← Chapters

အခန်း(၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း(၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း(၅၉၈)

ရွှယ်ဝူယင်းသည် မျက်နှာချင်းဆိုင်မှ မာနကြီးသည့် ပုံရိပ်ကို ကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်နေဟန် ပေါ်လွင်နေသည်။

သွေးနတ်ဆိုးနန်းတော်၏ အကြီးအကဲနှစ်ဦးအနက် တစ်ဦးဖြစ်သည့် နှစ်တစ်ထောင်သက်တမ်းရှိ စီနီယာသွေးနတ်ဆိုး တစ်ယောက် အနေဖြင့် သွေးအရိပ်အရှင်သည် ဂိုဏ်းချုပ်သုံးဦးထက် များစွာသာလွန်သည်။

အစောပိုင်းက လျှို့ဝှက်ဆန်းကြယ်သည့် အပြာရောင်ဝတ်စုံနှင့်လူ ထုတ်ဖော်ခဲ့သည့် အင်အားနှင့်ပတ်သက်ပြီး ဂိုဏ်းချုပ် သုံးဦး မမြင်နိုင်သော်လည်း သူကမူ အလွန်ရှင်းလင်းစွာ သိသည်။

၎င်းမှာ သိုင်းသခင်နယ်ပယ် အထက်ရှိ နတ်ဝိညာဉ်ဘုရင်နယ်ပယ်အဆင့်သာ ထုတ်ဖော်နိုင်သောအင်အားမျိုး ဖြစ်၏။

ရွှယ်ဝူယင်းသည် မြောက်ပိုင်းတောရိုင်းဒေသ၌ ဤကဲ့သို့ နတ်ဝိညာဉ်ဘုရင်တစ်ပါး ရှိနေလိမ့်မည်ဟု တစ်ခါမျှ မထင်ခဲ့ပေ။

သိထားရမည်မှာ သူတို့ သွေးနတ်ဆိုးနန်းတော်၏ သခင်သည်ပင် ၎င်း၏ အထွတ်အထိပ်ကာလ၌ နတ်ဝိညာဉ်နယ်ပယ် ဘုရင်တစ်ပိုင်း အဆင့်ကိုသာ ရောက်ရှိခဲ့ခြင်းပင်။

"ဆရာရှောင်... ဒီနေ့ဖြစ်ခဲ့သမျှ အားလုံးက ကျွန်တော့်ရဲ့ မိုက်မဲမှုကြောင့်ပါ.. ကျွန်တော့်ရဲ့ အမှားအတွက် ခွင့်လွှတ်ပေးပါ.. သွေးနတ်ဆိုးနန်းတော်က ဆရာရှောင်၏ အမိန့်ကို လိုက်နာပြီး ငါးနှစ်အတွင်း မြောက်ပိုင်းတောရိုင်းဒေသမှာ မပေါ်လာစေရပါဘူး"

ရွှယ်ဝူယင်းက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

နတ်ဝိညာဉ်ဘုရင်နယ်ပယ်။

ဤမြောက်ပိုင်းတောရိုင်း ဒေသတွင် ထိုနယ်ပယ်အဆင့်သည် အမြင့်ဆုံး နယ်ပယ်အဆင့်ဖြစ်သည်။

သူတို့ သွေးနတ်ဆိုးနန်းတော်၏ သခင်ပင် ယှဉ်ပြိုင်ရန် အရည်အချင်းမရှိပေ။

ရွှယ်ဝူယင်းက ရှောင်တုလီကို လေးလေးစားစား ဂါရဝပြုလိုက်ပြီးနောက် သွေးအလင်းတန်းအဖြစ် ပြောင်းလဲကာ ကွင်းပြင်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

ရှောင်တုလီသည် ရွှယ်ဝူယင်း ပျောက်ကွယ်သွားသော နေရာကို အသာအယာ ကြည့်လိုက်သည်။

ခဏအကြာတွင် သူသည် သူ၏နောက်မှ ကျန်းချန်ဆီသို့ အကြည့်လွှဲလိုက်၏။

"ချစ်တပည့်... မမျှော်လင့်တဲ့ အကြောင်းတချို့ကြောင့် ဆရာ့ရဲ့ မူလခန္ဓာကိုယ်က ထိုက်ရှဂိုဏ်းမှာ မရှိတော့ဘူး.. အစောပိုင်းက လှုပ်ရှားမှုကြောင့် ဆရာ့ကိုယ်ပွားရဲ့ စွမ်းအင်က လုံးဝကုန်ဆုံးသွားခဲ့ပြီ.. မင်းကို ကျုံးကျိုးတိုက်ဆီ ခေါ်သွားပေးနိုင်တော့မှာ မဟုတ်ဘူး... ငါ့ကို ရှာဖွေဖို့ နည်းလမ်းနဲ့ တံဆိပ်ကို ချင်ကျူဆီ ပေးထားပြီးပြီ.. ရှာတွေ့မတွေ့က မင်းအပေါ်မှာပဲ မူတည်တယ်.. တံဆိပ်နှင့်အတူ ငါ့ဆီ အမြန်ဆုံး လာခဲ့ပါ"

ရှောင်တုလီသည် ကျန်းချန်ကို ပြုံး၍ ပြောလိုက်ပြီးနောက် ခန္ဓာကိုယ်က မှိန်ဖျော့လာခဲ့ပြီး လူတိုင်း၏ အကြည့်အောက်မှာပင် လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

ရှောင်တူလီ၏ စကားများကို ကြားလျှင် ဂိုဏ်းချုပ်သုံးဦး၏ နှလုံးသားများသည် အလွန်တုန်လှုပ်သွားသည်။

ကိုယ်ပွားတစ်ခုကပင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ သွေးအရိပ်အရှင်ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပါသလော။

ရှောင်တုလီဟုခေါ်သော ဤလျှို့ဝှက်ဆန်းကြယ်သည့် လူသည် မည်မျှပင် အင်အားကြီးမားပါသနည်း။

ထိုခဏတွင် လူတိုင်း၏ ကျန်းချန်ကို ကြည့်သော အကြည့်များ၌ မနာလိုသည့် အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန် ဤမျှလောက် အစွမ်းထက်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

အကြောင်းရင်းမှာ ကျန်းချန်တွင် ဤကဲ့သို့ ကြောက်စရာကောင်းသော ဆရာ ရှိနေသောကြောင့်ပင်။

ရှောင်တုလီကဲ့သို့ အင်အားကြီးသော သူမှသာလျှင် ကျန်းချန်ကဲ့သို့ ထူးချွန်သည့် တပည့်ကို သင်ကြားနိုင်မည်မှာ သေချာသည်။

ရွှယ်ဝူယင်း ထွက်သွားပြီးနောက်တွင် ကွင်းပြင်က တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားသည်။

နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရှင်းဟိုင်သည် စင်မြင့်ပေါ်သို့ တဖန် တက်လာခဲ့ပြီး ထိပ်ဆုံးဆယ်ယောက်အတွက် ဆုများကို ပေးအပ်ခဲ့သည်။

ပြိုင်ပွဲ၏ ဗိုလ်စွဲသူ အနေဖြင့် ကျန်းချန်သည် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိရုံသာမက မရေမတွက်နိုင်သည့် မနာလိုသည့် အကြည့်များ အောက်မှာပင် အဆင့်ချိုးဖျက်ဆေးလုံး တစ်လုံးကိုလည်း ရရှိခဲ့သည်။

ထို့အပြင် အဖိုးတန်ဆုံးဆုတစ်ခုလည်း ရှိသေးသည်။

ယင်းမှာ ဒဏ္ဍာရီလာ ဝေါ်လုံကန်ထဲသို့ ဝင်ခွင့်ရခြင်းပင်။

ဝေါ်လုံကန်သည် မြောက်ပိုင်းတောရိုင်းဒေသ၏ အဖိုးတန်ဆုံး အရင်းအမြစ်များထဲမှ တစ်ခု ဖြစ်သည်။

ဒဏ္ဍာရီလာ ဝေါ်လုံကန်က ကောလာဟလများအတိုင်း မှော်ဆန်မဆန် ကျန်းချန် ကြည့်ရှုလိုခဲ့သည်။

"ဂိုဏ်းချုပ်နှစ်ယောက်... ငါနှင့်အတူ ဝေါ်လုံကန်ကို သွားတဲ့ လမ်းကြောင်းကို ဖွင့်ပြီး ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးဦးကို ဝေါ်လုံကန်ဆီ ပို့ပေးပါဦး"

ရှင်းဟိုင်သည် လေဟာနယ်ထဲတွင် ဝင့်ကြွားစွာ ရပ်နေရင်း တောင်းဆိုလိုက်သည်။

ရှယွင်ထျန်းနှင့် တျန်ယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်တို့က ခေါင်းညိတ်လိုက်ကြပြီး ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ပျံသန်းကာ ရှင်းဟိုင်နှင့် ဘေးချင်းယှဉ်၍ ရပ်လိုက်သည်။

"ဖွင့်စမ်း"

ဂိုဏ်းချုပ် သုံးဦးစလုံးက တစ်ပြိုင်နက် ကြွေးကြော်လိုက်ကြပြီးနောက်တွင် မီတာတစ်ရာ အချင်းဝက်အတွင်းမှ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်သည် ဤအချိန်တွင် တက်ကြွစွာ လှုပ်ရှားလာခဲ့သည်။

အခန်း(၅၉၈) ပြီး၏

အခန်း(၅၉၉)

အရောင်အမျိုးမျိုး ပါဝင်သည့် အလင်းတန်းသုံးခုသည် ချက်ချင်းပင် ကောင်းကင်သို့ မြင့်တက်သွားခဲ့သည်။

မြူနှင်းများဖြင့် ဝိုးတဝါး ဖုံးလွှမ်းထားသည့် လုံရှီးတောင်၏ အဓိကတောင်ထိပ်၌ တောင်ထိပ်သို့ ဦးတည်သော တိမ်တံတားတစ်ခု ထွက်ပေါ်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။

ဝေါ်လုံကန်သို့ သွားသည့် ဤတံတားကို မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းချုပ်သုံးဦးမှသာ ဖွင့်လှစ်နိုင်၏။

"ဝေါ်လုံကန်ကို သွားတဲ့ လမ်းကြောင်း ဖွင့်ပြီးပြီ.. အမြန်ဝင်ကြတော့"

"မင်းတို့သုံးယောက် ဝေါ်လုံကန်မှာ ဘယ်လောက် ကံကောင်းနိုင်မလဲဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်"

ရှင်းဟိုင်တို့ သုံးယောက်က လေထုထဲတွင် ရပ်နေရင်း အောက်ဘက်မှ ကျန်းချန်တို့ သုံးယောက်ကို အော်ဟစ်လိုက်သည်။

ကျန်းချန်၊ ကျန့်ချန်နှင့် ရှထျန်းမင်တို့သည် လူတိုင်း၏ အားကျသော အကြည့်အောက်မှာပင် တံတားပေါ်သို့ တိုက်ရိုက်တက်ရန် တွန့်ဆုတ်မနေခဲ့ကြပေ။

သူတို့က တိမ်ပင်လယ်ကြီးထဲသို့ အလျင်အမြန် ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။

တံတားအတိုင်း တည့်တည့်တက်သွားပြီး ဆယ်မိနစ်ခန့်အကြာတွင် သူတို့သုံးယောက်သည် တံတား၏ အဆုံးသို့ ရောက်သွားခဲ့ကြ၏။

ထိုအခါ ရေကန်တစ်ကန်သည် သူတို့၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ထိုရေကန်၏ အချင်းဝက်က မီတာတစ်ရာခန့် ရှိ၏။

ကျန်းချန်နှင့် အခြားသူများကို အံ့ဩစေခဲ့သည်မှာ ဤရေကန်ထဲမှ ရေအရည်အသွေးသည် အနီရောင်ဖျော့ဖျော့ ဖြစ်နေခြင်းပင်။

မီတာရာနှင့်ချီ ဝေးကွာသော နေရာကနေပင် ရေကန်မှ ထွက်ပေါ်လာသည့် တုန်လှုပ်ချောက်ချားဖွယ် အင်အား သူတို့ ခံစားနိုင်ခဲ့သည်။

"ဒဏ္ဍာရီလာ ဝေါ်လုံကန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်... ဒီလောက် နှစ်တွေကြာပြီးတာတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားကို ထုတ်လွှတ်နိုင်မယ်လို့ မထင်ထားမိဘူး"

ရှထျန်းမင်က အံ့ဩသည့် အမူအရာဖြင့် ပြောလိုက်သည်။

"ဒါက အစစ်အမှန်နဂါးရဲ့ အင်အားပဲ"

"ရေနဂါးက အစစ်အမှန် နဂါးအဖြစ် ပြောင်းလဲသွားတဲ့အခါ ငါတို့ရှေ့မှာရှိတဲ့ ရေကန်ထဲက ရေတွေထဲကို အစစ်အမှန် နဂါးရဲ့ သွေးတွေ စိမ့်ဝင်သွားပြီး ဒဏ္ဍာရီလာ ဝေါ်လုံကန်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုကြတယ်"

ကျန့်ချန်က အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အခွင့်အရေးက မင်းတို့ရှေ့မှာပဲ.. ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်"

ကျန့်ချန်က စကားဆုံးသည်နှင့် ဓားဆန္ဒ ဒုတိယအဆင့် ပြီးပြည်စုံသောနယ်ပယ်၏ ခွန်အားကို ထုတ်ဖော်ကာ ဝေါ်လုံကန်ဆီသို့ အင်အားအကုန်သုံး၍ ပြေးဝင်သွားခဲ့သည်။

ကျန်းချန်နှင့် ရှထျန်းမင်တို့သည်လည်း ထိုမြင်ကွင်းကိုမြင်လျှင် ဘာမှ မတွန့်ဆုတ်ခဲ့ကြပေ။

လေထဲမှ အစစ်အမှန် နဂါး၏ ဖိအားကို ခုခံရင်း ဝေါ်လုံကန်ဆီသို့ ပြေးဝင်သွားကြသည်။

သုံးယောက်သား ဝေါ်လုံကန်ကို ချဉ်းကပ်လာသည်နှင့်အမျှ ရေကန်ထဲမှ အစစ်အမှန် နဂါး၏ သွေးအရှိန်အဝါ ဖိအားသည် ပို၍ အားကောင်းလာခဲ့၏။

ထိုအချိန်တွင် ကျန့်ချန်နှင့် ရှထျန်းမင်တို့၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးသွားခဲ့သည်။

ကျန်းချန်ကမူ လေဆန္ဒ ဒုတိယအဆင့် ခွန်အား၊ ဓားဆန္ဒဒုတိယအဆင့်ပြီးပြည့်စုံခြင်း ခွန်အား နှင့် ချီယန်သန္ဓေမူလသိုင်းခန္ဓာ၏ သွေးစွမ်းအားတို့ကို တစ်ချိန်တည်း ဖော်ထုတ်လိုက်ပြီး အတားအဆီးမရှိသလောက်ပင် လွယ်ကူစွာဖြင့် ဝေါ်လုံကန်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ ပေါ့ပေါ့ပါးပါး ဖြစ်နေသည့် ကျန်းချန်၏ အသွင်အပြင်ကို ကြည့်ရင်း ကျန့်ချန်သည် မချိပြုံး ပြုံးလိုက်မိသည်။

သူနှင့် ကျန်းချန်ကြားမှ ကွာဟချက်သည် အနည်းငယ်လေးပင် မဟုတ်ပေ။

ကျန်းချန်သည် ဝေါ်လုံကန်သို့ ရောက်ရှိသည်နှင့် တွေဝေမနေဘဲ ရေကန်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်သည်။

ဝေါ်လုံကန်ထဲသို့ ဝင်သော အချိန်၌ ကျန်းချန်သည် ထူးဆန်းသော စွမ်းအင်တစ်ခုက သူဆီသို့ ရူးသွပ်စွာ စုစည်းလာပြီး ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရသည်။

ဤထူးဆန်းသော စွမ်းအင်များ စီးဝင်လာသည်နှင့် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ချီယန် သန္ဓေမူလသိုင်းခန္ဓာ၏ သွေးစွမ်းအားက တဖြည်းဖြည်း အားကောင်းလာသည်ကို ထင်ရှားစွာ ခံစားလာရသည်။

"ဒင်... သင်က အစစ်အမှန် နဂါးသွေးတစ်စက်ကို ပေါင်းစည်းလိုက်တာကြောင့် သွေးအဆတစ်ရာ တိုးမြင့်လာပါတယ်"

"ဒင်.. သင့်ရဲ့ သန္ဓေမူလ သိုင်းခန္ဓာကိုယ်က နဂါးမီးတောက်အရှင်သခင် ခန္ဓာကိုယ်အဖြစ် အောင်မြင်စွာ ပြောင်းလဲသွားပါပြီ"

စနစ်၏ သာယာသော အသံသည် ကျန်းချန်၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

"ဒီဝေါ်လုံကန်မှာ တကယ်ပဲ အစစ်အမှန် နဂါးရဲ့ သွေးတွေ ပါဝင်နေမယ်လို့ မထင်ထားဘူး.. ဒီနဂါးသွေးကြောင့် ငါ့ရဲ့ ချီယန် သန္ဓေမူလသိုင်းခန္ဓာက နဂါးမီးတောင်အရှင်သခင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီ "

ကျန်းချန် အလွန် ဝမ်းသာသွားခဲ့သည်။

ဤနဂါးမီးတောက်အရှင်သခင် ခန္ဓာကိုယ်၏ သွေးစွမ်းအားသည် ချီယန် သန္ဓေမူလသိုင်းခန္ဓာ၏ သွေးစွမ်းအားထက် အဆပေါင်းများစွာ ပို၍ အားကောင်းသည်။

သူ၏ လက်ရှိ အင်အားနှင့် နဂါးမီးတောက်အရှင်သခင်၏ သွေးစွမ်းအားကိုသာ ပေါင်းစပ်လိုက်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ပို၍ အားကောင်းလာမည်မှာ သေချာ၏။

သာမန် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူ တချို့ကိုပင် ကျန်းချန်သည် အနိုင်ယူရန် ယုံကြည်မှု ရှိလာခဲ့သည်။

အခန်း(၅၉၉) ပြီး၏

အခန်း(၆၀၀)

ကျန်းချန်က အစစ်အမှန် နဂါး၏ သွေးကို စုပ်ယူပြီးနောက်တွင် ကျန့်ချန်နှင့် ရှထျန်းမင်တို့ နှစ်ယောက်စလုံးသည် ဝေါ်လုံကန်ထဲမှ အစစ်အမှန် နဂါး၏ အင်အားက ရုတ်တရက် အားနည်းသွားသည်ကို ထင်ရှားစွာ ခံစားလိုက်ရသည်။

ဤပြောင်းလဲမှုကြောင့် နှစ်ယောက်စလုံးသည် ဝေါ်လုံကန်ကို တစ်ပြိုင်နက် ကြည့်မိသွားကြ၏။

ဝေါ်လုံကန်ထဲတွင် အင်အားကြီးသော သွေးအရှိန်အဝါ ထုတ်လွှတ်နေသည့် ကျန်းချန်ကို မြင်လျှင် သူတို့၏ မျက်လုံးထဲ၌ မယုံကြည်နိုင်သည့် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

"သူ့ရဲ့ သွေးစွမ်းအားက ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းလာရတာလဲ"

ရှထျန်းမင်က တအံ့တသြဖြစ်ကာ အော်ဟစ်လိုက်သည်။

သူ ကျန်းချန်နှင့် တိုက်ခိုက်စဥ်က ကျန်းချန် သွေးစွမ်းအား ထုတ်ဖော်သည်ကို မြင်ဖူးခဲ့သည်။

ထိုအချိန်တုန်းက ကျန်းချန်၏ သွေးစွမ်းအားသည် အလွန် အားကောင်းသော်လည်း ဤမျှ ကြောက်စရာကောင်းသည့် အဆင့်သို့ မရောက်သေးပေ။

ယခုအခါ ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်မှ သွေးအရှိန်အဝါသည် သူတို့ကိုပင် တုန်လှုပ်ချောက်ချားစေခဲ့သည်။

"ဒဏ္ဍာရီလာ ဝေါ်လုံကန်ရဲ့ ဂုဏ်သတင်းက တကယ်ကို နာမည်နဲ ထိုက်တန်ပါပေတယ်"

"သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးစွမ်းအားက ဝေါ်လုံကန်ထဲက အစစ်အမှန်နဂါးသွေးနှင့် ပေါင်းစည်းပြီး အဆင့်သစ်တစ်ခုကို ပြောင်းလဲသွားခဲ့ပုံပဲ"

ကျန့်ချန်က ဝေါ်လုံကန်ဆီသို့ တော်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

ထို့နောက်တွင် သူတို့က ပို၍ အားတက်လာခဲ့ပြီး သိပ်မကြာခင်မှာပင် ဝေါ်လုံကန်ဆီသို့ ရောက်ရှိလာခဲ့၏။

သူတို့နှစ်ယောက်က တွေဝေမနေဘဲ ဝေါ်လုံကန်ထဲသို့ ခုန်ဆင်းလိုက်သည်။

ကျန်းချန်က ကျန့်ချန်နှင့် ရှထျန်းမင်တို့ ဝင်လာသည်ကို သိသော်လည်း လျစ်လျူရှုခဲ့သည်။

သူက သူ၏ သွေးစွမ်းအားကို ပို၍ အားကောင်းစေရန် အစစ်အမှန် နဂါးသွေးတစ်စက်အား ထပ်မံ စုပ်ယူဖို့ ကြိုးစားလိုက်၏။

သို့သော်လည်း သူ မည်သို့ပင် ကြိုးစားစေကာမူ ဘာအကျိုးသက်ရောက်မှုမှ မရှိတော့ပေ။

"ငါ အရမ်း လောဘကြီးနေပုံပဲ.. အမျိုးအစား တူညီတဲ့ သွေးစွမ်းအားက ငါ့ခန္ဓာကိုယ်ထဲက သွေးစွမ်းအားကို တစ်ကြိမ်ပဲ ပြောင်းလဲနိုင်တာ ထင်တယ်"

ကျန်းချန်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ချက်ချင်းပင် ဝေါ်လုံကန်ထဲမှ ခုန်ထွက်လာခဲ့သည်။

ဝေါ်လုံကန် ခရီးစဉ်တွင် သူ၏ ခန္ဓာကိုယ်သည် ပိုမို အားကောင်းသော နဂါးမီးတောက်အရှင်သခင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်ခဲ့၍ တန်ဖိုးရှိသော ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။

ဝေါ်လုံကန်မှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် တံတားပေါ်ကနေ ကွင်းပြင်သို့ ပျံသန်း၍ ဆင်းသက်လာခဲ့၏။

ဝေါ်လုံကန်ထဲသို့ ဝင်ပြီး နာရီဝက်ပင် မကြာဘဲ ထွက်လာခဲ့သည့် ကျန်းချန်ကို မြင်လျှင် ကွင်းပြင်ထဲမှ လူတိုင်းသည် အံ့သြတုန်လှုပ်သွားကြသည်။

ဝေါ်လုံကန်ထဲတွင် ဒဏ္ဍာရီလာ အစစ်အမှန်နဂါး၏ သွေးများ ပါဝင်နေ၏။

ယေဘုယျအားဖြင့် ဝေါ်လုံကန်၌ အချိန်ကြာကြာနေလေလေ အကျိုးကျေးဇူးများ ပိုရလေလေပင် ဖြစ်သည်။

ဝေါ်လုံကန် ဖွင့်တိုင်းတွင် အနည်းဆုံး နေ့တစ်ဝက်ခန့် ကြာမြင့်မည် ဖြစ်သည်။

သို့သော် သူတို့ရှေ့မှ ကျန်းချန်က ဝေါ်လုံကန်ထဲသို့ ဝင်ပြီး နာရီဝက်အတွင်း အဘယ်ကြောင့် ထွက်လာပါသနည်း။

ကျန်းချန်သည် လူတိုင်း၏ အံ့သြတုန်လှုပ်သော အကြည့်များကို လျစ်လျူရှုခဲ့သည်။

သူက လေထဲမှ ရှယွင်ထျန်းကို ရိုရိုသေသေ နှုတ်ဆက်ပြီးနောက် မုန့်ချင်းရွှယ်ကို လုံရှီးတောင်မှ ခေါ်ဆောင်သွားတော့မည့်ဆဲဆဲတွင် "ကျန်းချန်...မင်း ချင်းရွှယ်ကို ဘယ်ကို ခေါ်သွားမလို့လဲ"ဟု မင်ယွဲ့ရှင်းက မေးခွန်းထုတ်လိုက်သည်။

သူမက မုန့်ချင်းရွှယ် အတွက် စိတ်ပူပန်နေပုံရ၏။

"စိတ်မပူပါနဲ့.. အကြီးအကဲရဲ့ ချစ်တပည့်မလေးကို ကျွန်တော် မခိုးယူပါဘူး.. အကြီးအကဲ တကယ်ပဲ စိတ်မသက်မသာ ဖြစ်နေရင် လိုက်လာလို့ ရပါတယ်"

ကျန်းချန်က ထိုစကားကို ပြောပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားခဲ့သည်။

"ညီနောင် ကျန်းချန်.. ခဏလေးစောင့်ပါဦး"

ထိုအချိန်တွင် ကွင်းပြင်ထဲမှ ရင်းနှီးသော အသံတစ်ခုသည် ကျန်းချန်ကို တားဆီးလိုက်သည်။

ကျန်းချန်က အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ တာဝန်ခံ ရှန့်အန်းသည် လူအုပ်ကြီးကို ဖောက်ထွက်ပြီး သူဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"တာဝန်ခံရှန့်.. ကျွန်တော့်ကို ရှာနေတာ ကိစ္စတစ်ခုခုရှိလို့လား"

ကျန်းချန်က စိတ်ဝင်တစား မေးလိုက်သည်။

ရှန့်အန်းက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်၏။

"ညီနောင် ကျန်းချန်.. ငါတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဥက္ကဌက ညီနောင်ကျန်းချန်ကို ဖိတ်ခိုင်းလိုက်လို့ပါ"

ရှန့်အန်း၏ စကားကို ကြားလျှင် ကွင်းပြင်တစ်ခုလုံး ဆူညံသွားခဲ့သည်။

မြောက်ပိုင်းတောရိုင်းဒေသ၏ ထိပ်တန်းကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ ဥက္ကဋ္ဌကို မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်များပင် တွေ့ဆုံရန် မလွယ်ကူပေ။

သို့သော် ယခုအခါတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ဥက္ကဋ္ဌကိုယ်တိုင်က ကျန်းချန်ကို ဖိတ်ကြားလိုက်ပြီ ဖြစ်၏။

ကျန်းချန်ဟုခေါ်သော ဤကောင်လေးသည် တကယ်ကို သာမန်လူ မဟုတ်ပေ။

အခန်း(၆၀၀) ပြီး၏

All Chapters