← Chapters

စွန့်လွှတ်စတေးခြင်း

Vol. 148 Ch. 2218

စွန့်လွှတ်စတေးခြင်း

Vol. 148 Ch. 2218

လျှိုဖျင်သည် တုန်လှုပ်သွားပြီး ခုခံဖို့အတွက် နတ်ဘုရားစွမ်းတစ်ခုကို အလောတကြီးထုတ်ဖော်လိုက်၏။

သို့သော်လည်း ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားသည် ရွေ့လျားလာသော မိုးမခသစ်ကိုင်းမျာမှ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိဘဲ အလွယ်တကူကြေမွသွား၏။

ရုတ်တရက်ဆိုသလို...

လျှိုဖျင်၏ အမြင်အာရုံက ဝေဝါးသွားပြီး ပုံရိပ်တစ်ခုက သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့၏။

အဲ့ဒါက မည်သူဆိုတာကို သူမမြင်ရခင်မှာပင် သိပ်သည်းပြင်းထန်သော အင်အားတစ်ရပ်က သူ့ကိုလွင့်စင်ထွက်သွားစေသည်ဟုခံစားလိုက်ရပြီး သူကမလှမ်းမကမ်းမြေပြင်ပေါ်သို့ ကျဆင်းသွား၏။

လျှိုဖျင်က ခပ်မြန်မြန်ထရပ်ပြီး သူ၏ ခန္ဓာကိုယ်က အဆင်ပြေသည်ကိုသိရသောအခါ သူကအလိုလိုလှမ်းကြည့်လိုက်၏။

ဆူဇီမိုသည် အစကသူရှိနေခဲ့သောနေရာမှာ မတ်တတ်ရပ်နေခဲ့ပြီး ဆူးချွန်များနှင့် သွေးနီရောင်မိုးမခသစ်ကိုင်းများစွာဖြင့် ရစ်ပတ်ခံထားရပြီဖြစ်၏။

စောစောက အချိန်မီဝင်ရောက်တိုက်ခိုက်ပြီး လျှိုဖျင်ကို နောက်သို့ တွန်းပို့ကာ သူ့အသက်ကိုကယ်ခဲ့သည်မှာ ဆူဇီမိုသာဖြစ်၏။

“ဂျူနီယာညီဆူ...”

လျှိုဖျင်က အံ့အားတသင့်ခေါ်ဆိုပြီး ရှေ့သို့တက်လှမ်းကာ တိုက်ခိုက်ဖို့ပြင်လိုက်၏။

ဖန်း... ဖန်း... ဖန်း...

ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးမခသစ်ကိုင်းများက ကျိုးပြတ်ကာ လေးကြိုးပြတ်တောက်သံကဲ့သို့ အသံမျိုးထွက်ပေါ်လာ၏။

“မလာနဲ့”

ဆူဇီမိုက လှည့်ကြည့်ခြင်းမရှိဘဲ အော်ပြောလိုက်၏။

ဤမိုးမခသစ်ပင်များက အခြားသောအပင်များနှင့်မတူပေ။ အဲ့ဒါက လျှိုဖျင်ကိုမပြောနှင့် သူ့ကိုပင်တိုက်ခိုက်ရဲလေသည်။

လျှိုဖျင်က သူ၏ ခြေလှမ်းကို ခပ်မြန်မြန်ရပ်တန့်လိုက်၏။

စောစောက သူသည် ဆူဇီမို၏ နောက်ကနေ လိုက်လာခဲ့စဥ် ဤနေရာမှာရှိသောအပင်များက ရုတ်တရက်နူးညံ့ပျော့ပျောင်းလာခဲ့သည်မှာ ဆူဇီမိုကြောင့်ဖြစ်နိုင်သည်ကို သူက တဖြည်းဖြည်းခန့်မှန်းမိလာခဲ့ပြီဖြစ်၏။

ယခုအဲ့ဒါကို တွေ့မြင်သောအခါ သူကဆက်လက်၍ သံသယမရှိတော့ပေ။

“ဂျူနီယာညီဆူ... သတိထားဦး.. ငါမင်းကိုပို့ဆောင်ရေးဝင်္ကပါကနေစောင့်နေမယ်”

သူက ရှေ့သို့တက်လှမ်းမည်ဆိုလျှင်တောင် အကူအညီများစွာဖြစ်စေလိမ့်မည်မဟုတ်သည်ကို လျှိုဖျင်က သိလိုက်လေသည်။

ထိုအစားသူက ဆူဇီမိုကို စိတ်အာရုံပျက်ယွင်းစေပေလိမ့်မည်။

“အဲ့လိုလုပ်စရာမလိုတော့ဘူး... ခင်ဗျားအရင်သွားနှင့်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်မှာ ခင်ဗျားရဲ့နာမည်ကိုအရင်ရေးထိုးထားလိုက်... ကျုပ်ခဏနေရင် လိုက်လာခဲ့မယ်”

ဆူဇီမိုက လှည့်ကြည့်ခြင်းမရှိဘဲ သာမန်ကာလျှံကာပြောလိုက်၏။

သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှကျင့်ကြံသူများ ပူးပေါင်းလာသည်ကို ယခုအချိန်ထိ မတွေ့မြင်ရသေးပေ။

သူထင်တာမမှားဘူးဆိုလျှင် ထိုအဖွဲ့အစည်းနှစ်ခုက အဆင့်-၅ မှာ ရှိနေပေမည်။

လျှိုဖျင်က သူနှင့်အတူသွားလာမည်ဆိုလျှင် လျှိုဖျင်က ရောပါဒုက္ခရောက်နိုင်၏။

လျှိုဖျင်က ခဏမျှစဥ်းစားပြီးနောက် ပြောလိုက်၏။

“အဲ့ဒါလည်းကောင်းတာပဲ... ကျေးဇူးပဲ ဂျူနီယာညီဆူ.... မင်းနဲ့သာမတွေ့ခဲ့ရင် ငါကအဆင့်-၄ မှာ သေသွားမှာ... အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပြန်တွေ့ကြတာပေါ့”

သူက ဆူဇီမိုကို ဦးညွှတ်ပြီး လှည့်ထွက်သွား၏။

ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာပြီးနောက် သူကတက်လှမ်းလိုက်၏။

အဆင့်-၅ သို့ ရောက်ရှိလာပြီးနောက် သူ၏ ခန္ဓာကိုယ်က အဆပေါင်းများစွာလေးလံလာသည်ဟု လျှိုဖျင်က ခံစားလိုက်ရ၏။ သူ၏ လှုပ်ရှားမှုတိုင်းက ပို၍နှေးကွေးလာပြီး ပို၍ခက်ခဲလာခဲ့၏။

“ဒါက... အဆင့်-၅ လား”

လျှိုဖျင်က တီးတိုးရေရွတ်ပြီး ဘေးပတ်ဝန်းကျင်မှာ ရှိသော သဲမုန်တိုင်းကိုကြည့်လိုက်၏။ သူက စိတ်အားမာန်တက်ကြွလာပြီး ရှေ့သို့တက်လှမ်းလိုက်လေသည်။

အတန်ကြာပြီးနောက်... လျှိုဖျင်သည် နောက်ဆုံးမှာ ခပ်လှမ်းလှမ်းတွင် မြင့်မားသော ကျောက်စာတိုင်ကို တွေ့မြင်လိုက်ရ၏။ အဲ့ဒါက ဒဏ္ဍာရီလာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ဖြစ်၏။

လျှိုဖျင်က သူ၏ တံဆိပ်ပြားကိုထုတ်ယူပြီး အဆင့်သတ်မှတ်ချက်ကိုကြည့်လိုက်၏။

“အဆင့်-၅၈”

“ဟားဟား...”

သူကကျေနပ်သဘောကျသွား၏။

ဤတစ်ခေါက်ရှုံးထွက်အဆင့်တွင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ သူ၏ နာမည်ကို ချန်ထားနိုင်တော့မည်သာမက သူ၏ အဆင့်သတ်မှတ်ချက်ကလည်း သိပ်ပြီးနိမ့်ကျမနေပေ။

“တက္ကသိုလ်က တခြားဘယ်သူတွေရောက်နေပြီလဲ မသိဘူး”

လျှိုဖျင်က စဥ်းစားတွေးတောရင်း ရှေ့သို့ခပ်မြန်မြန်တက်လှမ်းလိုက်၏။

“ငါထင်တာမမှားဘူးဆိုရင် စီနီယာအစ်ကိုယဲ့ရယ်... ဂျူနီယာညီမသက်တံနီရယ်က ငါ့ရှေ့မှာ သေချာပေါက်ရောက်နေလောက်ပြီ... စီနီယာအစ်ကိုလျှိုနဲ့ စီနီယာအစ်ကိုဝမ်တို့ကတော့ ငါနဲ့သိပ်မကွာလောက်ဘူး”

သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်နှင့် နီးကပ်သည်ထက် နီးကပ်လာခဲ့၏။

သိပ်မကြာခင် လျှိုဖျင်သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်၏ အောက်ဘက်မှာ ဖြန့်ကြက်နေရာယူထားသော ကျင့်ကြံသူများစွာကို တွေ့မြင်နေရပြီဖြစ်၏။

သူတို့ကြားမှာ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများပါဝင်လေသည်။

ယဲ့ဖေးနှင့် မင်းသမီးသက်တံနီကလည်း သူတို့ကြားမှာရှိလေသည်။

“စီနီယာအစ်ကိုယဲ့... ခင်ဗျားတို့တွေ စောလှချေလား”

လျှိုဖျင်က သူ၏ လက်ကိုဝေ့ယမ်းကာ အဝေးကနေ နှုတ်ဆက်လိုက်၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းက တင်ပျဥ်ခွေထိုင်နေကြဖြစ်၏။ သူတို့က မတ်တတ်ထရပ်မလာဘဲ သူ့ကိုလည်း ပြန်ဖြေခြင်းမရှိဘဲ သူတို့၏ မျက်လုံးများကသာ ပြူးကျယ်နေကြ၏။

လျှိုဖျင်က ဒွိဟဖြစ်သွားသော်လည်း သူက အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေပေ။

သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ပေါ်မှာ သူ၏ နာမည်ကို ရေးထိုးနိုင်တော့မည်ဖြစ်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေကာပြုံးလိုက်၏။

“စီနီယာအစ်ကိုယဲ့... ကျုပ်ဒီလောက်မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မယ်လို့ ခင်ဗျားတို့ ထင်မထားဘူးမလား”

“တကယ်တော့... ကျုပ်ကအဆင့်-၄ မှာ သေတော့မလို့ဘဲ... ကံကောင်းလို့ ကျုပ်က ဂျူနီယာညီဆူနဲ့ တွေ့ပြီး သူကကျုပ်ကို တစ်လမ်းလုံး ခေါ်လာခဲ့တာပဲ”

“အဲ့ဒါနဲ့ကျုပ်က တခြားသူတွေကိုကျော်တက်ပြီး ဒီနေရာကိုရောက်လာနိုင်ခဲ့တာ”

“ဂျူနီယာညီဆူက အဆင့်-၄ မှာ ခဏကျန်နေခဲ့တယ် သူလည်းသိပ်မကြာခင်လိုက်လာမှာ”

ထိုစကားကိုကြားသောအခါ ယဲ့ဖေး၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲမှာ ပြတ်သားသောအကြည့်တစ်ခု ပေါ်ထွက်လာခဲ့၏။

အဲ့ဒါသည် သူစောင့်ဆိုင်းနေခဲ့သည့် အခွင့်အလမ်းဖြစ်၏။

“အား...”

ရုတ်တရက်ယဲ့ဖေးက မတ်တတ်ထရပ်ပြီး သံရှည်ဆွဲကာဟိန်းဟောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အချုပ်အနှောင်များစွာက ကျိုးပျက်သွားသည့်အလားပင်။ သူ၏ အနက်ရောင်ဆံပင်က ချက်ချင်းပင် လျင်မြန်စွာမီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်နှာက သိသိသာသာအိုစာလာခဲ့၏။

သို့သော်လည်း သူ၏ မျက်လုံးများက ပြတ်သားသောအကြည့်တစ်ခုဖြင့် တောက်ပနေ၏။

ရင်ပြင်ပေါ်မှာ...။

လူအုပ်ကြီးက အံ့အားသင့်တုန်လှုပ်သွား၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ယဲ့ဖေးသည် အင်မော်တယ်ထိုက်ဟွာ၏ စွမ်အားကနေ ရုန်းထွက်လာနိုင်စရာအကြောင်းမရှိပေ။

ထိုအခိုက်အတန့်မှာ ယဲ့ဖေး၏ အခြေအနေက တကယ့်ကိုကြောက်စရာကောင်းနေ၏။

“ဘဝသက်တမ်း စွန့်လွှတ်စတေးပညာရပ်”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက တုန်လှုပ်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။

ကျင့်ကြံသူများစွာကလည်း ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားကြ၏။

ဤလျှို့ဝှက်အတတ်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလာပြီး ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာသာမက ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် အလွန်တရာ ကျော်ကြားလေသည်။

ထိုလျှို့ဝှက်အတတ်မှာ အဆင့်သုံးဆင့်သာလျှင်ရှိလေသည်။

အဆင့်တစ်မှာ အဲ့ဒါကိုထုတ်ဖော်လိုက်သည်နှင့် လူတစ်ယောက်သည် ဘဝသက်တမ်းနှစ်တစ်သိန်းကို ချက်ချင်းပင်ဆုံးရှုံးရပေလိမ့်မည်။

သို့သော်လည်း သူတို့သည် အချိန်တိုအတွင်းမှာ သိပ်သည်းပြင်းထန်သည့် ရုန်းကန်ပေါက်ကွဲစွမ်းအားတစ်ခုကို ရရှိလာပေလိမ့်မည်။

ယဲ့ဖေးက အသက်မကြီးသေးဘဲ သူကနှစ်လေးသောင်းဝန်းကျင်မှာသာရှိ၏။

သို့သော်လည်း ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်နှစ်သိန်းသာလျှင်ဖြစ်၏။

ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီးနောက် ယဲ့ဖေးသည် သူ၏ အထွတ်အထိပ်အရွယ်ကနေ ကျဆင်းကာ သူ၏နှောင်းပိုင်းနှစ်များသို့ ဝင်ရောက်လာပြီဟု ဆိုလိုလေသည်။

အဲ့ဒါက သူ၏ အနာဂတ်အပေါ် ကြီးမားသည့်သက်ရောက်မှုတစ်ခုဖြစ်လာပေလိမ့်မည်။

သူတို့၏ နှောင်းပိုင်းနှစ်များသို့ ဝင်ရောက်လာသည်နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေက ယိုယွင်းပျက်စီးလာပြီး သူတို့က ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုကို ချိုးဖျက်တက်လှမ်းလိုသည်ဆိုလျှင် အန္တရာယ်များစွာနှင့် ကြုံတွေ့ရပေလိမ့်မည်။

ယဲ့ဖေးပြုလုပ်လိုက်သောအရာသည် အင်မော်တယ်ထိုက်ဟွာချန်ထားသည့် ချိပ်စည်းကနေ ရုန်းထွက်နိုင်စေရန် သူ၏ အနာဂတ်အလားအလာကို စွန့်လွှတ်လိုက်ခြင်းနှင့်တူလေသည်။

အဲ့ဒါသည် ရင်ပြင်ပေါ်မှ သူများသာလျှင် မဟုတ်ပေ။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့မှ လူတိုင်းက ခဏမျှမှင်တက်၍ မတုံ့ပြန်နိုင်ကြပေ။

အစက ချိပ်ပိတ်ခံထားရသော ယဲ့ဖေးက ရုတ်တရက် ရုန်းထွက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

“ဂျူနီယာညီလျှို... မြန်မြန်နောက်ပြန်ဆုတ်တော့”

ယဲ့ဖေး၏ မျက်လုံးက အမျက်ဒေါသဖြင့် ပြူးကျယ်နေပြီး အော်ပြောလိုက်၏။

“ထိုက်ဟွာနဲ့ တခြားသူတွေက ဒီနေရာမှာထောင်ချောက်တစ်ခု ခင်းကျင်းထားပြီ... ဂျူနီယာညီဆူကို မလာခဲ့ဖို့သွားပြောလိုက်”

လျှိုဖျင်သည် ဆူဇီမိုနှင့်အတူလာခဲ့သောကြောင့် သူကသာလျှင် ဆူဇီမိုကို ဤကပ်ဘေးကနေရှောင်လွှဲနိုင်ရန် ကူညီပေးနိုင်ပေလိမ့်မည်။

ယဲ့ဖေး၏ နှလုံးသားထဲမှာ သူသည် အပြင်ဂိုဏ်း၏ နံပါတ်တစ်ဖြစ်ပြီး ဆူဇီမိုနှင့် အခြားသူများ၏ စီနီယာအစ်ကိုဖြစ်၏။

သူသည် တက္ကသိုလ်မှ သူ၏ ဂိုဏ်းသားရောင်းရင်းဂျူနီယာများကို ကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားရပေလိမ့်မည်။

သူသည် တက္ကသိုလ်၏ ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် အရာရာတိုင်းကို စွန့်လွှတ်သင့်လျှင် စွန့်လွှတ်ရပေမည်။

မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ဂျူနီယာဆူကို သတ်ဖြတ်ဖို့အတွက် အတူပူးပေါင်းထားကြ၏။ သူ၏ ခွန်အားသက်သက်ဖြင့် သူတို့ကို မတားဆီးနိုင်ပေ။

သူလုပ်ပေးနိုင်သည်မှာ ဆူဇီမိုကိုသတိပေးပြီး မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အစီအစဥ်ကို အလဟဿဖြစ်သွားစေဖို့ပင်။

“မင်းကတော့... သေချင်နေပြီပဲ”

အင်မော်တယ်ထိုက်ဟွာ၏ အမူအရာက တည်တံ့သွားပြီး ရုတ်တရက်မြေပြင်ပေါ်ကနေ ကန်ထွက်လာခဲ့၏။ ချက်ချင်းပင် သူက ယဲ့ဖေးရှေ့သို့ရောက်ရှိလာပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။

ဧရာမရှေးဟောင်းစာလုံးတစ်ခုက သိပ်သည်းကျစ်လစ်လာပြီး သူ့အပေါ်ကို နောက်တစ်ဖန်လွှမ်းခြုံသွား၏။

ဘဝသက်တမ်းစွန့်လွှတ်စတေးပညာရပ်ကို ထုတ်ဖော်ခြင်းဖြင့် ယဲ့ဖေးဖလှယ်ရယူထားသည့် စွမ်းအားကို သူ၏ ခန္ဓာကိုယ်ပေါ်ရှိချိပ်စည်းကနေ ရုန်းထွက်ရာမှာ အသုံးပြုခဲ့ပြီးပြီဖြစ်၏။

ယခုအခါမှာ သူသည် အင်မော်တယ်ထိုက်ဟွာကို လုံးဝမခုခံနိုင်တော့ပေ။ ယဲ့ဖေး၏ လည်ပင်းကို ဖမ်းဆွဲပြီး အင်မော်တယ်ထိုက်ဟွာက ရန်လိုခက်ထန်သော အမူအရာဖြင့် အေးစက်စွာမေးလိုက်၏။

“မင်းကိုငါ... မသတ်ရဲဘူးလို့ မင်းတကယ်ပဲထင်နေလို့လား”

“ဖွီ...”

ယဲ့ဖေး၏ အကြည့်က ကြမ်းကြုတ်ခက်ထန်နေသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် သွေးချီကို မလှည့်ပတ်နိုင်ပေ။ သူက သူ၏ လျှာဖျားကိုကိုက်ပြီ အမြုတေသွေးတစ်လုတ်ကိုစုယူကာ အင်မော်တယ်ထိုက်ဟွာ၏ မျက်နှာပေါ်ကို ထွေးထုတ်လိုက်၏။

“အငိုက်မိသွားသော အင်မော်တယ်ထိုက်ဟွာက သူ၏ ဦးခေါင်းကို ခပ်မြန်မြန်လှည့်လိုက်သော်လည်း သူတို့အားလုံးကို မရှောင်တိမ်းနိုင်ဘဲ သွေးများက သူ၏ မျက်နှာပေါ်မှာ ဖိတ်စင်ပြန့်ကျဲသွား၏။

အင်မော်တယ်ထိုက်ဟွာက အမူအရာကင်းမဲ့နေပြီး သူ၏ မျက်နှာပေါ်ကနေ သွေးများက ဖြည်းဖြည်းချင်းစီကျလာကာ သူ၏ မျက်နှာကို ပို၍ကြောက်စရာကောင်းသည့်ပုံပေါ်လာစေ၏။

“မင်းကိုယ်မင်း... အင်မော်တယ်လို့.. ခေါ်တယ်ပေါ့... မင်းက.. အရှက်မဲ့တဲ့ကောင် အောက်တန်းစားကောင်ပဲ”

ယဲ့ဖေး၏ မျက်နှာက ပြာနှမ်းလာပြီး သူက ခက်ခက်ခဲခဲဖြင့် ဆဲဆိုနေ၏။

ဖြောက်...

အင်မော်တယ်ထိုက်ဟွာက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ယဲ့ဖေး၏ လည်ပင်းကို ချိုးခြေလိုက်၏။

သိပ်သည်းပြင်းထန်သောစွမ်းအားတစ်ခုက သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ခြေမွှဖျက်ဆီးလိုက်၏။

ယဲ့ဖေး၏ ဦးခေါင်းက စုတ်ပြဲသွားပြီး တုန်လှုပ်စရာကောင်းသော သွေးသံရဲရဲအပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။

All Chapters