အပိုင်း (၂၀၂)
Vol. 14 Ch. 202
အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းတို့၏ ခေါင်းဆောင်များသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့ကြကြောင်း များပြားလှသည့် သူလျှို၊ကင်းထောက်များက သတင်းပေးပို့ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနေဖြင့် လက်ဗလာနှင့် အထဲကို ဝင်သွားလိမ့်မည် မဟုတ်ချေ။ ထို့အတူ ဘာသတင်းအချက်အလက်မှ မရပဲ ပြန်ထွက်လာလိမ့်မည်လည်း မဟုတ်ချေ။ လက်ရှိအခြေအနေကို မည်ကဲ့သို့ ရှင်းပြရမည်နည်း။
"လူသားမျိုးနွယ်နှင့် မွန်းစတားမျိုးနွယ်တွေရဲ့ နေရာကို တစ်စုံတစ်ယောက်ကို လွှတ်လိုက်။ ဒီမျိုးနွယ်စု နှစ်ခုကြားမှာ ဖြစ်နိုင်တဲ့ အခြေအနေတွေကို သေသေချာချာ အနီးကပ်ကြည့်ရှုထားဖို့ သတိပေးလိုက်"
ဝူဝူရှမ်သည် သေသေချာချာ ညွှန်ကြားလိုက်၏။ သို့ပေမဲ့ သူပြော၍ မပြီးသေခင်မှာပဲ ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လာခဲ့လေ၏။
များပြားလှသော စစ်သည်များသည် မုန်တိုင်းအတွင်း လှိုင်းများ ဖြစ်တည်လာသလိုပင် အရှိန်ဖြင့် ဝင်ရောက်လာခဲ့၏။ ၎င်းတို့ကို ကြည့်ရသည်မှာ အရာအားလုံးကို လွှမ်းမိုးကာ ဝါးမြိုရန် အဆင်သင့်ဖြစ်နေပုံပင်။ များပြားလှသည့် သာမန်ထက်ပိုသော နည်းစနစ်များ၊ မှော်စွမ်းရည်များသည် ကောင်းကင်၌ အပြည့်ဖြစ်တည်နေပြီး သွေးနတ်ဆိုးကလန်၏ တည်နေရာသို့ ဝင်ရောက်လာကြသည်။
မွန်းစတားကလန် များဖက်ကလည်း တူညီစွာပင်။ ၎င်းတို့သည် နတ်ဘုရားရွက်သင်္ဘောများကို စီးနင်းကာဖြင့် ဝင်ရောက်လာခဲ့လေသည်။ ရထားလုံးများ၏ အသံသည် ကောင်းကင်ယံတစ်ခုလုံး၌ ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်းတို့သည် ကြမ်းတမ်းလွန်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်လျက် ရှိနေပြီး ထိုအရှိန်အဝါများကပင် သန်းနှင့်ချီသော မိုင်အကွာအဝေးကို ဖိနှိပ်ထားလေ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အင်အားကောင်းလှသော မျိုးနွယ်စု တစ်ခုချင်းစီမှ စွမ်းအားမြင့်ကျင့်ကြံသူများ သည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။ ၎င်းတို့သည် ကောင်းကင်ယံတွင် မတ်တပ်ရပ်ကာ ကြည့်ရှုနေကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော သူတော်စင်တစ်ယောက်ပင်လျှင် ၎င်းတို့၏ အရှိန်အဝါ ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွား၏။ ပြန်လည်ခုခံရန် စွမ်းအားကင်းမဲ့သွားသလိုပင် ခံစားလိုက်မိသည်။
မိနစ်တိုင်း၊ စက္ကန့်တိုင်း၌ အရာအားလုံးသည် ပြိုကျပျက်စီးနေကြ၏။ ထိုထဲတွင် သွေးနတ်ဆိုးကလန်၏ သူတော်စင်များပင် ပါဝင်လျက် ရှိနေ၏။ ကောင်းကင်ယံတစ်ခုလုံးတွင် သူတော်စင်ဘုရင်၏ သွေးများ လွင့်စင်လျက် ရှိနေပြီး မြေပြင်၌ ချောင်းကဲ့သို့ပင် စီးဆင်းနေ၏။ ဤကဲ့သို့ ရုတ်တရက် ရောက်ရှိလာပြီး ဖြစ်တည်ခဲ့သော တိုက်ပွဲသည် ကြမ်းတမ်းလွန်းလှချေ၏။
ဤတိုက်ပွဲ၏သတင်းကို မည်သူမှ ကြိုမသိချေ။ သို့ပေမဲ့ ဖြစ်ပေါ်လာသည့် အချိန်မှာတော့ ဟာရီကိန်း မုန်တိုင်းကြီး တိုက်ခိုက်လိုက်သကဲ့သို့ပင် လောကကြီးတစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။
"အင်ပါရီယန်ရီကလန်၊ ရွှေကျီးကန်းကလန်၊ အင်ပါရီယန် လင်းကလန်၊ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းနှင့် ရှုပ်ထွေးလူဝုကလန်တို့ အားလုံးပူးပေါင်းပြီး တိုက်ခိုက်နေကြတာ။ ဒါကယ့်ကို ကြီးမားတဲ့ တိုက်ပွဲကြီး တစ်ခုပဲ" ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ခရမ်းရောင်နတ်အရှင်သည် အဝေးကောင်းကင်ကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် သွေးနတ်ဆိုးကလန်၏ တည်နေရာဆီသို့ လှမ်းကာကြည့်ရှုနေ၏။
ကြီးမားလှသည့် တိုက်ပွဲကြီး ဖြစ်ပေါ်လာချိန်တွင် ၎င်းသည် သတင်းကို ရရှိခဲ့၏။ ထို့ကြောင့်ပင်လျှင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရောက်ရှိလာသည်နှင့် တိုက်ပွဲသည် ကြမ်းကြမ်းတမ်းတမ်း စတင်နေပြီ ဖြစ်သည်။
များပြားလှသည့် သက်ရှိသတ္တဝါများသည် သေဆုံးလျက် ရှိနေပြီး မြေပေါ်သို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ တဘုတ်ဘုတ် ကျဆင်းနေ၏။ သွေးနတ်ဆိုးကလန်မှ လူများသည် အလျင်အမြန်ဖြင့် သေဆုံးကုန်ကြ၏။ ထိုထဲတွင် စွမ်းအားမြင့် ကျင့်ကြံသူများလည်း ပါဝင်၏။
"နောက်ဆုံးအကြိမ်တုန်းက တိုင်ချူးရှေးအင်ပါယာက တိုက်ခိုက်ပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်း ပူးပေါင်းပြီး တိုက်ခိုက်တာလေ။ ပြောရမယ်ဆိုရင် ဒီတစ်ကြိမ်တော့ သွေးနတ်ဆိုးကလန်ရဲ့ ကံကြမ္မာက မကောင်းနိုင်တော့ဘူး” ကောင်းကင်ဆန်းကြယ် နတ်အရှင်သည် ဘေးတစ်ဖက်မှ ဝင်ရောက်ကာ မှတ်ချက်ပြုလိုက်သည်။
သူ၏ အမူအရာသည် အစစ်အမှန်ပင် လေးနက်လျက် ရှိနေ၏။
တိုက်ပွဲအတွင်း အင်ပါရီကလန်ရီကလန်၊ ရွှေကျီးကန်းကလန်၊ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အပါအဝင် ဂိုဏ်းကြီးခြောက်ဂိုဏ်းတို့သည် ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအင်များကို ထုတ်ဖော်ကာ ပြသလျက် ရှိနေကြ၏။ အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်ပြီး ၎င်းတို့၏ အားအင်အသီးသီးကို ဖုံးကွယ်ထားကြသည့် ဂိုဏ်းကဏ္ဍအသီးသီးတို့သည် အဘယ့်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ကြီးမားလှသော အင်အားစုများကို ထုတ်ဖော်ကာ တိုက်ခိုက်နေရသနည်း။ ၎င်းတို့သည် ထိုဂိုဏ်းများ၏ အားအင်အဆင့်ကို မြင်ရသည့် အချိန်မှာတော့ တကယ်ပင် အံ့ချည်းနပမ်း ဖြစ်လို့နေခဲ့၏။
"သွေးနတ်ဆိုးကလန်တစ်ခုပဲ ကံဆိုးရုံတာ မဟုတ်ဘူး။ ဒီဂိုဏ်းကြီး ခြောက်ဂိုဏ်းလုံးရဲ့ ဝှက်ဖဲတွေ ပေါ်ကုန်ပြီလေ”
"ခင်ဗျားဆိုလိုတာ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင် ကြောင့်လား"
"မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ"
အစောပိုင်းက ပြောဆိုခဲ့သည်လူသည် ကောင်းကင်လျို့ဝှက်နန်းဆောင် တည်ရှိရာ အရပ်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ "ခေါင်းဆောင်ခြောက်ယောက်တို့က ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီကို သွားပြီးတော့ သတင်းအချက်အလက်တွေ ဝယ်ယူခဲ့တယ်ဆိုတာ အားလုံးသိတာပဲ မဟုတ်လား။ ဒီသတင်းအချက်အလက်က မျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်နိုင်တဲ့ သတင်းအချက်အလက်တွေ ပါဝင်နေတာပဲ ဖြစ်မယ်။ ဒီထဲမှာ လောကကြီးတစ်ခုလုံး ဖျက်ဆီးပစ်နိုင်တဲ့ သတင်းအချက်အလက်တွေ ကျိန်းသေပေါက် ပါဝင်ရမယ်" တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည့် ခရမ်းရောင် နတ်အရှင်သည် ဘေးတစ်ဖက်မှ ဝင်ကာ ပြောဆိုလိုက်၏။
ဒေါင်
ခေါင်းလောင်းသံကြီး ထွက်ပေါ်လာပြီး အားလုံးသောသူတို့၏ နားစည်များပင်လျှင် လှုပ်ခါသွားခဲ့၏။ လေဟာနယ်မှ ကြယ်များ ကြွေကျသကဲသို့ပင် အလင်းတန်းများသည် ဖြစ်ပေါ်လာ၏။ ဤနေရာတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ အမူအရာများလည်း ပြောင်းလဲသွားခဲ့ကြ၏။ ၎င်းတို့သည် လေဟာနယ်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။
"ဒါ အင်ပါယာတစ်ယောက် လာပြီး တိုက်ခိုက်နေပြီပဲ။ ဘယ်သူလဲ သွေးနတ်ဆိုးကလန်ထဲကိုတောင် လာရဲတယ်ဆိုတော့ သေချင်နေတာလား။ "
"မဟုတ်ဘူး။ ဒါသာမန်စွမ်းအားမြင့် ကျင့်ကြံသူလည်း မဟုတ်ဘူး၊ အင်ပါယာတစ်ယောက်လည်း မဟုတ်ဘူး။ ဒါက အင်ပါရီယန် လက်နက်တစ်ခုပဲ ဖြစ်ရမယ်။”
“ဘယ်သူလဲ။ ကျုပ်တို့ သေးနတ်ဆိုးကလန်ထဲကို အင်ပါရီယန် လက်နက်နဲ့ ရောက်လာတာ ဘယ်ကောင်လဲ" သွေးနတ်ဆိုးကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ဒေါသတကြီး ဖြစ်လို့နေခဲ့ကြ၏။
၎င်းတို့၏ ခေါင်းထက်တွင် အင်ပါရီယန် လက်နက်တစ်ခု ပေါ်ပေါက်လာခြင်းသည် အားလုံးသောသူတို့ကို တည်တည်ငြိမ်ငြိမ် မရှိစေတော့ပေ။ တစ်ဖက်လူများသည် ရောက်ရှိလာခဲ့မှတော့ အလုံးစုံ ပြင်ဆင်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။
ဝူဝူရှမ်သည် ကောင်းကင်ကို ကြည့်ရှုလိုက်၏။ သူ၏နှလုံးသားထဲတွင် ဖြစ်တည်ခဲ့သည့် ကြီးမားလှသော ဖိအားကြီးသည် ပိုမို၍ ကြီးမားလာ၏။ သူ၏ စိတ်တစ်ခုလုံးသည် အေးစက်သည့် လောကရပ်ဝန်းထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ လက်များခြေများပင်လျှင် အေးစက်လာခဲ့၏။ ဤအင်ပါရီယန်လက်နက်၏ မူလအရင်းအမြစ်ကို သူက ကောင်းကောင်းနားလည်သည်။ တစ်ဖက်လောကဆီသို့ ကျူးကျော်ရန် ပြင်ဆင်ချိန်တွင် အရာအားလုံးကို ကြိုတင်ကာ စုံစမ်းခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် များပြားလှသည့် ဂိုဏ်းများ၏ အင်ပါရီယန်လက်နက်များအကြောင်းကို အသေးစိတ်တော့ သိရှိနေ၏။
"မွန်းစတား အင်ပါယာ ခေါင်းလောင်း"
ဝူဝူရှမ်သည် ဤစကားကို ခက်ခက်ခဲခဲနှင့် ပြောဆိုလိုက်၏။ သူ၏ အားအင်များသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသလိုပင် ခံစားနေမိ၏။ မွန်စတားအင်ပါယာ ခေါင်းလောင်းသည် ရွှေကျီးကန်းကလန်မှ ပိုင်ဆိုင်သည့် အရာဖြစ်ပြီး ရွှေကျီးကန်းကလန်မှ အဖွဲ့ဝင်များသည် အလုံးစုံသော ဝှက်ဖဲများကို ထုတ်ဖော်ကာ တိုက်ခိုက်နေသည်ဟူသည့် အဓိပ္ပာယ်ပင်။
"ဒီတော့ သူတို့က ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီက သတင်းအချက်အလက်တွေကို ဝယ်ယူခဲ့တာပေါ့။"
ဝူဝူရှမ်သည် နောက်ဆုံးတွင် ဘာတွေဖြစ်ခဲ့သည်ကို နားလည်သွားခဲ့ပြီ ဖြစ်၏။ ပြောရမည်ဆိုလျှင် ဂိုဏ်းခြောက်ခုမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သွေးနတ်ဆိုးကလန်ကို စုပေါင်း တိုက်ခိုက်ခြင်းပင်။ ယခု ရွှေကျီးကန်းကလန်က အရင်ဆုံး တိုက်ခိုက်ပြီး ကျန်သောအဖွဲ့အသည်းများမှာလည်း လမ်းတွင် ရောက်ရှိနေမှာ သေချာ၏။