← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅)

"ရှင်းဟိုင်.. ငါဒီနေ့ ဒီကိုရောက်လာတာ မင်းတို့နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘူး.. မင်းငါ့ကို တိုက်ခိုက်ဖို့ အတင်းအကြပ် ဖိအားမပေးမိစေနဲ့"

လူတိုင်း၏ စိတ်နှလုံးများ တုန်လှုပ်ခြောက်ခြားနေသော အချိန်မှာပင် ရွှယ်၀ူယင်း၏ လွှမ်းမိုးနိုင်သော အသံသည် လေ ဟာနယ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်သွားခဲ့၏။

ဤအခိုက်တွင် ရှင်းဟိုင်၏ အမူအရာသည် အလွန်ပင် မကြည်မလင် ဖြစ်နေခဲ့သည်။

ယခုလေးတင် ရင်ဆိုင်မှုကနေ ရှင်းဟိုင်သည်ရွှယ်၀ူယင်း၏ အင်အားက အနည်းဆုံး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် သို့မဟုတ် ထိုထက်ပင် ပို၍ မြင့်မားလောက်သည်ဟု ခံစားမိခဲ့သည်။

သူတို့ဂိုဏ်းကြီး သုံးဂိုဏ်းသည် နှစ်ထောင်ပေါင်းများစွာသက်တမ်းရှိသည့် ဂိုဏ်းကြီးများ ဖြစ်ကြသည်။

ဤလုံရှီးတောင်တွင် သူတို့ဂိုဏ်းကြီး သုံးဂိုဏ်း၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများစွာ ရှိနေသော်လည်း အင်အားအကောင်းဆုံးသူပင် တတိယအဆင့် အထွတ်အထိပ်ထက် ပို၍ အားမကောင်းပေ။

ဆိုရလျှင် သူတို့အားလုံးသည် သွေးအရိပ်အရှင် ရွှယ်ဝူယင်း၏ ပြိုင်ဘက်များ မဟုတ်ကြပေ။

ရွှယ်၀ူယင်းက တစ်ယောက်တည်းသာ လာသော်လည်း ၎င်း၏ အင်အားသည် သူတို့အားလုံးကို လွှမ်းမိုးရန် လုံလောက်မှု ရှိနေခဲ့သည်။

သူတို့ဂိုဏ်းချုပ်သုံးယောက် ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် သူတို့သာ အကြီးအကျယ် ဒဏ်ရာရရှိသွားလိမ့်မည် ဖြစ်၏။

ရှင်းဟိုင်သည် အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီးလေးနက်သော အသံဖြင့် မေးလိုက်သည်။

"ရွှယ်၀ူယင်း.. မင်းတို့ သွေးနတ်ဆိုးနန်းတော်က ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ဘာကိစ္စကို ဆွေးနွေးချင်လို့လဲ"

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.. ပထအအချက်က မင်းတို့ဂိုဏ်းကြီးသုံးဂိုဏ်း အနေနဲ့ ငါတို့ သွေးနတ်ဆိုးနန်းတော်ကို မြောက်ပိုင်းတောရိုင်းဒေသရဲ့ စတုတ္ထအကြီးဆုံးဂိုဏ်းကြီးအဖြစ် တရားဝင်လက်ခံပြီး အခြေချခွင့်ပေးဖို့ပဲ"

"သွေးအရိပ်အရှင်.. မင်းဒီကိစ္စကို စဥ်းတောင်မစဥ်းစားနဲ့.. ငါတို့ မြောက်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက မင်းတို့ သွေးနတ်ဆိုးနန်းတော်နဲ့ မပတ်သက်ဖို့ သစ္စာဆိုထားကြတယ်...မင်းတို့ သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ စတုတ္ထမြောက်ဂိုဏ်းကြီး ဖြစ်ချင်တယ် ဆိုရင်တော့ ငါတို့တွေသူသေကိုယ်သေ တိုက်ခိုက်ဖို့တစ်လမ်းပဲ ရှိတော့တယ်"

"ရှင်းဟိုင်.. ငါတို့တွေ သူ့ကို ပူးပေါင်းပြီး တိုက်ခိုက်ကြမယ်"

ရွှယ်၀ူယးင်၏ စကားကိုကြားလျှင် ဂိုဏ်းချုပ်သုံးဦးလုံးသည် ရုတ်တရက် ဒေါသထွက်သွားကြသည်။

"ဟမ့် ပုရွက်ဆိတ် အုပ်စုလေးက ငါ့ကို သတ်ချင်နေတာလား.. ဒါက အိပ်မက်မက်နေတာပဲ"

ရွှယ်၀ူယင်းက မထီမဲ့မြင် အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။

"မင်းတို့သဘောမတူရင်လည်း ရတယ်.. ဒါပေမဲ့ မင်းတို့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ စီနီယာတွေနဲ့ ထိပ်တန်းတပည့်တွေ အားလုံးက ဒီလုံရှီးတောင်မှာပဲ ထာ၀ရ ခေါင်းချရလိမ့်မယ်လို့ ငါအာမခံတယ်"

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက တိုက်ပွဲတွင် သွေးနတ်ဆိုးနန်းတော်သည် အကြီးအကျယ် ထိခိုက်ခဲ့သည်။

သွေးနတ်ဆိုးနန်းတော်မှ အင်အားတချို့ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း မြောက်ပိုင်းတောရိုင်းဒေသတွင် နှစ်ထောင်ပေါင်းများစွာ ရပ်တည်ခဲ့သည့် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့်တိုက်ရိုက် ယှဥ်ပြိုင်ရန်မူ ခက်ခဲမှု ရှိနေပါသေး၏။

ထို့ကြောင့် သွေးနတ်ဆိုးနန်းတော်သည် သိုသိုသိပ်သိပ် နေရန်သာ ရွေးချယ်ခဲ့သည်။

သူတို့ သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်းဒေသတွင် ရပ်တည်နိုင်သ၍ မကြာခင် သို့မဟုတ် အနာဂတ်၌ ဂိုဏ်းကြီးသုံးဂိုဏ်းအင်အားကို တဖြည်းဖြည်း တိုက်စားကာ မြောက်ပိုင်းတောရိုင်း ဒေသတစ်ခုလုံးကို လွှမ်းမိုးနိုင်မည်မှာသေချာသည် မဟုတ်ပါလား။

"ကောင်းပြီလေ မင်းတို့ သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ စတုတ္ထဂိုဏ်းကြီး မဖြစ်လာနိုင်တာတော့ မဟုတ်ဘူး.. ဒါပေမဲ့ ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့အတွက် ငါတို့တွေ နောက်မှ ထပ်ဆွေးနွေးကြမယ်.. မင်းမှာ နောက်ထပ် အကြောင်းကိစ္စတွေ ရှိသေးရင် ပြောနိုင်ပါတယ်"

ရှင်းဟိုင်က ဂိုဏ်းချုပ်နှစ်ဦးနှင့် မျက်လုံးချင်း ဆုံ၍ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက်တွင် အခြေအနေကို သဘောပေါက်သွားခဲ့သည်။

အဆုံးသတ်တွင် သူသည် နှလုံးသားထဲမှ ဒေါသကို ထိန်းချုပ်ပြီး ပေါက်ကွဲတော့မည့် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့သည်။

ယခု အခြေအနေသည် ဂိုဏ်းကြီးသုံးဂိုဏ်း အတွက် လုံး၀ မကောင်းပေ။

သူတို့အနေဖြင့် သွေးအရိပ်အရှင်ကို အရင်ချွေးသိပ်ကာ ဂိုဏ်းကြီးသုံးဂိုဏ်းကို လုံရှီးတောင်ကနေ ဘေးကင်းစွာ ထွက်ခွာနိုင်စေရန် အရင်ဦးဆုံး လုပ်ဆောင်ရမည် မဟုတ်ပါလော။

ထိုနောက်ပိုင်းမှသာ သူတို့သည် သွေးနတ်ဆိုးနန်းတော်ကို ကိုင်တွယ်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်၏။

"နောက်ထပ် ဆွေးနွေးမဲ့အချက်ကတော့ ဒီနေ့ ဒီကောင်လေး သေကိုသေရမယ်"

ရွှယ်၀ူယင်း၏ အကြည့်သည် အစစ်အမှန်နဂါး တိုက်ခိုက်ရေးစင်မြင့်ပေါ်ရှိ ကျန်းချန်ဆီသို့ ရောက်ရှိသွားခဲ့သည်။

သူ၏ မျက်လုံးထဲတွင် လူသတ်ငွေ့များက အေးစက်စွာ ထွက်ပေါ်လာခဲ့၏။

ရွှယ်၀ူယင်းသည် လေဟာနယ်အက်ကြောင်းထဲတွင် ပုန်းအောင်းနေရင်း ကျန်းချန်၏ တိုက်ပွဲမြင်ကွင်းများကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

ကျန်းချန် ပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီသည် ရွှယ်၀ူယင်းကို မနာလိုစိတ်ပင် ဖြစ်ပေါ်စေခဲ့သည်။

ဤကောင်လေးကိုသာ မဖယ်ရှားလျှင် နောင်တစ်ချိန်တွင် သူတို့သွေးနတ်ဆိုးနန်းတော်၏ အဓိကရန်သူ ဖြစ်လာမည်မှာ သေချာသလောက်ပင်။

"ရွှယ်၀ူယင်း..မင်းငါတို့ ထိုက်ရှဂိုဏ်းရဲ့တပည့်ကို သတ်ချင်ရင် ငါသဘောတူနိုင်လား ဆိုတာ အရင်မေးကြည့်ရမယ်"

သွေးအရိပ်အရှင်၏ စကားကိုကြားလျှင် ရှယွင်ထျန်းသည် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

ထိုအခိုက်တွင် နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ထျန်းယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်တို့ကမူ တိတ်ဆိတ်နေခဲ့ကြသည်။

ကျန်းချန်၏ ပါရမီသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်း၏။

သူကြီးပြင်းလာသည်နှင့်အမျှ မြောက်ပိုင်းတောရိုင်း ဒေသမှ ဂိုဏ်းကြီး သုံးဂိုဏ်း၏ အင်အားမျှခြေကို ထိခိုက်စေမည်မှာ သေချာသလောက်ပင်။

ရွှယ်၀ူယင်းက ဤကောင်လေးကို ဖယ်ရှားချင်နေသည် ဖြစ်ရာ ဤသည်က သူတို့အတွက် အနာဂတ် စိုးရိမ်စရာတစ်ခုကို ဖယ်ရှားပစ်လိုက်ခြင်းပင် မဟုတ်ပါလား။

အခန်း (၅၉၅) ပြီး၏။

အခန်း(၅၉၆)

"ဟားဟား"

"ငါ မင်းရဲ့ ခွင့်ပြုချက် မလိုဘူး.. ဒီနေ့ ငါသူ့ကို သတ်ချင်ရင် ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး"

ရွှယ်ဝူယင်း၏ အေးစက်စက် ရယ်သံက တိတ်ဆိတ်သွားပြီးနောက်တွင် လေထဲကနေ သွေးစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ကျန်းချန်၏ ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သည်။

"ကျန်းချန် သတိထား"

ရှယွင်ထျန်း အလွန်အမင်း စိုးရိမ်သွားခဲ့သည်။

ရွှယ်ဝူယင်း၏ အင်အားက အလွန် ကြောက်စရာကောင်းသောကြောင့် ကျန်းချန်က တုံ့ပြန်ဖို့ပင် အချိန်မရဘဲ ရွှယ်ဝူယင်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့၏။

ဘယ်ကမှန်းမသိ ထွက်ပေါ်လာသည့် သွေးစွမ်းအင်ကို ကြည့်ကာ ကျန်းချန်၏ အမူအရာက အေးစက်သွားခဲ့သည်။

ထိုခဏမှာပင် လေထုကို လောင်ကျွမ်းတော့မည့်ပုံပေါ်သည့် မီးဆန္ဒ ဒုတိယအဆင့်၏ ခွန်အားသည် သူ၏ ခန္ဓာကိုယ်ထဲကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။

"ဝုန်း

ပတ်ဝန်းကျင်မှ သွေးစွမ်းအင်ကို ကျန်းချန်၏ မီးဆန္ဒက ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့သည်။

"မီးစိတ်ဆန္ဒရဲ့ ဒုတိယအဆင့်ခွန်အားပါလား"

"ကောင်လေး.. မင်းက တကယ်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ကင်း နတ်ဆိုးပဲ"

"ဒါကြောင့် ဒီသွေးအရိပ်အရှင်က မင်းကို ဒီထက်ပိုပြီး ရှင်သန်ခွင့်ပေးလို့ မဖြစ်တော့ဘူး"

ကျန်းချန်က မီးဆန္ဒ ဒုတိယအဆင့် ခွန်အားကို သုံးပြီး ဖိနှိပ်မှုကနေ လွတ်မြောက်သွားသည်ကို မြင်လျှင် သွေးအရိပ်အရှင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ပို၍ ပြင်းထန်လာသည်။

မီးစိတ်ဆန္ဒ၏ စွမ်းအားသည် သူတို့ သွေးနတ်ဆိုးနန်းတော်မှ သွေးကျင်ကြံသူများ၏ သဘာဝ ရန်သူ ဖြစ်၏။

ဤကဲ့သို့ ကြောက်မက်ဖွယ် ပါရမီဖြင့်ဆိုလျှင် အချိန်အလုံအလောက် ပေးခဲ့ပါက သိုင်းသခင် နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီး မီးဆန္ဒ တတိယအဆင့်ကို နားလည်ရန်မှာ မခက်ခဲပေ။

ထိုအချိန်သို့ရောက်လျှင် သူတို့ သွေးနတ်ဆိုးနန်းတော်၏ ကျင့်ကြံသူများအတွက် ဤကောင်လေးသည် သေမင်းတမန်လို တည်ရှိမှု ဖြစ်လာမည်မှာ သေချာသလောက်ပင်။

ကွင်းပြင်ပေါ်မှလူတိုင်းသည် ကျန်းချန်က သွေးအရိပ်အရှင်၏ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်သည်ကို မြင်ပြီး တအံ့တသြဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

ရွှယ်ဝူယင်း။

၎င်းက နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည့် ကျင့်ကြံသူ ဖြစ်သည်။

သို့သော်လည်း စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကိုပင် မရောက်သေးတဲ့ ကျန်းချန်ဆိုသည့် ကောင်လေးကမူ ရွယ်ဝူယင်း၏ ထိုးနှက်မှုကို ရုတ်တရက် တားဆီးနိုင်ခဲ့၏။

"ဒါ... ဒါက အရမ်းကို အံ့သြတုန်လှုပ်စရာပဲ"

"ရွှယ်ဝူယင်း... ငါရှိနေသ၍ ငါတို့ ထိုက်ရှဂိုဏ်းရဲ့ တပည့်ကို နာကျင်အောင်လုပ်ခွင့် မပြုဘူး"

ကျန်းချန်က ရွှယ်ဝူယင်း၏ ဖိနှိပ်မှုကို ချေဖျက်နိုင်သည်ကို မြင်လျှင် ရှယွင်ထျန်းက အလွန် ဝမ်းသာသွားပြီး ချက်ချင်းဆိုသလို ကျန်းချန်ရှေ့၌ ပေါ်လာခဲ့သည်။

"ရွှယ်ဝူယင်း.. ငါတို့ မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းကို အနိုင်ကျင့်ဖို့ လွယ်တယ်များ ထင်နေလား.. ငါတို့ရဲ့ဘိုးဘေးတွေက နင်တို့ သွေးနတ်ဆိုးနန်းတော်ကို မြောက်ပိုင်းတောရိုင်းဒေသကနေ ပျောက်ကွယ်အောင် တစ်ချိန်က လုပ်နိုင်ခဲ့တယ်.. အခု ငါတို့လည်း လုပ်နိုင်တယ်"

ထိုအခိုက်တွင် နတ်သမီးတစ်ပါးကဲ့သို့ လှပသော မင်ယွဲ့ရှင်းသည် ရှယွင်ထျန်း၏ နံဘေးသို့ လေထဲကနေ ဆင်းသက်လာခဲ့၏။

ကျန်းချန်သည် သူမ၏ တပည့် မုန့်ချင်းရွှယ်နှင့် နီးစပ်သော ဆက်ဆံရေး ရှိပြီး မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို ပိုမို အားကောင်းအောင် လုပ်ပေးနိုင်မည် အဓိကသော့ချက်ဖြစ်သောကြောင့် မင်ယွဲ့ရှင်းသည် မည်သို့မျှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

"ဟက်.. မင်းတို့ နှစ်ယောက်တည်းနဲ့ ငါ့ကို တားချင်တာလား"

"ဒါဆိုလည်း ဒီကောင်လေးနဲ့အတူ မင်းတို့ကိုပါ မြှုပ်နှံရုံပဲရှိတော့တယ်"

ရွှယ်ဝူယင်က ကောက်ကျစ်စွာ ပြုံးလိုက်၏။

ထိုခဏတွင် နတ်ဆိုးစွမ်းအင်များပါဝင်သော သွေးကြာပွင့် တစ်ပွင့်သည် သူ၏ မျက်ခုံးအလယ်၌ ပေါ်ထွက်လာခဲ့သည်။

သူက လက်ချောင်းများဖြင့် ရှယွင်ထျန်းနှင့် မင်ယွဲ့ရှင်းကို ညွှန်ပြလိုက်ရာ သူ့ညွှန်ကြားချက်အတိုင်း နတ်ဆိုးသွေးကြာပွင့်သည် လေထဲ၌ အလျင်အမြန် ရွေ့လျားသွားပြီး ကျန်းချန်တို့ သုံးယောက်ဆီသို့ ဦးတည်လာ၏။

ရွှယ်ဝူယင်း၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံစားမိလျှင် ရှယွင်ထျန်းနှင့် မင်ယွဲ့ရှင်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

နှစ်ယောက်စလုံး အင်အားအကုန်သုံး၍ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသော အချိန်မှာပင် သူတို့ရှေ့ရှိ လေဟာနယ်ထဲကနေ အပြာရောင်ပုံရိပ်တစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာခဲ့၏။

ထိုအပြာရောင်ပုံရိပ်သည် သွေးကြာပွင့်ကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"ဝုန်း"

သွေးကြာပွင့်က ရုတ်တရက် ပျက်စီးသွားခဲ့၏။

သွေးကြာပွင့် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် အပြာရောင်ပုံရိပ်၏ လွှမ်းမိုးသော အသံသည် ချက်ချင်းပင် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားခဲ့သည်။

"ငါရှောင်တုလီရဲ့ တပည့်ကို ဘယ်သူ ထိခိုက်အောင် လုပ်ရဲတာလဲ"

အခန်း(၅၉၆) ပြီး၏

အခန်း(၅၉၇)

"ဆရာ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

ကျန်းချန်က သူ့ရှေ့၌ ရုတ်တရက် ပေါ်လာသော ရှောင်တုလီကို ကြည့်ရင်း အံ့ဩသော အမူအရာတစ်ခု သူ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

တစ်ဖက်မှ ထိုက်ရှဂိုဏ်း၏ ဂိုဏ်းချုပ် ရှယွင်ထျန်းသည် ရှောင်တုလီကို မြင်လျှင် စိတ်သက်သာရာ ရသွားခဲ့၏။

သွေးအရိပ်အရှင် ရွှယ်ဝူယင်းသည် အလွန် အင်အားကြီးမားလှသည်။

ရှောင်တုလီသာ မပေါ်လာခဲ့လျှင် ကျန်းချန်ကို ကာကွယ်နိုင်မည် မဟုတ်ပေ။

"ငါ မင်းဘေးမှာ အမြဲ ရှိနေခဲ့ပေမဲ့ မင်း တစ်ခါမှ သတိမထားမိဘူး မဟုတ်လား"

ရှောင်တုလီက ပြုံး၍ ပြောလိုက်သည်။

"မြောက်ပိုင်းတောရိုင်းဒေသက အခု သိပ်မငြိမ်သက်သေးဘူး.. ငါ အခုမှ ရထားတဲ့ ချစ်တပည့်လေးကို ဘာအန္တရာယ်မှ မဖြစ်စေချင်ဘူးလေ"

"မင်း ဘယ်သူလဲ.. ဘာလို့ ငါ့ရဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်တာလဲ"

ရွှယ်ဝူယင်းသည် ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို စူးစိုက်ကြည့်ကာ အော်ငေါက်လိုက်သည်။

ထိုခဏတွင် အပြင်ရောင်ပုံရိပ်သည် သူ့ကို စူးစိုက်၍ ကြည့်လာခဲ့၏။

သူ၏ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်ခွန်အားဖြင့်ပင် သူရှေ့မှ လူ၏ အကြည့်မှတဆင့် အလွန် အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို ခံစားမိခဲ့သည်။

"ဟားဟား.. သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူကများ ငါ့ကို မေးခွန်းထုတ်ရဲတယ်..ကောင်းပြီလေ ဒါဆိုလည်း ဖြေပေးရသေးတာပေါ့...မင်းက ငါ့ရဲ့တပည့်ကို သတ်ဖြတ်ဖို့ကြံစည်လို့ပဲ"

ရှောင်တုလီက အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။

"မင်းက ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ မသက်ဆိုင်ဘူးလို့ ငါထင်တယ်.. မင်းရဲ့ တပည့်ကို ခေါ်သွားပြီး ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ကိစ္စကို မစွက်ဖက်ရင် ငါတို့ကြားမှာ ဒီကိစ္စကို ကျေအေးလိုက်လို့ရပါတယ်"

ရှောင်တုလီ၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး အင်အားကြီးမားသည်။

မလိုအပ်ဘဲ ရွှယ်ဝူယင်းသည် ရှောင်တုလီနှင့် ပဋိပက္ခ မဖြစ်လိုခဲ့ပေ။

"ပထမဆုံးအချက် အနေနဲ့ ငါ ရှောင်တုလီက ထိုက်ရှဂိုဏ်းမှာ အဂ္ဂိရတ်ခန်းမအကြီးအကဲ အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး ထိုက်ရှဂိုဏ်းနဲ့ အနည်းငယ် ရင်းနှီးမှု ရှိတယ်.. ထိုက်ရှဂိုဏ်းဒုက္ခရောက်မှာကို ငါ ဘယ်လိုမှ လက်ပိုက်ပြီး ရပ်ကြည့်နေနိုင်မှာ မဟုတ်ဘူး.. ဒုတိယအချက် အနေနဲ့ မင်းက ငါ့ရဲ့ တပည့်ကို သတ်ဖြတ်ဖို့ကြိုးစားတဲ့ အချိန်ကစပြီး ဒီကြီးမားတဲ့ အဖိုးအခကို သေချာပေါက် ပြန်ပေးဆပ်ရမယ်"

ရှောင်တုလီက ရွှယ်ဝူယင်းကို တစ်ချက်ကြည့်ပြီး အသာအယာ ပြောလိုက်သည်။

"လက်တစ်ဖက်ကို ဖြတ်လိုက်...ငါးနှစ်အတွင်း မြောက်ပိုင်းတောရိုင်းဒေသမှာ သွေးနတ်ဆိုးနန်းတော် ပေါ်မလာမိစေနဲ့.. ဒါဆို မင်းကို မသတ်ဘဲ ချမ်းသာပေးမယ်"

"မင်းက ငါတို့ သွေးနတ်ဆိုးးနန်းတော်ရဲ့ ရန်သူ ဖြစ်ချင်တာလား"

ရွှယ်ဝူယင်၏ မျက်နှာသည် ချက်ချင်းဆိုသလို အလွန်တရာ မှောင်မိုက်သွားခဲ့သည်။

"ဟားဟား.. သာမန် မြောက်ပိုင်းတောရိုင်းဒေသရဲ့ သွေးနတ်ဆိုးနန်းတော်က ငါ့ရဲ့ ရန်သူဖြစ်ဖို့ ထိုက်တန်မှုရှိလို့လား"

ရှောင်တုလီသည် မထီမဲ့မြင်.ရယ်မောလိုက်သည်။

ထို့နောက် သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ လေထဲမှ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်သည် ရုတ်တရက် ထူးဆန်းသော မီးစွမ်းအင်အဖြစ် စုစည်းသွားခဲ့သည်။

မီးစွမ်းအင်က ရွှယ်ဝူယင်း ရှိနေသည့် ပတ်ဝန်းကျင်ကို တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ရွှယ်ဝူယင်း၏ သွေးပုံရိပ်သည် မီးစွမ်းအင်ထဲကနေ လွင့်စင်သွားခဲ့သည်။

လူတိုင်းက ရွှယ်ဝူယင်း၏ ဆိုးရွားသော အသွင်အပြင်ကို မြင်လျှင် အသက်ရှုမဝသလိုပင် ဖြစ်လာကြ၏။

ရွှယ်ဝူယင်း၏ ခန္ဓာကိုယ်ပေါ်မှ သွေးဝတ်ရုံတွင် မပျက်စီးသော နေရာ မရှိတော့ဘဲ တစ်ကိုယ်လုံးလည်း မီးလောင် ညှော်နံ့များ ထွက်နေခဲ့သည်။

အထူးသဖြင့် ရွှယ်ဝူယင်း၏ ညာဘက်သည် ဤအချိန်၌ လုံးဝ မရှိတော့ပေ။

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လက်တစ်ဖက်လုံးကို ဘာမှမကျန်တော့သည်အထိ လောင်ကျွမ်းသွားသည့်ပုံရ၏။

သူတို့ရှေ့မှ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကို မြင်လျှင် ကွင်းပြင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ရှောင်တူလီနှင့် ရင်းနှီးသော ထိုက်ရှဂိုဏ်းမှ သိုင်းသခင် ငါးယောက်ပင် တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ရှောင်တုလီက အလွန် အင်အားကြီးမားသည်ကို သူတို့ သိသော်လည်း ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သွေးနတ်ဆိုးနန်းတော်၏ အကြီးအကဲချုပ် နှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်တစ်ထောင်က မြောက်ပိုင်းတောရိုင်းဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးအရိပ်အရှင်သည်ပင် ရှောင်တုလီကို အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလား။

"မင်း... မင်း ဘယ်သူလဲ"

ရွှယ်ဝူယင်း၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

သူ၏ မျက်လုံးထဲတွင် ထိတ်လန့်သောအရိပ်အယောင်က ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

အခန်း(၅၉၇) ပြီး၏

All Chapters