← Chapters

အပိုင်း (၂၀၅)

Vol. 14 Ch. 205

အပိုင်း (၂၀၅)

Vol. 14 Ch. 205

ကောင်ကင်နန်းဆောင်ဟူသော စကားလုံးသည် အားလုံး၏ စိတ်ထဲတွင် ဖြိုခွင်း၍မရသော တောင်ကြီးကဲ့သို့ ဖြစ်တည်နေပြီ ဖြစ်သည်။ ၎င်းသည် များပြားလှသည့် အဖွဲ့အစည်းများကို လွှမ်းမိုးထားလေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်အနေဖြင့် မည်သည့်ကိစ္စရပ်ကိုမဆို တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း အဓိကဖြစ်ပျက်ခဲ့သော ကိစ္စတော်တော်များတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်က ပါဝင်လျက် ရှိ၏။

ပထမဆုံး ရောင်စဉ်အလင်းတန်း နတ်နယ်မြေသည် သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ ပြီးနောက် ဖန်တီးခြင်း လျို့ဝှက် နယ်မြေ ပေါ်ပေါက်လာခဲ့သည်။ ယခု သွေးနတ်ဆိုးကလန်ဖြစ်၏။ အရာအားလုံးကို မမြင်ရသော လက်ကြီးတစ်ဖက်က အစီအစဉ်တကျ စီမံဆောင်ရွက်နေသကဲ့သို့ပင်။

အဓိကဂိုဏ်းအသီးသီးသည် ၎င်းတို့၏ တာဝန်များကို ပြည့်စုံအောင် ပြုလုပ်ကြသည် ဆိုသော်လည်း လိုသလို ရွေ့လျားခြင်းကို ပြုလုပ်နေရသော စစ်တုရင်ရုပ်များကဲ့သို့ ဖြစ်နေ၏။ တခြားသော သူများသာ စစ်တုရင်များကဲ့သို့ အသုံးချသည် ဆိုပါက အသုံးပြုပြီးသည်နှင့် စစ်တုရင်ရုပ်များသည် နောက်ဆုံး၌ သုတ်သင်ရှင်းလင်းခြင်းကို ခံရပေမည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်မှာတော့ ခြားနားလှ၏။ စစ်တုရင်ရုပ်များသည် အသုံးတော်ခံခဲ့ရလျှင်တောင်မှ များပြားလှသော အရင်းအမြစ်များကို ရရှိခဲ့၏။ လက်ရှိ ငရဲကိုးကောင်ဂိုဏ်း၏ ဖွံ့ဖြို့တိုးတက်မှုကို ကြည့်လိုက်မည်ဆိုလျှင် ပထမတန်းဂိုဏ်းတစ်ခုမှ ထိပ်တန်းဂိုဏ်းအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ သမိုင်းမှတ်တမ်းထဲတွင် တော်ဝင်အင်ပါယာတစ်ယောက် မပေါ်ပေါက်ခဲ့ဖူးလျှင်တောင်မှ လက်ရှိတွင် ၎င်းတို့ကို မည်သူမှ အထင်မသေးရဲချေ။

"မထင်မှတ်ထားတဲ့ ကိစ္စတွေသာ မပေါ်ပေါက်လာဖူးဆိုရင် သွေးနတ်ဆိုးကလန်က ရှုံးနိမ့်သွားလိမ့်မယ်" ခရမ်းရောင် နတ်အရှင်သည် ခံစားချက်အပြည့်နှင့် ပြောလိုက်၏။ သို့ပေမဲ့ ပြောပြီးပြီးချင်းမှာပဲ ……

ကောင်းကင်တွင် တဝှီးဝှီးနှင့် အသံကြီး ပေါ်ပေါက်လာခဲ့ပြီး လေဟာနယ်တစ်ခုလုံးသည် တွန့်လိမ်သွား၏။ သွေးရောင်ကဲ့ လှံကြီးတစ်ခုသည် အနီရောင် အလင်းတန်းများ ထွန်းတောက်ကာ ဖြင့် ထွက်ပေါ်လျက် ရှိနေ၏။ ထိုလှံကြီးသည် သွေးနတ်ဆိုးကလန်မှ တော်ဝင်သူတော်စင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့၏။ ၎င်းသည် မြေပြင်ပေါ်တွင် လှံနှင့်အတူ စိုက်ဝင်လျက် ရှိနေပြီး သွေးနက်များသည် ကျဆင်းလျက် ရှိနေ၏။

သွေးနတ်ဆိုးကလန်၏ တော်ဝင်သူတော်စင်သည် ဘာမှန်းမသိလိုက်ခင်မှာပဲ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ၎င်း၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ် ကောင်းလှသည့် အရိပ်အယောင်များ ဖြစ်တည်လျက် ရှိနေ၏။ မြန်မြန်ဆန်ဆန်နှင့် သေဆုံးသွားခဲ့သည်ကို သူကိုယ်တိုင်ပင် မယုံကြည် ဖြစ်မိနေခြင်းပင် ဖြစ်မည်။

ထိုအချိန်မှာတော့ လူသားမျိုးနွယ်၏ တော်ဝင်သူတော်စင်တစ်ယောက်သည် ထွက်လျှောက်လာခဲ့၏။ ၎င်းသည် သေဆုံးသွားသူ၏ အနားသို့ချဉ်းကပ်ပြီး ခန္ဓာကိုယ်မှ လှံကို အသာ ဆွဲနုတ်ယူလိုက်၏။

ကျင့်ကြံသူများသည် ကြည့်ရှုနေရင်း ကြောင်အနေကြ၏။ မထင်မှတ်သည့် မြင်ကွင်းကို သူတို့မြင်နေရခြင်းပင်။ သွေးနတ်ဆိုးကလန်၏ တော်ဝင်သူတော်စင်သည် အဆင့်တူခြင်းတိုက်ခိုက်ပွဲတွင် ဤကဲ့သို့ မြန်မြန်ဆန်ဆန် သေဆုံးသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

တူညီသည့် အားအင်အဆင့်နှင့် ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်လျှင် တစ်စုံတစ်ယောက်၏ အားအင်သည် အနညငယ် နိမ့်ပါးသည် ဆိုလျှင်တောင်မှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိနေသေး၏။ အဘယ့်ကြောင့် တော်ဝင်သူတော်စင်သည် ချက်ချင်းသေဆုံးသွားခဲ့ရသနည်း။

"အင်ပါရီယန် လင်းကလန်ရဲ့ တော်ဝင်သူတော်စင်ပဲ"

တစ်စုံတစ်ယောက်က ပြောဆိုလိုက်၏။ "အင်ပါရီယန်လင်းကလန်ရဲ့ တော်ဝင်သူတော်စင်က နတ်ဘုရား အတတ်ပညာတွေကို ထုတ်သုံးပြီးတော့ ပြိုင်ဖက်ကို တိုက်ခိုက်ခဲ့တာဖြစ်မယ်။ ဒါ ကြောင့် သွေးနတ်ဆိုးကလန်ရဲ့ တော်ဝင်တော်စင်က မြန်မြန်ဆန်ဆန်နဲ့ သေဆုံးသွားခဲ့တာပဲ"

တောက်ပလျက် ရှိနေသည့် မျက်လုံးအစုံနှင့် သူတော်စင်အိုကြီး တစ်ယောက်သည် ဖြစ်ပေါ်နေသည့် တိုက်ပွဲကို ကြည့်ရှုရင်း ခန့်မှန်း ပြောဆိုလိုက်၏။ ပြီးနောက် သူက ဆက်ပြောလိုက်သည်။ "ဒါတင်မကသေးဘူး။ နည်းနည်းထူးဆန်းနေတယ်။ သွေးနတ်ဆိုးကလန်က တန်ပြန်တိုက်ခိုက်ဖို့ တစက်ကလေးမှ အခွင့်အရေး မရှိခဲ့ဘူး။ ကြည့်ရတာ ကွာစီအင်ပါယာကနေ သူတော်စင်အထိက သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနည်းငယ် အားနည်းနေတဲ့ပုံပဲ"

အခြေအနေကို တွက်ချက်ရမည်ဆိုလျှင် ဖြစ်နိုင်ဖွယ်ရာမှာ တစ်ခုတည်းသာရှိ၏။ ကောင်းကင်မူလ လောကကြီးဘက်မှ အားလုံးသောသူတို့သည် ရန်သူများကို တိုက်ခိုက်ရန်အတွက် ကောင်းမွန်လှသည့် နည်းစနစ်များကို ပိုင်ဆိုင်နေပုံပင်။

သွေးနတ်ဆိုးကလန်မှ အဖွဲ့ဝင်များသည် အားကောင်းလှသည် ဆိုလျှင်တောင်မှ တန်ပြန်တိုက်ခိုက်မှုကို မပြုလုပ်ခဲ့ကြချေ။ ကြိုတင်စီစဉထားသကဲ့သို့ပင် သေဆုံးလျက် ရှိနေ၏။

လူပေါင်းများစွာတို့သည် ခေါင်းမော့ကာဖြင့် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။ ကြမ်းတမ်းလှသည့် တိုက်ပွဲအလယ်တွင် လူသုံးယောက်က ပေါ်ပေါက်လာခဲ့၏။ ထိုသူတို့သည် ကြောက်မက်ဖွယ် ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်နေ၏။ ကွာစီအင်ပါယာ သုံးယောက်တို့သည် တည်နေရာတစ်ခုလုံး ပျက်ယွင်းသည့်အထိ တိုက်ခိုက်နေကြ၏။ ကွာစီအင်ပါယာ၏ သွေးများသည် မြေပြင်ပေါ်သို့ ကျဆင်းနေသည်။

သူတို့သုံယောက် တိုက်ခိုက်နေသည့် မိုင်သန်းချီ တည်နေရာအကွားအဝေးတွင် ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာများ ဖြစ်ပေါ်နေပြီး အရာအားလုံးသည် ပျက်စီးလျက် ရှိနေလေ၏။ အဓိကဂိုဏ်းကြီး ခြောက်ဂိုဏ်းသည် မဟာမိတ်မဖွဲ့ခင်တွင် သွေးနတ်ဆိုးကလန်၏ အကြောင်းအရာများကို စုံစမ်းခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် တစ်ဖွဲ့ချင်းအလိုက် အလွန်အားကောင်းစွာဖြင့် တိုက်ခိုက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ကွာစီအင်ပါယာနှစ်ယောက်တို့ အင်ပါရီယာ လက်နက်နှစ်ခုကို ကိုင်ဆောင်ပြီး ပူးပေါင်း တိုက်ခိုက်ချိန်မှာတော့ သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် လွတ်မြောက်ရန် နည်းလမ်းကိုပင် ရှာမတွေ့တော့ချေ။ သူသည် ထွက်ပြေးချင်လျှင်တောင်မှ ပြေးလို့မလွတ်နိုင်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲကို စောင့်ကြည့်လျက် ရှိနေသော နောက်ထပ် ကွာစီအင်ပါယာတစ်ယောက်ကလည်း ရှိနေသောကြောင့်ပင်။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ သတင်းတွေက အဲလောက်တောင် အသေးစိတ်ကျတာလား။”

“ကလန်တစ်ခုရဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိတောင် တွက်ချက်နိုင်တဲ့သူ ….. ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကလွဲရင် တခြားသူကို စဉ်းစားလို့မရဘူး”

သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် သွေးများ ဖုံးလွှမ်းလျက် ရှိနေ၏။ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာပေါင်းများစွာနှင့် ဖြစ်လို့နေသည်။ တစ်ချို့သော နေရာများဆိုလျှင် အညိုကွက်များပါ ဖြစ်နေ၏။ နတ်ကဲ့သို့သော အလင်းရာင်များသည် သူ့အား လွှမ်းခြုံပြီး ဒဏ်ရာများကို ကုသပေးနေပြန်၏ ။ သို့ပေမဲ့ ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နက် ပြန်လည်ကာ ပွင့်သွားခဲ့ပြန်၏။

"ခင်ဗျားရဲ့လမ်းက ဒီမှာ ဆုံးနေပြီ"

ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာသည် အေးစက်စက် အော်ဟစ်လိုက်၏။ သူ၏ခေါင်းထက်တွင် ရှိနေသော မွန်းစတားအင်ပါယာခေါင်းလောင်းသည် အကန့်အသတ်မဲ့သော ရောင်စဉ်များကို ထုတ်လွင့်လျက် ရှိနေပြီး လေဟာနယ်တွင် အရှိန်တငြီးငြီးနှင့် ဖြစ်တည်နေခဲ့၏။ ခေါင်းလောင်းသံသည် ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေပြီး အင်ပါရီယန် စိတ်ဆန္ဒသည် မြစ်ဝါမြစ်ကြီး တိုက်စားသလိုပင် အရာအားလုံးကို ပြိကျပျက်စီးစေခဲ့သည်။

"နောက်ဘဝကို သွားတော့" မုန့်ရှင်းကျီသည် မထူးခြားသလို ပြောလိုက်၏။ သူ၏ အနောက်ဖက်တွင်တော့ အသူရာနဂါးကြေးအိုးကြီးက ထွက်ပေါ်လာခဲ့၏။ ထိုအပေါ်ရှိ အသူရာနဂါး တစ်သောင်းတို့သည် ၎င်းတို့၏ ပါးစပ်ကို ဟကာဖြင့် ရှိရှိသမျှကို ဝါးမြိုနေ၏။ ချက်ချင်းဆိုသလိုပင် ကောင်းကင်တွင် နဂါးများ ပြည့်နှက်သွားခဲ့ပြီး အားလုံးသောသူတို့သည် ကြက်သီးများပင် ထစေ၏။

"မဟုတ်ဘူး" သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါသည် ထကာ အော်ဟစ်လိုက်သည်။

သူသည် ကောင်းကင်ယံကို ပျံသန်းပြီးနောက် သူ၏ အင်ပါရီယန် လက်နက်ကို အပြည့်အဝ အသက်သွင်းခဲ့၏။ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့၏။ သို့ပေမဲ့ အင်ပါရီယန် လက်နက်နှစ်ခု ကျဆင်းလာသည့် အခါမှာတော့ ခန့်မှန်း၍ မရသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်သွားခဲ့ပြီး တည်နေရာတစ်ခုလုံးပင် ပျောက်ကွယ်သွားခဲ့၏။ သူ၏မျက်လုံးများသည် မြန်မြန်ဆန်ဆန်ပင် မှေးမှိတ် သွားခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြီးမားလှသည့် တိုက်ခိုက်ချက်ကြီးကို ခံလိုက်ရသကဲ့သို့ပင် နောက်သို့ လွင့်စင်သွားခဲ့ပြီး ပါးစပ်ထဲမှ သွေးများထွက်ပေါ်လာခဲ့၏။ သူလွင့်စင်လျက် ရှိနေတုန်းမှာပင် သူ၏ ခန္ဓာကိုယ်သည် အမှုန်အဖြစ် ပြောင်းလဲသွားလေ၏။

ဘုန်း ……။

ကွာစီအင်ပါယာ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့ပြီး အကျွင်းအကျန် ဝိညာဉ်လျှင် ကျန်ရှိတော့၏။ ထိုအရာသည်လည်း ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် ကြီးမားလှသည့် လက်ကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။

“ကွာစီအင်ပါယာတစ်ယောက်ရဲ့ ဝိညာဉ်ကို ဖမ်းဆီးလိုက်တာလား” ကြည့်ရှုနေသူများသည် မိမိမျက်လုံးကိုပင် မိမိ မယုံကြည်နိုင်သလို ဖြစ်နေကြ၏။

All Chapters