← Chapters

အပိုင်း (၁၉၇)

Vol. 14 Ch. 197

အပိုင်း (၁၉၇)

Vol. 14 Ch. 197

“အတိတ်တုန်းက ခံခဲ့ရတဲ့ ကိစ္စတွေကို သွေးနတ်ဆိုးကလန်က မမှတ်ကြသေးဘူးလား။ သူတို့က နယ်မြေကို တကယ်ပဲ ဖြတ်ကျော်လာရဲတာလား” ရွှေကျီးကန်းကလန်မှ ခေါင်းဆောင်သည် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်ဝစွာဖြင့် ပြောဆိုလိုက်၏။ ၎င်း၏ ဟန်ပန် အမူအရာသည် ချက်ချင်းဆိုသလိုပဲ နတ်ဆိုးအင်ပါယာ တစ်ပါးကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်လာခဲ့၏။

“ခင်ဗျား မှားနေပြီ”

ရီချင်းမင်မှာတော့ ထုံးစံအတိုင်း တည်ငြိမ်အေးစက်လျက် ရှိနေလေ၏။ သူသည် ရွှေကျီးကန်း ကလန်မှ ခေါင်းဆောင်ကို အသာလှမ်းကြည့်ကာ ပြောလိုက်သည်။ “ဒီတစ်ကြိမ်မှာ သူတို့က ကြိုတင်ပြီးတော့ သေသေချာချာ ပြင်ဆင်ထားမှာပဲ”

နောက်ဆုံးအကြိမ် သွေးနတ်ဆိုးကလန်မှ လူများ သူတို့နယ်မြေဆီသို့ ရောက်ရှိလာစဉ်က တကယ့်ကို အရှိန်အဝါကြီးကြီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ တော်ဝင်အင်ပါယာ တစ်ယောက်၏ ဦးဆောင်မှုနှင့် အတူ ရေတွက်လို့ မရအောင် များပြားလှသည့် သွေးနတ်ဆိုးကလန်သားများ အားလုံးသည် ဟိတ်ကြီးဟန်ကြီးနှင့် ရောက်ရှိလာခဲ့သည်။ တစ်ရက်အတွင်းမှာပဲ လူသားများ နေထိုင်ရာ မိုင်သန်းထောင်နှင့်ချီ၍ လွှမ်းမိုး သိမ်းပိုက်နိုင်ခဲ့၏။ ကောင်းကင်မူလ လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့သည့် တကယ်ပင် ကြောက်လန့်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့၏။

ဤတစ်ကြိမ်မှာတော့ သွေးနတ်ဆိုးများသည် အင်ပါယာတစ်ယောက်ကို ဦးဆောင်ပြီး မလွှတ်တော့ချေ။ ထိုအစား လူသားနှင့် မွန်းစတားကလန်များကြား၌ ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ကာ ဖန်တီးစီမံခဲ့၏။ မည်သည့် သတင်းပေါက်ကြားမှုမှ မဖြစ်ပေါ်စေဘဲ ရုတ်တရက် သူတော်စင်ဘုရင် တစ်ဒါဇင်ကျော်ကိုပင် စေလွှတ်ခဲ့၏။ များပြားလှသည့် အဖွဲ့အစည်း၏ လူငယ်မျိုးဆက်သစ်များတို့သည် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာပင် ရရှိခဲ့ကြသည်။

လူသားမျိုးနွယ်နှင့် မွန်းစတားကလန်များ ကြားထဲတွင် ကြီးမားလှသည့် စစ်ပွဲကြီးတစ်ခု ဖြစ်တည်တော့မည် အခြေအနေဆီသို့ပင် ရောက်ရှိခဲ့၏။ ထိုအရာအားလုံးသည် သေသေချာချာ ကြိုတင်ပြင်ဆင်ပြီး ပြုလုပ်ခဲ့ခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။

ထိုအရာကို တွေးမိသည့် အချိန်မှာတော့ ရီချင်းမင်သည် တကယ်ပင် စိတ်ထဲတွင် ကြီးမားလှသည့် ဖိအားကြီးကို ခံစားနေမိ၏။ သူက မေးမြန်းလိုက်သည်။ “စီနီယာ နန်းဆောင်သခင်.. ဒီတစ်ကြိမ်မှာ သွေးနတ်ဆိုးလောကရဲ့ အင်ပါယာတစ်ယောက် ရောက်လာမှာလား”

ပြောနေတုန်းမှာပဲ သူသည် သူတော်စင်အဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ အရှေ့သို့ ချလိုက်၏။ တချိန်တည်းမှာပဲ သူသည် တခြားသော လူငါးယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

ကျန်သောလူ ငါးယောက်တို့သည် အသီးသီး နားလည်မှု ရှိစွာဖြင့် ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် တူညီသည့် တန်ဖိုးနှင့် ပစ္စည်းများကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

ရီချင်းမင်သည် သတင်းအချက်အလက်ကို မေးခဲ့ပြီဖြစ်၏။ ထို့ကြောင့် အားလုံးသောသူတို့သည် လိုအပ်သည့် ပမာဏကို အသီးသီး ပေးအပ်ရပေလိမ့်မည်။ ၎င်းတို့သည် သတင်းအချက်အလက်ကို စိတ်ဝင်စားသည် ဆိုသော်လည်း တစ်စုံတစ်ခု လွှဲမှားနေသလိုတော့ ခံစားမိနေသေး၏။

“မဟုတ်သေးဘူး”

လီယွင်သည် ထူးမခြားနားသလို ပြောလိုက်၏။ သူသည် ဆေးပင် အားလုံးကို အသာသိမ်းဆည်းလိုက်၏။ သတင်းအချက်များကိုတော့ သူသည် မစစ်ဆေးချေ။ တွေးကြည့်လိုက်ရုံနှင့် ကောင်းကင် လျှို့ဝှက်အမှတ် နှစ်သန်းကျော်တန်သည့် သွေးနတ်ဆိုးကလန်သည် သာမန်ထက်ပိုသည်ကို သူသိရှိပြီးဖြစ်၏။ သို့ပေမဲ့ အင်ပါယာတစ်ယောက်သာ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာမည်ဆိုပါက ပေးအပ်ရမည့် တန်ဖိုးသည် ယခုထက် အဆပေါင်းများစွာ ပိုမိုမှာ မြင့်မားနေမှာ သေချာသည်။

“မဟုတ်ဘူး ဟုတ်လား” ခြောက်ယောက်လုံးသည် သဘောတကျ ဖြစ်သွားခဲ့၏။ အရာအားလုံးသည် ပိုမိုကာ ရိုးရှင်းလာသည့်ပုံပင်။ စောဏကလေးတင် သွေးနတ်ဆိုးကလန်အနေနှင့် အင်ပါယာတစ်ယောက်ကို ခေါ်ဆောင် လာလိမ့်မည်ဟု သူတို့က တွေးတောလျက် ရှိနေ၏။ တကယ်တမ်းသာ ထိုကဲ့သို့ ခေါ်ဆောင်လာနိုင်သည်ဆိုပါက သူတို့အနေနှင့် အစီအမံများကို သေသေချာချာ သုံးသပ်စဉ်းစား၍ ပြုလုပ်ရန် လိုအပ်နေ၏။

လက်ရှိ အချိန်မှာတော့ အခြေအနေသည် ခြားနားသွားခဲ့၏။ တစ်ဖက်လူများသည် အင်ပါယာတစ်ယောက် ဖြစ်မလာခဲ့ပေ။ ထိုသို့ဆိုလျှင် သူတို့အနေနှင့် ကျိန်းသေပေါက် အလုံးစုံ သုတ်သင်ရှင်းလင်းခြင်းကို ခံရမှာ မဟုတ်တော့ပေ။ လုံလောက်သည့် သတင်းအချက်အလက်များကို ရရှိမည်ဆိုပါက သူတို့အနေနှင့် အနိုင်ယူနိုင်ရန် နည်းလမ်းကိုလည်း ပြန်လည်ကာ စီစဉ်နိုင်သေး၏။ တစ်ဖက်လူများတွင် အင်ပါယာတစ်ယောက် မရှိချေ။ သို့ပေမဲ့ မောက်မောက်မာမာဖြင့် ရဲရဲတင်းတင်း ပြုလုပ်ရဲနေချေ၏။ တကယ့်ကို အရှက်ကင်းမဲ့လှသည့် လူများကဲ့သို့ပင်။

“စီနီယာ”

အားလုံးသောသူများ သတိပြန်ဝင်မလာခင်မှာပဲ ရွှေကျီးကန်းကလန်မှ ခေါင်းဆောင်သည် အရှေ့ဆီသို့ လှမ်းတက်လာပြီး လီယွင်၏ ရှေ့ဆီသို့ ရောက်ရှိလာ၏။ သူသည် တော်ဝင်သူတော်စင်အဆင့် နတ်ဘုရား သိုင်းကျမ်းတစ်ခုကို ထုတ်ယူကာဖြင့် အနီးအနားရှိ စားပွဲပေါ်သို့ တင်ပေးလိုက်၏။ “ကျေးဇူးပြုပြီး သတင်း အချက်အလက်တွေ ပေးပါအုံး စီနီယာ။ ဒီတစ်ကြိမ် သွေးနတ်ဆိုးကလန်က လွှတ်လိုက်တဲ့သူတွေက ဘယ်လောက်များလဲ။ ဘယ်ကျင့်ကြံခြင်းအဆင့် ရှိတဲ့သူတွေလဲ”

ပြောပြီးပြီးချင်းမှာပဲ သူသည် တခြားသောသူများကို လှမ်းကာ ကြည့်ရှုလိုက်၏။ လူသားမျိုးနွယ်မှ လူများသည် သူတို့ သိချင်သည်များကို စုံစမ်းမေးမြန်းခဲ့ပြီဖြစ်၏။ ယခု မွန်းစတားကလန်၏ အလှည့်ပင် ဖြစ်လေ။ ရွှေကျီးကန်း ကလန်မှ ခေါင်းဆောင် မေးမြန်းလိုက်သည်နှင့် တပြိုင်နက် အားလုံးသော သူတို့သည် သက်ဆိုင်ရာ ပမာဏကို ပေးအပ်ရလေ၏။

သို့ပေမဲ့ မွန်းစတားကောင် ထုတ်ဖော်လိုက်သည့် ပစ္စည်း၏ အရည်အသွေးသည် တကယ်ကို တန်ဖိုးကြီးမားလွန်းလှ၏။ သူတို့၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။

လူသားမျိုးနွယ်မှ ကလန်ခေါင်းဆောင် သုံးယောက်တို့သည် သဘောမကျဖြစ်သွားခဲ့၏။ ရွှေကျီးကန်းကလန်မှ လူသည် တော်ဝင်သူတော်စင်အဆင့် သိုင်းကျမ်းကိုပါ ထုတ်ယူကာ အလဲအလှယ်အဖြစ် အသုံးပြုလျက် ရှိနေလေ၏။ ထိုအရာသည် သူတို့အပေါ် အခွင့်အရေးယူခြင်းဟု သတ်မှတ်နိုင်သည်။

ရွှေကျီးကန်းကလန်၏ ဘိုးဘေးကြီးသည် ပုံရိပ်ယောင်နယ်မြေတစ်ခုသို့ တစ်ကြိမ် ရောက်ရှိခဲ့ဖူး၏။ ရေတွက်လို့ မရအောင် များပြားသည့် နည်းစနစ်များကို သိမ်းဆည်းခဲ့၏။ ၎င်းတို့၏ သန္ဓေနတ်ဘုရား အတတ်ပညာသည် ၎င်းတို့၏ နယ်မြေတွင် ပြိုင်စံရှားသည့် အရာပင် ဖြစ်နေ၏။ ၎င်းတို့သည် လူသားနည်းစနစ်များ ကို မကျင့်ကြံကြချေ။ အလှအဖြစ် သိမ်းဆည်းထားခြင်းသာလျှင် ဖြစ်၏။ လက်ရှိအချိန်မှာတော့ ထိုရရှိခဲ့သည့် ပစ္စည်းများကို ထုတ်ဖော်ကာ အသုံးပြုရမည့် အချိန်သို့ ရောက်ရှိလာခဲ့၏။

“အင်း... ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ..... သွေးနတ်ဆိုးကလန်ရဲ့ အားအင်အဆင့်နဲ့ ပတ်သက်ပြီး ကျုပ် အရမ်းကို စိတ်ဝင်စားမိတယ်”

ရီချင်းမင်သည် လေထဲ၌ လက်ကို အသာယမ်းခါလိုက်သည့် အချိန်မှာတော့ ကောင်းကင် နတ်ဆိုးသတ်ဖြတ်ခြင်း အတတ်ပညာဟု ရေးထိုးထားခဲ့သည့် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် မည်သည့်မျိုးနွယ်က ပိုင်ဆိုင်သည့်အရာဖြစ်ကြောင်း သိသာထင်ရှားသည့် အရာပင်ဖြစ်သည်။

များပြားလှသည့် နည်းစနစ်များ စားပွဲပေါ်သို့ ရောက်ရှိလာသည့် အချိန်မှာတော့ ယန်ရှို၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေ၏။ ဤအရာသည် တကယ့်ကို ထိတ်လန့်ကြောက်ရွံ့စရာပင်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှလွဲ၍ ဤနေရာသို့ ရောက်ရှိနေသည့် တခြားသောလူများ၏ ဘိုးဘေးများသည် တော်ဝင်အင်ပါယာအဖြစ်သို့ ရောက်ရှိဖူး၏။

အထူးသဖြင့် မွန်းစတားကလန် သုံးယောက်တို့ပင်။ ၎င်းတို့၏ မျိုးနွယ်ထဲတွင် တော်ဝင်အင်ပါယာ တစ်ယောက်ထက် ပိုကာပင် ရှိခဲ့ဖူး၏။ ၎င်းတို့သည် မည်မျှ များပြားလှသည့် ရတနာများကို သိမ်းဆည်းခဲ့သည် ဆိုသည်ကို မည်သူကမှ သေသေချာချာ မပြောနိုင်ချေ။ တစ်ယောက်ချင်းစီတိုင်းသည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းထက် ပိုမိုကာ အားကောင်းသည်မှာတော့ သေချာသည်။

ထို့ကြောင့် အားလုံးသော သူတို့သည် တော်ဝင်သူတော်စင်အဆင့် သိုင်းကျမ်းများကို ထုတ်ယူလိုက်သည့် အချိန်မှာတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အနေနှင့် ဆက်လက်ကာ လိုက်နိုင်သည့် အခြေအနေမျိုး မရှိတော့ချေ။ ခဏလောက် စဉ်းစားပြီးသည့်နောက် ယန်ရှိုသည် အံကိုကြိတ်ပြီးသည့်နောက် ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ ရယူထားခဲ့သည် သိုင်းကျမ်းတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ အရှေ့သို့ ချလိုက်၏။

ဤစီနီယာသည် နတ်ဘုရားအတတ်ပညာ၊ လက်နက်၊ ဆေးလုံး မည်သည့်ပစ္စည်းကိုမဆို သတ်မှတ်ထားသည့် တန်ကြေးတစ်ခုခုနှင့် ဆုံးဖြတ်ကာဖြင့် သတင်းအချက်များကို လဲလှယ်ဝယ်ယူလို့ရကြောင်း အားလုံးသော သူတို့က ချက်ချင်းပဲ နားလည်လိုက်မိကြ၏။ ကြည့်ရသည်မှာ နည်းစနစ်များ၊ နတ်ဘုရားအတတ်ပညာများနှင့် လဲလှယ်ခြင်းက အကောင်းဆုံး ဖြစ်ပုံပေါ်သည်။

“ဒီလောက် တည့်တိုးဆန်တာလား”

လီယွင်သည် များပြားလှသည့် သိုင်းနည်းစနစ်များကို လှမ်းကာ ကြည့်ရှုရင်း ရယ်မောလိုက်မိ၏။ ဤအရာသည် သူလိုချင်တောင့်တနေသည့် အရာများသာဖြစ်၏။ ဤလူများသည် စီးပွားရေး ပြုလုပ်ရန်အတွက် သိုင်းနည်းစနစ်များနှင့် လဲလှယ်လျက် ရှိနေ၏။ ထို့အပြင် ထိုနည်းစနစ်များသည် တကယ်ကို နှစ်ဖက်နှစ်ခုလုံးဆီမှ ထိပ်တန်းနည်းစနစ်များ ဖြစ်လို့နေခဲ့၏။

လက်ရှိအချိန်မှာတော့ သူပိုင်ဆိုင်ထားသည့် နည်းစနစ်များသည် လူသား၊ မွန်းစတား မျိုးနွယ်နှစ်ခုလုံးရှိ နည်းစနစ်များ ဖြစ်လို့နေခဲ့၏။ သာမန် နတ်နယ်မြေတစ်ခုပင်လျှင် သူ့ကဲ့သို့ များပြားလှသည့် နည်းစနစ်များကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။

ဒီလိုမှန်း အစောတည်းက သိတယ်ဆိုရင် ကောင်းကင်ဘုံအင်ပါယာကျမ်းစာကို ငါ မလဲလှယ်ခဲ့ပါဘူး။ ချောက်အကျဉ်းထောင် သန္ဓေသားကျမ်းစာနဲ့ တိုက်ရိုက် လဲလိုက်ပါတယ်။ လီယွင်သည် စဉ်းစားနမိသည်။

ချောက်အကျဉ်းထောင် သန္ဓေသားကျမ်းစာ၏ အပိုင်းတစ်ပိုင်းကပင်လျှင် တခြားသော နည်းစနစ်တစ်ရာကျော် တို့နှင့် ပေါင်းစပ်ထားသည့်အရာဖြစ်၏။ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်လမ်းစဉ်ကို နားလည်နိုင်စွမ်း ရှိနေသည့် နည်းစနစ်ပင်ဖြစ်သည်။ တကယ့်ကို မှတ်ချက်ပြုရလောက်သည့် ကောင်းမွန်လှသော သိုင်းနည်းစနစ်ပင်။

“စနစ်.. သွေးနတ်ဆိုးကလန်က ဘယ်လောက် အားကောင်းလှတဲ့လူတွေ လာမှာလဲဆိုတာကို စုံစမ်းစစ်ဆေးပေး” လီယွင်က မေးမြန်းလိုက်၏။

[သွေးနတ်ဆိုးကလန်၏ စွမ်အားမြင့် ကျင့်ကြံသူများကို စုံစမ်းစစ်ဆေးရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် ကိုးသိန်းခြောက်သောင်း လိုအပ်၏]

“ကိုးသိန်းခြောက်သောင်း ဟုတ်လား”

လီယွင်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အေးခဲသွား၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤပမာဏသည် တကယ့်ကို များပြားလွန်းလှ၏။ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းခြောက်ခုနှင့် လဲလှယ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

“ဒါဆိုရင် သူတော်စင်နဲ့ တော်ဝင်သူတော်စင်အဆင့် ကျင့်ကြံသူ သူတို့ဆီမှာ ဘယ်လောက်များများရှိလဲ စစ်ဆေးလိုက်” လီယွင်သည် ထပ်မံကာ တောင်းဆိုလိုက်သည်။

All Chapters