← Chapters

ချိုးနှိမ်ခံလိုက်ရသောအပင်လောက

Vol. 148 Ch. 2212

ချိုးနှိမ်ခံလိုက်ရသောအပင်လောက

Vol. 148 Ch. 2212

လျှိုဖျင်က မှင်တက်သွား၏။

သူသည် ပန်းပွင့်ကို ငေးငိုင်စွာကြည့်ပြီး သူ၏ ငူငိုင်နေရာကနေ နိုးထမလာနိုင်ပေ။

ခဏကြာသည်အထိ သူကထင်ယောင်ထင်မှားမြင်နေသည်ဟု တွေးမိနေ၏။

သို့သော်လည်း သိပ်မကြာခင် သူ့ကိုရစ်ပတ်ထားသော ဒေသပေါက်ပင်များနှင့် နွယ်ပင်များက လျင်မြန်စွာဆုတ်ခွာသွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

ဘေးပတ်ဂန်းကျင်က နောက်တစ်ဖန် ပြန်၍တည်ငြိမ်အေးချမ်းသွား၏။

ရုတ်တရက်ဆိုသလို... ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သော စောစောကအပင်များသည် ဆက်လက်၍ ရန်လိုခက်ထန်မှုမရှိတော့ပေ။

“စီနီယာအစ်ကိုလျှို... ခင်ဗျားအဆင်ပြေရဲ့လား”

ထိုစဥ်မှာပင် သူ၏ နောက်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။ ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ယောက်က သူ့ကိုထူမပေးလိုက်၏။

လျှိုဖျင်က လှည့်ကြည့်လိုက်၏။

“ဂျူနီယာညီဆူလား”

အဲ့ဒါသည် တက္ကသိုလ်မှ သူ၏ ဂိုဏ်းသားရောင်းရင်း ဆူဇီမိုဖြစ်လေသည်။

“ဂျူနီယာညီဆူ... မင်းလည်း အဆင့်-၄ ကို တင်လှမ်းလာပြီပေါ့”

လျှိုဖျင်က အနည်းငယ်အံ့အားသင့်သွား၏။

“မင်းရဲ့ကျင့်ကြံမှုက နဲနဲနိမ့်နေပေမယ့် မင်းကငါ့ထက်နောက်ကျမကျန်ရစ်ခဲ့ဘူးပဲ... ငါမင်းကို တကယ်ပဲလျှော့ခဲ့မိတယ်”

ဆူဇီမိုက မည်သည့်စကားမှမဆိုဘဲ ပြုံးရုံသာပြုံးနေ၏။

သူသည် ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား လျှိုဖျင်က အလောတကြီးပြောလိုက်၏။

“ဂျူနီယာညီဆူ... သတိထားနော် ဘေးပတ်ဝန်းကျင်က ဒေသပေါက်ပင်တွေကအရမ်းကို ရန်လိုခက်ထန်တယ်... ငါ့ရဲ့လက်က ဟိုပန်းပွင့်ကြောင့် ပြတ်သွားရတာပဲ”

လျှိုဖျင်က ယခုထိမကောင်းမွန်သေးသော သူ၏ ပြတ်နေသည့်လက်ကို လက်ညှိုးထိုးပြပြီး မလှမ်းမကမ်းမှာရှိသော လှပသည့်ပန်းပင်ကိုကြည့်ကာ အကြောက်မပြေသေးဟန်ဖြင့် ပြောလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

လျှိုဖျင်သည် ဆူဇီမို၏ အေးဆေးတည်ငြိမ်သည့် ဂရုမထားသောအမူအရာကိုတွေ့မြင်သောအခါ သူကရှင်းပြလိုက်၏။

“ဂျူနီယာညီဆူ... အဲ့ဒီပန်းပွင့်ရဲ့ပုံပန်းသဏ္ဌာန်ကြောင့် အထင်မမှားလိုက်နဲ့”

“အဲ့ဒီပန်းက အခုချိန်မှာတော့ ပုံမှန်လိုပဲ... ဒါပေမဲ့... အဲ့ဒါက စောစောတုန်းက ဧရာမပါးစပ်ပေါက်တစ်ပေါက်အဖြစ် တကယ်ပဲအသွင်ပြောင်းလဲပြီးတော့... ကြမ်းကြုတ်တောကောင်တွေထက်တောင်မှ ပိုပြီးကြောက်ဖို့ကောင်းနေသေးတယ်”

လျှိုဖျင်က ထိုသို့ပြောရင်း သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ သူ၏ ပြတ်တောက်သွားသော လက်ကို ဖြည်းဖြည်းချင်း ပြန်ပေါက်စေလိုက်၏။

“ခင်ဗျားပြောတာမှန်တယ်... စီနီယာအစ်ကိုလျှို... ကျုပ်တို့က သတိကြီးကြီးထားသင့်တယ်”

ဆူဇီမိုက သဘောတူလိုက်၏။

လျှိုဖျင်က လေးနက်စွာပြောလိုက်၏။

“ငါတို့နှစ်ယောက်က ဒီနေရာမှာလာဆုံပြီဆိုမှတော့... ဒါကရှားရှားပါးပါးအခွင့်အရေးပဲ... ငါတို့အတူပူးပေါင်းပြီး အဆင့်-၄ကို ဖြတ်ကျော်ရအောင်”

“ဒါပေါ့”

ဆူဇီမိုက ထပ်မံ၍ရှင်းပြမနေတော့ပေ။

မည်သို့ပင်ဆိုစေ သူသည် ရှေ့သို့ဆက်သွားရမည်ဖြစ်ပြီး သူနှင့်အတူတစ်ယောက်ယောက်ကို ခေါ်သွားမည်ဆိုလျှင်တောက် အဆင်ပြေလေသည်။

“ဂျူနီယာညီဆူ... မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က နဲနဲပိုနိမ့်တယ်... မင်းက အနောက်မှာပဲနေ ရှေ့ကနေငါလမ်းဖောက်ပေးမယ်”

လျှိုဖျင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါရှေ့မှာတောင့်မခံနိုင်တော့ဘူးဆိုရင် မင်းက ခဏတော့ထိန်းထားနိုင်မှာပေါ့”

“ကောင်းပါပြီ”

ဆူဇီမိုက ငြင်းပယ်မနေတော့ပေ။

“စီနီယာအစ်ကိုလျှို... မြန်မြန်သွားပြီး တခြားသူတွေကိုအမီလိုက်ရအောင်”

လျှိုဖျင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ကာ ရှေ့သို့စိုးရိမ်တကြီးတက်လှမ်းသွား၏။

ဆူဇီမိုက နောက်ကနေလိုက်ပါလာခဲ့၏။

အံ့အားသင့်ဖို့ကောင်းစွာပင် သူတို့နှစ်ယောက် ခဏကြာလျှောက်လှမ်းလာပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ ဒေသပေါက်ပင်များက လှုပ်ရှားခြင်း သို့မဟုတ် သူတို့ကိုတိုက်ခိုက်လာခြင်းမရှိပေ။

စောစောကလျှိုဖျင်တွေ့ကြုံခဲ့ရသည့်အရာရာတိုင်းက သူ၏ စိတ်ကူးစိတ်သန်းဖြစ်နေသည့်အလားပင်။

“ဂျူနီယာညီဆူ... မင်းရဲ့နောက်မှာလှုပ်ရှားတစ်ခုခုရှိလား”

လျှိုဖျင်က သူ၏ ဘေးပတ်ဝန်းကျင်ကိုထောက်လှမ်းရင်း မေးလိုက်၏။

“အကုန်လုံးက ပုံမှန်ပါပဲ”

ဆူဇီမိုက သူ့လက်ထဲရှိတံဆိပ်ပြားကိုကိုင်ပြီး သူတို့၏ အဆင့်သတ်မှတ်ချက်ကို အဆက်မပြတ်ကြည့်နေ၏။

သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက်မှာ မည်သည့်အဟန့်အတားနှင့်မှ မကြုံတွေ့ရသော်လည်း လျှိုဖျင်က ခဲမှန်ဖူးသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူက မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာခြင်းမရှိပေ။

သူတို့၏ အဆင့်သတ်မှတ်ချက်များက အဆက်မပြတ်မြင့်တက်လာသော်လည်း သူတို့၏ အရှိန်အဟုန်က နှေးကွေးနေ၏။ ဆူဇီမိုက တဖြည်းဖြည်းစိတ်မရှည်နိုင်ဖြစ်လာခဲ့လေပြီ။

“ဂျူနီယာညီဆူ... မင်း သေချာသတိထားနော် စိတ်အာရုံမပျက်ယွင်းစေနဲ့”

လျှိုဖျင်သည် ဆူဇီမို၏ စိတ်အာရုံပြန့်လွင့်နေသောအသံကိုကြားသောအခါ သူကထပ်မံ၍သတိပေးလိုက်၏။

“ငါတို့ရဲ့ပတ်ပတ်လည်က အရာရာတိုင်းက ပုံမှန်ပဲထင်ရပေမယ့် အန္တရာယ်က အချိန်မရွေးပေါ်ထွက်လာနိုင်တယ်”

“အဲ့ဒါကပိုပြီးတော့တည်ငြိမ်လေလေ စဥ်းစားကြည့်လို့မရနိုင်တဲ့ မုန်တိုင်းတစ်ခုရှိနေဖို့က ဖြစ်နိုင်ခြေပိုများလေပဲ”

ဆူဇီမိုက မနေနိုင်ဘဲပြောလိုက်ရ၏။

“စီနီယာအစ်ကိုလျှို... ကျုပ်အရှေ့ကသွားမယ် ခင်ဗျားကအနောက်မှာတစ်လှည့်ပြန်နေလိုက်ဦး... အဲ့ဒါဆိုရင် ခင်ဗျားလည်းအနားယူချိန်ရတာပေါ့”

လျှိုဖျင်ကခဏမျှ စဥ်းစားချင့်ချိန်ပြီးနောက် ပြောလိုက်လေသည်။

“ကောင်းပြီလေ... မင်းရှေ့ကနေ ခဏသွားလိုက် အန္တရာယ်တစ်ခုခုနဲ့တွေ့မယ်ဆိုရင် ငါတို့ရဲ့နေရာကို ချက်ချင်းပြန်ပြောင်းမယ်”

“စီနီယာအစ်ကိုလျှို... ကျုပ်နောက်ကနေသာလိုက်ခဲ့ပါ”

ဆူဇီမိုက ထိုသို့ပြောပြီး လျှိုဖျင်၏ ရှေ့သို့ လှစ်ခနဲရောက်ရှိလာကာ ရှေ့သို့လျှောက်လှမ်းသွား၏။

“ဟေး.. ဟေး…”

လျှိုဖျင်က တုန်လှုပ်သွားပြီး အလောတကြီးအော်ပြောလိုက်၏။

“ဂျူနီယာညီဆူ... မင်းဘာလို့ အဲ့လောက်မြန်မြန်ပြေးနေတာလဲ... သတိထားဦး”

“ဟိုပန်းပင်တွေကိုသတိထား”

“ဟိုနွယ်ပင်တွေကိုလည်း သတိထားဦး”

ဆူဇီမိုက ဆွံ့အနားမကြားဖြစ်သွားပြီး ရှေ့သို့သာ ဆက်လက်၍ ပြေးလွှားနေ၏။

လျှိုဖျင်က ကြောက်လန့်နေပြီဖြစ်ပြီး ဆူဇီမိုနောက်သို့ ဆက်မလိုက်လိုတော့ပေ။ သို့သော်လည်း သူက မသက်မသာခံစားနေရပြီး နောက်ကနေအော်ဟစ်ရင်း ဆူဇီမိုနောက်သို့ ပြေးလိုက်သွား၏။

ဆူဇီမို၏ အလျင်အဟုန်က ပိုတိုးလာခဲ့၏။

နောက်ဆုံးမှာတော့လျှိုဖျင်သည် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ပြီး ဆူဇီမိုကိုမီအောင် အနိုင်နိုင်လိုက်နေရကာ သူ့မှာအော်ဟစ်ဖို့ခွန်အားပင် မကျန်ရှိတော့ပေ။

ထူးဆန်းသောအရာမှာ သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက်မှာ မည်သည့်တိုက်ခိုက်မှုနှင့်မှ မကြုံတွေ့ခဲ့ရဘဲ ဘေးပတ်ဝန်းကျင်မှာရှိသော ဒေသပေါက်ပင်များက အရမ်းကိုငြိမ်သက်နေခဲ့၏။

တကယ်ဆို... လျှိုဖျင်သည် အတော်လေးထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လာရ၏။

အစကတော့... ဆူဇီမို၏ ရှေ့မှာ ထူပိန်းနေသောမြက်ပင်များက ပိတ်ဆို့နေ၏။

ဆူဇီမိုက အဲ့ဒါကို ရှောင်တိမ်းဖို့စိတ်ကူးမရှိဘဲ ရှေ့သို့ပြေးတက်သွား၏။

ထူထဲသော မြင်ပင်များသည် ဘေးတစ်ဘက်သို့ အမှန်တကယ်ပင်ရှောင်တိမ်းလိုက်ပြီး ဆူဇီမိုချောမွေ့စွာတက်လှမ်းနိုင်ဖို့အတွက် လမ်းကြောင်းတစ်ခုဖွင့်လှစ်ပေးလိုက်၏။

“ထူးဆန်းတယ်”

လျှိုဖျင်က ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူ့ကိုစိတ်လှုပ်ရှားစေသည့်အရာမှာ သူတို့၏ အဆင့်သတ်မှတ်ချက်များက လျင်မြန်စွာမြင့်တက်လာနေခြင်းပင်။

၄၀၀...။

၃၀၀...။

၂၀၀...။

အဆင့်-၄ မှာအခြားသောကျင့်ကြံသူများသည် သူတို့နှစ်ယောက်ကဲ့သို့ ချောမွေ့မှုမရှိဟုဆိုလိုလေသည်။

ရင်ပြင်ပေါ်မှာ...။

ကျင့်ကြံသူများစွာသည် မိုးကောင်းကင်ကိုးလွှာမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြ၏။

ပထမအဆင့်သုံးဆင့်ကိုစောင့်ကြည့်ခဲ့ပြီးနောက် ဆူဇီမို၏ နည်းလမ်းများပေါ် လူတိုင်းက နားလည်မှုတချို့ ရှိလာကာ စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားကြ၏။

သို့သော်လည်း အဆင့်-၄ သည် ဆူဇီမိုအတွက် ဤမျှထိလွယ်ကူရိုးရှင်းနေလိမ့်မည်ဟု မည်သူကမှထင်မှတ်မထားပေ။

အဆင့်-၄ က ဒေသပေါက်ပင်လောကဖြစ်၏။

ဤနေရာမှရှိသောအပင်များအားလုံးက အသိစိတ်ရှိလေသည်။

အပင်များ၏ တစ်စိတ်တစ်ပိုင်းမှာ မည်သည့်တိုက်ခိုက်နိုင်စွမ်းမှမရှိဘဲ ကျင့်ကြံသူများကို ရစ်ပတ်ချုပ်နှောင်ကာ သူတို့ကို အဆက်မပြတ်ဟန့်တားနှောက်ယှက်ပြီး သူတို့ကိုကြန့်ကြာစေရုံသာဖြစ်၏။

တကယ်တော့... အဲ့ဒီမှာ အလွန်တရာကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းနှင့် အဖျက်စွမ်းအားကိုပိုင်ဆိုင်ထားသည့် အပင်များစွာလည်းရှိလေသည်။

လျှိုဖျင်ကြုံတွေ့ခဲ့ရသောပန်းပင်က သာမန်အကျဆုံး အရာများထဲမှတစ်ခုသာလျှင်ဖြစ်၏။

လမ်းတစ်လျှောက်မှာ သူတို့နှစ်ယောက်သည် ကြောက်စရာကောင်းသော တိုက်ခိုက်ရေးသစ်ပင်များကြားကနေဖြတ်သန်းလာခဲ့၏။

သို့သော်လည်း မည်သည့်အပင်ကမှ သူတို့နှစ်ယောက်ကို တိုက်ခိုက်မလာခဲ့ပေ။

ဤနေရာလွတ်၏ အခြားနေရာများမှာ တူညီသောဒေသပေါက်ပင်များက ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ ထိုအပင်များသည် ဆူဇီမို၏ ရှေ့မှာ ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်၍ နာခံတတ်လာခဲ့၏။

ဘေးကနေရပ်ကြည့်နေသူများက အဲ့ဒါကိုရှင်းလင်းစွာ မြင်တွေ့နေရ၏။

အဲ့ဒါသည် လျှိုဖျင်၏ အစွမ်းအစကြောင့် သေချာပေါက်မဟုတ်ဘူးဆိုတာ လူတိုင်းကပြောနိုင်ကြ၏။

သူသည် အဆင့်-၄ ကို ပထမဆုံးဝင်ရောက်လာစဥ်က လျှိုဖျင်က ပန်းပွင့်တစ်ပွင့်ကြောင့် ဝါးမျိုခံရလုနီးပါးဖြစ်ခဲ့၏။

ထိုအပင်သည် ရုတ်တရက်နောက်သို့ဆုတ်ခွာသွားခဲ့သည်မှာ ဆူဇီမို၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့်ဖြစ်၏။

“ဆူဇီမိုက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ”

“ဒီလူက အဆင့်-၁ ကို မီးတောက်အင်မော်တယ်ပညာရပ်တစ်ခုနဲ့ ဖြတ်ကျော်လာခဲ့တယ်... အဆင့်-၂ ကို ကောင်းကင်ဘုံပကတိရေနဲ့ဖြတ်ကျော်လာခဲ့တယ်... အဆင့်-၃ မှာတောင်မှ သူကလှုပ်ရှားမှုနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေအများကြီးကို ထုတ်ဖော်ခဲ့ရတယ်... အဲ့ဒါက ရင်သပ်ရှုမောဖွယ်ရာကောင်းတယ်ဆိုပေမယ့် သူ့အတွက်လည်းသိပ်ပြီး လွယ်ကူခဲ့တာမဟုတ်ဘူး... ဒါပေမဲ့ အဆင့်-၄ မှာတော့...”

ဆူဇီမိုသည် အဆင့်-၄ မှာ မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ ထုတ်ဖော်ထားခြင်းမရှိဘဲ ရှေ့သို့ချောမွေ့စွာတက်လှမ်းနေသည်ကို လူတိုင်းက ရှင်းလင်းစွာ တွေ့မြင်နေရ၏။

“အဲ့ဒီလူက အပင်တွေနဲ့ဆက်စပ်တဲ့ ကျင့်ကြံရေးနည်းစနစ်တချို့ ဒါမှမဟုတ် လျှို့ဝှက်အတတ်တစ်ခုခုကို ကျင့်ကြံထားတာဖြစ်ရမယ်လို့ ငါထင်တယ်... အဲ့ဒီဒေသပေါက်ပင်လောကက သူ့ကိုအသိအမှတ်ပြုလိုက်တာဖြစ်မယ်... အဲ့ဒါကြောင့် သူတို့က မတိုက်ခိုက်တော့တာပဲ”

လူတချို့က သူတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုလိုက်ကြ၏။

သို့သော်လည်း ပကတိအင်မော်တယ်ရှဲ့လင်က တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် အပင်များ၏ အသိအမှတ်ပြုမှုကိုရရှိထားခြင်းနှင့်မတူပေ။ ထိုအစား အပင်များက သူ့ကိုကြည်ညိုလေးစားနေသည့်အလားပင်။

All Chapters