သတ္တုမုန်တိုင်း
Vol. 148 Ch. 2210
“ကြည့်စမ်း... ဆူဇီမိုရဲ့အလျင်အဟုန်က နောက်ထပ်တိုးသွားပြန်ပြီ”
“သူက အရမ်းကိုမြန်တာပဲ... သူ့ပုံရိပ်ကိုတောင်မှ ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူး”
လူအုပ်ကြီးက အံ့အားတသင့်ပြောဆိုလိုက်ကြ၏။
ထိုစဥ်မှာပင် ဆူဇီမို၏ နောက်ကျောမှာ နောက်ထပ်တောင်ပံတစ်စုံက ပေါ်ထွက်လာ၏။ အဆုံးမဲ့လေနှင့် မိုးကြိုးကို သယ်ဆောင်ထားသည့် သူ၏ အလျင်အဟုန်က ဆပွားတိုးလာကာ မိုးကြိုးလျှပ်စီးကဲ့သို့ ၎င်း၏ အကန့်သတ်ထိ ရောက်ရှိလာ၏။
လူတိုင်းက အံအင်းတသင့်ရေရွတ်လိုက်ကြ၏။
ဆူဇီမိုက အရမ်းကိုမြန်ဆန်ပြီး မည်သူကမှ ထိုအခိုက်အတန့်တွင် သူ၏ ပုံရိပ်ကို လိုက်မမီနိုင်တော့ပေ။
“သူ့ရဲ့အလျင်အဟုန်က သာမန်ကောင်းကင်အင်မော်တယ်တွေနဲ့တောင်မှ ယှဥ်နိုင်နေလောက်ပြီ”
ကောင်းကင်အင်မော်တယ်တစ်ဦးက တုန်လှုပ်သွား၏။
လူတိုင်းကို တကယ်တမ်းတုန်လှုပ်စေသည်မှာ သူ၏ အလျင်အဟုန်နှင့်ပင် ဆူဇီမိုသည် အန္တရာယ်များကို ရှောင်လွှဲနိုင်ပြီး ရှေ့သို့တက်လှမ်းနေနိုင်သေးခြင်းဖြစ်၏။
နောက်ဆုံးမှာတော့ စုဖွဲ့ထားသော သတ်ဖြတ်ခြင်းလက်နက်များက ပို၍သိပ်သည်းများပြားလာခဲ့၏။
တကယ်ဆို... ဓားပိုက်ကွန်နှင့် ဆေဘာတောင်တန်းများစွာက ဆူဇီမို၏ ရှေ့မှာ ပေါ်ထွက်လာခဲ့၏။
သို့သော်လည်း ဆူဇီမိုက သူ၏ အာရုံခံသတိစိတ်နှင့်အတူ ရှေ့သို့တက်လှမ်းနေ၏။
အန္တရာယ်က ပေါ်ထွက်လာသည့်ခဏမှာပင် သူက သူ၏ လမ်းကြောင်းကို ကြိုတင်ပြောင်းလဲလိုက်၏။
လူတိုင်း၏ ရှေ့မှာပင် ထူးဆန်းသောမြင်ကွင်းတစ်ခုက ပေါ်ထွက်လာ၏။
အဆင့်သုံး၏ သတ်ဖြတ်ခြင်းစွမ်းအားသည် အမြဲတမ်းခြေတစ်လှမ်းနောက်ကျပြီး ဆူဇီမိုကို လုံးဝထိခိုက်အောင်မလုပ်နိုင်သည့်အလားပင်။
လူတိုင်း၏ တုန်လှုပ်မှုနှင့်မတူဘဲ ရှဲ့ချင်းချန်၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှုက ပိုမိုသိပ်သည်းလာခဲ့၏။
ဆူဇီမိုသည် ထိုစွမ်းအားကြီးမားသောလှုပ်ရှားမှုနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ကြိုတင်ထုတ်ဖော်ထားခြင်းမရှိလျှင် နောက်ပိုင်းမှာ သူသည် အန္တရာယ်တစ်ခုခုနှင့်ကြုံတွေ့ရပါက ထွက်ပြေးလွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့သော်ယခု သူသည် ထိုနတ်ဘုရားစွမ်းအားလေးခုနှင့် လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်ခဲ့ပြီး သူပေးဆပ်ရသောတန်ဖိုးက အရမ်းကြီးမားလေသည်။
“၅၀၀၀၀..”
“၁၀၀၀၀..”
“၃၀၀၀..”
ဆူဇီမိုက အဆင့်-၃ ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာသည့်အချိန်မှာ သူက ထိပ်ဆုံးငါးရာထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။
ပို့ဆောင်ရေးဝင်္ကပါပေါ်မှာ မတ်တတ်ရပ်ရင်း ဆူဇီမိုက ချက်ချင်းတက်လှမ်းမသွားပေ။ ထိုအစားသူက တစ်စုံတစ်ရာကိုရှာဖွေနေသည့်အလား သူ၏ မျက်လုံးထဲရှိအလင်းတစ်ချက်နှင့်အတူ သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုနေ၏။
ထိုသည်ကိုတွေ့မြင်သောအခါ ရှဲ့ချင်းချန်၏ မျက်ရစ်က တဆတ်ဆတ်လှုပ်သွား၏။
သူသည် အင်္ဂါဂြိုလ်ကျောက်တုံးဆုံးရှုံးခဲ့ရသည်ကို လက်ခံနိုင်၏။
ဗုဒ္ဓဟူးဂြိုလ်ရေခဲတုံးဆုံးရှုံးရခြင်းနှင့်ပတ်သက်၍ သူကရင်ထဲမှာနာကျင်နေသော်လည်း သူကအဲ့ဒါကိုတောင့်ခံနိုင်နေသေး၏။
သို့သော်ယခု... ကြည့်ရသည်မှာ ဆူဇီမိုသည် အဆင့်-၃ ၏ ရတနာကိုလည်း အရယူဖို့ဆုံးဖြတ်ထားသည့်ပုံပင်။
ရှဲ့ချင်းချန်က အံကိုကြိတ်၍ အသံတိတ်နေ၏။
ဤတစ်ခေါက်ဆုံးရှုံးမှုက အရမ်းကိုကြီးမား၏။
အဆင့်-၃ မှာရှိသော ရတနာ၏ တည်နေရာက အဆင့်-၁ နှင့် အဆင့်-၂ မှာကဲ့သို့ မမြင်ကွယ်ရာမှာ မဟုတ်ပေ။
ပို့ဆောင်ရေးဝင်္ကပါ၏ ဘေးမှာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမုန်တိုင်းတစ်ခုရှိနေ၏။
ဧရာမနဂါးတစ်ကောင်ကဲ့သို့ ၎င်းက အဆက်မပြတ်အော်မြည်၍ သတ်ဖြတ်ခြင်းစိတ်ဆန္ဒစီးကြောင်းများကို ထုတ်လွှတ်ပေးနေ၏။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်အုပ်မိုးနေ၏။
သူတို့ထဲမှအချို့သည် ရွာသွန်းကျဆင်းလာသည့် မြားမိုးများအဖြစ် စုဖွဲ့လာခဲ့၏။
သူတို့ထဲမှအချို့သည် ကျူးကျော်ဝင်ရောက်လာသူများကို တားဆီးရန်အတွက် လမ်းတစ်လျှောက်မှာ ထက်ရှသောဓားချီများဖြစ်လာခဲ့၏။
ရတနာက သတ္တုမုန်တိုင်း၏ အလယ်မှာရှိပြီး အဲ့ဒါက သောကြာဂြိုလ်ကျောက်တုံးတစ်တုံးဖြစ်လေသည်။
သောကြာဂြိုလ်ကျောက်တုံးသည် သောကြာဂြိုလ်ကနေကျဆင်းလာခဲ့သော ဥက္ကာခဲတစ်ခဲဖြစ်လေသည်။
အတွင်းမှာရှိသော သတ္တုစွမ်းအားက အရမ်းကိုသန့်စင်ပြီး လက်နက်များနှင့်ဓမ္မရတနာများကို ပုံသွင်းရာမှာ အကောင်းဆုံးပါဝင်ပစ္စည်းတစ်ခုဖြစ်လေသည်။
မုန်တိုင်းက အရမ်းကိုသိသာထင်ရှားလွန်းပြီး တကူးတကရှာဖွေနေခြင်းမရှိလျှင်တောင် အဲ့ဒါကိုတွေ့မြင်နိုင်လေသည်။
ထင်မှတ်ထားသည့်အတိုင်းပင်။
ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါပေါ်မှာ မတ်တတ်ရပ်ပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။ ချက်ချင်းပင်သူက ထိုမုန်တိုင်းကိုတွေ့မြင်သွားပြီး ဖျတ်ခနဲဆို ၎င်းနားသို့ချဥ်းကပ်လာခဲ့၏။
ချွင်... ချွင်... ချွင်...
ဆူဇီမိုသည် မုန်တိုင်းနှင့် မထိတွေ့နိုင်ခင်မှာပင် မုန်တိုင်းကနေထုတ်ဖော်ထားသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ထပ်တလဲလဲထိတွေ့ရိုက်ခတ်လာခဲ့ပြီဖြစ်၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သတ်ဖြတ်ခြင်းမှာ အာရုံစူးစိုက်ထားသော အဆင့်အနေဖြင့် အဲ့ဒါက အရမ်းကိုအဖျက်စွမ်းအားမြင့်မားလေသည်။
သူက မုန်တိုင်းနှင့် မထိတွေ့ခင်မှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နာကျင်မှုလှိုင်းများကို ခံစားနေရပြီဖြစ်၏။
သို့သော်လည်း... ထိုသို့ဆိုလေ သူကအဲ့ဒါကို ပို၍လက်မလွှတ်နိုင်လေဖြစ်၏။
ငရဲဖိနှိမ်မီးဖို၏ ကျန်ရှိနေသောနံရံကို ယခုအချိန်ထိမပြုပြင်ရသေးပေ။
သူ၏ ကောက်ချက်ချမှုအရ မီးဖိုပေါ်ရှိ ထိုပုံသဏ္ဌာန်က အထွတ်အမြတ်တောကောင်လေးမျိုးထဲမှ ကျားဖြူအထွတ်အမြတ်ဝိညာဥ်ဖြစ်ပေလိမ့်မည်။
ကျားဖြူသည် အနောက်ဘက်အရပ်မှာနေထိုင်ပြီး သတ်ဖြတ်ခြင်းကို ခုံမင်လေသည်။
ငရဲဖိနှိမ်မီးဖိုသည် ဤနေရာလွတ်မှာရှိသောရတနာကို ဝါးမျိုနိုင်မည်ဆိုလျှင် စတုတ္ထမြောက်မီးဖိုနံရံကို သေချာပေါက်ပြုပြင်နိုင်ပေလိမ့်မည်။
ငရဲဖိနှိမ်မီးဖိုကို အပြည့်အဝပြင်ဆင်ပြီးသွားလျှင် ဘာဖြစ်လာမလဲသူမသိပေ။ သို့သော်လည်း ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က လုံးဝပြီးပြည့်စုံစွာထွက်ပေါ်လာနိုင်သည်ကိုတော့ သူသေချာလေသည်။ ထိုရတနာများ၏ စွမ်းအားက လုံလောက်မည်ဆိုလျှင် အထွတ်အမြတ်ဝိညာဥ်လေးခုက နိုးထလာနိုင်၏။
အဲ့ဒါကိုစဥ်းစားတွေးတောရင်း ဆူဇီမိုသည် သတ္တုမုန်တိုင်းနှင့် နီးကပ်လာခဲ့ပြီဖြစ်၏။
နောက်ဆုံးမှာတော့ သူ၏ အလျင်အဟုန်က လျော့ကျလာခဲ့၏။
သူ့ခန္ဓာကိုယ်က မုန်တိုင်းဖြင့် ဆုတ်ဖြဲခံနေရပြီဖြစ်ပြီး ခပ်တိမ်တိမ်ဒဏ်ရာများကပေါ်ထွက်လာ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းက တုန်လှုပ်စရာကောင်းပြီး သူ၏ ဒဏ်ရာများက ပေါ်ထွက်လာသည့်ခဏမှာပင် မည်သည့်သွေးမှ ဖိတ်စင်ပြန့်ကျဲခြင်းမရှိဘဲ သက်သာပျောက်ကင်းသွား၏။
သို့သော်လည်း ဤတိုင်းသာ ဆက်သွားလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဒဏ်ရာရရှိသွားပေလိမ့်မည်။
သူသည် မုန်တိုင်း၏ အလယ်ဗဟိုသို့ ဝင်ရောက်ပါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲ့ဒါကိုခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် မလှမ်းမကမ်းမှာရှိသော သတ္တုမုန်တိုင်းကိုကြည့်ပြီး သူ၏ အကြည့်က သိပ်သည်းကျစ်လစ်လာ၏။ သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်ပြီး လက်နှစ်ဖက်ဖြင့် ဓားပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။
ဇီ... ဇီ... ဇီ...
“ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ... စုဖွဲ့စမ်း”
ဆူဇီမို၏ လက်နှစ်ဖက်မှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ အရေအတွက်သောင်းချီက စုစည်းလာပြီး အဆက်မပြတ်ယှက်ဖြာသွား၏။
သူ့စိတ်ဝိညာဥ်အသိစိတ်၏ ထိန်းချုပ်မှုအောက်မှာ အဆုံးမဲ့ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက သူ၏ လက်ဖဝါးထဲမှာ စုစည်းလာပြီး ထက်ရှသော ကောင်းကင်သတ်ဖြတ်ခြင်းဓားတစ်လက်ကို ထွက်ပေါ်လာစေ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ခု၏ ထက်ရှမှုက အရမ်းကို ကြောက်စရာကောင်း၏။ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ သောင်းချီဖြင့် စုဖွဲ့ထားသောဓားက သတ်ဖြတ်ခြင်းစွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ မြှင့်တင်ထားလေသည်။
မိုးကောင်းကင်ကိုးလွှာရှိ ကောင်းကင်ထက်မှာ မည်သည့်ပြောင်းလဲမှုမှ ပေါ်ထွက်မလာပေ။
သို့သော်လည်း ရင်ပြင်ပေါ်မှာ ချစ်ချစ်တောက်ပူလောင်သောနေရောင်အောက်တွင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ အထက်ကောင်းကင်မှာ မရေမတွက်နိုင်သောကြယ်များက ကသောင်းကနင်းလမ်းကြောင်းများဖြင့် ပေါ်ထွက်လာ၏။
ကြယ်အချို့က လေထဲကနေပင် ကြွေကျလာခဲ့၏။
ကောင်းကင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသောအခါ ကြယ်များသည် နဂိုနေရာကနေရွေ့လျားကုန်ပေလိမ့်မည်။
ကောင်းကင်သတ်ဖြတ်ခြင်းဓား၏ သိပ်သည်းကျစ်လစ်မှုက လောကကိုလှုပ်ခါစေသော အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်လာစေ၏။
“အို...”
“အဲ့ဒါက ဘာအင်မော်တယ်ပညာရပ်လဲ... ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်လဲ”
“အဲ့ဒီဓားပညာရပ်ရဲ့စွမ်းအားက အထက်ဘုံမှာရှိတဲ့ ဒဏ္ဍာရီတွေထဲက ရှေးဟောင်းဆိုရိုးစကားတစ်ခုကို အမှတ်ရစေတယ်... ကောင်းကင်သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ ကြယ်တွေကနဂိုနေရာကနေ ရွေ့လျားကုန်လိမ့်မယ်”
ကျင့်ကြံသူများစွာက ယွင်ထင်ကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။
ခန့်မှန်းကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ အကဲဖြတ်တန်ဖိုးကို ကျင့်ကြံသူများက အမှတ်ရသွားကြ၏။
အဲ့ဒီမှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီအကြောင်း တကယ်ပင်မှတ်တမ်းတင်ထားလေသည်။
သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ဤမျှအထိ အရမ်းကို ကြောက်စရာကောင်းနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
မိုးကောင်းကင်ကိုးလွှာတွင်...။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြစ်ပေါ်လာသည့်ခဏမှာပင် မလှမ်းမကမ်းမှာရှိသော သတ္တုမုန်တိုင်းက ခဏမျှရပ်တန့်သွား၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် သတ္တုမုန်တိုင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ရူးသွပ်စွာထုတ်ဖော်လိုက်ကြ၏။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှစ်ခုက ထိတွေ့ရိုက်ခတ်ပြီး အရာရာတိုင်းကိုဆုတ်ဖြဲပစ်နိုင်ပုံရ၏။
ဆူဇီမိုကအသံထွက်၍ တစ်ချက်အော်ဟစ်ပြီး အပေါ်သို့ခုန်တက်လိုက်၏။ သူက သူ၏လက်နှစ်ဖက်ဖြင့် ကောင်းကင်သတ်ဖြတ်ခြင်းဓားကို ဆုပ်ကိုင်ထားပြီး လေထဲကနေဆင်းသက်ကာ မလှမ်းမကမ်းမှာရှိသော သတ္တုမုန်တိုင်းကို ပစ်ထိုးလိုက်၏။
ဘုန်း...
ကောင်းကင်သတ်ဖြတ်ခြင်းဓားက သတ္တုမုန်တိုင်းနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်မှာ ကောင်းကင်နှင့်မြေကြီးကိုချိတ်ဆက်ထားသော ကြီးမားသည့်မုန်တိုင်းက ရပ်တန့်၍ ပျက်ပြယ်တော့မည့်လက္ခဏာများပြသလာပြီး ဟာကွက်တစ်ခုထွက်ပေါ်လာ၏။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။
သူက ထိုတဒင်္ဂအခွင့်အရေးကို လက်လွှတ်မခံဘဲ မုန်တိုင်းထဲသို့ လှစ်ခနဲပြေးဝင်ကာ အတွင်းမှာရှိသော ကျောက်တုံးကို ဖမ်းဆွဲယူလိုက်၏။
သူက သောကြာဂြိုလ်ကျောက်တုံးကို ရရှိသွားခဲ့ပြီဖြစ်၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားနှင့် သတ္တုမုန်တိုင်းက ခဏမျှရပ်တန့်သွားသော်လည်း ၎င်း၏ စွမ်းအားက ကျန်ရှိနေဆဲဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အလွန်တရာဆိုးဆိုးဝါးဝါးပုံစံဖြင့် စကာပေါက်ဖြစ်သွား၏။
ဆူဇီမိုက သိပ်သည်းပြင်းထန်သော နာကျင်မှုကို တောင့်ခံပြီး သောကြာကျောက်တုံးကို သူ၏ အသိစိတ်ထဲသို့ ပစ်ထည့်လိုက်၏။
ငရဲဖိနှိမ်မီးဖိုဆင်းသက်လာပြီး သောကြာဂြိုလ်ကျောက်တုံးကိုဝါးမျိုလိုက်စဥ် စတုတ္ထမြောက်နံရံပေါ်ရှိအက်ကွဲကြောင်းက တုံ့ပြန်လာခဲ့ပြီး စတင်၍တုန်ခါလာ၏။