← Chapters

အဆုံးမဲ့မိုးသောက်အလင်း… အင်မော်တယ်မြစ်ရေလွှမ်းခြင်း

Vol. 104 Ch. 1595

အဆုံးမဲ့မိုးသောက်အလင်း… အင်မော်တယ်မြစ်ရေလွှမ်းခြင်း

Vol. 104 Ch. 1595

လီမုန့်တုက စကားလုံးတစ်လုံးစီတိုင်းကို အလေးအနက်ထား၍ ပြောသည်။

သူ၏ အမူအရာကလည်း တည်ငြိမ်နေသည်။ ဤသည်မှာ ထိုစကားများက သူ့အတွက် အလွန်အရေးကြီးသည့်အလားပင်။

ယင်းက တာအိုအတွက် တိုက်ပွဲဖြစ်ပြီး ရန်ငြိုးအတွက် တိုက်ခိုက်သော သေခြင်းရှင်ခြင်းတိုက်ပွဲမဟုတ်ပေ။

ကျင့်ကြံသူတစ်ယောက်၏ ဘဝတွင် အောက်ပါအတိုင်း အမြဲတမ်း လိုက်နာရသည်။ ကျင့်ကြံသူတစ်ယောက်သည် အစောပိုင်းအဆင့်တွင် အသက်ရှင်သန်ရန် အဓိကဦးစားပေးရသည်။ အလယ်အလတ်အဆင့်တွင် ပိုပြီးသန်မာလာရန် ဦးစားပေးရသည်။ သို့သော်လည်း ပိုပြီးအဆင့်မြင့်သော နေရာတစ်ခုသို့ ရောက်ရှိသွားသည့်အခါ တာအိုက အရာရာဖြစ်လာသည်။

သူ၏ တာအိုကို မည်သည့်နည်းနှင့်မှ အစွန်းအထင်းမခံနိုင်ပေ။

“ ငါလီမုန့်တုဟာ… အင်မော်တယ်တယ်တာအိုဂိုဏ်းက ကြီးမြတ်တဲ့ အင်မော်တယ်သခင်ရဲ့ တပည့်တစ်ယောက် ဖြစ်တယ် ”

“ ငါက လှည့်စားတာကို ရှုံ့ချတယ်… ငါ့မိသားစုနဲ့ ဂိုဏ်းရဲ့ အာဏာအပေါ် မှီခိုတာကိုလည်း ရှုံ့ချတယ်… ဒီနေ့ ငါ့ရဲ့ လုပ်ဆောင်မှုက ငါတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ်… ငါ့ရဲ့ တာအိုအတွက် မင်းကို သတ်ဖို့ အစွမ်းကုန် ငါကြိုးစားမယ် ”

လီမုန့်တုက လေးနက်သော လေသံဖြင့် ပြောသည်။

ဤအခိုက်အတန့်မှာ သူက လေထဲမှာ မတ်တတ်ရပ်နေသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်က လေထဲမှာ လွင့်မျောသွားပြီး သူ၏ အဝတ်အစားများက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူက ရွှီချင်းကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများက ဝင်းလက်တောက်ပနေသည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

ဤဘဝတွင် သူက လူအမျိုးမျိုးကို မြင်တွေ့ဖူးသည်။ လီမုန့်တုကဲ့သို့ လူမျိုးက ရှားပါးသော်လည်း ထိုသို့လူတချို့ကို ယခင်က သူမြင်ခဲ့ဖူးသည်။

ရွှမ်မီးလျှံသည် အခြေခံအားဖြင့် လီမုန့်တုနှင့် ဆင်တူသည်။

နောက်အခိုက်အတန့်မှာ လီမုန့်တု၏ ခန္ဓာကိုယ်က လျှပ်စီးပင်လယ်နှင့် ဆက်သွယ်သွားသည်။ သူက ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို လျှပ်စီးပင်လယ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး လောကကို ဖြတ်သန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်နှင့်အတူ ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူက အုပ်ချုပ်သူအများအပြားကို ယခင်က မြင်ခဲ့ဖူးသော်လည်း မည်သူကမှ လီမုန့်တုကဲ့သို့ အရှိန်အဝါမကြီးမားကြပေ။

“ ကြယ်တစ်ပွင့်လို့ မျှော်လင့်ထားသလိုပါပဲ ”

ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သို့သော်လည်း သူ့ထံတွင် အနောက်ဆုတ်လိုသော စိတ်ဆန္ဒ နည်းနည်းမှ မရှိပေ။ တစ်ဖက်လူက တာအိုအတွက် တိုက်ခိုက်မည်ဟု ပြောသွားပြီးပြီ မဟုတ်ပါလော။

“ ဒါဆို တိုက်ခိုက်တာပေါ့ ”

ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ ပြိုင်ဘက်ကင်းမြို့တော် ပျောက်ကွယ်သွားသည့်နေ့မှစ၍ သူဖြတ်သန်းခဲ့သော လမ်းစဉ်က မည်သည့်အခါကမှ ချောမွေ့ဖြောင့်ဖြူးခဲ့ခြင်း မရှိပေ။ အခက်အခဲများ၊ အတားအဆီးများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

အသက်ရှင်ရန်အတွက် တိုက်ခိုက်ခြင်းဖြစ်စေ အခွင့်အလမ်းများအတွက် တိုက်ခိုက်ခြင်းဖြစ်စေ တာအိုအတွက် တိုက်ခိုက်ခြင်းဖြစ်စေ အားလုံးက အတူတူသာ ဖြစ်သည်။

သို့ဖြစ်၍ သူ၏ ညာမျက်လုံးထဲမှ သူငယ်အိမ်က ဝေဝါးသွားပြီး တာအိုအမှတ်အသားများက အစားထိုး ထွက်ပေါ်လာကြသည်။

ပယ်ဖျက်ခြင်းအခွင့်အာဏာ၏ တာအိုအမှတ်အသားများက သူ၏ ညာမျက်လုံးထဲမှာ ပေါ်လျှိုးထွက်လာကြသည်။ ထို့နောက် သူ၏ မြင်ကွင်းထဲမှ အရာအားလုံးက ဖယ်ရှားခံလိုက်ရသည်။

မြေပြင်က ဝေဝါးလာပြီး ကောင်းကင်က ပုံပျက်တွန့်လိမ်သွားသည်။ ဟင်းလင်းပြင်ထဲမှာပင် လေဟာနယ်လှိုင်းအတွန့်များ ထွက်ပေါ်လာကြသည်။ သူ့ဆီသို့ ဦးတည်လာနေသော လျှပ်စီးပင်လယ်သည်တော့ ပယ်ဖျက်ခြင်းအခွင့်အာဏာ၏ တိုက်ရိုက် သက်ရောက်ခံလိုက်ရသည်။

သို့သော်လည်း လျှပ်စီးအခွင့်အာဏာသည် အန္တိမအဖျက်စွမ်းအား၏ ပုံစံတစ်မျိုးဖြစ်သည်။ ပယ်ဖျက်ခြင်းအခွင့်အာဏာဖြင့်ပင် ယင်းကို အပြည့်အဝ မဖယ်ရှားနိုင်ပေ။

လျှပ်စီးပင်လယ်က ပရမ်းပတာဖြစ်သွားပြီး တောက်ပသော အလင်းရောင်နှင့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။

ရွှီချင်း၏ ညာမျက်လုံးထဲမှ တာအိုအမှတ်အသားများက ချက်ချင်း လွင့်ပြယ်သွားကြသည်။ သူ၏ သူငယ်အိမ်က နာကျင်သွားပြီး သွေးစီးကျလာသည်။

သို့တိုင်အောင် ပယ်ဖျက်ခြင်းအခွင့်အာဏာက ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ဦးတည်လာနေသော လျှပ်စီးပင်လယ်ကို လှိုင်းတဝုန်းဝုန်း ထသွားစေခဲ့သည်။

ဤအခိုက်အတန့်မှာ လျှပ်စီးပင်လယ်၏ အရှိန်အဝါက အားနည်းသွားသည်။ ယင်းက ရွှီချင်းဆီသို့ ဆက်လက် ဦးတည်လာနေစဉ် ဓားစိတ်ဆန္ဒက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မြန်ဆန်စွာ ပေါ်လျှိုးထွက်လာသည်။

ယင်းက ဧကရာဇ်ဓားဖြစ်သည်။

ဧကရာဇ်ဓားက ရွှီချင်း၏ ဦးခေါင်းပေါ်သို့ ပျံသန်းသွားသည်နှင့် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဓားကို သူ၏ ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

ဧကရာဇ်ဓားကို ဖမ်းဆုပ်လိုက်သည့်အခိုက် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ အလွန်ကျယ်ပြောသော စွမ်းအင်အောက်မှာ ကောင်းကင်နှင့် မြေပြင်က တုန်လှုပ်သွားကြသည်။ ယင်းက သူ့ဆီသို့ ဦးတည်လာနေသော လျှပ်စီးပင်လယ်ကို ရုတ်တရက် ရပ်တန့်သွားစေသည်။

ရွှီချင်းက ဧကရာဇ်ဓားကို ကိုင်မြှောက်လိုက်ပြီး အရှေ့သို့ ခုတ်ချလိုက်သည်။

ဝေဝါးနေသော မြေပြင်က ရုတ်တရက် ကျယ်လောင်သော မြည်ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ အဆုံးမဲ့သော မြေကြီးစွမ်းအားက ရွှီချင်း၏ ဧကရာဇ်ဓားထဲမှာ စုဝေးသွားသည်။

၎င်းက မြေကြီးဓားအဖြစ် ပြောင်းလဲသွားသည်။

မြေပြင်သိုလှောင်ခြင်းဓားကွက်…

မြေကြီးဓားက လျှပ်စီးပင်လယ်ကို ဖြတ်တောက်သွားသည်။

မြေကြီးစွမ်းအားက ပင်လယ်ကြီးတစ်စင်းနှယ် ပေါ်လျှိုးလာပြီး လျှပ်စီးပင်လယ်ဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

အင်အားစုနှစ်ခု တွေ့ဆုံသွားသည့်အခါ အလွန်ကျယ်ပြောသော အားလှိုင်းအတတ်အကျတစ်ခုက ရုတ်တရက် ပျံ့လွင့်သွားသည်။

ထိုအားလှိုင်းအတတ်အကျထဲတွင် အရေအတွက်များပြားသော လျှပ်စီးစက်ကွင်းများက ဓားစွမ်းအင်ကို ဖြတ်သန်းသွားပြီး ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က မြန်ဆန်စွာ ချဉ်းကပ်လာပြီးနောက် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြကာ အန္တရာယ်များသော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

ရွှီချင်းက ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်စလုံးဖြင့် ဖွဲ့စည်းလိုက်ပြီး ထိုအဖျက်စွမ်းအားကို တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ သူက တရစပ် ပေါက်ကွဲသံများနှင့်အတူ အနောက်သို့ ဆုတ်သွားသည်။

အခြားတစ်ဖက်မှာတော့ ဓားစွမ်းအင်က လျှပ်စီးပင်လယ်ကို ဖြတ်သန်းသွားပြီး လီမုန့်တု၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ဓားစွမ်းအင်က ချဉ်းကပ်လာသည့်အခါ လီမုန့်တု၏ ဘေးပတ်ပတ်လည်မှ ကြေးမုံအားလုံးက ထွန်းလင်းသွားကြသည်။

သူကိုယ်တိုင်လည်း ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းလိုက်ပြီး ဓားစွမ်းအင်ကို ခုခံတားဆီးလိုက်သည်။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူက အနောက်ဆုတ်သွားသည်။

အဝေးမှကြည့်လျှင် ဤတွေ့ဆုံမှုက သရေကျသွားဟန် ရ၏။

ထို့အတူ သူတို့နှစ်ယောက်၏ အလယ်တွင် မြေကြီးပင်လယ်နှင့် လျှပ်စီးပင်လယ်က အပြန်အလှန် တွန်းလှန်လိုက်ကြပြီး အနောက်ဆုတ်သွားကြသည်။

သို့သော်လည်း လီမုန့်တုသည် အစောပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးဖြစ်ပြီး ကြယ်ရှစ်ပွင့်အနက် တစ်ပွင့်ဖြစ်သည့်အပြင် အဆိပ်ဘုရင်၏ တပည့်တစ်ယောက်လည်း ဖြစ်သည်။ သို့ဖြစ်၍ သူ၏ တိုက်ပွဲအတွေ့အကြုံက သာမန်အုပ်ချုပ်သူများထက် အများကြီး သာလွန်သည်။

ထို့ကြောင့် ဤအခိုက်အတန့်မှာ သူက အနောက်ဆုတ်သွားနေစဉ် ငွေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ရုတ်တရက် တောက်ပလာသည်။

ဤသည်မှာ သူက စကားပြောလိုက်သည်နှင့် ကောင်းကင်ဘုံအာဏာရှင်တစ်ပါးအဖြစ် ပြောင်းလဲသွားဟန် ရသည်။

“ မင်းရဲ့ ဝိညာဉ်ကို ငါမေးမယ်… မင်းရဲ့ ဆရာက ဘယ်သူလဲ ”

“ မင်းရဲ့ စိတ်ဝိညာဉ်ကို ငါမေးမယ်… မင်း ဘယ်က လာတာလဲ ”

“ မင်းရဲ့ ခန္ဓာကိုယ်ကို ငါမေးမယ်… မင်းမှာ အတွင်းဒဏ်ရာတွေ ရှိလား ”

“ မင်းရဲ့ စိတ်ကို ငါမေးမယ်… မင်းရဲ့ အရံအစီအစဉ်က ဘာလဲ ”

ယင်းက သူ၏ တတိယမြောက်အခွင့်အာဏာ အမှန်တရားအမိန့်တော်ဖြစ်သည်။

ထိုအခွင့်အာဏာက ကောင်းကင်ဘုံ၊ မြေပြင်၊ တာအိုနှင့် ဤလောကထဲမှ အရာအားလုံးကို မေးခွန်းထုတ်နိုင်သည်။ ယင်းက စုံစမ်းမေးမြန်းခြင်းကို အဓိကရည်ရွယ်သည်။

ထိုသို့အခွင့်အာဏာသည် ကျောင်းသားများ ကြောက်ကြသော ဆရာတစ်ယောက်၏ လက်ထဲမှ ပေတံနှင့် ဆင်တူသည်။

ပေတံဖြင့် ခြိမ်းခြောက်သည့်အခါ အမှန်တရားအားလုံး ထွက်ပေါ်လာတတ်သည်။

အမှန်တရားကို ငြင်းဆန်လျှင် တာအိုထံမှ အပြစ်ဒဏ်ကို ခံစားရလိမ့်မည်။

ထို့ပြင် တစ်စုံတစ်ယောက်က မေးခွန်းကို တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ ထိုအခိုက်အတန့်မှာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားလိမ့်မည်။ ထိုသို့မလှုပ်ရှားနိုင်ခြင်းက ရုပ်ခန္ဓာကိုယ်ချည်းသာ မဟုတ်ပေ။ ထိုထဲမှာ ဝိညာဉ်နှင့် စိတ်ဆန္ဒလည်း ပါဝင်ကြသည်။

အမိန့်တော် ထွက်ပေါ်လာသည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်ခြင်းအစွမ်းတစ်မျိုးက ဤအခိုက်အတန့်မှာ သူ့အပေါ်သို့ ကျရောက်လာဟန် ရ၏။ ယင်းက သူ၏ ခန္ဓာကိုယ်ကို ကျောက်ရုပ်ဖြစ်သွားစေပြီး သူ၏ ဝိညာဉ်ကို ရပ်တန့်သွားစေကာ သူ၏ မှတ်ဉာဏ်များကို လှုံ့ဆော်လိုက်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က သက်ရောက်ခံလိုက်ရသည်နှင့်တစ်ပြို်ငနက် အေးစက်စက် အလင်းက လီမုန့်တု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း ချိပ်တံဆိပ်လက်ဟန်များကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်သည်။

သူက ရွှီချင်းကို ထိုမေးခွန်းများ အမှန်တကယ် မမေးချင်ပေ။

တစ်ဖက်လူက မည်သည့်နေရာမှ ရောက်လာပါစေ၊ တစ်ဖက်လူ၏ ဆရာက မည်သူဖြစ်ပါစေ၊ တစ်ဖက်လူဆီမှာ ဒဏ်ရာဟောင်းများရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တစ်ဖက်လူ၏ အရံအစီအစဉ်က မည်သို့ဖြစ်ပါစေ သူစိတ်မဝင်စားပေ။ သူလိုချင်သည်မှာ သူ့အခွင့်အာဏာကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုကင်းမဲ့ခြင်း အကျိုးသက်ရောက်မှုသာ ဖြစ်သည်။

ယင်းက တစ်ဖက်လူကို သူသတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိမ့်မည်။

ယခု ထိုအခွင့်အရေးက ရောက်ရှိလာသည်။

သို့ဖြစ်၍ သူက တုံ့ဆိုင်းမနေဘဲ သူ့ဆရာထံမှ အမွေရရှိခဲ့သော ဝှက်ဖဲကတ်ကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။

“ အဆုံးမဲ့မိုးသောက်အလင်း… အင်မော်တယ်မြစ်ရေလွှမ်းခြင်း ”

သူ့ဆရာမှာ နာမည်အများကြီး ရှိသည်။ သူရဲကောင်းအမတ်၊ ကြီးမြတ်သော အင်မော်တယ်သခင်၊ အင်မော်တယ်မြစ်အကြီးအကဲနှင့် အဆိပ်ဘုရင် အစရှိသည်တို့ ဖြစ်ကြသည်။

ထိုနာမည်များသည် သူ့အလိုအလျောက် လေထဲမှ ထွက်ပေါ်လာကြခြင်း မဟုတ်ပေ။ အတိအကျဆိုရလျှင် နာမည်တစ်ခုစီက အဆိပ်ဘုရင်၏ တာအိုအတတ်ပညာတစ်ခုစီမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။

‘ အင်မော်တယ်မြစ်အကြီးအကဲ ’ဟူသော နာမည်သည် လီမုန့်တု ယခု ထုတ်ဖော်လိုက်သော တာအိုအတတ်ပညာကို ကိုယ်စားပြုသည်။

သူက အဝေးကြီးသို့ ဆုတ်ခွာသွားပြီးမှသာ ထိုအတတ်ပညာကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိုးသောက်အလင်းကို ထိန်းချုပ်နိုင်သော ဤအတတ်ပညာကို သူသည်ပင် စိုးရိမ်ကြောင့်ကြသည်။

ရွှီချင်းက ဤတစ်ကြိမ်တွင် အလွန်ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးကို ခံစားမိသွားသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်ငါးမျိုးက အင်ပြည့်အားပြည့် ထွက်ပေါ်လာကြသည်။

တစ်နှစ်ကြာ ဒဏ်ရာကုသပြီး ဒဏ္ဍာရီလာနေရာအသီးသီးထံတွင် တာအိုကို ဆင်ခြင်နားလည်ပြီးနောက် ဒြပ်စင်ငါးမျိုးအပေါ် ရွှီချင်း၏ နားလည်သဘောပေါက်မှုက အလွန်မြင့်မားသော အဆင့်တစ်ခုထိ ရောက်ရှိသွားသည်။ ဤအခိုက်အတန့်မှာ သူ၏ ဉာဏ်အလင်းများက ချက်ချင်း ထွက်ပေါ်လာကြသည်။

ပထမဆုံးအနေဖြင့် သစ်သားဒြပ်စင်က အရှေ့သို့ ပျံသန်းသွားပြီး လေထဲတွင် မရေမတွက်နိုင်သော သစ်ပင်ကြီးများအဖြစ် ပြောင်းလဲသွားကြသည်။ ယင်းတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အဆုံးမဲ့မိုးသောက်အလင်းကို တားဆီးလိုက်ကြသည်။

သစ်ပင်လောကက ပြိုကွဲသွားပြီး မိုးသောက်အလင်းက ထပ်မံ ဆင်းသက်လာသည့်အခါ ရွှီချင်းက ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်သည်။ ပြိုကွဲသွားသော သစ်ပင်များက အပူဓာတ်ကို ထုတ်လွှတ်လိုက်ပြီး မီးတောက်များကို ဖန်တီးလိုက်ကြသည်။ ထိုမီးတောက်များက မိုးသောက်အလင်းကို ခုခံတားဆီးလိုက်ကြသည်။

မီးတောက်များက သူ့စွမ်းအားကြောင့် အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ ရွှီချင်း၏ အတွေးများက ထပ်မံ ပြောင်းလဲသွားပြန်သည်။ မီးက မြေကြီးအဖြစ် အသွင်ပြောင်းလဲသွားပြီး ကျဆင်းလာနေသော အလင်းကို ခုခံတားဆီးလိုက်သည်။

မြေကြီးဒြပ်စင်က အချိန်ကြာမြင့်စွာ မခုခံနိုင်ပေ။ ထို့ကြောင့် မြေကြီးက အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ သတ္ထုအဖြစ် ပြောင်းလဲသွားသည်။

သတ္ထုစွမ်းအားက ကောင်းကင်ကို ဖြတ်တောက်ပစ်ချင်သည့်အလား တစ်ဟုန်ထိုး အားကောင်းလာသည်။

သို့သော်လည်း မိုးသောက်အလင်းက အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက သတ္ထုကို ကျရှုံးသွားစေသည်။

သတ္ထုက အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ ရေကို ထုတ်လွှတ်လိုက်သည်။

ရေဒြပ်စင်က အားအင်အပြည့် ထွက်ပေါ်လာသည့်အခါ ရွှီချင်းကို ဗဟိုပြု၍ ကီလိုမီတာငါးသန်းကျယ်ဝန်းသော ဧရိယာက အလွန်ကျယ်ပြောသော သမုဒ္ဒရာတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုသမုဒ္ဒရာထဲတွင် သေမျိုးများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ဆူနာမီလှိုင်းလုံးများက ထွက်ပေါ်လာကြသည်။

သမုဒ္ဒရာထဲမှ လှိုင်းလုံးများက ဘောင်ဘင်ခတ်နေကြစဉ် ကောင်းကင်ပေါ်မှ မြင်ကွင်းက ရေမျက်နှာပြင်ပေါ်မှာ ပုံရိပ်ပြန်လာပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

ကောင်းကင်ပေါ်မှ အနီရောင်မိုးသောက်အလင်းက ကျဆင်းလာသည်နှင့် ရေမျက်နှာပြင်ပေါ်မှာ ပုံရိပ်ပြန်လာသည်မှာ ထိုမိုးသောက်အလင်းမှလွဲ၍ တခြားမဟုတ်ပေ။

ယင်းက မိုးသောက်အလင်းကို ခုခံတားဆီးရန် ရွှီချင်းစဉ်းစားမိသော နည်းလမ်းဖြစ်သည်။

နောက်ဆုံးမှာတော့ သမုဒ္ဒရာက အားနည်းသွားသည့်အခါ သစ်သားဒြပ်စင်က နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

ဒြပ်စင်ငါးမျိုးက တစ်ခုကိုတစ်ခု အပြန်အလှန် အားဖြည့်ပေးပြီး သံသရာစက်ဝန်းတစ်ခုကို ဖန်တီးလိုက်သည်။ ယင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော မိုးသောက်အလင်းကို ထပ်ခါတလဲလဲ အားနည်းသွားစေပြီး လွင့်ပြယ်သွားစေသည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်ပြင်းထန်နေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး တစ်စိတ်တစ်ပိုင်း ကျန်ရှိနေသေးသော ဇီဝိန်ချုပ်အမွှေးတိုင်ကို ထုတ်လိုက်ကာ မီးညှိလိုက်သည်။ အချိန်စွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ သူက ပါးစပ်ဟလိုက်ပြီး လေမှုတ်လိုက်သည်။

ချက်ချင်းဆိုသလို အမွှေးတိုင်က မြန်ဆန်စွာ လောင်ကျွမ်းသွားပြီး စက္ကန့်ပိုင်းအတွင်း ငြိမ်းသတ်သွားသည်။

လီမုန့်တု၏ အမူအရာက ပျက်ယွင်းသွားပြီး သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သူက အနောက်ဆုတ်သွားနေစဉ် ပြင်းထန်သော အန္တရာယ်သတိပေးမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်းက ထိုအခွင့်အရေးကို အသုံးချ၍ အရှေ့သို့ ပျံသန်းသွားသည်။ သူက လေဟာနယ်အစွမ်းကို အသုံးပြု၍ သူ၏ အလျင်ကို တစ်ဟုန်ထိုး တိုးမြှင့်လိုက်ပြီး လီမုန့်တုဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

တစ်ချိန်တည်းမှာ သူ၏ ဘယ်ဘက်မျက်လုံးထဲ၌ အင်မော်တယ်အတတ်ပညာ၏ တာအိုအမှတ်အသားများ ထွက်ပေါ်လာကြသည်။

သူခိုးခြောက်ယောက်လှည့်စားခြင်း အခွင့်အာဏာ၏ စွမ်းအားက တိုက်ရိုက် ဖွဲ့စည်းသွားသည်။

ထို့အတူ ခွေးငါးကောင်အင်မော်တယ်ကာကွယ်ခြင်းသည်လည်း အသက်ဝင်လာသည်။

ထို့နောက် ရွှေကျီးကန်းက ပျံသန်းထွက်လာပြီး ရွှီချင်းကို ကူတိုက်ပေးသည်။ အရိပ်လေးသည်လည်း ချက်ချင်း လှုပ်ရှားလိုက်သည်။

သို့တိုင်အောင် ရွှီချင်းက မလုံလောက်သေးဘူးဟု ခံစားမိနေဆဲပင်။

သူက တုံ့ဆိုင်းမနေဘဲ အဖိုးကိုး၏ နောက်ဆုံးလက်ကျန် ဓားစွမ်းအင်ကို ထုတ်သုံးလိုက်သည်။

သူက လီမုန့်တုကို အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်သည်။

လီမုန့်တုက မြန်ဆန်စွာ အနောက်ဆုတ်သွားနေစဉ် သူ၏ အမူအရာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်သွားသည်။

All Chapters