← Chapters

ပန်းချီစာလိပ်ဖွင့်ခြင်း(ခ)

Vol. 104 Ch. 1598

ပန်းချီစာလိပ်ဖွင့်ခြင်း(ခ)

Vol. 104 Ch. 1598

လီမုန့်တု၏ အမူအရာက ပျက်ယွင်းသွားသည်နှင့်ချက်ချင်း ရွှီချင်းက အရှေ့သို့ ချက်ချင်း ပြေးထွက်သွားသည်။

သူက လက်သီးဖြင့် ထိုးလိုက်သည့်အခါ လေဟာနယ်က အက်ကွဲသွားသည်။

လီမုန့်တုသည် ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာ၏ တန်ပြန်ဆိုးကျိုးကို ခံစားရပြီးနောက် ယခု အလွန်အားနည်းနေသည်။ ရွှီချင်း၏ အားအင်အပြည့်ပါဝင်သော လက်သီးဖြင့် ရင်ဆိုင်ရသောအခါ သူက အဝေးသို့ လွင့်စင်ထွက်သွားပြီး သွေးအများအပြားကို အန်ထုတ်လိုက်ရသည်။

ရွှီချင်းက ဒေါသတကြီး ပြေးသွားပြီး နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးလိုက်သည်။

ရွှီချင်းက အနောက်မှ ဆက်လိုက်သွားပြီး တိုက်ခိုက်နေစဉ် လီမုန့်တုက ထပ်ခါထပ်ခါ အနောက်ဆုတ်သွားရသည်။ သူက သွေးအများအပြား အန်လိုက်ရပြီး သူ၏ အသိစိတ်က ပိုပြီးလှိုင်းထသွားသည်။

အန္တရာယ်ထဲသို့ ကျရောက်နေကြောင်း မြင်သွားသောအခါ လီမုန့်တုက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို ကောင်းကင်က လှိုင်းထသွားပြီး ပုံရိပ်ယောင်မျှော်စင်များက ရုတ်တရက် ထွက်ပေါ်လာကြသည်။ စုစုပေါင်း မျှော်စင်ကိုးထောင်ရှိကြသည်။

ပုံရိပ်ယောင်မျှော်စင်ကိုးထောင်၏ ထွက်ပေါ်လာမှုက အလွန်ခမ်းနားထည်ဝါသည်။ လီမုန့်တု၏ ညာလက်က အောက်သို့ ကျဆင်းသွားသည့်အခါ ပုံရိပ်ယောင်မျှော်စင်များက မိုးရေစက်များသဖွယ် ကျဆင်းလာကြသည်။

ယင်းတို့က ရွှီချင်းဆီသို့ ဦးတည်သွားကြပြီး သူ့ကို တားဆီးလိုက်ကြသည်။

ရွှီချင်း၏ ကျင့်ကြံခြင်းက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည့်အခါ ဧကရာဇ်ဓားက ထွက်ပေါ်လာသည်။ လူတစ်ယောက်နှင့် ဓားတစ်လက်သည် မျှော်စင်များဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ဓားစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားနှင့်အတူ လမ်းကြောင်းတစ်လျှောက် ပျံ့နှံ့သွားသည်။

အဝေးမှကြည့်လျှင် သူ့အရှေ့မှ မျှော်စင်များက အပျက်အစီးများအဖြစ် ပြိုကွဲသွားကြောင်း မြင်နိုင်လိမ့်မည်။

ဝုန်းခနဲ မြည်သံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

ဤတိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ရွှီချင်းအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

လီမုန့်တု၏ တာအိုအတတ်ပညာများသည် သူတွေ့ဖူးသမျှ အုပ်ချုပ်သူများထဲ၌ အထူးခြားဆုံးဖြစ်ပြီး အလွန်အံ့ဖွယ်ကောင်းသည်။ ထို့ပြင် သူ၏ အခွင့်အာဏာများသည်လည်း သာလွန်ထူးခြားသည်။ ရွှီချင်းသည်ပင် သူ၏ ဝှက်ဖဲကတ်အများကြီးကို ထုတ်သုံးခဲ့ရပြီး သေခြင်းရှင်ခြင်းအခြေအနေသို့ ခဏခဏ ကျရောက်ခဲ့ရသည်။

တူညီသော ခံစားမှုက လီမုန့်တု၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အထူးသဖြင့် လက်ရှိ သူက အားနည်းသော အခြေအနေမှာ ရှိနေသည်။ သို့သော်လည်း ဆုံးဖြတ်ချက် ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ပုံရိပ်ယောင်မျှော်စင်ကိုးထောင်က ရွှီချင်းအား ပိတ်ဆို့ထားသည်ကို အခွင့်ကောင်းယူ၍ သူက ချိပ်တံဆိပ်လက်သင်္ကေတများကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်ပြီး သူ့ခန္ဓာကိုယ်၏ သွေးကြောအမှတ်များကို ထပ်ခါထပ်ခါ ထိလိုက်သည်။

သူတစ်ခါထိလိုက်တိုင်း မှော်သင်္ကေတတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

မှော်သင်္ကေတတစ်ခုစီက အလွန်ရှုပ်ထွေးနက်နဲသည်။ ဤသည်မှာ ယင်းကို သေးငယ်သော မှော်သင်္ကေတထောင်သောင်းချီဖြင့် ဖွဲ့စည်းထားသည့်အလားပင်။

(၁၀၈)ကြိမ် ထိတွေ့ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မှော်သင်္ကေတ(၁၀၈)ခု ထွက်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရွေ့လျားသွားကြပြီး စည်းချအစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းသွားကြသည်။

“ ချိပ်တံဆိပ် ပွင့်စမ်း ”

လီမုန့်တုက အော်ပြောလိုက်သည်။

ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ပေါ်မှ စည်းချအစီအရင်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ စည်းချအစီအရင်ထဲမှ မှော်သင်္ကေတများက မြန်ဆန်စွာ လှည့်ပတ်သွားကြပြီး ကျယ်ပြောသွားကြသည်။

စည်းချအစီအရင်က အရွယ်အစား ဆယ်ဆခန့် ပိုကြီးမားသွားသည်။

စည်းချအစီအရင်က နောက်တစ်ကြိမ် လှည့်ပတ်သွားသည့်အခါ အဆတစ်ရာ ပိုကြီးမားသွားသည်။

ထို့နောက် တတိယအကြိမ် လှည့်ပတ်သွားသည့်အခါ အဆတစ်ထောင် ပိုကြီးမားသွားသည်။

နောက်ဆုံးမှာတော့ ကောင်းကင်နှင့် မြေပြင်ကြားမှာ ကမ္ဘာတုန်ဟီးစေနိုင်သော စည်းချအစီအရင်တစ်ခုက ထွက်ပေါ်လာပြီး ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ နတ်ဘုရားတစ်ပါး၏ စွမ်းအားက စည်းချအစီအရင်ထဲမှ အမှန်တကယ် ထွက်ပေါ်လာသည်။

ထိုစွမ်းအားသည် ပြစ်ချက်မဲ့အဆင့်ထက် ကျော်လွန်ပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့်ထိ ရောက်ရှိနေသည်။

ယင်းက နတ်ဘုရားများကို ချိပ်ပိတ်ထားသော စည်းချအစီအရင်တစ်ခု ဖြစ်သည်။

ယခု ထိုစည်းချအစီအရင် ထွက်ပေါ်လာသည့်အခါ နတ်ဘုရားအရှိန်အဝါက ရုတ်တရက် သက်ဆင်းလာသည်။ ထို့နောက် ဧရာမလက်တစ်ဖက်က အလွန်ကျယ်ပြောသော စည်းချအစီအရင်ထဲမှ ဆန့်တန်းထွက်လာသည်။

အတိအကျဆိုရလျှင် ယင်းက နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါး၏ လက်တစ်ဖက် ဖြစ်သည်။ ထိုလက်က လီမုန့်တု၏ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ခံထားရပြီး သူ၏ ဝှက်ဖဲကတ်တစ်ခု ဖြစ်သည်။

လက်က ကြမ်းတမ်းပုံပေါ်ပြီး နီလာခရမ်းရောင်ဖြစ်သည်။ ထို့ပြင် လက်၏ အရေပြားပေါ်မှာ သေးငယ်သော လက်တံများနှင့် မျက်လုံးများ ရှိကြသည်။ ယင်းက ထူးခြားဆန်းကြယ်ပြီး ကြောက်စရာကောင်းသည်။

လက်ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေပြင်က အရောင်ပြောင်းလဲသွားသည်။ ထူးဆန်းသော အရှိန်အဝါက လေထဲမှာ စတင်မြှောက်တတ်လာပြီး တီးတိုးရေရွတ်သံများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။

အပြင်လူများက ထိုရေရွတ်သံကို နားမလည်နိုင်သော်လည်း ရွှီချင်းဆီမှာ နတ်ဘုရားကိုယ်ပွားရှိသည်။ သို့ဖြစ်၍ ထိုရေရွတ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာသည့်အခါ တဖြည်းဖြည်း ရှင်းလင်းသွားသည်။

၎င်းက စကားလုံးနှစ်လုံးကို ပြောနေခြင်း ဖြစ်သည်။

“ လူသားဆေးလုံး ”

လီမုန့်တုသည်လည်း တူညီသော စကားလုံးများကို ပြောသည်။

ထိုစကားလုံးများက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည့်အခိုက် နတ်ဘုရားလက်က ရွှီချင်းကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ နတ်ဘုရားလက်ထံမှ နတ်ဘုရားယဇ်ပလ္လင်စွမ်းအားက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲတွင် အရိုးကျိုးသံများ ထွက်ပေါ်လာစေသည်။

သူ၏ ခန္ဓာကိုယ်က ပုံပျက်တွန့်လိမ်သွားပြီး သူ၏ ဝိညာဉ်က ဝေဝါးသွားသည်။ ဤအခိုက်အတန့်မှာ သူနှင့်ပတ်သက်သော အရာအားလုံးက ပုံပျက်တွန့်လိမ်သွားသည်။

သူက ဧရာမလက်တစ်ဖက်၏ တင်းကျပ်စွာ ဖျစ်ညှစ်ခံနေရသည့်အလား သူ၏ ခန္ဓာကိုယ်က အသွေးအသားဘောလုံးတစ်လုံးအဖြစ် ချေမွခံနေရသည်။ သူက အသွေးအသားများဖြင့် ပြုလုပ်ထားသော လူသားဆေးလုံးအဖြစ် ပြောင်းလဲသွားနေဟန် ရ၏။

ဤတိုက်ပွဲအတွင်းမှာ လီမုန့်တုသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သို့သော်လည်း ရွှီချင်းကို သတ်ဖြတ်ရန် သူ့အတွက် အလွန်ခက်ခဲနေဆဲပင်။ ထို့ကြောင့် သူက သေချာစဉ်းစားပြီးနောက် နတ်ဘုရားလက်၏ ချိပ်တံဆိပ်ကို ဖြေလျော့ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ယင်းက သူ့အစီအစဉ်၏ နောက်ဆုံးသောစတေးမှု ဖြစ်သည့်အလားပင်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အပြောင်းအလဲတစ်ခုက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ယင်းကို ဆောင်ရွက်လိုက်သူက မီးလျှံကြယ်မဟုတ်ပေ။ ယင်းအစား ပျင်းရိလေးဖင့်သော အသံတစ်သံဖြစ်သည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ခံထားရဟန် ရပြီး ဤသို့အရေးကြီးအခိုက်အတန့်မှာမှ ပဲ့တင်ထပ်လာသည်။

“ ရွှီချင်းလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်က လေ့ကျင့်ဖို့အတွက် အပြင်ထွက်သွားခဲ့တယ်… နှစ်အနည်းငယ်ကြာပြီးနောက် သူက ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာတယ် ”

ယင်းက ယုလျှိုချန်း၏ ပုံပြင်ဖြစ်သည်။

ယင်းက ယုလျှိုချန်း၏ ကောင်းချီးလည်း ဟုတ်သည်။

နတ်ဘုရားလက်က နတ်ဘုရားယဇ်ပလ္လင်အဆင့်ဖြစ်သလို ယုလျှိုချန်းသည်လည်း နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာ ဖြစ်သည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားအသံက ပဲ့တင်ထပ်သွားပြီး နတ်ဘုရားများကြားမှ ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေသည်။ နောက်အခိုက်အတန့်မှာ နတ်ဘုရားလက်က ရုတ်တရက် တုန်ယင်သွားပြီး ၎င်း၏ ဖမ်းဆုပ်မှုကို ဖြေလျော့လိုက်ကာ ဖြည်းဖြည်းချင်း အနောက်ဆုတ်သွားသည်။

ယုလျှိုချန်း၏ အသံသည်လည်း လွင့်ပြယ်သွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ပုံပျက်တွန့်လိမ်မှုက ပျောက်ကွယ်သွားသည်။ သွေးက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ စီးကျလာနေစဉ် သူက ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး မျက်နှာမည်းမှောင်နေသော လီမုန့်တုကို စိုက်ကြည့်လိုက်သည်။

ရွှီချင်းက အရှေ့သို့ ပြေးထွက်သွားသည်။

လီမုန့်တု၏ အသက်ရှူသံက မြန်ဆန်လာပြီး သေခြင်းရှင်ခြင်းအချက်ပေးသံက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။ သို့တိုင်အောင် သူ၏ မျက်လုံးထဲ၌ စိတ်ပျက်အားလျော့မှုအစား ပိုမိုပြင်းထန်သော သက်ဖြတ်ခြင်းစိတ်ဆန္ဒက ထွက်ပေါ်လာသည်။

“ ဟား ဟား… ဒီဟာကမှ တကယ့် သေခြင်းရှင်ခြင်းတိုက်ပွဲပဲ… ကောင်းတယ်… အရမ်းကောင်းတယ် ”

လီမုန့်တုက စကားပြောပြီးသည်နှင့်ချက်ချင်း ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသော စာလိပ်တစ်ခုကို ထုတ်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။

“ ဒီရှေးဟောင်းပန်းချီကို ဖွင့်လှစ်ဖို့ ငါ့ရဲ့ သက်တမ်း(၃၀)ရာခိုင်နှုန်းကို ထာဝရ စတေးရလိမ့်မယ်… မင်းက ငါ့ကို အဲ့လိုလုပ်ဆောင်စေဖို့ တကယ် ထိုက်တန်တယ် ”

ထိုပန်းချီစာလိပ်သည် လီမိသားစု၏ အထွတ်အမြတ် ဘိုးဘေးရတနာဖြစ်ပြီး လီမိသားစုတစ်ခုလုံးတွင် လီမုန့်တုတစ်ယောက်တည်းသာ ယင်းကို ဖွင့်လှစ်နိုင်သည်။ ယင်းက သူအသုံးပြုရန် အတုံ့ဆိုင်းဆုံး ရတနာလည်း ဖြစ်သည်။

အကယ်၍ သူက ယင်းကို အသုံးပြုစရာမလိုလျှင် အဆင်ပြေလိမ့်မည်။ သို့မဟုတ်ဘဲ သူက ယင်းကို တစ်ကြိမ် ဖွင့်လှစ်လိုက်မည်ဆိုလျှင် သူပေးဆပ်ရမည့် တန်ကြေးက အလွန်ကြီးမားလိမ့်မည်။ ယင်းက အတိတ်မှာ သူပေးဆပ်ခဲ့သော တန်ကြေးအားလုံးထက် သာလွန်သည်။

ပန်းချီစာလိပ်၏ အစွန်းကို ဖွင့်လှစ်ရုံမျှက သူ့သက်တမ်း၏ (၃၀)ရာခိုင်နှုန်းကို ကုန်ဆုံးစေလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ပန်းချီစာလိပ်ကို တစ်ကြိမ် သူအသုံးပြုခဲ့သည်။ ယခု သူက ယင်းကို ဒုတိယအကြိမ် အသုံးပြုရတော့မည်။

ဤအခိုက်အတန့်မှာ လီမုန့်တုက ပန်းချီစာလိပ်ကို ဆုပ်ကိုင်လိုက်သည်နှင့် ရွှီချင်း၏ အသိစိတ်က လှိုင်းတဝုန်းဝုန်း ထသွားသည်။

လီမုန့်တုက ထပ်ပြီး တုံ့ဆိုင်းမနေတော့ပေ။ သူက လက်မြှောက်လိုက်ပြီး ပန်းချီစာလိပ်ကို ဖွင့်လှစ်လိုက်သည်။

ယင်းက ပန်းချီစာလိပ်၏ အစွန်းမျှသာ ဖြစ်၏။

ယင်းကို ခုခံနိုင်သော နည်းလမ်းမရှိသလို ရှောင်တိမ်းနိုင်သော နည်းလမ်းမရှိပေ။

ဖွင့်လှစ်သွားသော ပန်းချီစာလိပ်၏ အစွန်းမှ အနက်ရောင်အလင်းတန်းတစ်ခု ပေါ်လျှိုးလာသည်။

ထိုအလင်းသည် ကောင်းကင်နှင့် မြေပြင်ကို ချက်ချင်း လွှမ်းခြုံသွားပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ လီမုန့်တုက ပန်းချီစာလိပ်ကို ပြန်ပိတ်လိုက်သည်။ သူ၏ အသက်ရှူသံက မြန်ဆန်လာပြီး ဘေးပတ်ဝန်းကျင်ဆီသို့ ပဲ့တင်ထပ်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ အကြိမ်ရေအနည်းငယ် သွေးအန်လိုက်ရသည်။

သူ၏ ဘေးပတ်ဝန်းကျင်သည်တော့…

ဤနေရာတွင် သူမှလွဲ၍ တခြားတစ်ယောက်မရှိပေ။

ရွှီချင်းက မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားပြီး ပန်းချီစာလိပ်ထဲမှာ ချိပ်ပိတ်ခံလိုက်ရသည်။

“ ပြီးသွားပြီ… ”

“ တာအိုကို ငါစတင်ရှာဖွေကတည်းက ဒီတိုက်ပွဲက ငါ့အတွက် အခက်ခဲဆုံးပဲ ”

လီမုန့်တုက သူ၏ ပါးစပ်ထောင့်မှ သွေးကို သုတ်ပစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထံမှ အားနည်းမှုကို တောင့်ခံလိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲမှ ပန်းချီစာလိပ်ကို ကြည့်လိုက်သည်။

“ အမွေအနှစ်က ငါ့ခန္ဓာကိုယ်ထဲကို ပြန်မရောက်လာသေးဘူးဆိုတော့ အဲ့ဒီလူက အခုထိ မသေသေးဘူးပဲ… ”

သူက ပန်းချီစာလိပ်၏ အတွင်းပိုင်းကို မမြင်နိုင်သော်လည်း လီမိသားစုဘိုးဘေး၏ နောက်ဆုံးစကားများအရ ဤပန်းချီစာလိပ်က လီသွေးမျိုးဆက်၏ မူလဇာတိမြေမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

“ အဲ့ဒီနေရာကို ရွှမ်ကမ္ဘာမြေလို့ ခေါ်တယ် ”

လီမုန့်တုက တီးတိုးရေရွတ်လိုက်ပြီး နှုတ်ဆိတ်သွားသည်။

“ သူ့ရဲ့ သေဆုံးမှုက ရှောင်လွှဲလို့မရတဲ့ အရာပဲ… သူသေဖို့ အချိန်သိပ်မလိုလောက်ဘူး… ဒါပေမဲ့ မတော်တဆမှုတွေကို ကြိုတင်ကာကွယ်ဖို့ လီမိသားစုရဲ့ ကန့်သတ်ဧရိယာထဲမှာ သူ့ကို ဖိနှိပ်ထားရမယ်… ပြီးတော့ သွေးမျိုးဆက်ကို အသုံးပြုပြီး သူ့ကို မြန်နိုင်သမျှမြန်မြန် သေအောင် ဖိအားပေးရမယ် ”

လီမုန့်တုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အနောက်လှည့်ကာ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားသည်။

All Chapters