← Chapters

အခန်း (၅၈၁-၅၈၃)

Vol. 39 Ch. 581-583

အခန်း (၅၈၁-၅၈၃)

Vol. 39 Ch. 581-583

အခန်း(၅၈၀)

ကျန့်ယန်၏ ဓားရှည်က ကျန်းချန်၏ မျက်ခုံးအလယ် တည့်တည့်သို့ တည့်မတ်စွာ ရောက်ရှိလာခဲ့သည်။

"ထန်း.."

သို့သော် သူ၏ဓားရှည်က ကျန်းချန်အရှေ့ရှိ ရွှေရောင်အလင်းအကာအကွယ်ကို ထိမိလိုက်သောအခါတွင် ထန်းခနဲ အသံမြည်သွားခဲ့ပြီး သူ၏ဓားရှည်ကို နောက်ထပ် ရှေ့တိုးရန် ခက်ခဲသွားခဲ့သည်။

သူ၏ ဓားရှည်ထဲတွင် ပါ၀င်သည့် ဓားဆန္ဒဒုတိယအဆင့်ခွန်အားသည်လည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။

သူ၏ တိုက်ခိုက်မှုက အရာ မရောက်သည်ကိုမြင်လျှင် ကျန့်ယန်သည် ရူးသွပ်လုမတတ် ဖြစ်သွားခဲ့သည်။

"နာမည်မရှိတဲ့ ထိုက်ရှဂိုဏ်းက တပည့်ကို ငါလုံး၀ အရှုံးမပေးနိုင်ဘူး.. ငါသူ့ကို အနိုင်ရရမယ်.. လုံး၀အနိုင်ရရမယ်"

ကျန့်ယန်၏ သူ၏ ဓားရှည်ကို ရူးသွပ်စွာ ဝှေ့ရမ်းလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း နည်းစနစ်သည် စတုတ္ထအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကျန့်ယန်၏ တိုက်ခိုက်မှုနှင့်အတူ ကျန်းချန်သည် မပျက်စီးနိုင်သော ခန္ဓာကိုယ်နည်းစနစ်မှ ရရှိသည့် အတွေ့အကြုံ ရမှတ်များသည် အလျင်အမြန် တိုးပွားလာခဲ့၍ သူ၏ ခန္ဓာကိုယ်အင်အားက ပို၍ပင် အင်အားကြီးမားလာခဲ့သည်။

ထို့ကြောင့် ကျန့်ယန်က ပို၍ အားထည့် တိုက်ခိုက်လေ၊ ကျန်းချန်၏ အကာအကွယ်ကို ချိုးဖျက်ရန် ပိုပြီး မဖြစ်နိုင်လေ ဖြစ်လာခဲ့သည်။

အဆုံးသတ်တွင် ကျန့်ယန်သည် အသက်စွမ်းအင် ကုန်ဆုံးသွားသဖြင့် မောပန်းလာခဲ့ပြီး တိုက်ခိုက်ရေးကွင်းပေါ်တွင် လဲကျကာ ချက်ချင်းဆိုသလို သတိလစ်သွားခဲ့သည်။

"၀ိုး မယုံနိုင်စရာပဲ.. ငါအိပ်မက်မက်နေတာလား.. ထိုက်ရှဂိုဏ်းရဲ့နာမည်မရှိတဲ့ ကျင့်ကြံသူက ကျန့်ယန်ကို အနိုင်ရသွားခဲ့တယ်ဟ"

"........"

ကွင်းပြင်ပေါ်ရှိ မရေမတွက်နိုင်သော လူများသည် သူတို့ရှေ့မှမြင်ကွင်းကိုမြင်လျှင် အာခေါင်များ ခြောက်ကပ်လာ၍ တံ့တွေးများကိုပင် မျိုချလိုက်ရသည်။

သူတို့က ဤတိုက်ပွဲတွင် ကျန့်ယန် အနိုင်ရရှိမည်ဟု သေချာပေါက်ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း အမှန်တရားမှာ သူတို့၏မျက်နှာကို ဖြတ်ရိုက်သွားခဲ့၏။

ကျန့်ယန်က ရှုံးနိမ့်ရုံတင်မကဘဲ အလွန်ရှက်စရာကောင်းသည့် အခြေအနေဖြင့်

နတ်ဓားဂိုဏ်း၏ ပါရမီရှင်ကျန့်ယန်သည် ကျန်းချန်၏ အကာအကွယ်ကို ချိုးဖျက်ရာတွင် အင်အားတစ်စက်လေး ပင် မကျန်ရှိတော့ပဲ မေ့မျောသွားခဲ့သည် မဟုတ်ပါလော။

အံ့သြစရာအကောင်းဆုံးအရာမှာ တိုက်ပွဲတစ်ခုလုံးတွင် ကျန်းချန်သည် ငြိမ်ငြိမ်သက်သက်လေးသာ ထိုင်နေခဲ့ပြီး ခန္ဓာကိုယ်ကို တစ်စက်လေးမှ မလှုပ်ရှားခဲ့ခြင်းပင်။

"ဒီတစ်ခေါက် ဂိုဏ်းကြီးသုံးဂိုဏ်းသိုင်းပြိုင်ပွဲမှာ ထိုက်ရှဂိုဏ်းက ဒီလိုမျိုး ပါရမီရှင်မျိုးကို ဖုံးကွယ်ထားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး.. သူ့ရဲ့ခွန်အားက ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့အစစ်အမှန်တပည့်တွေထက် လုံး၀မနိမ့်ဘူး.. နံပါတ်တစ် အစစ်အမှန်တပည့်တွေနဲ့ ယှဥ်ပြိုင်ဖို့တောင် အရည်အချင်း ရှိနိုင်လောက်တယ်.. ဒီတစ်ခေါက် ဂိုဏ်းကြီးသုံးဂိုဏ်းသိုင်းပြိုင်ပွဲက အတော်လေး စိတ်၀င်စားစရာ ကောင်းတာပဲ"

"........."

လူတိုင်း တိုက်ခိုက်ရေးကွင်းကနေ ဆင်းသက်လာသည့် ကျန်းချန်ကို ကြည့်ကာ မအံ့သြဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန် ဆင်းသက်လာသော အချိန်တွင် ကျန့်ချန်သည် သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန် လှုပ်ရှားလိုက်ပြီး သတိလစ်နေသည့် သူ၏ဂျူနီယာညီလေး ကျန့်ယန်ကို ကောက်ချီလိုက်သည်။

သူက ကျန်းချန်နားက ဖြတ်သွားသောအခါတွင် သူ၏ အေးစက်စက် အသံသည် ကျန်းချန်၏နားထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ကျန်းချန် မင်းက ငါ့ရဲ့ဂျူနီယာညီလေးကို စော်ကားရဲတယ်.. မင်းနဲ့ တိုက်ပွဲမှာ တွေ့ရင်မင်းဆီကနေ ဒီအကြွေးကို နှစ်ဆပြန်ယူမယ်"

"ကောင်းပြီလေ မင်းကို ငါစောင့်နေမယ်"

ကျန်းချန်က ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်ပြီး ထိုက်ရှဂိုဏ်း၏ နေရာဆီသို့ ပြန်လှည့်သွားခဲ့သည်။

ထို့နောက်တွင် ပြိုင်ပွဲက ဆက်လက် ကျင်းပခဲ့ပြီး မုန့်ချင်းရွှယ်ကလည်း ပထမဆုံးပြိုင်ဘက်ကို အနိုင်ရကာ ပထမဆုံးသောအမှတ်ကို ရရှိခဲ့သည်။

ဤကဲ့သို့ ပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် အတူ ပထမအကျော့ပြိုင်ပွဲများသည် အလျင်အမြန် ပြီးဆုံးသွားခဲ့ပြီးနောက် ဒုတိယအကျော့သို့ ရောက်လာခဲ့သည်။

ဤတစ်ခေါက်တွင် ကျန်းချန်၏ ပြိုင်ဘက်သည် သိပ်ပြီး အင်အားမကြီးပေ။

ထျန်းယွဲ့ဂိုဏ်းမှ သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ် န၀မအဆင့်ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။

ကျန်းချန်က ယခင်တိုက်ပွဲလိုပင် တင်ပုလ္လင်ခွေ၍ ထိုင်နေခဲ့ပြီး ထျန်းယွဲ့ဂိုဏ်းမှ တပည့်ကို စိတ်ကြိုက် တိုက်ခိုက်ခွင့်ပေးခဲ့သည်။

ထျန်းယွဲ့ဂိုဏ်းမှ တပည့်သည် ကျန်းချန်၏ ရွှေရောင်အလင်းအကာအကွယ်ကို အကြိမ်ပေါင်းများစွာ ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပြီးနောက်တွင် အဆုံးသတ်၌ အရှုံးပေးရန်သာ ရွေးချယ်ခဲ့သည်။

နောက်ထပ် အကျော့များတွင်လည်း ကျန်းချန်၏ပြိုင်ဘက်များသည် သူ၏ ရွှေရောင်အလင်းအကာအကွယ်ကို ချိုးဖျက်ရန် မအောင်မြင်ခဲ့သဖြင့် အရှုံးပေးဖို့ကိုသာ လိုလိုလားလား ရွေးချယ်ခဲ့ကြသည်။

ဆိုရလျှင် ကျန်းချန်၏ ပြိုင်ဘက်ကင်း ခုခံကာကွယ်မှုနှင့် ရင်ဆိုင်ရသော ပြိုင်ပွဲ၀င်များ အားလုံးသည် လုံး၀ကို ကူကယ်ရာမဲ့နေခဲ့ကြ၏။

ပတ်၀န်းကျင်မှ ပရိသတ်များပင် ကျန်းချန်၏ ပြိုင်ဘက်များအတွက် ဂရုဏာ သက်မိနေခဲ့ကြသည်။

ဆိုရလျှင် ဤကောင်လေးသည် ပြိုင်ပွဲ၀င်များအတွက် တကယ့်ကို ဂြိုလ်ကောင်ပြိုင်ဘက် တစ်ယောက်ပင် မဟုတ်ပါလား။

အခန်း(၅၈၀)ပြီး၏။

အခန်း(၅၈၁)

တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲ ယှဥ်ပြိုင်ရင်း အချိန်တွေက တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။

ဤသို့ဖြင့် အဆင့်ဆယ်ဆင့် ပါဝင်သည့် တိုက်ပွဲများသည် အလွန်လျင်မြန်စွာပင် ပြီးဆုံးလာခဲ့၏။

ယခင်ကိုးပွဲလုံးတွင် ကျန်းချန်က အနိုင်ကိုးပွဲဖြင့် အံ့ဩစရာကောင်းသော စံချိန်တစ်ခုကို ရရှိခဲ့သည်။

သူက ရှထျန်းမင် အပြင် တိုက်ခိုက်ရေးကွင်း အမှတ်၂တွင် တိုက်ပွဲတိုင်းကို အနိုင်ရရှိသည့် စံချိန်အား ထိန်းသိမ်းထားနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်၏။

မုန့်ချင်းရွှယ်က တိုက်ပွဲတွင် ကျန်းချန်နှင့် တွေ့ဆုံခဲ့ပြီး အရှုံးပေးဖို့ ရွေးချယ်ခဲ့သောကြောင့် အနိုင်ရှစ်ပွဲ၊ အရှုံးတစ်ပွဲဖြင့် တတိယနေရာကို ရရှိခဲ့သည်။

စတုတ္ထနေရာကို ရရှိသောလူသည် နတ်ဓားဂိုဏ်း၏ အစစ်အမှန် တပည့်တစ်ယောက်ဖြစ်သည်။

နောက်ဆုံးအဆင့် တိုက်ပွဲတွင် မည်သူမှ ထိုလေးယောက်၏ စံချိန်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရမည့် လေးနေရာကို ထိုလေးယောက်က သေချာသလောက် သိမ်းပိုက်ထားပြီးသား ဖြစ်သည်။

ပြောင်းလဲနိုင်သည့် တစ်ခုတည်းသောအရာမှာ ထိုလေးယောက်၏ အဆင့်များ ဖြစ်သည်။

"တိုက်ခိုက်ရေးကွင်းအမှတ်၂၊ ကျန်းချန်နဲ့ ရှထျန်းမင်"

ဒိုင်က ပြိုင်ပွဲဝင်အမည်များကို ကြေညာလိုက်သောအခါ ကွင်းပြင် တစ်ခုလုံး ဆူညံသွားခဲ့သည်။

ပရိသတ်အားလုံး၏ အကြည့်များသည် တစ်ချိန်တည်းမှာပင် တိုက်ခိုက်ရေးကွင်း အမှတ်၂ဆီသို့ ရောက်ရှိသွား၏။

မြောက်ပိုင်းတောရိုင်းဒေသ၏ ပြိုင်ဘက်ကင်း လူငယ်ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် ရှထျန်းမင်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ကျန့်ချန်အပြင် ဤသိုင်းပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသူ တစ်ဦးလည်း ဖြစ်၏။

ဤသိုင်းပြိုင်ပွဲ၏ အကြီးမားဆုံး ဖျက်မြင်းဖြစ်သည့် ကျန်းချန်ကလည်း တိုက်ခိုက်ရေးကွင်းအမှတ်၂တွင် ရှထျန်းမင်နှင့် စံချိန်တူညီနေသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ယခု ထျန်းယွဲ့ဂိုဏ်း၏ အင်အားအကြီးဆုံး ပါရမီရှင်သည် ထိုက်ရှဂိုဏ်း၏ အင်အားအကြီးဆုံး ဖျက်မြင်းနှင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်၏။

နှစ်ယောက်လုံးက နောက်တစ်ဆင့်ကို တက်ရောက်ပြီးသားဖြစ်၍ တိုက်ပွဲကို အနိုင်ရရှိသူသည် တိုက်ခိုက်ရေးကွင်းအမှတ်၂၏ ပထမဟူသောဂုဏ်ပုဒ်ကိုသာ ရရှိမည် ဖြစ်သည်။

"ကျန်းချန်.. နောက်ဆုံးတော့ တွေ့ရပြီပေါ့.. ဒီပွဲပြီးရင် မင်းရဲ့ အနိုင်ရလဒ်က အဆုံးသတ်ပြီ"

ရှထျန်းမင်က ဝင့်ကြွားသောအမူအရာဖြင့် ရပ်နေခဲ့သည်။

သူက မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်လိုက်၏။

သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ တောက်ပလာခဲ့သည်။

ဤကောင်လေးသည် ယမန်နေ့က ထျန်းယွဲ့ဂိုဏ်း စခန်းချသည့်နေရာသို့ ရောက်လာပြီး သူ သဘောကျသည့် မုန့်ချင်းရွှယ်ကို ခေါ်သွားခဲ့သည်။

ယခု တိုက်ခိုက်ရေးကွင်းထဲတွင် ဤကောင်လေးနှင့် တွေ့နေပြီ ဖြစ်ရာ ဤကောင်လေးကို ဘယ်တော့မှ မမေ့နိုင်သည့် နာကျင်စရာကောင်းသော သင်ခန်းစာတစ်ခု သင်ပေးရပေမည်။

"ဟားဟား"

"ဒီလောက်များတဲ့ တိုက်ပွဲတွေ ယှဥ်ပြိုင်ပြီးမှပဲ အနည်းငယ် သန်မာတဲ့ ပြိုင်ဘက်တစ်ယောက်ကို တွေ့ရတော့တယ်.. ငါ့ရဲ့ ကြွက်သားတွေနှင့် အရိုးတွေကို နည်းနည်းပါးပါး အလုပ်ပေးလို့ရသွားပြီ"

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်မှုရှိသည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

သူက ရှတျန်မင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"တက်လာစမ်း.. တျန်ယွဲ့ဂိုဏ်းရဲ့ နံပါတ်တစ် အစစ်အမှန် တပည့်က ငါ့ရဲ့အရိုးနဲ့ ကြွက်သားတွေကို အလုပ်ပေးနိုင်မလား ငါ ကြည့်ချင်တယ်"

ကျန်းချန်၏ စိန်ခေါ်သည့်ပုံစံကို မြင်လျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် အသက်ရှူပင် မှားသွားကြသည်။

ရှထျန်းမင် ဆိုသည်မှာ ထျန်းယွဲ့ဂိုဏ်း၏ အင်အားအကြီးဆုံး ပါရမီရှင်ဖြစ်၏။

သို့တိုင် ကျန်းချန်၏ စကားအရ ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန် တပည့်သည် ကျန်းချန်၏ ကြွက်သားနှင့် အရိုးများကို လှုပ်ရှားခိုင်းရုံသာ တတ်နိုင်သည်ဟု ဆိုလိုရာ ရောက်နေခဲ့သည်။

"ကျန်းချန်.. မင်း သေလမ်း ရှာနေတာပဲ"

ရှထျန်းမင်၏ မျက်လုံးများက အေးစက်စက် အရိပ်အယောင်များဖြင့် တောက်ပနေ၏။

သူက ထျန်းယွဲ့ဂိုဏ်း၏ အင်အားအကြီးဆုံး ပါရမီရှင်ဖြစ်ပြီး နတ်ဓားဂိုဏ်းမှ ကျန့်ချန်ပင် အလေးထားရသော ပြိုင်ဘက်ဖြစ်သည်။

သူက ဘယ်တုန်းက ဤကဲ့သို့ ကောင်လေးတစ်ယောက်၏ အထင်သေးမှုကိုမခံခဲ့ရပေ။

ရှထျန်းမင်၏ ရင်ထဲတွင် ဒေါသများလှိမ့်တက်လာခဲ့သည်။

သူက လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို ဦးတည်တိုက်ခိုက်လိုက်၏။

"ဒီတိုက်ခိုက်မှုလောက်က ငါ့ကို ဘာမှမလုပ်နိုင်ဘူး...မင်းရဲ့ တကယ့် အင်အားအစစ်ကို ပြစမ်းပါ"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ချက်ချင်းပင် လက်သီးတစ်ချက်ကို အသာအယာ ပစ်လွှတ်ကာ ရှထျန်းမင်၏ တိုက်ကွက်ကို ချေဖျက်လိုက်သည်။

"မင်းခုနက မောက်မာနေတယ် မဟုတ်လား.. တကယ် အစွမ်းအစရှိရင် အဲဒီမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး မလှုပ်ရှားနဲ့လေ"

ရှထျန်းမင်က ကျန်းချန် တိုက်ခိုက်လိုက်သည်ကိုမြင်လျှင် ခနဲ့လိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်၏။

သူ၏ မောက်မာသောအသံသည် ကွင်းပြင်တွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ဒီတစ်ကြိမ်တိုက်ပွဲကို မင်းတစ်သက်လုံး အမှတ်ရအောင် ငါလုပ်ပေးမယ်.. ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ ထျန်းယွဲ့ဂိုဏ်း နံပါတ်တစ် အစစ်အမှန်တပည့် ဂုဏ်ပုဒ်ကို လုံးဝ နင်းချေပစ်မှာမို့လို့ပဲ"

အခန်း(၅၈၁) ပြီး၏

အခန်း(၅၈၂)

"ဟမ့်.. မင်းက ငါ့ကို အနိုင်ယူဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား"

ရှထျန်းမင်က နှာခေါင်းရှုံ့၍ အေးစက်စွာ ရေရွတ်လိုက်သည်။

သူက လေဆန္ဒကို ထုတ်ဖော်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးသည် လေနှင့်အတူ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တခဏအကြာတွင် ရှထျန်းမင်၏ ပုံရိပ်သည် ကျန်းချန်ရှေ့၌ ချက်ချင်း ပေါ်လာခဲ့၏။

သူက ကြောက်မက်ဖွယ်ကောင်းသော လက်သည်းကုတ်ချက်ဖြင့် ကျန်းချန်၏ လည်မျိုကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။

"အံ့သြဖို့ကောင်းလိုက်တာ.. အရမ်းမြန်တာပဲ"

"ထျန်းယွဲ့ဂိုဏ်းရဲ့ အင်အားအကြီးဆုံး ပါရမီရှင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. သူက တကယ်ကို အင်အားကြီးမားတာပဲ"

ရှထျန်းမင်၏ မယုံနိုင်စရာ တိုက်ခိုက်မှုကို မြင်လျှင် လူတိုင်းသည် အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။

ရှထျန်းမင်၏ အရှိန်အဟုန်က အလွန်မြန်သော်လည်း ကျန်းချန်၏ အရှိန်အဟုန်က ပို၍ပင် မြန်နေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ရှထျန်းမင်က ကျန်းချန်ကို တိုက်ခိုက်လိုက်သောအချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် တည်နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ ရှထျန်းမင်နှင့် သုံးလေးပေအကွာသို့ ရောက်ရှိသွားသောကြောင့်ပင်။

သူက မျက်နှာချင်းဆိုင်မှ ရှထျန်းမင်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းရဲ့ လေဆန္ဒ ဒုတိယအဆင့်က မဆိုးပါဘူး...ဒါပေမဲ့ ငါနဲ့ ယှဉ်ရင် လိုပါသေးတယ်"

"ကျန်းချန်က ရှထျန်းမင်ရဲ့တိုက်ခိုက်မှုကနေ ရှောင်ထွက်သွားတယ်ဟ"

"ဒီကောင်လေးရဲ့ လေဆန္ဒအပေါ်နားလည်မှုက လုံးဝ ရှထျန်းမင်ထက် မနိမ့်ဘူး"

".............."

ကျန်းချန်၏ လျှပ်စီးလို မြန်ဆန်သော လှုပ်ရှားမှုကို မြင်လျှင် လူတိုင်းသည် မျက်လုံးပြူး မျက်ဆံပြူးများ ဖြစ်ကုန်ကြ၏။

"ကျန်းချန်က လေဆန္ဒ ဒုတိယ အဆင့်ကိုလည်း နားလည်ထားတယ်လား"

နတ်ဓားဂိုဏ်းမှ လောဖုန်က တိုက်ပွဲ အခြေအနေကို ကြည့်ရင်း ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့သော အရိပ်အယောင် တစ်ခု ရှိနေခဲ့၏။

"မင်းစကားက ဘာအဓိပ္ပါယ်လဲ"

ကျန့်ချန်က လောဖုန်၏ စကားကို ကြားလျှင် မျက်ခုံး အနည်းငယ် တွန့်သွားခဲ့သည်။

"စီနီယာအစ်ကို ကျန့်ချန်.. ကျွန်တော်က တည်းခိုခန်းမှာ ကျန်းချန်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောဖူးတာ မှတ်မိလား"

လောဖုန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"အဲဒီအချိန်က သူ ထုတ်ဖော်ခဲ့တဲ့ ဒုတိယအဆင့် ဓားဆန္ဒက ကျွန်တော့်အောက် မနိမ့်ဘူး"

ကျန့်ချန်သည် ထိုစကားများကို ကြားလျှင် အနည်းငယ် အံ့သြသွားခဲ့သည်။

ကိုယ်ခံပညာ၏ စစ်မှန်သော နှစ်မျိုးကို နားလည်သောသူ တစ်ယောက်ဖြစ်သည့် ထိုက်ရှဂိုဏ်းမှ ကျန်းချန်သည် တကယ်ကို ကိုင်တွယ်ရ မလွယ်ကူဟန် ရှိနေ၏။

-------------

"မင်းလည်း လေဆန္ဒကို နားလည်ထားမယ်လို့ မထင်ထားဘူး... ဒါပေမဲ့... ဒီစွမ်းရည်လောက်နဲ့ ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်းရှိတယ်လို့ တကယ်ပဲ ထင်နေတာလား"

ရှထျန်းမင်က မထီမဲ့မြင် ပြုံး၍ ချက်ချင်းပင် လေထဲ၌ လက်နှစ်ဖက်ကို မြှောက်လိုက်ရာ တိုက်ခိုက်ရေးကွင်းအမှတ်၂၏ အထက်မှ ကောင်းကင်နှင့် မြေကြီး၏ အင်အားများသည် ရူးသွပ်စွာ ထွက်ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော လဝန်းတစ်ခုသည် လေထဲ၌ စုစည်းသွားပြီး ကွင်းပြင် တစ်ခုလုံး နီးပါးကို ဖုံးလွှမ်းသွားခဲ့၏။

"ကျန်းချန်.. ငါတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ မှော်လဝန်းလက်ဝါး အရသာကို မြည်းစမ်းကြည့်စမ်း"

ရှထျန်းမင်က အေးစက်စက် အော်ဟစ်လိုက်ပြီးနောက် လေထဲမှ ကြီးမားသော လဝန်းသည် ထိုက်စန်းတောင်ကဲ့သို့ ကျန်းချန်ကို ဖိအားပေးလာခဲ့သည်။

"ထိုက်ရှ စစ်ပွဲအရိပ်ကျင့်စဥ်"

ကျန်းချန်က အေးစက်စွာ ပြုံး၍ ကြွေးကြော်လိုက်၏။

ချက်ချင်းဆိုသလို လေထဲတွင် အရိပ် ကိုးဆယ့်ကိုးခု လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး အရိပ်တစ်ခုစီသည် သူ၏ ဦးခေါင်းပေါ်မှ ကြီးမားသော လဝန်းဆီသို့ ပြင်းထန်သော အင်အားဖြင့် တိုက်ခိုက်လိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း"

တိုက်ခိုက်မှု၏ တုန်လှုပ်ချောက်ချားဖွယ် အသံသည် လေထဲ၌ ဆက်တိုက် ပဲ့တင်ထပ်နေခဲ့၏။

လေထဲမှ လဝန်းသည် ကျန်းချန်၏ အရိပ်၉၉ခု တိုက်ခိုက်မှုအောက်တွင် ချက်ချင်း ပျက်စီးသွားပြီး ငွေရောင်အလင်း အနည်းငယ်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားကာ လေထဲ၌ပင် ပျောက်ကွယ်သွားခဲ့သည်။

မှော်လဝန်းလက်ဝါးသိုင်း ကျရှုံးသွားသော အချိန်တွင် ရှထျန်းမင်၏ ပုံရိပ်သည်လည်း ပေအနည်းငယ် နောက်ဆုတ်သွားခဲ့ရ၏။

သူက မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်ရန် ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးများတွင်လည်း မယုံကြည်နိုင်သည့် အံ့သြထိတ်လန့်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"ထျန်းယွဲ့ဂိုဏ်းရဲ့ မှော်လဝန်းလက်ဝါး အင်အားက မဆိုးပါဘူး.. ဒါပေမဲ့ ထိုက်ရှစစ်ပွဲအရိပ် ကျင့်စဥ်နဲ့ ယှဉ်ရင် အနည်းငယ် လိုပါသေးတယ်"

ရှထျန်းမင်၏ မှော်လဝန်းလက်ဝါးကို အသာအယာ ချိုးဖျက်ပြီးနောက်တွင် ကျန်းချန်၏ ခနဲ့သောလေသံသည် ကွင်းပြင် တစ်ခုလုံးကို ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

အခန်း(၅၈၂) ပြီး၏

All Chapters