုးဖျက်နိုင်သလို ကျန်းချန်ကို အနည်းငယ်မျှပင် နာကျင်စေရန် ခက်ခဲနေဆဲပင်။

"ဒီကောင်ရဲ့ ခန္ဓာကိုယ်ကျင့်စဥ်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ.. ကျန့်ယန်လို သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ် န၀မအဆင့် အင်အားနဲ့တောင် သူ့ရဲ့ အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ဘူး"

ကျန့်ယန်၏ တိုက်ခိုက်မှုကို ထပ်မံ ကျရှုံးသွားသည်ကို တွေ့လိုက်ရလျှင် ကွင်းပြင်ထဲတွင် ရှိနေသည့် မရေမတွက်နိုင်သည့်ပရိသတ်များ၏ မျက်လုံးများ၌ အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

"သူ့ရဲ့ကာကွယ်ရေးက တဖြည်းဖြည်းပိုပြီး အားကောင်းလာသလိုပဲ.. ငါမှန်းတာမမှားရင် သူက ကျန့်ယန်ရဲ့ တိုက်ခိုက်မှုကို အသုံးချပြီး သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း နည်းစနစ်ကို တိုးတက်အောင် ပြုလုပ်နေပုံရတယ်"

အတွေ့အကြုံ ကြွယ်၀ပုံရသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်က အံ့သြသောအမူအရာဖြင့် သုံးသပ်လိုက်သည်။

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ စကားကြောင့် ပတ်၀န်းကျင်မှ မရေမတွက်နိုင်သော ကြည့်ရှုသူများသည် ချက်ချင်းပင် အသက်ရှုမှားကုန်ကြသည်။

"နတ်ဓားဂိုဏ်းရဲ့ပါရမီရှင်တပည့် ကျန့်ယန်ရဲ့ တိုက်ခိုက်မှုကို အသုံးချပြီး ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း နည်းစနစ်ကို တိုးတက်အောင် ပြုလုပ်ခဲ့တယ်လား.. ကျန်းချန်ဆိုတဲ့ ထိုက်ရှဂိုဏ်းရဲ့ တပည့်က ဘယ်နေရာကနေ ပေါ်လာတာလဲ.. ငါသူ့ကို ကြားတောင် မကြားဖူးဘူး"

"ကျန်းချန် ဒီနေ့မင်းရဲ့လိပ်ခွံကို မချိုးဖျက်နိုင်ဘူးလို့ ငါမယုံဘူး"

"အံ့ဖွယ်နဂါးခုတ်သိုင်းကွက်"

ထိုခဏတွင် ကျန့်ယန်၏ မျက်နှာသည် အလွန်ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

သူက ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်ကို အပြည့်အ၀ အသုံးပြုကာ ဓားရှည်ကိုဝှေ့ရမ်းလိုက်ပြီး နတ်ဓားဂိုဏ်း၏ နာမည်ကျော် အံ့ဖွယ်နဂါးခုတ်ပိုင်းသိုင်းကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလို ပတ်၀န်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် သုံးပေခန့် ရှည်လျားသည့် နဂါးပုံသဏ္ဍာန် အဖြစ် အလျင်အမြန် စုစည်းသွားခဲ့သည်။

ထို့နောက်တွင် ထိုနဂါးသည် ကျန်းချန်ကို ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်နေခဲ့၏။

"ဒါက နတ်ဓားဂိုဏ်းရဲ့ နာမည်ကျော်ဓားသိုင်းပဲ.. ကြည့်ရတာ ကျန့်ယန်က အစွမ်းကုန်တိုက်ခိုက်တော့မဲ့ပုံပဲ.. နတ်ဓားဂိုဏ်းရဲ့ အံ့ဖွယ်နဂါးခုတ်ပိုင်းသိုင်းက အရမ်းကို ရုန့်ရင်းကြမ်းတမ်းတယ်လို့ နာမည်ကြီးတယ်.. ကျန်းချန် ဒီတစ်ခါ ဒုက္ခရောက်မှာကို စိုးရိမ်တယ်"

"........"

ကျန့်ယန် ထုတ်ဖော်လိုက်သည့် ဓားသိုင်းကိုမြင်လျှင် ပတ်၀န်းကျင်ရှိလူများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

"၀ုန်း"

ထိုအခိုက်မှာပင် ကျန့်ယန်၏ အံ့ဖွယ်နဂါးခုတ်ပိုင်းသိုင်းကွက်သည် ချက်ချင်းပင် လေထုကိုဖြတ်သန်းသွားပြီး တင်ပျဥ်ခွေ၍ ထိုင်နေသည့် ကျန်းချန်ကို ထိခိုက်သွားကာ တိုက်ခိုက်ရေးကွင်း အမှတ်နှစ်ပေါ်တွင် မီးခိုးလုံးများ ထွက်ပေါ်လာခဲ့၏။

မီးခိုးလုံးများအားလုံး ငြိမ်သက်သွားသည်အထိ စောင့်နေပြီးနောက်တွင် လူတိုင်း၏ အကြည့်သည် တိုက်ခိုက်ရေးကွင်းအမှတ်နှစ် ဆီကို တညီတညွတ်တည်း ရောက်ရှိသွားခဲ့၏။

ထိုအခါ တိုက်ခိုက်ရေးကွင်း အမှတ်နှစ်ပေါ်တွင် တည်ငြိမ်စွာထိုင်နေသော ကျန်းချန်ကို မြင်လျှင် လူတိုင်းသည် လုံး၀ အံ့အားသင့်သွားကြသည်။

ကျန့်ယန်က အံ့ဖွယ်နဂါးခုတ်ပိုင်းသိုင်းကို ထုတ်ဖော်ခဲ့သော်လည်း ကျန်းချန်၏ ခုခံကာကွယ်ရေးကို မချိုးဖျက်နိုင်ခဲ့ပေ။

လူတိုင်းသည် ကျန်းချန်ကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေကြပြီး အံ့သြတုန်လှုပ်မှုကနေ ပြန်လည် အသိ၀င်လာရန် အချိန်အတော်ယူခဲ့ရသည်။

"ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးနည်းစနစ်က ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်နေတာလဲ"

"ဒါ..ဒါမဖြစ်နိုင်ဘူး"

ကျန့်ယန်ကလည်း ထိုမြင်ကွင်းကို မျက်လုံးပြူး၍ ကြည့်ကာ သူ၏ပါးစပ်ကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

သူက သူတို့နတ်ဓားဂိုဏ်း၏နာမည်ကျော် သိုင်းပညာ ဖြစ်သည့် အံ့ဖွယ်နဂါးခုတ်ပိုင်းသိုင်းကို ထုတ်ဖော်ခဲ့သော်လည်း ကျန်းချန်၏ ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်သေးပေ။

"ဟားဟား.. နတ်ဓားဂိုဏ်းရဲ့ ဓားသိုင်းက ဒီလောက်အစွမ်းအစပဲ ရှိတာလား.. ငါ့ရဲ့ ခုခံကာကွယ်မှုကိုတောင် မချိုးဖျက်နိုင်ဘူး.. မင်းမှာ ဒီထက်ပိုကောင်းတဲ့ တိုက်ကွက်မရှိတော့ဘူးဆိုရင် ငါ့ကို အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ"

ကျန့်ယန်၏ အံ့ဖွယ်နဂါးခုတ်ပိုင်းသိုင်းကို အသာအယာပိတ်ဆို့ပြီးနောက်တွင် ကျန်းချန်၏ လှောင်ရယ်သံသည် တိုက်ခိုက်ရေးကွင်းထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"မင်းက ငါ့ကို အရှုံးပေးစေချင်တာလား အိပ်မက်သာ မက်နေလိုက်"

ကျန့်ယန်၏ မျက်လုံးများက နီရဲလာခဲ့သည်။

သူက ချက်ချင်းပင် အော်ဟစ်လိုက်ရာ သူ့ထံကနေ ဓားဆန္ဒဒုတိယအဆင့်၏ ခွန်အားသည် ပေါက်ကွဲထွက်လာခဲ့သည်။

နောက်ထပ် တခဏတွင် သူ၏ပုံရိပ်က လျှက်တပြက် ပျောက်ကွယ်သွားပြီး ဓားဆန္ဒနှင့် ပေါင်းစည်းထားသည့် သူ၏ဓားရှည်သည် ကျန်းချန်၏ မျက်ခုံးကို တိုက်ရိုက် ထိုးဖောက်ရန် ဦးတည်နေခဲ့သည်။

အခန်း (၅၇၉)ပြီး၏။

All Chapters