← Chapters

အပိုင်း (၂၀၁)

Vol. 14 Ch. 201

အပိုင်း (၂၀၁)

Vol. 14 Ch. 201

သွေးနတ်ဆိုးကလန်

ဝူဝူရှမ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ရပ်လျက် ရှိနေ၏။ ၎င်း၏ ဝတ်စုံသည် လေဟာနယ်ထဲတွင် လွင့်မျောလျက် ရှိနေပြီး ဆံနွယ်များသည်လည်း ထိုနည်းလည်းကောင်းပင်။ အဝေးတစ်နေရာဆီသို့ လှမ်းကာကြည့်ရှုရင်း ၎င်း၏ မျက်လုံးများသည် အလွန်အမင်း လေးနက်လျက် ရှိနေ၏။ ရုတ်တရက် နတ်ဘုရား အပြစ်ပေးမှု ပေါ်ပေါက်လာပြီးသည့်နောက် များပြားလှသည့် သူတော်စင်များကို သေဆုံးစေခဲ့၏။ ဤအရာသည် ကောင်းမွန်သည့် အရာတစ်ခု မဟုတ်ချေ။ ရွှဲ့ရန် မသေဆုံးခင်က ပြောခဲ့သည့် စကားများသည် ဝူဝူရှမ် ၏ စိတ်အား ပူပန်မိစေသည်။

ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည် သွေးနတ်ဆိုကလန်မှ ဖြစ်သည်ဟူသော အချက်အလက်ကို သူလုံးဝ လက်သင့်မခံနိုင်ချေ။ သို့ပေမဲ့ ထိုကဲ့သို့ ကောင်းကင်၏ လျို့ဝှက်ချက်များကို တွက်ချက်နိုင်သောသူတစ်ယောက် ပိုင်ဆိုင်သည် ဆိုပါက တကယ့်ကို ကောင်းမွန်သည့် အရာပင်။ မျိုးနွယ်စုများထဲ၌ ခန့်မှန်း၍ မရသော ဂုဏ်ကို ပိုင်ဆိုင်မှာ သေချာ၏။ အားအင်အဆင့် မထူးချွန်လျှင်တောင်မှ အရာအားလုံးကို ကြိုတင်ကာ သိရှိခြင်းသည် အားလုံးထက် ခြေတစ်လှမ်းသာခြင်းပင် ဖြစ်ပေ၏။ မဟာဗျူဟာများ ရေးဆွဲရာတွင် အထောက်အကူ ဖြစ်နိုင်၏။ ထို့ကြောင့် ထိုကဲ့သို့ ကောင်းကင်၏ လျို့ဝှက်ချက်များကို တွက်ချက်နိုင်သူသည် တော်ဝင်သူတော်စင်နှင့်ပင် နှိုင်းယှဉ်၍မရသော အရှိန်အဝါနှင့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်လေ၏။

"ကောင်းကင်လျို့ဝှက် နန်းဆောင်သခင် က တကယ်ပဲ သွေးနတ်ဆိုးကလန်ကလား" ဝူဝူရှမ်သည် သက်ပြင်းချကာ တွေးတောလိုက်မိသည်။

"ကလန်ခေါင်းဆောင်"

ထိုအချိန်မှာပဲ ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အဝေးတစ်နေရာဆီမှ လျှောက်ဝင်လာခဲ့၏။ ၎င်းသည် သူတော်စင်တစ်ယောက်ဖြစ်သည်။ ဝူဝူရှမ်၏ ဘေးနားသို့ ရောက်ရှိလာပြီးသည့်နောက် ၎င်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့၏။

"ဘာဖြစ်တာလဲ" ဝူဝူရှမ်သည် ဝင်ရောက်လာသူကို လှမ်းကြည့်ကာဖြင့် မထူးခြားသလို မေးမြန်းလိုက်သည်။

"ဟိုလောကကြီးထဲမှာ တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပြီပဲ။ ကျုပ်တို့ သွေးနတ်ဆိုးကလန်ရဲ့ အောင်ပွဲကြီး ဖြစ်နိုင်တယ်" ဝင်ရောက်လာသူသည် မြန်မြန်ဆန်ဆန်ပဲ ပြောဆိုလိုက်၏။

“ဟမ် ….”

ဝူဝူရှမ်သည် မျက်ခုံးကို ပင့်လိုက်၏။ သူသည် တစ်ကယ်ပဲ စိတ်ဝင်စားသွားမိ၏။ ထို့ကြောင့် မေးမြန်းလိုက်မိသည်။ "ကိစ္စကြီး ဟုတ်လား။ ငါ့ကိုပြောစမ်း"

"အခုလေးတင် ကျုပ်တို့ကလန်ရဲ့ သူလျှိုတွေက သတင်းပို့ခဲ့တယ်။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၊ အင်ပါရီယန်ရီကလန်၊ အင်ပါရီယန် လင်းကလန်၊ ရွှေကျီးကန်းကလန်နဲ့ တခြားကလန်တွေက စွမ်းအားမြင့် ကျင့်ကြံသူတွေ ထွက်ပေါ်လာတယ်တဲ့။"

ထိုသူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် အားတက်တရော လျှောက်တင်လိုက်၏ "ကျုပ်အထင်အရဆိုရင် တာအိုရောင်းရင်းရွှဲ့ရန်ပြောခဲ့တာ တကယ်ဖြစ်လာပြီနဲ့တူတယ်"

ဤကဲ့သို့သော အရေးကြီးလှသည့် အခြေအနေမျိုးတွင် များပြားလှသော ဂိုဏ်းအသီးသီးသည် စွမ်းအားမြင့် ကျင့်ကြံသူများကို ထုတ်ဖော်လာခဲ့၏။ ရည်ရွယ်ချက်သည် ကျိန်းသေပေါက် စစ်ပွဲတစ်ခုကို ဖန်တီးတော့မှာ သေချာ၏။ ဤအင်အားစုများသည် နက်နဲလှသော နောက်ခံများကို ပိုင်ဆိုင်ပြီး ၎င်းတို့၏ နောက်ကွယ်တွင် ကွာစီအင်ပါယာများပင် တည်ရှိကြ၏။ ကွာစီအင်ပါယာများ မရှိလျှင်တောင်မှ ၎င်းတို့သည် အင်ပါရီယန် လက်နက်များကို ပိုင်ဆိုင်ကြ၏။ ထိုကဲ့သို့သောသူများ၏ တိုက်ခိုက်မှုသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကို လွယ်လွယ်ကူကူနှင့် ပျက်စီးစေမှာ သေချာ၏။ အစစ်အမှန် မီးတောက်တစ်ခုကို အစပျိုး ထွန်းညှိပေးခဲ့ပြီးသည့်နောက် ကောင်းကင်မူလလောက၏ လူသားမျိုးနွယ် နှင့် မွန်းစတားမျိုးနွယ် အင်အားစုများကြားတွင် မီးတောက်ကြီးကို ဖြစ်ပွားစေခဲ့ပြီ ဖြစ်သည်။

ရွှေတောင်ပံ တော်ဝင်ဖန်းကလန်နှင့်၊ အစစ်အမှန် ဖီးနစ်ကလန်၊ ကောင်းကင်နဂါးကလန် စသည့် မွန်းစတားကလန်များသည် ဤအတိုင်း ထိုင်ကာ ကြည့်ရှုနေမည်လား။

ထိုအတူပင် အင်ပါရီယန် ရီကလန်ကို ထောက်ခံသော လူသားမျိုးနွယ်စု၏ ဂိုဏ်းကဏ္ဍများသည်လည်း ငြိမ်နေကြလိမ့်မည် မဟုတ်ချေ။

တကယ်တမ်းသာ များပြားလှသည့် အင်အားစုများ အချင်းချင်း တိုက်ခိုက်ကြမည်ဆိုလျှင် ၎င်းတို့အနေဖြင့် အင်အားစိုက်ထုတ်မှုကင်းစွာဖြင့် အောင်မြင်မှုကို ရရှိနိုင်၏။

"ရွှေကျီးကန်းကလန်က မွန်စတားဆွဲဆောင်ခြင်းတံခွန်ကိုတောင် ထုတ်ပြီးအသုံးပြုခဲ့တယ်လို့တောင် ကြားတယ်" ထိုသူက ထပ်ပြောလိုက်သည်။

မွန်းစတားဆွဲဆောင်ခြင်း ကလန်ဆိုသည်မှာ ရွှေကျီးကန်းကလန်၏ ဘိုးဘေးကြီး နတ်ဘုရားရွှေနှင့် သွန်းလုပ်ထားသည့် အရာဖြစ်ပြီး ထိုအရာသည် အင်ပါရီယာလက်နက်များ ပြုလုပ်ရမည့် ကုန်ကြမ်း ပစ္စည်းနှင့် ပြုလုပ်ထားရခြင်းပင်။ သို့ပေမဲ့ အင်ပါရီယန် လက်နက်နှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ချေ။

မွန်းစတား ဆွဲဆောင်ခြင်း တံခွန်ဆိုသည်မှာ တိုက်ခိုက်နိုင်ခြင်းစွမ်းရည် အနည်းငယ်သာ ရှိ၏။ ၎င်းသည် မွန်းစတားများကို ဆွဲဆောင် ခေါ်ယူသည့် နေရာတွင်သာ အသုံးပြုရ၏။ သို့ပေမဲ့ ထိုအရာသည် ရွှေကျီးကန်းကလန်၏ သင်္ကေတတစ်ခု ဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ရွှေကျီးကန်းကလန်သည် ထိုအရာကို ထုတ်ဖော်ကာ အချက်ပြခဲ့ပြီ ဖြစ်လေသည်။ အဆုံးအထိ တိုက်ခိုက်ရန် ရည်မှန်းထားသည့် ပုံပင်။

"သူတို့ တိုက်ပွဲစနေပြီလား"

ဝူဝူရှမ်သည် သတင်းကို ကြားပြီးသည့်နောက် ပြုံးလိုက်၏။ တာအိုရောင်ရင်းရွှဲ့ရန်သည် သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ မျိုးနွယ်စုအတွက် ကြီးမားလှသည့် သတင်းအချက်ကို ပေးစွမ်းခဲ့သေးသည်။ သူတော်စင်ကျင့်ကြံခြင်းအဆင့်သာ ပိုင်ဆိုင်သော်လည်း ၎င်းသည် ကံကြမ္မာဖတ်ခြင်း အတတ်ပညာဖြင့် ၎င်းတို့ မျိုးနွယ်စုကြားတွင် ကြီးမားသည့် အကျိုးအမြတ်ကို ယူတောင်ပေးခဲ့၏။ လူသားနှင့် မွန်းစတားမျိုးနွယ်၏ စစ်ပွဲကြီးဖြစ်အောင် မီးထွန်းညှိပေးနိုင်ခဲ့၏။ ထိုအရာကို ကြည့်ရှုလိုက်သည်နှင့် ကံကြမ္မာဖတ်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို ထင်ထင်ရှားရှား မြင်နိုင်ပြီ ဖြစ်၏။

"အင်း …. အဓိက ဂိုဏ်းအသီးသီးက ကောင်းကင်လျို့ဝှက်နန်းတော်ဆီက သတင်းအချက်အလက်တွေကို ဝယ်ယူခဲ့သေးလား "

ဝူဝူရှမ်သည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိ၏။ ထို့ကြောင့် ထပ်မံကာ မေးမြန်းလိုက်သည်။

"တောင်းပန်ပါတယ် ကျုပ် သေချာတော့ မသိပါဘူး"

ထိုသူသည် ဦးညွှတ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။

"တကယ်တော့ အဓိကဂိုဏ်းအသီးသီးရဲ့ ခေါင်းဆောင်တွေက ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲကို ဝင်သွားခဲ့ကြတယ်။ ဒါပေမဲ့ ပြန်ထွက်လာပြီးတဲ့နောက်မှာ ဘာသတင်းအချက်အလက်မှ ထွက်မလာခဲ့ဘူး။ ပြီးတော့ လက်ရှိ တော်ဝင်သဲကန္တာရမြို့က တော်တော်ကြီး ပြောင်းလဲသွားခဲ့တယ်လေ။ သူတော်စင်အဆင့် အကာအကွယ် အစီအရင်တောင် ရှိနေပြီ ။ သွေးနတ်ဆိုးကလန်ရဲ့ ကင်းထောက် တော်တော်များများက နိဗ္ဗာန်န အဆင့်မှာပဲ ရှိတာဆိုတော့ တော်ဝင်သဲကန္တာရမြို့ထဲကို ဝင်လို့မရဘူး ဖြစ်နေတယ်။ သူတို့ ဝင်သွားတာနဲ့ သေကုန်လိမ့်မယ် "

လက်ရှိ တော်ဝင်သဲကန္တာရမြို့သည် တော်တော်ကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ လွတ်လွတ်လပ်လပ်နှင့် သွားလာနိုင်ပြီး တစ်ခါတစ်ရံတွင် သူတော်စင်များပင် လမ်းလျှောက်လျက်ရှိနေ၏။ သွေးနတ်ဆိုးကလန်၏ အဖွဲ့ဝင်များသည် မြို့ထဲသို့ ဝင်ရောက်ပြီး အော်ရာများကို ထိန်းချုပ်ထားလျှင်တောင်မှ စွမ်းအားမြင့် ကျင့်ကြံသူများ၏ အကြည့်အောက်မှ မလွတ်မြောက်နိုင်ချေ။

ထိုသူများ သတိမပြုမိလျှင်တောင်မှ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်က တည်ရှိနေသေး၏။ ထိုသူသည် သွေးနတ်ဆိုးကလန်မှ ဖြစ်သည် ဟူသော အချက်အလက်မှာ မသေချာပေ။ မဟုတ်ပါက သူတို့၏ ကင်းထောက်များကို ကျိန်းသေပေါက် သတ်ဖြတ်ပေလိမ့်မည်။

သူတို့က သတင်းအချက်အလက်တွေ မထုတ်ဖော်ခဲ့ဘူးပေါ့။ သတင်းကို ဝယ်ခဲ့တာလား၊ မဝယ်နိုင်ခဲ့တာ လားလည်း မသိဘူးပေါ့။ ဝူဝူရှမ်သည် တွေးတောလိုက်မိ၏။

ကြည့်ရသည်မှာ အကျိုးအကြောင်း ဆီလျော်လှပုံ မပေါ်ချေ။ လူသားမျိုးနွယ်နှင့် မွန်းစတားကလန်တို့သည် စစ်ပွဲသာ ဖြစ်ပွားမည် ဆိုပါက ဤခေါင်းဆောင်ခြောက်ယောက်တို့သည် တည်ငြိမ်မနေသင့်ပေ။ ပြောရမည်ဆိုလျှင် တစ်စုံတစ်ခုကို စီစဉ်နေပုံ ပေါ်၏။

"အဓိကဂိုဏ်းတွေရဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေက ဘယ်နေရာမှာ ပေါ်လာတာလဲ" ဝူဝူရှမ်သည် ထပ်မံကာ မေးမြန်းလိုက်၏။ ထိုသူသည် တွန့်ဆုတ်နေ၏။ ပြီးနောက် ရှက်ရွံ့သည့် မျက်နှာဖြင့် ပြောဆိုလိုက်သည်။ "သူတို့ရဲ့ အားအင်က ခန့်မှန်းလို့မရဘူး။ ကျုပ်တို့ရဲ့ ကင်းထောက်တွေက သူတို့ကို ကြည့်ရှုဖို့ အားအင်မရှိဘူးလေ။ ဒီတော့ သူတို့ဘယ်သွားလဲဆိုတာ မသိပါဘူး"

“ဟမ် …”

ဝူဝူရှမ်၏ အကြည့်များသည် စူးရှသွားခဲ့၏။ လက်ရှိအချိန်မှာတော့ သူ၏ နှလုံးသားထဲတွင် ရှင်းပြ၍မရသော ရှုပ်ထွေးမှုများ ပေါ်ပေါက်လာခဲ့တော့၏။ ကြီးမားလှသည့် ဖိအားကြီးသည် သူ၏နှလုံးအိမ်အား ဖိနှိပ်ထား သကဲ့သို့ပင်။

"ဘယ်လိုဖြစ်တာလဲ။ ငါ့ရဲ့စိတ်က ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားတာလဲ" ဝူဝူရှမ်သည် မျက်မှောင်ကုတ် လိုက်မိ၏။ သူတော်စင်အလယ်အလတ် ကျင့်ကြံသူ ဖြစ်သည်နှင့်အညီ သူ၏ အလိုလိုသိစိတ်သည် တကယ်ပင် ထက်မြက်လွန်းလှချေ၏။ မကောင်းသည့် အရာတစ်ခုခု ဖြစ်ပေါ်လာတော့မည် ဆိုလျှင် သူ ထိုကဲ့သို့ပင် ခံစားတတ်၏။

ကောင်းကင်လျို့ဝှက် နန်းဆောင်ကနေ သူတို့ ဘယ်လိုသတင်းတွေများ ဝယ်ခဲ့တာများလဲ။ ဝူဝူရှမ်က စဉ်းစားနေမိသည်။

All Chapters