အပိုင်း (၁၉၈)
Vol. 14 Ch. 198
[ဒင် … ကောင်းကင်လျို့ဝှက်အမှတ် သုံးသိန်း နုတ်ယူလိုက်ပါပြီ အောင်မြင်စွာ စုံစမ်း၍ရပါပြီ။ သွေးနတ်ဆိုးကလန်၏ နယ်မြေကူးပြောင်းကာ ရောက်ရှိလာမည့် သူတော်စင်များထဲတွင် သူတော်စင် တစ်ရာတစ်ဆယ်နှစ်ယောက် (အသေးစိတ်သိရှိလိုပါက ထပ်မံနှိပ်ပါ)၊ သူတော်စင်ဘုရင် ဆယ့်ကိုးယောက် (အသေးစိတ်သိရှိလိုပါက ထပ်မံနှိပ်ပါ) ]
"ဒီလောက်များတာလား"
လီယွင်သည် အနည်းငယ် အံ့အားသင့်သွားမိ၏။ ဤအားအင်မှာ လျော့တွက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ လက်ရှိ တည်ရှိနေသည့် မည်သည့်ဂိုဏ်းကမှ ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။ အင်ပါယာ သို့မဟုတ် ကွာစီအင်ပါယာ လို ကျင့်ကြံသူမျိုး မပါဝင်သေးလျှင်တောင်မှ သွေးနတ်ဆိုးကလန်၏ လူစာရင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေသို့ ရောက်ရှိနေ၏။ လူစာရင်းသည် ဤလောကကြီးထဲတွင် ဆိုလျှင်ပင် ထိပ်ဆုံးငါးခု စာရင်းထဲ ရပ်တည်နေမှာ သေချာသည်။
"ရော့ … ဒီမှာခင်ဗျားတို့လိုချင်တဲ့ သတင်းအချက်အလက်ပဲ"
လီယွင်သည် ကျောက်စိမ်းပြားများကို အသာပစ်ပေးလိုက်၏။
"ဒီလောက်မြန်တာလား"
ရှုပ်ထွေးလူဝုကလန်ခေါင်းဆောင်သည် အံ့အားသင့်သွား၏။ နန်းဆောင်သခင်သည် မည်ကဲ့သို့ တွက်ချက်သည်ကို သူသည်တစ်ကယ်ပင် သိချင်မိသည်။
ကျောက်စိမ်းပြားကိုရရှိပြီး အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့် အခါမှာတော့ မျက်လုံးထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။ သူက တီးတိုးရေရွတ်လိုက်၏ “သွေးနတ်ဆိုးကလန်က ဘယ်အချိန်တုန်းက ဒီလောက် ကြောက်စရာ လူအင်အားကို ပိုင်ဆိုင်သွားတာလဲ။ သူတော်စင် တစ်ရာကျော် နဲ့ သူတော်စင်ဘုရင် ဆယ့်ကိုးယောက်တောင်”
"ဆယ့်ကိုးယောက်ထဲမှာ ခြုံခိုတိုက်ခိုက်ရင်း သေသွားတဲ့ နှစ်ယောက် မပါလောက်ဘူး။ သူတို့နှစ်ယောက်ကိုပါ ထည့်ပေါင်းမယ်ဆိုရင် သူတော်စင်ဘုရင် နှစ်ဆယ့်နှစ်ယောက် ရှိနေပြီ။ သွေးနတ်ဆိုးကလန်က တစ်ကယ့်ကို ကျုပ်တို့လောကကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေတာပဲ ဖြစ်ရမယ်။"
"အင်း …. သွေးနတ်ဆိုးတွေက တကယ့်ကို အရှိန်ပြင်းပြင်းနဲ့ ရောက်လာမဲ့ပုံပဲ" ခွန်ဖန်ကလန်၏ ခေါင်းဆောင်သည် သက်ပြင်းချလိုက်၏။ သူသည် ခန့်မှန်း၍မရသော အားအင်ကို ပိုင်ဆိုင်ပြီး အနာဂတ်တွင် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာကို ပိုင်ဆိုင်နိုင်သည် ဆိုလျှင်တောင်မှ ဤတိုက်ပွဲ၌ များများစားစား ပါဝင်၍ ထောက်ပံ့နိုင်မည် မဟုတ်ကြောင်းကို နားလည်မိသည်။
ရှုပ်ထွေးလူဝုကလန်သည်လည်း ထိုအတိုင်းပင်။ တိုက်ပွဲဝင်ရောက်ကာ တိုက်ခိုက်နိုင်သည့် သူတော်စင်စာရင်းမှာ နည်းပါးလျက် ရှိနေတော့၏။ တစ်ကယ်တန်း တိုက်ခိုက်မည် ဆိုပါက သူတို့၏ ဝှက်ဖဲအကုန်ကို ထုတ်ဖော်ကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။
"သွေးနတ်ဆိုးကလန်က ဒါက တစ်ကယ့်ကို အဓိကကလန်ကြီး တစ်ခုပဲလေ။ သွေးနတ်ဆိုးလောကကြီးတစ်ခုကို လွှမ်းမိုးထားနိုင်တဲ့ ကလန်ကြီးပဲ။ ဒီလောကကြီးမှာ ရှိနေတဲ့ လူသားကလန်နဲ့ မွန်းစတားကလန်တွေနဲ့တော့ ကွာခြားနေမှာပေါ့"
လီယွင်က မှတ်ချက်ပြုလိုက်၏။ ပြီးနောက် လက်ရှိ ရောက်ရှိနေသည့် ခေါင်းဆောင်များကို ကြည့်ရှုကာ ပြောလိုက်၏။ “ခင်ဗျားတို့ လူအင်အားအနည်းငယ် နဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ….. အရိုးသားဆုံး ပြောရမယ် ဆိုရင် အခွင့်အရေးမရှိဘူး"
အဖွဲ့အစည်းခြောက်ခုမှ ခေါင်းဆောင်များ အထူးသဖြင့် ရှုပ်ထွေးလူဝုကလန်နှင့် ခွန်ဖန်ကလန်တို့သည် ကလန်သား အရေအတွက် နည်းပါးလွန်းလှ၏။ ထို့ပြင် လုံလောက်အောင် ကြီးထွားသည့် အခြေအနေမျိုးလည်း မရှိသေးချေ။ တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်နိုင်နှုန်းမှာ နည်းပါးလွန်းလှ၏။ ကျန်သည့် ဂိုဏ်းလေးခုကိုသာ မှီခို၍ သွေးနတ်ဆိုးကလန်ကို ရင်ဆိုင်မည်ဆိုလျှင် တကယ်ပင် ဆုံးရှုံးမှုများ ဖြစ်လာမှာ သေချာသည်။
"ပြီးတော့"
လီယွင်သည် ထပ်မံကာ ပြောလိုက်၏။ "သူတို့က သူတော်စင်နဲ့ သူတော်စင်ဘုရင်တွေပဲ ခေါ်လာမယ်လို့ ခင်ဗျားတို့ထင်နေတာလား"
အထက်နယ်မြေမှလူများ အောက်နယ်မြေသို့ ဆင်းသက်လာချိန်တွင် ကောင်းကင်တာအို၏ ဖိနှိပ်မှုရှိသောကြောင့် အားကောင်းလွန်းသည့် စွမ်းအားမြင့် ကျင့်ကြံသူများ လိုက်ပါမလာနိုင်ချေ။ သို့ပေမဲ့ အောက်နယ်မြေမှ လူများ ၎င်းတို့ထက် အဆင့်မြင့်သည့် လောကနယ်မြေများသို့ လာသည်ဆိုပါက အားအကောင်းဆုံးသူများကို ခေါ်ဆောင်လာမည်မှာ သဘာဝပင်။
သွေးနတ်ဆိုးလောကြီး အနေဖြင့် မည်သူမဆိုသည် ကောင်းကင်မူလ လောကဆီသို့ လာနိုင်စွမ်းရှိကြသည်။ အင်ပါယာ တစ်ယောက်ပင်လျှင် အကန့်အသတ်မရှိဘဲ ဝင်လာနိင်စွမ်းရှိသည်။
“ဟမ် …”
ခေါင်းဆောင်ခြောက်ဦးတို့သည် ဦးခေါင်းကို မော့ကာဖြင့် လီယွင်ကို ကြည့်ရှုလိုက်၏။ အထူးသဖြင့် လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားကို ကြည့်ရှုပြီးသည့်နောက် ခေါင်းကိုက်သလိုပင် ခံစားလိုက်မိကြ၏။ ယခုဝယ်ယူခဲ့သည့် သတင်းအချက်အလက်သည် မပြည့်စုံသေးပေ။
"မျိုးနွယ်စု တစ်ခုလုံးရဲ့ သတင်းအချက်အလက် အကုန်ကို သူတော်စင်အဆင့် ပစ္စည်းခြောက်ခုတည်းနဲ့ ဝယ်နိုင်မယ်လို့ ထင်နေတာလား။ "
လီယွင်သည် လေအေးလေးဖြင့် ပြောလိုက်၏။ "ကျုပ် ခင်ဗျားတို့ကို ဒီပမာဏအတိုင်း ပြန်ပေးမယ်။ လူသားမျိုးနွယ်နဲ့ မွန်းစတားမျ်ုးနွယ်တွေမှာ ရှိနေတဲ့ ပါရမီရှင်တွေအကြောင်းကို အသေးစိတ် ပြောပြနိုင်မလား။"
"စီနီယာ … သွေးနတ်ဆိုးကလန်က နယ်မြေဖြတ်သန်းပြီး လာတဲ့အချိန်မှာ ပိုပြီး အားကောင်းတဲ့ ကျင့်ကြံသူတွေ ခေါ်လာမယ်လို့ ဆိုလိုတာလား" ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် မျက်မှောင်ကုတ်လိုက်မိသည်။
"ကျုပ် နောက်နေတာမဟုတ်ဘူး" လီယွင်သည် ချက်ချင်းပဲ ပြန်လည်ကာ ပြောဆိုလိုက်၏။
"ဒါဆိုရင် အဲဒီသတင်းအချက်အလက်ရဲ့ တန်ဖိုးက ဘာလဲ" ယန်ရှိုသည် အချိန်ကိုက် ဝင်ရောက်ကာ မေးမြန်းလိုက်သည်။
"တော်ဝင်သူတော်စင်အဆင့် ပစ္စည်းသုံးခု"
လီယွင်သည် လက်သုံးချောင်း ထောင်ပြလိုက်၏။ ပြီးနောက် လူခြောက်ယောက်တို့ကို အသာဝေ့ကြည့်ကာဖြင့် ပြောလိုက်၏။ “လူတစ်ယောက်ကို ….”
"ဘာ"
ရွှေကျီးကန်းကလန်ခေါင်းဆောင ်သာမက အားလုံးတို့သည် ဆွံ့အသွားခဲ့ကြ၏။ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းသုံးခု ဆိုသည်မှာ လမ်းဘေးတွင်ပေါက်နေသည့် ဟင်းသီးဟင်းရွက်ပင် မဟုတ်ချေ။ တော်ဝင်သူတော်စင် အဆင့် ဟူသည့် ဂုဏ်ပုဒ်နှင့်ပင် ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေကို ပိုင်ဆိုင်နေပြီ ဖြစ်၏။ လူတစ်ယောက်ကို တော်ဝင်သူတော်စင်အဆင့် ပစ္စည်းသုံးခု တောင်းလျက် ရှိနေသည်မှာ ဈေးကြီးလွန်းလှသည်။ ငွေညှစ်ခံနေရသလိုပင် ခံစားနေမိကြ၏။ သူတို့နှစ်ပေါင်းများစွာ ရှာဖွေလာသမျှသည် တထိုင်တည်း ကုန်ဆုံးသွားတော့မည့် ပုံစံပင်။
"စီနီယာ ကျုပ်ဆီမှာ တော်ဝင်သူတော်စင်အဆင့် နည်းစနစ် နှစ်ခုရှိပါတယ်။ ပြီးတော့ စိတ်ဝိညာဉ် ကျောက်တုံးနဲ့ ရှားပါးပစ္စည်းတွေ ရှိပါတယ်။ အဲလောက်ဆို လုံလောက်ပြီလား။ " ယန်ရှိုသည် အံကိုကြိတ်ကာဖြင့် သိုင်းနည်းစနစ်နှစ်ခုနှင့် သိုလှောင်လက်စွပ် ဆယ်ကွင်းကို ထုတ်ကာပေးလိုက်၏။ တစ်ခုချင်းစီတိုင်းတွင် ကြီးမားသည့် နေရာလွတ်ကို ပိုင်ဆိုင်ပြီး အထဲတွင် စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ပစ္စည်းများ တည်ရှိနေ၏။ သွေနတ်ဆိုးကလန်နှင့် ရင်ဆိုင်ရန် အလို့ငှာ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် သွေးမြေကျသလို ဆတ်ဆတ်ခါ နာကျင်နေရ၏။ ပိုက်ဆံများကို သုံးဖြုန်းခဲ့ရ၏။
အားလုံးသောသူတို့သည် ဤနေရာတွင် နောက်ဆုတ်ရန် နည်းလမ်းကို ရွေးချယ်လိုက်သည် ဆိုပါက ရှေ့၌ ပေးခဲ့သည့် အရာအားလုံးသည် ရေထဲ ပစ်ချသလိုပင် အဓိပ္ပာယ်မဲ့ ပျောက်ကွယ်သွားပေလိမ့်မည်။
လက်ရှိအချိန်မှာတော့ ဖြစ်သမျှကို အကောင်းဟု သဘောထားကာဖြင့် သွေးနတ်ဆိုးကလန်နှင့် ပတ်သတ်သည့် သတင်းများကို ရရှိရန်အတွက် သူတို့သည် ရှိသမျှကို ထုတ်ဖော်ကာ ပေးအပ်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူတို့သာလျှင် ပျောက်ကွယ် သေဆုံးသွားမှာ သေချာသည်။
ကလန်တစ်ခုသည် မည်မျှများပြားသည့် ရတနာကို ပိုင်ဆိုင်သနည်း ဆိုသည်မှာ တွက်ချက်ရန် ခက်ခဲလွန်းလှ၏။ သို့ပေမဲ့ သွေးနတ်ဆိုးကလန်တွင် တော်စင်သူတော်စင်ဘုရင်များပင် ရှိလို့နေခဲ့၏။ ထို့ကြောင့် ၎င်းတို့ ကိုင်ဆောင်လာသည့် လက်နက်များကပင်လျှင် အကျိုးအမြတ် ပြန်လည် ရရှိနိုင်ပေမည်။
တကယ်တမ်း တိုက်ခိုက်ပြီးနောက် ရရှိနိုင်သည့် ပစ္စည်းများကို တွက်ချက်ပြီးသည့်နောက် ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီမှ ဝယ်ယူခဲ့ရသည့် သတင်းတန်ဖိုးကို ကာနိုင်လိမ့်မည်ဟု အားလုံးက တွေးတောလိုက်မိကြ၏။
သွေးနတ်ဆိုးလောကကြီးထဲတွင် ရှိနေသည့် အရင်းအမြစ်များကိုပါ ယူဆောင်နိုင်မည် ဆိုပါက ကလန်တစ်ခု ထဲတွင် ရှိနေသည့် ရတနာများထက် ပိုမိုကာ သာလွန်မှာ သေချာ၏။ ထို့ပြင် တစ်ချို့သော ညဏ်အလင်း ရရှိနေသည့် အင်ပါယာများသည် ၎င်းတို့၏ ကိုယ်ပိုင်ကမ္ဘာငယ်ကို ဖန်တီးကာဖြင့် ရွေးချယ်နေထိုင်တတ်ကြ၏။ ဥပမာအားဖြင့် ဖန်တီးခြင်းလျို့ဝှက် နယ်မြေကဲ့သို့ပင်။
ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် အင်ပါယာတစ်ယောက်ကို တစ်ခါမှ ပြုစုမပျိုးထောင်ခဲ့ဖူးချေ။ ထို့ကြောင့်ပင်လျှင် ကိုယ်ပိုင်လောကငယ်တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုသည်မှာ ဆွဲဆောင်စရာ ကိစ္စ ဖြစ်လာခဲ့၏။ တွေးကြည့်လိုက်မည်ဆိုလျှင် စိတ်ကျေနပ်စရာပင်။