← Chapters

အပိုင်း (၁၉၉)

Vol. 14 Ch. 199

အပိုင်း (၁၉၉)

Vol. 14 Ch. 199

"လုံလောက်ပြီ"

လီယွင်သည် သိုလှောင်လက်စွပ်ဆယ်ကွင်းကို အသာကြည့်ရှုကာဖြင့် ပြောလိုက်၏။ တော်ဝင် သူတော်စင်အဆင့် ပစ္စည်း ဆိုသည်မှာ တကယ့်ကို တန်ဖိုးကြီးလှသည့် အရာများ ဖြစ်၏။

"ဒါဆိုလည်း ကောင်းပါပြီ" ယန်ရှိုသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ လက်ရှိ ထုတ်ဖော်လိုက်သည့် ပစ္စည်းတော်တော်များများသည် ရောင်စဉ်အလင်း နတ်နယ်မြေမှ အခြေခံ အရင်းအမြစ်များပင် ဖြစ်၏။ ထိုအရာများကို ပေးအပ်ရသည်မှာ နာကျင်စရာဖြစ်သော်လည်း ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် စိတ်ကျေနပ်စရာများ ရှိနေသေး၏။ သူတို့အနေဖြင့် တိုက်ပွဲပြီးသည့်နောက် များပြားလှသည့် အရင်းအမြစ်များကို ရယူနိုင်သည် ဆိုပါက အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။

ပစ္စည်းများကို ထုတ်ဖော်ပြီးသည့်နောက် ယန်ရှိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ဟောခန်းနားတွင် ရပ်လျက် ရှိနေ၏။ သူ၏ မျက်လုံးသည် ကျန်လူငါးယောက်ဆီသို့ ရောက်ရှိသွား၏။

သူ့အနေဖြင့် ပါးစပ်နှင့် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အားလုံးသောသူတို့က နားလည်လိုက်ကြသည်။

“တော်ဝင်သူတော်စင် ပစ္စည်းသုံးခု ….” တခြားသောသူငါးယောက်တို့သည်လည်း ခက်ခဲသည့် ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြ၏။ ယန်ရှိုပင်လျှင် ဖြစ်လာနိုင်သည့် အကျိုးဆက်ကို တွေးမိသောကြောင့် သူတို့အနေဖြင့် သွေးနတ်ဆိုးကလန်၏ အသေးစိတ် သတင်းအချက်အလက်များကို ဝယ်ယူနိုင်ပါက ရနိုင်မည့် အကျိုးဆက်များကို တွေးတောထားပြီးသား ဖြစ်၏။ သတင်းများကို ကြိုတင်သိရှိမည်ဆိုလျှင် အစီအစဉ် သေချာ ရေးဆွဲထားနိုင်၏။ တစ်ဖက်မှလူများကို သုတ်သင်နိုင်သည် ဆိုပါက ဆုံးရှုံးခဲ့သမျှ ပြန်လည်ရရှိမှာ ဖြစ်ပြီး အကျိုးအမြတ်ပင် ရရှိနိုင်သေး၏။ ထို့ကြောင့် အားလုံးတို့သည် တော်ဝင်သူတော်စင်အဆင့် ပစ္စည်းသုံးခုကို ထုတ်ယူလိုက်ကြ၏။

အဓိကတိုက်ပွဲကြီးတွင် မပါဝင်နိုင်သော ခွန်ဖန်ကလန်နှင့် ရှုပ်ထွေးလူဝုလန်ပင်လျှင် ကပ်စီးနည်းမနေကြချေ။ သူတို့သည် နှစ်ပေါင်းများစွာ စုစည်းခဲ့ကြသည့် အရင်းအမြစ်များကို ပြန်လည်ထုတ်ဖော်ကာ အသုံးပြုရ ပေလိမ့်မည်။

"စီနီယာ နယ်မြေဖြတ်ကျော်လာမယ့် သွေးနတ်ဆိုးကလန်မှာ စွမ်းအားမြင့်ကျင့်ကြံသူတွေ ဘယ်လောက်ရှိလဲ ပြောပါအုံး" ရီချင်းမင်သည် လေးလေးစားစားဖြင့် ဦးညွှတ်ကာ ပြောလိုက်၏။

"သေချာတာပေါ့"

လီယွင်သည် ခေါင်းကိုညိတ်ကာ မေးမြန်းလိုက်သည်။ "စနစ် …. သွေးနတ်ဆိုးကလန်မှာ သူတော်စင်ဘုရင် အဆင့်အထက် ကျင့်ကြံသူ ဘယ်လောက်ရှိလဲ။ ဒီတစ်ကြိမ်လာမှာ ဘယ်သူတွေလဲ"

[ ဒင် …. ကောင်းကင်လျို့ဝှက်အမှတ် ၆၆၀၀၀၀ ကို နုတ်ယူလိုက်ပါပြီ။ သတင်းအချက်အလက် စုံစမ်းမှု အောင်မြင်ခဲ့သည်။]

[တော်ဝင်သူတော်စင် ခြောက်ယောက်( အသေးစိတ်သိရှိရန် နှိပ်ပါ) ၊ ကွာစီအင်ပါယာတစ်ယောက် (အသေးစိတ် သိရှိရန် နှိပ်ပါ) ]

"ကွာစီအင်ပါယာလည်း ပါမှာလား" လီယွင်သည် အံ့အားသင့်မိသွား၏။ သတင်းအချက်အလက်များကို ကြည့်ရှုပြီးသည့်နောက် ထိုကွာစီအင်ပါယာသည် အင်ပါယာလက်နက်ကို ကိုင်ဆောင်လာကာ ရောက်ရှိလာမည် ဖြစ်ကြောင်း မှတ်ချက်ကိုပါ မြင်လိုက်ရ၏။ အင်ပါရီယန်လက်နက်နှင့် ပတ်သက်သည့် အချက်အလက်မှာတော့ ဝိညာဉ် သို့မဟုတ် ခန္ဓာကိုယ်ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်သည့် နှစ်မျိုးစွမ်းရည် ပိုင်ဆိုင်၏။ သို့ပေမဲ့ မည်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းပြီး မည်ကဲ့သို့ တိုက်ခိုက်သည် ဆိုသည်မှာ အသေးစိတ် မပါလာခဲ့ချေ။

"အင်း အင်ပါရီယန် လက်နက်နှင့် ပတ်သက်တဲ့ အချက်အလက်တွေကတော့ ကောင်းကင်လျို့ဝှက် အမှတ်တွေ လိုအုံးမယ်ထင်တယ်။ စနစ်ကတော့ စနစ်ပါပဲ" လီယွင်သည် မနေနိုင်ဘဲ ချီးကျူးလိုက်၏။ အမှတ်များကို ရှာဖွေရသည့် နေရာတွင် စနစ်ဆီမှ သူသည် အများကြီး သင်ယူရပေဦးမည်။

"အင်း ဒီတစ်ကြိမ် သွေးနတ်ဆိုးကလန် ရောက်ရှိလာမဲ့ သတင်းအချက်အလက်တွေက ဒါအကုန်ပဲ"

လီယွင်သည် ကျောက်စိမ်းပြားခြောက်ခုကို ထုတ်ယူကာ တစ်ယောက်ချင်းဆီသို့ ပေးလိုက်၏။

"တော်ဝင်သူတော်စင်ခြောက်ယောက်၊ ကွာစီအင်ပါယာတစ်ယောက်နဲ့ အင်ပါရီယန် လက်နက် တစ်ခုလား"

သတင်းအချက်အလက်များကို မြင်လိုက်ရသည့် အခါ မှာတော့ ခေါင်းဆောင် ခြောက်ယောက်တို့သည် လေးနက်သွားခဲ့ကြ၏။ သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားခဲ့ကြ၏။

ကွာစီအင်ပါယာသည် ခန့်မှန်း၍မရအောင် အားကောင်းလှသည့် ကျင့်ကြံသူ ဖြစ်သည်ဆိုသည်ကို မငြင်းနိုင်ချေ။ ထို့ပြင် ကျောက်စိမ်းပြားထဲတွင် အင်ပါယာရီယန်လက်နက်၏ သတင်းကလည်း ပါဝင်လျက် ရှိနေ၏။ ကွာစီအင်ပါယာနှင့် သူတော်စင်ခြောက်ယောက်တို့သည် မည်သူများ ဖြစ်သည်ကိုပါ ပါဝင်လျက် ရှိနေ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းနှင့် တိုက်ကွက်များ အကြောင်းပင် ပါဝင်သေးသည်။

မဟာဗျူဟာများကို ချမှတ်ရာတွင် ထိုအရာများကို အဓိကထား၍ ရေးဆွဲမည် ဆိုပါက တစ်ဖက်လူများ၏ အားနည်းချက်ကို ပစ်မှတ်ထားကာ တိုက်ခိုက်နိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် တကယ့်ကို ကြီးမားသည့် အောင်မြင်မှုကို ရရှိမှာ သေချာ၏။

"အင်း … ကွာစီအင်ပါယာတစ်ယောက်ပဲ အင်ပါရီယန်လက်နက်ကို ကိုင်ဆောင်မှာလား။ "

ယန်ရှိုသည် တီးတိုးရေရွတ်လိုက်မိ၏။ သူတို့အနေဖြင့် ထိုအင်ပါရီယန်လက်နက်ကိုသာ လုယူနိုင်သည်ဆိုပါက ပေးအပ်ခဲ့ရသည့် တန်ဖိုးထက် ပိုမိုကာ အကျိုးအမြတ် ရရှိမှာ သေချာ၏။ အင်ပါရီယန် လက်နက် တစ်ခုတည်းကပင်လျှင် ၎င်းတို့ဆုံးရှုံးခဲ့သည်ထက် ပိုမိုကာ ရရှိနိုင်၏။ အခွင့်အရေး ရပြီး သွေးနတ်ဆိုးကလန် ၏ ကွာစီအင်ပါယာကိုသာ သတ်ဖြတ်နိုင်ပါက ကွမ်စီအင်ပါယာ လက်နက်ကို ထပ်မံ ရရှိပေလိမ့်မည်။

" တော်ဝင်သူတော်စင် ခြောက်ယောက်၊ သူတော်စင် ဆယ့်ကိုးယောက်တို့လည်း ရှိနေသေးတယ်" ရီချင်းမင်သည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။

သူတို့ဂိုဏ်းတစ်ခုချင်းစီသည် သွေးနတ်ဆိုးကလန်ကို ပြန်လည်တိုက်ခိုက်နိုင်ရန် အခွင့်အရေး မရှိချေ။ သတင်းအချက်အလက်များ ရရှိလျှင်တောင်မှ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှိချေ။ သို့ပေမဲ့ သူတို့ ခြောက်ဂိုဏ်းသာ ပူပေါင်းလိုက်ပါက အောင်မြင်နိုင်ချေသည် တိုးတက်သွားပေလိမ့်မည်။ အနည်းဆုံးအနေဖြင့် သူတို့၌ အင်ပါရီယန် လက်နက်များရှိ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းပင်လျှင် ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ အင်ပါရီယန် လက်နက်ကို ပိုင်ဆိုင်သေးသည်။

"သွေးနတ်ဆိုးကလန်ကတော့ ဒီတစ်ကြိမ် ဒုက္ခရောက်ပြီပဲ" လီယွင်သည် ရှေ့ရှိ လူခြောက်ယောက်၏ အတွေးများကို ကြည့်ပြီးနောက် ပြောလိုက်၏။ ပြီးနောက် သက်ပြင်းချလိုက်တော့၏။ အင်ပါယာ တစ်ယောက်မှ မပါလာပါက သွေးနတ်ဆိုးကလန်သည် နိဂုံးချုပ်မှာ သေချာ၏။

သွေးနတ်ဆိုးကလန်၏ တခြားသော သတင်းအချက်အလက်များသည် သိန်းချီကုန်ကြ၏။ စနစ်ဆီမှ တဆင့် တစ်ဖက်လူများ၌ ကွမ်စီအင်ပါယာအဆင့် အစီအရင်တစ်ခု ရှိနေကြောင်း သိရှိပြီးလည်း ဖြစ်သည်။ အစီအရင်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းလည်း စနစ်က ထောက်ပံ့ထားသေးသည်။

သို့ပေမဲ့ အစီအရင်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းသည် အရေးမကြီးလှချေ။ သူ၏ရှေ့တွင် ရှိနေသော လူခြောက်ယောက်တို့သည် အင်ပါရီယန် လက်နက်များကို ကိုင်ဆောင်၍ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်လို့နေခဲ့၏။

ကွာစီအင်ပါယာ အစီအရင်ကို ချိုးဖျက်ရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။ သို့ပေမဲ့ အင်ပါရီယန် လက်နက်များကို ကိုင်ဆောင်ထားသည် ဆိုမှတော့ လွယ်လွယ်ကူကူနှင့် ချိုးဖျက်နိုင်စွမ်း ရှိနေသည်။

လက်ရှိ ကလန်နှင့်ဂိုဏ်းခေါင်းဆောင် ခြောက်ယောက်တို့သည် အင်ပါရီယန် လက်နက်များကို ထုတ်ဖော်ကာ အသုံးပြုမည် ဖြစ်သောကြောင့် သူ ထိုနည်းလမ်းကို ထုတ်ဖော်ရောင်းချရန် မဖြစ်နိုင်တော့ချေ။

All Chapters