← Chapters

အပိုင်း (၂၀၀)

Vol. 14 Ch. 200

အပိုင်း (၂၀၀)

Vol. 14 Ch. 200

"စီနီယာ နန်းဆောင်သခင်"

ရွှေကျီးကန်းကလန်ခေါင်းဆောင်သည် ဦးညွှတ်ကာ ပြောလိုက်၏။

"သွေးနတ်ဆိုးကလန်က ကျုပ်တို့ရဲ့ မျိုးဆက်သစ်တွေကို ခြုံခိုပြီး တိုက်ခိုက်ခဲ့တယ်။ ဒီရန်ကြွေးကို ကျိန်းသေပါက် လက်စားချေရမယ်။ ဒီနေ့မှာ ကျုပ်တို့ကို မျက်နှာသာပေးပြီး သတင်းအချက်အလက်တွေ ပေးခဲ့တယ်။ ဒီကျေးဇူးကို ကျုပ်တို့နှလုံးသားထဲမှာ သေချာ မှတ်ထားပါမယ်။ အရာအားလုံးကို ဖြေရှင်းပြီးသွားရင် ထပ်လာပြီးတော့ လေးလေးစားစားနဲ့ ဂါဝရပြုပါအုံးမယ်"

“အင်း ….” လီယွင်သည် ခေါင်းညိတ်လိုက်သည်။

ပြီးနောက် ရွှေကျီးကန်းကလန်ခေါင်းဆောင်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ အံ့အားသင့်စာရာပင် တစ်ဖက်လူမှာ အချိန်တိုအတွင်း တိုးတက်လာခဲ့၏။ ယခင်က ရှိခဲ့သည့် မောက်မာမှုများ ပျောက်ကွယ်သွားသည့် အပြင် လေသံသည်လည်း ပြောင်းလဲသွားခဲ့၏။

“ဂျူနီယာ သွားပါအုံးမယ်” ရွှေကျီးကန်းကလန် ခေါင်းဆာင်က ပြောလိုက်၏။ တခြားသော သူတို့သည်လည်း နောက်မှ လိုက်ပါသွားခဲ့ကြသည်။

၎င်းတို့၏ လက်ထဲတွင် သွေးနတ်ဆိုးကလန်၏ သတင်းအချက်အလက်များ ရှိနေသောကြောင့် သူတို့သည် နှောင့်နှေးမနေချင်တော့ချေ။ အားလုံးသောသူတို့သည် နှောင့်နှေးခြင်းဆိုသည်မှာ ကြီးမားသည့် ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း ကောင်းကောင်းနားလည်၏။

သွေးနတ်ဆိုးကလန်မှ တော်ဝင်အင်ပါယာတစ်ယောက် ရောက်ရှိလာပါက ၎င်းတို့ လက်ထဲတွင် သတင်းအချက်အလက်များ ရှိနေလျှင်တောင်မှ အသုံးဝင်တော့မည် မဟုတ်ချေ။

ထိုသူတို့ ထွက်ခွာသွားပြီးနောက် လီယွင်၏ မျက်နှာထက်၌ ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူက တီးတိုးပြောလိုက်သည်။ "စနစ် …. ကိုယ်ရေးအကျဉ်းကို ဖွင့်အုံး"

ဆွစ်

အသံတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် အပြာဖျော့ဖျော့မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ ထိုထဲတွင် သူ၏ ကိုယ်ရေးအကျဉ်းနှင့် ပတ်သက်သည့် အကြောင်းအရာများ တည်ရှိနေ၏။ အောက်ဆုံး ညာဖက်ထောင့်မှာတော့ ဂဏန်းများ ရှိ၏။

[ကောင်းကင်လျို့ဝှက်အမှတ် နှစ်သန်းသုံးသိန်း ]

အင်း

သူ့အနေဖြင့် အနည်းအကျဉ်း စီးပွားရေး ပြုလုပ်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်အမှတ် ငါးသိန်းကျော်ကို ရှာဖွေနိုင်ခဲ့၏။ မျိုးနွယ်စု တစ်ခု၏ သတင်းအချက်အလက်သည် ဖန်တီးခြင်းနယ်မြေလောက် ကောင်းကင်လျှို့ဝှက်အမှတ် များများစားစား မရှာနိုင်လျှင်တောင်မှ စိတ်ကျေနပ်စရာ ဖြစ်သည်။

"စနစ် ….. တော်ဝင်အင်ပါယာအဆင့်အထိ ကျင့်ကြံနိုင်တဲ့ ကောင်းကင်အင်ပါယာကျမ်းစာ အစိတ်အပိုင်းကို ဝယ်ယူမယ်"

[ဒင် … ကောင်းကင်လျို့ဝှက်အမှတ် ၁.၆၉ သန်းကို နုတ်ယူလိုက်ပါပြီ။ ကောင်းကင်အင်ပါယာကျမ်းစာ၏ နောက်ဆုံးပိုင်းကို အောင်မြင်စွာ ဝယ်ယူခဲ့၏။]

မိုးကြိုးပစ်သံကဲ့သို့သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲပြီးနောက် လီယွင် ၏ စိတ်ထဲတွင် ထူးဆန်းလွန်းသော ကျမ်းစာတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် ရွှေရောင်တောက်ပလျက် ရှိနေပြီး နက်နဲလွန်းလှသည် တာအိုစာလုံးများနှင့် ပြည့်နှက်နေ၏။ အလွန်နက်နဲလှပြီး ခန့်မှန်း၍မရအောင် အားကောင်းလှသည့် ကျမ်းစာ တစ်ခုပင်။

"အခုကြည့်ရတာ ငါကလည်း အင်ပါရီယာကျမ်းစာ ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်သွားပြီပဲ"

လီယွင်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိ၏။ ကောင်းကင်အင်ပါယာကျမ်းစာ ဖြစ်သည်နှင့်အညီ ၎င်း၏ တန်ဖိုးသည် သာမန်ထက် ပိုလွန်းလှ၏။ နောက်ဆုံးပိုင်းသည် အမှန်ပင် စျေးကြီးလွန်းလှချေသည်။

"ဘာပဲပြောပြော ငါ့ဆီမှာ ကောင်းကင်လျို့ဝှက်အမှတ် ၃သိန်း၄သောင်းတောင် ကျန်သေးတယ်" လီယွင်သည် သေသေချာချာ ပြန်လည်ကာ ကြည့်ရှုလိုက်၏။

သူ့အနေဖြင့် လက်ရှိအချိန်တွင် အရမ်းကြီး အားကောင်းလှသည် မဟုတ်လျှင်တောင်မှ အရမ်းကြီး အားနည်းလှသည့် လူတစ်ယောက်တော့ မဟုတ်တော့ချေ။ တော်ဝင်အင်ပါအဆင့်ဆီသို့ လှမ်းတက်နိုင်ရန် ပမာဏသည် သူ၏လက်ထဲတွင် တည်ရှိနေပြီ ဖြစ်၏။ ကွာစီအင်ပါယာနှင့် တော်ဝင်အင်ပါယာ ဖြစ်ရန်တော့ သူသည် မတွေးတောထားချေ။ ဘာပဲပြောပြော ကျင့်ကြံခြင်းနည်းစနစ်များကို ရရှိထားပြီးနောက် သူ့၌ တိုက်ခိုက်ခြင်းနည်းစနစ်များလည်း လိုအပ်နေ၏။ ထို့ကြောင့် အချိန်အနည်းငယ်လောက် စောင့်ဆိုင်းပြီးမှ တော်ဝင်အင်ပါယာအဆင့်ဆီသို့ တက်ခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု တွေးတောထားသည်။

"အင်း နောက်တစ်ကြိမ်ကျရင် ငါးကြီးကြီး ဖမ်းမိဖို့ မျှော်လင့်မိတယ်" လီယွင်က တွေးတော့လိုက်၏။

ငါးကြီးကြီး တစ်ကောင်ကသာလျှင် သူ့အား အမြတ်ကြီးကြီး ပေးစွမ်းနိုင်မှာ ဖြစ်၏။ ထိုသူအား လှေကားထစ်အဖြစ် အသုံးပြုကာ နင်းတက်ပြီး အင်ပါယာတစ်ယောက် ဖြစ်လာအောင် ကြိုးစားနိုင်သည်။

လီယွင်တစ်ယောက် အင်ပါယာတစ်ယောက် ဖြစ်လာအောင် မည်ကဲ့သို့ ကြိုးစားရမည်ဟု စဉ်းစားလျက် ရှိနေတုန်းမှာပဲ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင်တော့ ယန်ရှိုနှင့် အခြားငါးယောက်တို့သည် တည်နေရာတွင် မတ်မတ်ရပ်ကာ ရှိနေကြ၏။ ၎င်းတို့သည် ထွက်ခွာရမည့်အစား နှစ်နာရီ နီးပါးခန့် တစ်စုံတစ်ခုကို ဆွေးနွေးတိုင်ပင်နေကြ၏။

ထိုကဲ့သို့ ဆွေးနွေးမှုသည် နောက်ဆုံးမှာတော့ အနှစ်ချုပ် အချိန်သို့ ရောက်ရှိခဲ့သည်။ ယခင်တုန်းက သွေးနတ်ဆိုးကလန်သည် ၎င်းတို့၏ ဂိုဏ်းခြောက်ခုကို ပစ်မှတ်ထားခဲ့၏။ ထိုအရာကို တွန်းလှန်နိုင်ရန်အတွက် သွေးနတ်ဆိုးကလန်ကို ပူးပေါင်းကာ တိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ပါဝင်မည့်လူ အရေအတွက်နှင့် ကျင့်ကြံခြင်းအဆင့်များ အပါအဝင် တိုက်ပွဲပြီးသည့်နောက် အရင်းအမြစ်များကို မည်ကဲ့သို့ ခွဲဝေမည်ကိုပါ တစ်ခါတည်း ဆုံးဖြတ်ချက်ချကာ သဘောတူညီမှု ပြုလုပ်ကြ၏။ သဘောတူညီမှု ရရှိပြီးသည့်နောက် ၎င်းတို့သည် သက်ဆိုင်ကာ ဂိုဏ်းအသီးသီးဆီသို့ သတင်းပေးပို့လိုက်ကြ၏။

မကြာခင်မှာပဲ ၎င်းတို့သည် ပြင်ဆင်မှုကို စတင်ကာ ပြုလုပ်တော့၏။ အင်ပါရီယန် ရီကလန်အတွင်းမှာတော့ နတ်ဘုရားရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံး၌ တောက်ပသည့် အရောင်အဝါများနှင့် ထွန်းလင်းနေသည်။ အရာအားလုံးကို သုတ်သင်ရှင်းလင်း ပစ်နိုင်စွမ်းရှိသည့် ကြီးမားလွန်းသော အမဲရောင် ပုဆိန်ကြီးကို ကိုင်ဆောင်ထားသူ တစ်ယောက်သည် ထွက်ပေါ်လာသည်။ ၎င်း၏ မျက်လုံးများသည် ကောင်းကင်၏ အလင်းကဲ့သို့ပင် စူးရှတောက်ပလျက် ရှိနေပြီး ထိုမျက်လုံးများသည် သွေးနတ်ဆိုးကလန်တည်ရှိရာ လောက တည်နေရာဆီသို့ လှမ်းကြည့်လျက် ရှိသည်။

၎င်း၏အနောက်ဖက်တွင်တော့ များပြားလှသည့် ကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့ကြပြီး ၎င်းတို့၏ အော်ရာများလည်း တူညီစွာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရှေးဆုံးတွင် ရပ်တန့်နေသည့်လူနှင့် အနည်းငယ်သာ ကွာခြား၏။

အခြားသော တစ်ဖက်ခြမ်း ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအတွင်းမှာတော့ အခေါင်းထဲမှ ယိုင်တိယိုင်တိုင်နှင့် လူတစ်ယောက် ထလာ၏။ ၎င်းသည် သေးငယ်သော နေရာဆီမှ အပြင်ဘက်သို့ လှမ်းလျှောက်ထွက်သည့် အချိန်မှာတော့ ခြေထောက်အောက်တွင် နတ်ဆိုးချီများ ဖြစ်တည်နေခဲ့၏။ ထိုနတ်ဆိုးချီများသည် ကောင်းကင်သို့ ထိုးတက်သွားသလိုပင်။ အော်ရာများမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျယ်လောင်လှသော အသံကြီးများ ထွက်ပေါ်လာသည်။

"ငါရဲ့လမ်းကို ဖျက်ဆီးချင်တယ် ဆိုမှတော့ ငါ ကလည်း မင်းတို့သွေးနတ်ဆိုးကလန်ကို ပြန်ဖျက်ဆီးရမယ်" မုန့်ရှင်းကျီ၏ ကြောက်မက်ဖွယ်ကောင်းလှသော အသံကြီးသည် လောကတစ်ခုလုံးဆီသို့ ပြန့်နှံ့နေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ် ကောင်းလှသော အော်ရာများသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်နေ၏။

ရွှေကျီးကန်းကလန်အတွင်းမှာတော့ ရှေးကျပြီး ကြီးမားလွန်းလှသည့် တံခွန်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုတံခွန်ကြီး အပြင်ဘက်သို့ ရောက်သည်နှင့် တပြိုင်နက် ၎င်းဆီမှ စွမ်းအင်လှိုင်းများ ဖြစ်တည်နေပြီး မွန်းစတား တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့သွား၏။ ထိုစွမ်းအင်လှိုင်းများ ပျံ့နှံ့သွားရာ နေရာဆီမှ မွန်းစတား စစ်သည်များ သည် လာရောက်စုဝေးကြလေ၏။ မွန်းစတားတစ်ယောက်ချင်းစီတိုင်းသည် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက်လျက် ရှိနေပြီး ၎င်းတို့ ရောက်ရှိလာသည့် အဟုန်သည် ဖုန်များပင် ထစေခဲ့သည်။

ရွှေကျီးကန်းကလန်အနေဖြင့် အားအင်အဆင့် လျော့ပါးလာခဲ့သည်ဟု အားလုံးက ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ ယနေ့မှာတော့ ၎င်းသည် မွန်းစတားကလန်၏ တော်ဝင်ဂုဏ်ပုဒ်ကို ထုတ်ဖော် ပြသနေပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားတံခွန်ကို ထုတ်ဖော်လိုက်သည်နှင့် မွန်းစတားများသည် ၎င်းတို့ရှိရာ နေရာဆီသို့ ရောက်ရှိလာခဲ့ကြရ၏။ မွန်းစတားကလန်သည် လောကကြီးကို အုပ်စိုးသည့် ခေတ်ဆီသို့ တဖန် ရောက်ရှိသွားတော့မည် သကဲ့သို့ပင်။

"ဘာတွေဖြစ်နေတာလဲ"

လူပေါင်းများစွာတို့သည် အခြေအနေကို လှမ်းကြည့်နေကြ၏။ တစ်ရက်တည်းမှာပဲ အင်ပါရီယန် ရီကလန်၊ အင်ပါရီယန် လင်းကလန်၊ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း အစရှိသည့် ဂိုဏ်းအသီးသီးတို့သည် လှုပ်ရှားလျက် ရှိနေ၏။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများ ထွက်ပေါ်လာပြီးသည့်နောက် အားလုံးတို့သည် လေဟာနယ်၏ အတွင်းဘက်သို့ ဝင်ရောက်သွားကြ၏။ ၎င်းတို့တည်ရှိခဲ့သော သဲလွန်စသည်ပင် ပျောက်ကွယ်သွားသည်။ မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်းကိုလည်း မည်သူမှ မသိရှိကြချေ။

အကြောင်းအရာကို သိရှိသည်ဆိုပါက အားလုံးတို့သည် ကြောက်လန့်စိတ် ပိုကုန်ကြမှာ သေချာသည်။

" လူသားနဲ့ မွန်းစတားကလန်တွေက စစ်ပွဲဖြစ်တော့မှာလား"

တစ်စုံတစ်ယောက် တွက်ချက်လိုက်မိ၏။ ဘာမှန်းမသိသည့် မျိုးနွယ်စုတစ်ခုသည် မျိုးနွယ်စု အသီးသီး၏ ပါရမီရှင်များကို ချောင်းမြောင်း တိုက်ခိုက်သတ်ဖြတ်ခဲ့၏။

ထိုသတင်းအချက်အလက် ပေါ်ပေါက်သွားခဲ့သောကြောင့် စစ်ပွဲကြီး ဖြစ်တော့မည်လား။ လူသားနှင့် မွန်စတား မျိုးနွယ်များသာ စစ်ပွဲဖြစ်ပါက ကျိန်းသေပေါက် ကမ္ဘာပျက်သကဲ့သို့ ဖြစ်မှာသေချာ၏။ ထိုကဲ့သို့သော စစ်ပွဲကြီးတွင် အသက်ရှင်ရန်မှာ မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် လူသားကလန်နှင့် မွန်စတားကလန်များသည် အရေအတွက်အရ များပြားလွန်းလှပြီး ပုန်းကွယ်လျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း တည်ရှိလို့နေသေးသည်။ ၎င်းတို့သည်သာ ထွက်လာပြီး တိုက်ခိုက်ပါက ပတ်ဝန်းကျင် တစ်ခုလုံးသည် ပျက်စီးသွားမှာ ဖြစ်ပြီး သန်းထောင်ချီသော သက်ရှိများသည် သေဆုံးကုန်လိမ့်မည်။

"မဟုတ်သေးဘူး။ ဒီခေါင်းဆောင်ခြောက်ဦးက ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီ သွားသေးတယ် မဟုတ်လား။" တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ မေးခွန်းထုတ်လိုက်၏။

"ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီကနေ သတင်းအချက်အလက်တွေ ရခဲ့တာကြောင့်မို့လို့ လက်သည် ဘယ်သူမှန်း သိသွားတာနေမယ်”

"အင်း ငါ့လက်ထဲမှာ များပြားတဲ့ အရင်းအမြစ်တွေ တည်ရှိတယ်ဆိုရင် ကျိန်းသေပေါက် ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီ သွားပြီးတော့ သတင်းအချက်အလက်တွေ သွားဝယ်ပါတယ်"

All Chapters