ချောင်ပိတ်ရိုက်ခြင်း
Vol. 148 Ch. 2216
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာပြီးနောက် ရှဲ့ယွင်က မလှမ်းမကမ်းမှာ တင်ပျဥ်ခွေထိုင်နေသော မင်းသမီးသက်တံနီကို ကြည့်လိုက်၏။
“ငါနင့်ကိုအရင်က အနိုင်ရခဲ့တယ်... မိုးကောင်းကင်ကိုးလွှာက ရှုံးထွက်အဆင့်မှာ နင်ကငါ့ကိုတစ်ခါပြန်နိုင်သွားပြီ... ကြည့်ရတာ ငါတို့နှစ်ယောက်က အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ထပ်ပြီးပြိုင်ရဦးမယ်ထင်တယ်
“အု...ဝူး...”
မင်းသမီးသက်တံနီ၏ မျက်လုံးက ပြူးကျယ်နေပြီး စကားမပြောနိုင်ဘဲ တဝူးဝူး အော်နေ၏။
“ဟမ့်...”
ရှဲ့ယွင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ရှေ့သို့ဖြည်းဖြည်းလျှောက်လှမ်းလာသောအခါ မင်းသမီးသက်တံနီ၏ မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာကို တွေ့မြင်လိုက်ရ၏။
သူက စကားပြောမည့်ဆဲဆဲမှာပင် ဘေးမှာရှိသောထျဲဟန်က ရုတ်တရက် သူ၏ မျက်လုံးကိုဖွင့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“အရှင်မင်းသားရှဲ့ယွင်... မင်းသမီးသက်တံနီက အဆင်ပြေပါတယ်....ကျေးဇူးပြုပြီး ဒီကိစ္စမှာဝင်မပါပါနဲ့”
“ဘေးကနေသာ ပြပွဲကိုစောင့်ကြည့်နေပါ အရှင်မင်းသား”
အင်မော်တယ်ပျံဂိုဏ်း၏ ချင်ချန်ဇီကလည်း ပြုံးပြလိုက်၏။
ရှဲ့ယွင်၏ အကြည့်က သူတို့နှစ်ယောက်ကိုဖြတ်ပြီး မလှမ်းမကမ်းမှာရှိသော အင်မော်တယ်ထိုက်ဟွာပေါ်သို့ ဆင်းသက်သွားကာ တစ်စုံတစ်ရာကို ဝိုးတဝါး ခန့်မှန်းမိလာခဲ့၏။
ရှဲ့ယွင်က ခဏမျှစဥ်းစားတွေးတောပြီးနောက် ဘေးတစ်ဘက်သို့ ဆုတ်ခွာသွား၏။
“မင်းသမီးသက်တံနီက ဆက်လက်၍ အသံထွက်နေ၏။
ရှဲ့ယွင်က တောင်းပန်လိုသောအမူအရာဖြင့် သူ၏ ခေါင်းကို အနည်းငယ်ခါပြလိုက်၏။
မင်းသမီးသက်တံနီအဆင်ပြေနေသရွေ့ သူက တခြားသူများ၏ အသက်ကို ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
တကယ်ဆို လူတချို့သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် သူ၏ ပြိုင်ဘက်ပင် ဖြစ်လာနိုင်၏။
သူတို့က ဤနေရာမှာ ဖိနှိမ်ခံရမည်ဆိုလျှင်တောင် သူက ကြားဝင်ပါလိမ့်မည် မဟုတ်ပေ။
ရှစ်ယောက်မြောက်လူက တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ မင်းသားယွင်လေဖြစ်၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်က မင်းသားယွင်လေသည် မင်းသမီးသက်တံနီနှင့်အတူ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပြိုင်ခဲ့၏။
သို့သော်လည်း သူက တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်သွားခဲ့၏။
မင်းသားယွင်လေသည် ကျောက်စာတိုင်ပေါ်မှာ သူ၏ နာမည်ကိုချန်ထားခဲ့ပြီးနောက် သူက မင်းသမီးသက်တံနီ၏ တအီအီအော်သံကို ကြားရကာ ထူးခြားမှုတစ်စုံတစ်ရာကို အာရုံခံမိသွား၏။
သူ၏ အကြည့်က အင်မော်တယ်ထိုက်ဟွာ၊ ထျဲဟန်နှင့်၊ ချင်ချန်ဇီတို့အပေါ်ရောက်ရှိသွားပြီး သူကရင်တစ်ချက်ထိတ်သွား၏။
သူတို့၏ နေရာယူပုံများက သာမန်ကာလျှံကာဟုထင်ရသော်လည်း သူတို့က တိကျသောပုံစံတစ်ခုမှာရှိနေကြ၏။ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာသော မည်သည့်ကျင့်ကြံသူမဆို သူတို့၏ ဝန်းရံပိတ်ဆို့မှုအောက်မှာ ကျဆင်းသွားနိုင်၏။
ယွင်ထင်က ရင်တစ်ချက်ထိတ်သွားပြီး အမှန်တရားကို အကြမ်းဖျင်းကောက်ချက်ချကာ စောင့်ကြည့်ဖို့အတွက် အခြားတစ်ဘက်သို့ ဆုတ်ခွာသွား၏။
ကိုးယောက်မြောက်က ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသားယွင်ထောင်ဖြစ်လေသည်။
ဆယ်ယောက်မြောက်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ယဲ့ဖေးဖြစ်၏။
ယဲ့ဖေးသည် အဆင့်-၅ သို့ ရောက်ရှိလာသောအခါ တက္ကသိုလ်မှအကြီးအကဲများက စိုးရိမ်ပူပန်လာခဲ့၏။
ယဲ့ဖေးသည် အပြင်ဂိုဏ်းပြိုင်ပွဲ၏ နံပါတ်တစ်ဖြစ်ပြီး တက္ကသိုလ်က သူ့ကိုမြင့်မားစွာမျှော်လင့်ထား၏။
မိုးကောင်းကင်ကိုးလွှာ၏ အပြင်ဘက်မှ လူတိုင်းသည် ဖြစ်ပျက်နေသည့်အရာကို သိရှိနေကြပြီဖြစ်၏။
သို့သော်လည်း ယဲ့ဖေးက အဲ့ဒါကိုမသိရှိဘဲ သူ့ရှေ့မှာကြိုတင်စောင့်ဆိုင်းနေသော ထောင်ချောက်ထဲသို့ တိုးဝင်လာခဲ့၏။
သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာသည်နှင့် ထျဲဟန်နှင့် အခြားသူများက တိုက်ခိုက်လိမ့်မည်ဖြစ်ပြီး သူက ကျောက်စာတိုင်ပေါ်မှာ သူ၏ နာမည်ကို ရေးထိုးခွင့်ပင်ရလိမ့်မည်မဟုတ်ပေ။
အဲ့ဒါသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အစီအစဥ်လည်းဖြစ်၏။
အင်မော်တယ်ထိုက်ဟွာနှင့် ထျဲဟန်ပါဝင်ပတ်သက်နေခြင်းနှင့်အတူ သူတို့နှစ်ယောက်သည် ကျောက်စာတိုင်ရှေ့သို့အရင်ဆုံး ရောက်ရှိလာသည်နှင့်အမျှ အတူပူးပေါင်းနိုင်ကြ၏။
သူတို့နှစ်ယောက်၏ ပူးပေါင်းမှုက မည်သည့်ကိုမဆို အငိုက်ဖမ်းဖိနှိမ်နိုင်၏။
ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ရောက်ရှိလာသောကျင့်ကြံသူများက ပို၍များပြားလာပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကျင့်ကြံသူများကတော့ ကျောက်စာတိုင်ရှေ့သို့ တစ်ယောက်ရောက်လာတိုင်း ဆူဇီမိုပေါ်ထွက်မလာသရွေ့ သူတို့က တစ်ယောက်ပြီးတစ်ယောက် ဖိနှိမ်ခံရမည်ဖြစ်၏။
မိုးကောင်းကင်ကိုးလွှာမှာ...။
အရိုင်းဆန်ဆန်လေများက အော်မြည်တိုက်ခတ်၍ လေထဲမှာကျောက်စရစ်ခဲများနှင့် သဲမှုန်များက လွင့်ပျံနေ၏။
ဘာ့ကြောင့်ရယ်အသိ ဤနေရာလွတ်မှာ ရန်လိုခက်ထန်သော အော်ရာတစ်ခုရှိနေ၏။ သဲမှုန်များကြားမှာ ယဲ့ဖေးသည် အဆက်မပြတ်ရှေ့သို့တက်လှမ်းလာပြီး နောက်ဆုံးမှာ ပေတစ်ရာမြင့်မားသော ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ကို တွေ့မြင်သွားလေသည်။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်၏ ဘေးပတ်လည်မှာ ကျင့်ကြံသူတချို့က ဖြန့်ကြက်နေရာယူထားပြီး သူတို့၏ မျက်လုံးများကို မှိတ်ကာအနားယူနေကြ၏။
သူတို့ကြားမှာ အမျိုးသမီးတစ်ယောက်ပါဝင်လေသည်။ အဝေးကကြည့်လျှင် သူမ၏ အဝတ်အစားနှင့် ပုံပန်းသဏ္ဌာန်အရ အဲ့ဒါသည် မင်းသမီးသက်တံနီနှင့်တူလေသည်။
သဲမှုန်များက သူ၏ မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် သူ၏ စိတ်ဝိညာဥ်အသိစိတ်က သိပ်ပြီးဝေးဝေးမထောက်လှမ်းနိုင်ဘဲ ယဲ့ဖေးသည် အရာရာတိုင်းကို ရှင်းလင်းစွာမတွေ့မြင်ရပေ။
မင်းသမီးသက်တံနီ၏ မျက်လုံးများက ပြူးကျယ်၍ ချဥ်းကပ်လာသော ယဲ့ဖေးကို စောင့်ကြည့်နေ၏။ သို့သော်လည်း သူမက စကားမပြောနိုင်ဘဲ သူမ၏ ခွန်အားကုန်ဖြင့် တအီအီအသံကိုသာ ထုတ်ဖော်နိုင်၏။
သို့သော်လည်း သူမ၏ ပါးစပ်က ချိပ်ပိတ်ခံထားရပြီး တအီအီထုတ်ဖော်နေသောအသံက အလွန်တရာတိုးညင်းလေသည်။ တစ်ယောက်ယောက်က အနားသို့ ချဥ်းကပ်မလာသရွေ့ သူတို့သည် သူမ၏ အသံကို ကြားရလိမ့်မည် မဟုတ်ပေ။
ယဲ့ဖေးက ရှေ့သို့အလျင်အမြန်လျှောက်လှမ်းလာပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်နှင့် တဖြည်းဖြည်းနီးကပ်လာကာ သူ၏ ဘေးပတ်လည်မှလူတချို့ကို တဖြည်းဖြည်းပုံဖော်လာနိုင်၏။
ဖုန်းယင်၊ ထိုက်ဟွာ၊ ထျဲဟန်...။
ထိုအမျိုးသမီးက တကယ်ပင် မင်းသမီးသက်တံနီဖြစ်၏။
“ဂျူနီယာညီမသက်တံနီ... နင်ကငါ့ထက်အရင်စောပြီးရောက်နေတာပဲ”
ယဲ့ဖေးက ပြုံး၍ ကျယ်လောင်စွာနှုတ်ဆက်လိုက်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှိရာသို့ ဆက်လက်၍တက်လှမ်းလာ၏။
မင်းသမီးသက်တံနီက ယဲ့ဖေး၏ အသံကိုကြားရသော်လည်း သူမ၏ အသံကို သူကပြန်မကြားရပေ။
ထိုသို့ဆိုလေ သူမက ပို၍ပူပန်ကြောင့်ကြလာလေဖြစ်၏။ ယဲ့ဖေးက ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းပြီး ရုတ်တရက်ရပ်တန့်လိုက်၏။
သူ၏ အကြည့်ကို အနည်းငယ်မှေးကျဥ်းပြီး အိုးတိုးအမ်းတမ်းအမူအရာတစ်ခုနှင့်အတူ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ပတ်လည်မှ ကျင့်ကြံသူတချို့ကို ကြည့်လိုက်၏။
မင်းသမီးသက်တံနီက သူ့ကိုစကားပြန်ပြောမလာခဲ့သည့်အချက်သည် သူ့ကို သတိဝင်လာစေ၏။
သူက အင်မော်တယ်ထိုက်ဟွာ၊ ထျဲဟန်နှင့် ချင်ချန်ဇီတို့၏ တည်နေရာများကို ကြည့်ရှုပြီး ထူးခြားမှုတစ်စုံတစ်ရာကို သတိထားမိလိုက်၏။
“တစ်ခုခုတော့လွဲနေတယ်”
ယဲ့ဖေးက သုန်မှုန်နေသောအမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အပြင်ဂိုဏ်းရဲ့နံပါတ်တစ်ဆိုတဲ့အတိုင်းပဲ... မင်းရဲ့သတိဝီရိယက တခြားသူတွေထက်သာလွန်နေပြီပဲ”
ရုတ်တရက် အင်မော်တယ်ပျံဂိုဏ်း၏ ချင်ချန်ဇီက သူ၏ မျက်လုံးကိုဖွင့်ပြီး ရယ်မောလိုက်၏။
တစ်ချိန်တည်းမှာပင် ထျဲဟန်က လှုပ်ရှားမှုပြုလုပ်ပြီး အလွန်တရာ မြန်ဆန်သောအလျင်အဟုန်ဖြင့် ယဲ့ဖေးထံသို့ ပြေးဝင်လိုက်၏။
ချင်ချန်ဇီကလည်း ယဲ့ဖေးထံသို့ ခုန်ဝင်လိုက်ပြီဖြစ်၏။
အစကတော့ သူတို့နှစ်ယောက်သည် မတိုက်ခိုက်ခင် ယဲ့ဖေးအနားသို့ ချဥ်းကပ်လာသည့်အချိန်ထိ စောင့်ဆိုင်းလိုခဲ့၏။
ယခုယဲ့ဖေးက ထူးခြားမှုတစ်စုံတစ်ရာကို ကြိုတင်သတိထားမိသွားခဲ့လေပြီ။
ယဲ့ဖေး၏ တုံ့ပြန်မှုကလည်း အရမ်းကိုမြန်ဆန်ပြီး ချင်ချန်ဇီစကားပြောလိုက်သည့်အချိန်မှာပင် သူကနောက်သို့ဆုတ်ခွာလိုက်၏။
ထျဲဟန် ဖြစ်စေ... ချင်ချန်ဇီဖြစ်စေ... သူတို့နှစ်ယောက်စလုံးက အဆင့်သတ်မှတ်ချက်တွင် သူ့အထက်မှာရပ်တည်လေသည်။
တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုလျှင် သူ့မှာအနိုင်ရဖို့အခွင့်အရေးတစ်ခုရှိနေနိုင်သေး၏။
သို့သော်လည်း သူတို့နှစ်ယောက်ပူးပေါင်းထားသည့်အချိန်မှာ သူ့တွင်အနိုင်ရဖို့အခွင့်အရေးလုံးဝမရှိပေ။
ဒါ့အပြင် ထိုနေရာမှာ အင်မော်တယ်ထိုက်ဟွာကလည်းရှိနေ၏။
ယဲ့ဖေးက အလွန်တရာပြတ်သားပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။ သူက ထျဲဟန်နှင့် ချင်ချန်ဇီတို့နှင့် တိုက်ခိုက်ဖို့စိတ်ကူးမရှိတော့ပေ။ သူက ဤနေရာကနေချက်ချင်းထွက်ခွာပြီး တက္ကသိုလ်မှ သူ၏ ဂိုဏ်းသားရောင်းရင်းများကိုစုစည်းကာ ကြိုတင်ပြင်ဆင်လိုလေသည်။ မဟုတ်ပါက တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာမည်ဆိုလျှင် သူတို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ ကျင့်ကြံသူများစွာကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ဤကဲ့သို့သောအချိန်တိုအတွင်းမှာ ယဲ့ဖေး၏ တုံ့ပြန်ပုံနည်းလမ်းက အကောင်းဆုံးအဖြေတစ်ခုဖြစ်၏။
သို့သော်လည်း ထျဲဟန်နှင့် ချင်ချန်ဇီက အရမ်းကိုသန်မာလွန်း၏။
သူတို့ထဲမည်သူကမှ သူ့ကိုအလွယ်တကူလက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။
“ထစမ်း”
ထျဲဟန်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ညင်သာစွာအော်ငေါက်လိုက်၏။
ဧရာမရေခဲတံတိုင်းတစ်ခုက ယဲ့ဖေး၏ နောက်ဘက်လေထဲမှာ ရုတ်တရက်ပေါ်ထွက်လာပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။
သူသည် တက္ကသိုလ်မှ မည်သည့်တပည့်ကိုမှ အလွတ်မပေးနိုင်ပေ။ ချင်ချန်ဇီကလည်း ထိန်ချန်ထားခြင်းမရှိဘဲ အဆင့်မြင့်နတ်ဘုရားစွမ်းတစ်ခုကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
ယဲ့ဖေးက သူ၏ လက်ချောင်းများဖြင့် ဓားတစ်လက်ကိုစုဖွဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ ညင်သာစွာတစ်ချက်အော်ဟစ်ပြီး သူက သူ၏ နောက်ဘက်မှ ရေခဲတံတိုင်းကို ပစ်ထိုးလိုက်၏။
ဘုန်း...
တဖျတ်ဖျတ်တလက်လက် ဓားအလင်းက သူ၏ ဓားလက်ညှိုးကနေ ပေါက်ကွဲထွက်ပေါ်လာပြီး ရေခဲနံရံပေါ်မှာ အပေါက်တစ်ပေါက်ဖြစ်ပေါ်လာစေ၏။
သို့သော်လည်း ထိုနှောင့်နှေးကြန့်ကြာမှုနှင့်အတူ ချင်ချန်ဇီ၏ တိုက်ခိုက်မှုက ဆင်းသက်လာခဲ့ပြီဖြစ်၏။
ယဲ့ဖေးက ဘာမှမတတ်နိုင်ဘဲ နောက်တစ်ဖန်ခုခံလိုက်ရ၏။
ချင်ချန်ဇီက ရယ်မော၍ ယဲ့ဖေးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိပေ။ သူက သူ၏ ချီကို လက်နှစ်ဖက်နှင့်အတူ ချည်မျှင်များအဖြစ်သာစုဖွဲ့ပြီး ထိုသူကိုတားဆီးထားလေသည်။
တစ်ဘက်မှာတော့ ထျဲဟန်ကရောက်ရှိလာခဲ့ပြီး ဆေဘာတစ်လက်ကဲ့သို့ သူ၏ လက်ဝါးဖြင့် ယဲ့ဖေး၏ ဦးခေါင်းကို ခုတ်ချလိုက်၏။
အေးစက်နေသောစိတ်ဆန္ဒတစ်ခုက သူ့ကိုလွှမ်းခြုံလာပြီ ယဲ့ဖေးက ဆတ်ခနဲတုန်ယင်သွား၏။ သူ၏ သွေးချီလည်ပတ်မှုက နှေးကွေးသွားပြီး အေးခဲလုနီးပါးဖြစ်လာခဲ့၏။
အဲ့ဒါကအရမ်းကိုသန်မာလွန်း၏။
ယဲ့ဖေးက ထိတ်လန့်သွားလေသည်။
သူက သူ၏ ဓားလက်ညှိုးကို စုဖွဲ့ပြီး လက်ပြန်ပစ်ထိုးကာ ထျဲဟန်၏ လက်ဝါးဆေဘာဖြင့် ရိုက်ခတ်သွားစေ၏။
ဖျောက်... ဖျောက်... ဖျောက်...
ယဲ့ဖေး၏ ဓားလက်ညှိုးပေါ်မှာ နှင်းခဲတစ်လွှာက ချက်ချင်းပင်ဖုံးအုပ်လာခဲ့၏။
နှင်းခဲများက သူ၏ လက်တံတစ်လျှောက် အဆက်မပြတ်ဖြန့်ကြက်လာခဲ့၏။
တစ်ဘက်မှာတော့... ချင်ချန်ဇီ၏ လက်ချောင်းများကနေစုဖွဲ့ထားသော ပါးလွှာသည့် အနက်ရောင်ချည်မျှင်ဆယ်ခုက ယဲ့ဖေး၏ ခန္ဓာကိုယ်ကို ရစ်ပတ်၍ သူ၏ ခြေလက်များကို တုပ်နှောင်လာခဲ့၏။
ထိပ်သီးပညာရှင်နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုက အချီရေအနည်းငယ်အတွင်း ယဲ့ဖေးကို ချောင်ပိတ်မိသွားစေ၏။