← Chapters

သာလွန်ခြင်းအဆင့်

Vol. 148 Ch. 2213

သာလွန်ခြင်းအဆင့်

Vol. 148 Ch. 2213

မိုးကောင်းကင်ကိုးလွှာမှာ ရှုံးထွက်အဆင့်၏ ဤနေရာအရောက်တွင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာရပ်တည်ဖို့ အမှန်တကယ်အဆင့်မီသော ကျင့်ကြံသူများက များစွာမရှိတော့ပေ။

ယခုအချိန်မှာ အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ပြန်ဝင်စားအင်မော်တယ်ဖုန်းယင်က အဆင့်-၅ သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

အင်မော်တယ်ပျံဂိုဏ်း၏ အင်မော်တယ်ထိုက်ဟွာကလည်း ထပ်ကြပ်မကွာလိုက်ပါလာပြီး နောက်ကျမကျန်ရစ်ခဲ့ပေ။

အဆင့်-၅ မှာ အန္တရာယ်များစွာမရှိဘဲ ပို၍တည်ငြိမ်နေ၏။

သို့သော်လည်း အဆင့်-၅ နေရာလွတ်မှာ အလွန်တရာကြောက်စရာကောင်းသော မြေဆွဲအားကန့်သတ်ချက်တစ်ခုရှိနေ၏။ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ဤနေရာလွတ်မှာ အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကို အသုံးပြုထားသည်ဆိုလျှင်တောင် သူတို့သည် လေထဲမှာပျံသန်းဖို့နေနေသာ အရမ်းမြင့်မားစွာ ခုန်နိုင်ကြမည်ပင်မဟုတ်ပေ။

ဖုန်းယင်နှင့် ထိုက်ဟွာကဲ့သို့ အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားများသည် အချိန်တိုတစ်ခုကြာအောင် လေထဲမှာပျံသန်းနိုင်ကြ၏။ သို့သော်လည်း အဲ့ဒါက အမြုတေချီများစွာကို ကုန်ဆုံးစေမည်ဖြစ်ပြီး ထိုက်တန်မှုမရှိပေ။

ထို့ကြောင့် သူတို့နှစ်ယောက်ပင်လျှင် ဤနေရာသို့ဆင်းသက်လာသောအခါ ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ဆီသို့ ခြေလျင်လမ်းလျှောက်ဖို့ရွေးချယ်ရ၏။

အဲ့ဒါက ရှုံးထွက်အဆင့်သာလျှင် ဖြစ်သော်လည်း ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်၏ နည်လမ်းများကို တကယ်ပင်ထင်ဟပ်ပြသပေးနေ၏။

သူတို့နှစ်ယောက်ကြားကွာဟချက်က မကြီးမားသော်လည်း သူတို့သည်အခြားလူတိုင်းထက် ရှေ့သို့များစွာပိုရောက်နေ၏။

သူတို့နှစ်ယောက်က ကမ္ဘာမြေကျောက်စာတိုင်သို့ ရောက်ရှိလာသည့်အချိန်မှာ တတိယနေရာမှလူက အဆင့်-၅ သို့ ယခုအချိန်ထိ တက်လှမ်းမလာသေးပေ။

ထိုသည်ကိုတွေ့မြင်သောအခါ ပကတိအင်မော်တယ်ရှဲ့လင်က ညင်သာစွာခေါင်းညိတ်ပြီးပြောလိုက်၏။

“ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ခန့်မှန်းချက်က အများကြီးကွာခြားမှုမရှိတဲ့ပုံပဲ... ရှုံးထွက်အဆင့်ရဲ့ ပထမနေရာနဲ့ ဒုတိယနေရာကို ဆုံးဖြတ်ပြီးသွားပြီ”

“တာအိုရောင်းရင်းတောင်ထွတ်စိမ်းနဲ့ အဖြူရောင်ပင်လယ် ကြိုတင်ပြီးတော့ ဂုဏ်ပြုပါရစေ”

ပကတိအင်မော်တယ်ရှဲ့လင်က ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းနှင့် ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကိုပြုံး၍ ကြည့်ကာ အဝေးကနေ သူ၏ ဝိုင်ခွက်ကို မြှောက်ပြလိုက်၏။

ကောင်းကင်အင်မော်တယ်နှစ်ယောက်ကလည်း ခပ်မြန်မြန်ပြန်လည်နှုတ်ဆက်လိုက်၏။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ပြောလိုက်၏။

“အင်မော်တယ်ဖုန်းယင်က ပြန်ဝင်စားမလာခင် သူက ကျုပ်ရဲ့စီနီယာအစ်ကိုဖြစ်ခဲ့တာပဲ... သူက ဒီတစ်ခေါက်မှာ ဘာဖိအားမှမရှိဘဲနဲ့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ သာမန်ကာလျှံကာ ဝင်ပြိုင်ရုံပဲ”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းသည် အေးဆေးတည်ငြိမ်စွာပြောနေသော်လည်း သူ၏ လေသံမှာ မာန်မာနတစ်စွန်းတစ်စပါဝင်နေ၏။

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကလည်း ပြုံးပြလိုက်၏။

“တခြားတစ်ခုခုကြောင့်သာမဟုတ်ရင် အင်မော်တယ်ထိုက်ဟွာကလဲ ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပါဝင်ဖို့အတွက် ပေါ်လာမှာမဟုတ်ဘူး”

ရှုရှောင်းထျန်က အရေးပါသောပုဂ္ဂိုလ်များ၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း တိုးတိတ်စွာမေးမြန်းလိုက်၏။

“ရှုံးထွက်အဆင့်ရဲ့ အဆင့်သတ်မှတ်ချက်က ယာယီပဲမလား... နံပါတ်တစ် သို့မဟုတ် နံပါတ်နှစ်ကိုရတာက ဘာများအသုံးဝင်လို့လဲ... ရှုံးထွက်အဆင့်ပြီးရင် အဆင့်သတ်မှတ်ချက်တိုက်ပွဲရှိသေးတယ် မဟုတ်ဘူးလား”

“အဲ့ဒါက အရမ်းအသုံးဝင်တာပေါ့”

ရှဲ့ချင်းချန်က ပြုံး၍ရှင်းပြလိုက်၏။

“ရှုံးထွက်အဆင့်ရဲ့ ထိပ်ဆုံးကမ္ဘာမြေအင်မော်တယ်တစ်ရာရဲ့ အဆင့်သတ်မှတ်ချက်ပြီးသွားရင်... အဆင့်သတ်မှတ်ချက်တိုက်ပွဲကို ဘာအကြားအလပ်မှမရှိဘဲ ချက်ချင်းဆက်ပြီးကျင်းပလိမ့်မယ်”

ရှုရှောင်းထျန်က ဒွိဟဖြစ်ပြီး သူ၏ မျက်လုံးကို ပုတ်ခတ်နေ၏။

ရှုချောင်းချန်က ဆက်ပြောလိုက်၏။

“ဆိုလိုတာကတော့... အဆင့်-၅ ကို စောစောရောက်လေ ရှုံးထွက်အဆင့်မှာ သူတို့ရဲ့အဆင့်ကပိုပြီးမြင့်မားလေပဲ... ပြီးရင်သူတို့က အနားယူပြီး အားဖြည့်ဖို့အတွက်အချိန်ပိုရတာပေါ့”

“အာ...”

ရှုရှောင်းထျန်က နားလည်သဘောပေါက်လာခဲ့၏။

“ပြောရမယ်ဆိုရင် ဖုန်းယင်၊ ထိုက်ဟွာနှင့် တခြားသူတွေက ရောက်လာပြီးတာနဲ့ ချက်ချင်းအနားယူပြီး သူတို့ရဲ့အမြုတေချီကို ဖြည့်တင်းနိုင်မှာပေါ့... နောက်မှရောက်လာတဲ့သူတွေက အနားယူချိန်ပိုနဲသွားမှာပဲ... အဲ့ဒါက နောက်ပိုင်းမှာ သူတို့ရဲ့အဆင့်သတ်မှတ်ချက်တိုက်ပွဲအပေါ် သေချာပေါက်သက်ရောက်မှုရှိလာမှာပေါ့”

“မှန်တယ်”

ရှဲ့ချင်းချန်က ခေါင်းညိတ်၍ပြောလိုက်၏။

“ရှုံးထွက်အဆင့်ရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နိုင်တာက အဲ့ဒီအကျိုးကျေးဇူးတွေတင်မကဘူး”

“အဲ့ဒီမှာ နောက်ထပ်အားသာချက်တွေရှိသေးတာလား”

ရှုရှောင်းထျန်က အံအားသင့်သွား၏။

သူ၏ ထင်မြင်ချက်အရ ရှေ့မှာကြိုရောက်သော ကျင့်ကြံသူများက အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ အသာစီးရရှိနိုင်သည့်အချက်ကပင် လုံလောက်နေပြီဖြစ်၏။

“အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ တွဲဆိုင်းတွေရှိတယ်”

ရှဲ့ချင်းချန်က ပြောလိုက်၏။

“ပထမနေရာကိုရတဲ့သူက အဆင့်-၁၀၀ က လူနဲ့ ယှဥ်ပြိုင်ရမယ်... ဒုတိယနေရာကလူက အဆင့်-၉၉ က လူနဲ့ ယှဥ်ပြိုင်ရမယ်... ပြီးရင်အဲ့ပုံစံတိုင်းဆက်သွားလိမ့်မယ်”

“အဲ့ဒီစည်းမျဥ်းစည်းကမ်းရဲ့ ရည်ရွယ်ချက်ကတော့ အနှိုင်းမဲ့ပြိုင်စံရှားတွေအချင်းချင်း စောစောစီးစီး မတွေ့ဆုံမိအောင်ပဲ”

အဲ့ဒါကိုနားလည်ဖို့က မခက်ခဲပေ။

ဖုန်းယင်နှင့် ထိုက်ဟွာအနေဖြင့် သူတို့သည် အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ပထမဆုံးအချီမှာ တွေ့ဆုံရမည်ဆိုလျှင် သူတို့ထဲမှတစ်ယောက်က သေချာပေါက်ဖယ်ရှားရှင်းလင်းခံရပေလိမ့်မည်။

အဲ့ဒါက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် မျှတမှုမရှိပေ။

ရှုရှောင်းထျန်က တိတ်တဆိတ်မှင်တက်သွား၏။

“ပြေရမယ်ဆိုရင် အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ အဆင့်သတ်မှတ်ချက်နိမ့်လေလေ သူတို့ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေက ပိုပြီးသန်မာလေပေါ့”

“ဟုတ်တာပေါ့”

ရှဲ့ချင်းချန်က ခေါင်းညိတ်၍ပြောလိုက်၏။

“မင်းက... ရှုံးထွက်အဆင့်မှာ အဆင့်တစ်ရာ ဒါမှမဟုတ် အဆင့်-၉၉ မှာ ရပ်တည်နိုင်မယ်ဆိုရင် မင်းက အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ဖုန်းယင် ဒါမှမဟုတ် ထိုက်ဟွာနဲ့ ရင်ဆိုင်ရတဲ့အခါ အရှုံးပေးဖို့ရွေးချယ်နိုင်တယ်”

ရှုရှောင်းထျန်က ပြောလိုက်၏။

“လူတိုင်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ကို တတ်နိုင်သမျှမြန်မြန် ရောက်ချင်နေကြတာ မထူးဆန်းတော့ဘူးပဲ... ဆိုတော့ အဆင့်သတ်မျတ်ချက်ရဲ့အစဥ်အလိုက် ဒီလိုမျိုး ကြီးမားတဲ့ကွာဟချက်ရှိနေတာကိုး”

ထိုစဥ်မှာပင် ဖုန်းယင်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ရှေ့မှာ မတ်တတ်ရပ်ပြီး ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် လေထဲသို့ပျံတက်လိုက်၏။

ကျောက်စာတိုင်းက ပေတစ်ရာမြင့်မားလေသည်။

ကမ္ဘာမြေအင်မော်တယ်အများစုအတွက်တော့ သူတို့သည် အင်မော်တယ်ပညာရပ်များကို အသုံးပြုချင်းမရှိလျှင်တောင် ပေတစ်ရာအမြင့်ကို တစ်ချက်တည်းဖြင့် ခုန်တက်နိုင်လေသည်။

သို့သော်လည်း အဆင့်-၅ မှာ မြေဆွဲအားကွင်းပြင်တစ်ခုရှိနေ၏။ လူတစ်ယောက်က အမြင့်သို့ပိုတက်လေလေ မြေဆွဲအားကန့်သတ်ချက်က ပိုပြီးကြီးမားလာလေလေဖြစ်၏။

နောက်ဆုံးမှာတော့ အဲ့ဒါသည် မြေဆွဲအားကို အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်ထိပင် တိုးလာစေပေလိမ့်မည်။

ကမ္ဘာမြေအင်မော်တယ်များအတွက် ပေတစ်ရာအမြင့်က မဖြစ်နိုင်သလောက်နီးပါးပင်။

ရင်ပြင်ပေါ်မှလူတိုင်းက တဖြည်းဖြည်းလျော့ကျလာသောအရှိန်အဟုန်ဖြင့် လေထဲသို့ပျံတက်နေသော ဖုန်းယင်ကို စောင့်ကြည့်နေကြ၏။

ပေ၆၀... ပေ၇၀... ပေ၈၀...။

ဖုန်းယင်သည် ကျောက်စာတိုင်၏ အမြင့်ပေ၈၀ သို့ရောက်ရှိလာခဲ့သော်လည်း သူက သူ၏နာမည်ကို မရေးထိုးသေးပေ ။

ထိုစဥ်မှာပင် ထိုက်ဟွာကလည်း ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူက သူ၏ ဦးခေါင်းထက်ရှိ ကျောက်စာတိုင်ကိုကြည့်ပြီး သူ၏ မျက်လုံးက ဖျတ်ခနဲလက်သွား၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စေညွှန်ပြီး အင်မော်တယ်ပညာရပ်တစ်ခုကိုလှည့်ပတ်ကာ လေထဲသို့ပျံတက်လိုက်၏။

“ထူးဆန်းတယ်”

ရှုရှောင်းထျန်က တီးတိုးရေရွတ်လိုက်၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ သူ့ရဲ့နာမည်ကို ရေးထိုးလိုက်ရုံပဲမလား... သူတို့က ဘာလို့အဲ့လောက်အမြင့်ကြီးထိ ပျံတက်နေရတာလဲ”

သူက တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။

“အရှင်မင်းသား... ကျောက်စာတိုင်ပေါ်မှာ သူတို့ရဲ့နာမည်ကို ပိုပြီးမြင့်မားတဲ့နေရာမှာ ရေးထိုးနိုင်မယ်ဆိုရင် အဲ့ဒါက အဆင့်သတ်မှတ်ချက်တိုက်ပွဲတွက် ပိုပြီးတော့အသုံးဝင်မှာလား”

“အဲ့ဒါကတော့ မင်းအတွေးလွန်သွားပြီ”

ရှဲ့ချင်းချန်က ပြုံးလိုက်၏။ ရင်ပြင်ပေါ်မှာရှိသော အမျိုးသမီးများပင်လျှင် သူနှင့်ယှဥ်ပါက မှိန်ဖျော့သွားပေလိမ့်မည်။

ခဏမျှရပ်တန့်ပြီးနောက် သူကပြောလိုက်၏။

“ဒါပေမဲ့ ဖုန်းယင်နဲ့ထိုက်ဟွာလို အန္တိမပြန်ဝင်သားမွန်စတားတွေက ပင်ကိုယ်မာန်မာနရှိကြတယ်... သူတို့ကကျောက်စာတိုင်ပေါ်မှာ သူတို့ရဲ့နာမည်ကိုချန်ထားခဲ့မယ်ဆိုမှတော့ သူတို့က သူတို့ရဲ့နာမည်တွေကို တခြားသူတွေရဲ့အောက်မှာ သေချာပေါက်ရောက်ချင်မှာမဟုတ်ဘူး”

“ကျောက်စာတိုင်ပေါ်မှာ သူတို့ရဲ့နာမည်တွေရဲ့အထက်မှာ တခြားသူတွေက နာမည်တွေချန်ထားခဲ့မှာကို သူတို့ကသေချာပေါက်လိုချင်မှာ မဟုတ်ဘူး”

ကျောက်စာတိုင်ပေါ်မှာ စကားလုံးများကို ရေးထိုးခြင်းက လူတိုင်း၏ ကိုယ်ပိုင်အမှတ်သင်္ကေတဖြစ်လေသည်။

ပြန်ဝင်စားအင်မော်တယ်များအနေဖြင့် ဖုန်းယင်နှင့် ထိုက်ဟွာသည် သူတို့၏ အမည်များကို ချန်ထားခဲ့ချင်သည်ဆိုမှတော့ သူတို့သည် အထွတ်အထိပ်သို့တက်လှမ်းပြီး အပေါ်စီးကနေအခြားသောကျင့်ကြံသူများကို ငုံ့ကြည့်မည်ဖြစ်၏။

ရှဲ့ချင်းချန်က ကျောက်စာတိုင်ရှေ့မှာ ဖြည်းဖြည်းချင်းတက်လှမ်းနေသော ပုံရိပ်နှစ်ခုကိုကြည့်ပြီး ပြောလိုက်၏။

“မိုးကောင်းကင်ကိုးလွှာရဲ့ ရှုံးထွက်အဆင့်တိုင်းမှာ ပြိုင်စံရှားနဲ့ ပြန်ဝင်စားမွန်းစတားတချို့က အနိုင်ရလဒ်ကိုဆုံးဖြတ်ဖို့အတွက် အဲ့ဒီနေရာမှာ တိတ်တဆိတ်ယှဥ်ပြိုင်ကြလိမ့်မယ်”

“ပုံမှန်ဆိုရင် အမြင့်ပေ၈၀ကို တက်လှမ်းတာက အကန့်အသတ်ဖြစ်နေပြီ”

“ဒါပေမဲ့... ဖုန်းယင်နဲ့ ထိုင်ဟွာရဲ့နည်းလမ်းတွေအရ သူတို့က ပေ၈၀အမြင့်ထက် ပိုပြီးရောက်လိမ့်မယ်”

ဖုန်းယင်က ပေ၈၀ အမြင့်သို့ ရောက်ရှိလာသည့်အချိန်မှာ သူ၏ အလျင်အဟုန်ကလည်း ပို၍နှေးကွေးလာခဲ့ပြီဖြစ်၏။

သို့သော်လည်း သူက ရပ်တန့်ခြင်းမရှိဘဲ သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။

ဆူနာမီသံက သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး သူက လေထဲသို့ဆက်လက်ပျံတက်လိုက်၏။

ခဏနေပြီးနောက် သူသည် အမြင့်ပေ ၉၀ သို့ ရောက်ရှိလာခဲ့၏။

ဖုန်းယင်က သူ၏ ခေါင်းကိုအနည်းငယ်ငုံ့ပြီး သူ့အောက်ဘက်ကနေ လျင်မြန်စွာချဥ်းကပ်လာသောထိုက်ဟွာကို တစ်ချက်ကြည့်လိုက်၏။

သူက သူ့မှာရှိသမျှ အကုန်ထုတ်ဖော်မည်ဆိုလျှင် သူသည် သည့်ထက်နည်းနည်းပို၍ ပျံသန်းနိုင်လေသည်။

သို့သော်လည်း အဲ့ဒါက သူ၏ ခွန်အားကို များစွာထင်ပေါ်စေမည်ဖြစ်ပြီး စွမ်းအင်များစွာကိုလည်း သုံးစွဲရပေမည်။ သူ့အနေဖြင့် ထိုသို့လုပ်ရန် မလိုအပ်ပေ။

ထိုက်ဟွာကလည်း တဒင်္ဂမာန်မာနအတွက်နှင့် သူ့မှာရှိသမျှအကုန်ထုတ်ဖော်ကာ ဆက်လက်၍ပျံတက်လာမည်မဟုတ်ဟု သူကယုံကြည်လေသည်။

ထိုသို့အတွေးဖြင့် ဖုန်းယင်က ကျောက်စာတိုင်၏ မျက်နှာပြင်ပေါ်မှာ သူ၏ နာမည်ကို ရေးထိုးလိုက်၏။

All Chapters